Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 28, 2019

သြားတိုက္ေဆးရဲ႕ အသံုး၀င္ပံုငါးမ်ဳိး


မနက္မိုးလင္းတာနဲ႔ လူတိုင္းပထမဆုံးစရွာတဲ့ ပစၥည္းေတြထဲမွာ သြားတိုက္ေဆးက အပါအဝင္ပါပဲ။ သြားတိုက္မွသာ သင့္သြားေတြက သန႔္ရွင္းခိုင္မာမွာပါ။ အားလုံးက သြားတိုက္ေဆးဟာ သြားအတြက္မရွိမျဖစ္လိုအပ္တယ္ဆိုတာ သိထားၾကပါတယ္။ ဒါ့အျပင္ သင့္အလွအပအတြက္ပါ အသုံးဝင္တယ္ဆိုတာ သိၿပီးၿပီလား။

ဒါေၾကာင့္ အလြယ္တကူရႏိုင္တဲ့ သြားတိုက္ေဆးကိုအသုံးျပဳၿပီး ပ်ိဳေမတို႔ ပိုလွသြားေစဖို႔ အသုံးဝင္ပုံ (၅)မ်ိဳးကို ေျပာျပလိုက္ပါတယ္။

အစက္အေပ်ာက္ဖယ္ရွားဖို႔

၁။ အျဖဴေရာင္သြားတိုက္ေဆးတစ္ဇြန္းကို ခြက္တစ္ခြက္ထဲထည့္ပါ။ ေရ လဘရည္ဇြန္းတစ္ဇြန္းထည့္ပါ။ ဒီႏွစ္ခုကို အႏွစ္ပုံစံျဖစ္ေအာင္ ေရာေမႊေပးပါ။
၂။ သင့္လက္နဲ႔ အႏွစ္ကိုယူၿပီး မ်က္ႏွာေပၚလိမ္းပါ။ ဒါမွမဟုတ္ မ်က္ႏွာေပၚက အစက္အေပ်ာက္ေတြေပၚလိမ္းေပးပါ။
၃။ လိမ္းၿပီးေနာက္မွာေတာ့ နာရီဝက္ထားၿပီးေျခာက္သြားပါေစ။ အစက္အေပ်ာက္ေပၚတင္ၿပီး တစ္ညလုံးလည္းထားႏိုင္ပါတယ္။
၄။ ၿပီးတာနဲ႔ေရနဲ႔ေဆးပါ။ အစိုဓာတ္ထိန္းခရင္လိမ္းေပးပါ။
၅။ ဒီနည္းလမ္းကို တစ္ပတ္မွာႏွစ္ႀကိမ္ကေန သုံးႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

အသားအေရေတာက္ပဖို႔

၁။ ေျမေစးႏွစ္ဇြန္းနဲ႔ လိေမၼာ္ရည္ကို ေရာေပးပါ။ ဒီထဲကို သြားတိုက္ေဆးတစ္ဇြန္းထည့္ပါ။ ထူထူႏွစ္ႏွစ္ေလးျဖစ္ေအာင္ ေရာေပးပါ။
၂။ သင့္မ်က္ႏွာကို ေရနဲ႔ေဆးေပးပါ။ ၿပီးမွဒီအေရာကို လိမ္းပါ။ ေခြၽးေပါက္ပြင့္သြားဖို႔ ေျဖးေျဖးေလးႏွိပ္ႏွယ္ေပးပါ။
၃။ ေျခာက္သြားတဲ့အထိထားေပးပါ။ ၿပီးတာနဲ႔ ေရနဲ႔ေဆးခ်ၿပီး သဘတ္နဲ႔ ဖြဖြေလးသုတ္ေပးပါ။ အစိုဓာတ္ထိန္းခရင္လိမ္းေပးပါ။
၄။ ဒါကို တစ္ပတ္မွာသုံးႀကိမ္ျပဳလုပ္ႏိုင္ပါတယ္။

