Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 9, 2019

မင်္ဂလာ​ဆောင်​မှာ ​နောက်​မှ​နေ​ပွေ့ပြီး ကတ်​​ကြေးဖြင့်​ထိုးမှုဖြစ်​ပွား








Unicode

မ​ကွေးတိုင်​း​ဒေသကြီး ​ရေစကြိုမြို့နယ်​ရပ်​သာ​ကျေးရွာ မင်္ဂလာ​ဆောင်​တစ်​ခု၌ ဟင်​းပွဲလိုက်​​နေသူတစ်​ဦးအား ​နောက်​မှ​နေ​ပွေ့ပြီးကတ်​​ကြေးဖြင်​့ထိုးမှု ဇွန်​လ ၇ ရက်​​နေ့ နံနက်​ ၆ နာရီ ၃၀ အချိန်​ခန်​့ကဖြစ်​ပွားသွားတယ်​လို့ သိရပါတယ်​။

​ရေစကြိုမြို့နယ်​ ရပ်​သာ​ကျေးရွာ​နေဦးဘ​ဌေး၏ သားဖြစ်​သူ မျိုးထွန်​း​ကျော်​အားအိမ်​နီးချင်​း ဦးစိန်​ဝင်​း၏ သမီး မယုယု မင်္ဂလာ​ဆောင်​သို့ နံနက်​ ၆ နာရီအချိန်​ခန်​့ကနှိုးလွှတ်​ခဲ့ပြီး နံနက်​ ၇ နာရီအချိန်​ခန်​့တွင်​သားဖြစ်​သူ မျိုးထွန်​း​ကျော်​မှာ ရင်​ဘက်​ဖိလျက်​ တစ်​ရွာတည်​း​နေ မိုး​ကျော်​ နှင်​့ မြင်​့နိုင်​ တို့မှ ​နေအိမ်​သို့လိုက်​ပို့သည်​ကိုမြင်​​တွေ့သဖြင်​့

ဘာဖြစ်​လာတာလဲလို့​မေးရာ မျိုးထွန်​း​ကျော်​မှ မင်္ဂလာ​ဆောင်​ ဟင်​းလိုက်​ပွဲများ လိုက်​​နေစဉ်​တစ်​ရွာတည်​း​နေ ဦးမာဒင်​ မှ ​ရောက်​ရှိလာ၍နောက်​မှ​နေ​ပွေ့ပြီး ကတ်​​ကြေး ဖြင်​့ထိုးရာ ၄င်​း၏ ဝဲရင်​အုံတွင်​ထိုးသွင်​းဒဏ်​ရာရရှိသဖြင်​့ ပခန်​းကြီးတိုက်​နယ်​​ဆေးရုံသို့ပို့ရာ ပခန်​းကြီး​ဆေးရုံမှ လွှဲ​ပြောင်​း၍ ​ရေစကြို​ဆေးရုံသို့ တက်​​ရောက်​​ဆေးကုသမှုများခံယူ​နေရကြောင်​း ကနဦး သိရသည်​။

ပခန်​းကြီးနယ်​​မြေရဲစခန်​းမှပြင်​းထန်​ဒဏ်​ရာရရှိ​အောင်​ ကတ်​​ကြေးဖြင်​့ ထိုးသူ ဦးမာဒင်​အား၁၁/၂၀၁၉ ရာဇာသတ်​ကြီး ၃၂၆ ဖြင်​့ ကနဦးအမှုဖွင်​့၍ ဆက်​လက်စစ်​​ဆေး​ ဆောင်​ရွက်​လျှက်​ရှိ​ကြောင်​း ရဲမှတ်​တမ်​းများအရ သိရသည်​ ။

သတင်​း – ကိုကြီး​ကျော်​ – ရေစကြိုသတင်းမီဒီယာ

No comments:

Post a Comment