ဝက္ၿခံေပ်ာက္ဖို႔

၁။သြားတိုက္ေဆးတစ္ဇြန္းနဲ႔ သံပယိုရည္တစ္ဇြန္းကို ေရာေပးပါ။
၂။ ဒါကိုသင့္ဝက္ၿခံေတြေပၚလိမ္းေပးပါ။
၃။ ေျခာက္သြားတဲ့အထိေစာင့္ေပးၿပီး ေရနဲ႔ေဆးပါ။
၄။ ဒါကို တစ္ပတ္မွာ တစ္ေန႔တစ္ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

အေမႊးအမွ်င္ဖယ္ရွားဖို႔

၁။ ခြက္တစ္ခြက္ထဲမွာ သြားတိုက္ေဆးတစ္ဇြန္း သၾကားအႏုႏွစ္ဇြန္းနဲ႔ သံပယိုရည္ကို ေရာေပးပါ။
၂။ သင္အေမႊးဖယ္ရွားခ်င္တဲ့ေနရာကို ေရနဲ႔ေဆးေၾကာပါ။ ၿပီးတာနဲ႔ ဒီအေရာကိုလိမ္းေပးပါ။
၃။ နာရီဝက္ထားေပးၿပီး ေရနဲ႔ေဆးခ်ပါ။ ဒါက ဖေယာင္းနဲ႔ခြၽတ္တဲ့နည္းလမ္းနဲ႔မတူတာေၾကာင့္ လိမ္းထားတာကို ဒီအတိုင္းပဲထားေပးပါ။၄။ ဒါကို အေမႊးပါးလာတဲ့အထိ ေန႔စဥ္ျပဳလုပ္ေပးႏိုင္ပါတယ္။

ႏွင္းဆီဖူးေရာင္ႏႈတ္ခမ္းေလးရဖို႔
၁။ သင့္ႏႈတ္ခမ္းေပၚမွာ သြားတိုက္ေဆးလိမ္းေပးပါ။
၂။ ဒါကို ၁၀ မိနစ္ကေန ၁၅ မိနစ္ထားေပးပါ။ ၿပီးတာနဲ႔ေရနဲ႔ေဆးပါ။
၃။ ႏႈတ္ခမ္းကို ညင္ညင္သာသာသုတ္ေပးပါ။
၄။ ဒီနည္းလမ္းကို ေန႔စဥ္ျပဳလုပ္ေပးႏိုင္ပါတယ္။
mystylemyanmar
# Unicode Version # ျဖင့္ ဖတ္ပါ #

မနက်မိုးလင်းတာနဲ့ လူတိုင်းပထမဆုံးစရှာတဲ့ ပစ္စည်းတွေထဲမှာ သွားတိုက်ဆေးက အပါအဝင်ပါပဲ။ သွားတိုက်မှသာ သင့်သွားတွေက သန့်ရှင်းခိုင်မာမှာပါ။ အားလုံးက သွားတိုက်ဆေးဟာ သွားအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။ ဒါ့အပြင် သင့်အလှအပအတွက်ပါ အသုံးဝင်တယ်ဆိုတာ သိပြီးပြီလား။

ဒါကြောင့် အလွယ်တကူရနိုင်တဲ့ သွားတိုက်ဆေးကိုအသုံးပြုပြီး ပျိုမေတို့ ပိုလှသွားစေဖို့ အသုံးဝင်ပုံ (၅)မျိုးကို ပြောပြလိုက်ပါတယ်။

အစက်အပျောက်ဖယ်ရှားဖို့

၁။ အဖြူရောင်သွားတိုက်ဆေးတစ်ဇွန်းကို ခွက်တစ်ခွက်ထဲထည့်ပါ။ ရေ လဘရည်ဇွန်းတစ်ဇွန်းထည့်ပါ။ ဒီနှစ်ခုကို အနှစ်ပုံစံဖြစ်အောင် ရောမွှေပေးပါ။
၂။ သင့်လက်နဲ့ အနှစ်ကိုယူပြီး မျက်နှာပေါ်လိမ်းပါ။ ဒါမှမဟုတ် မျက်နှာပေါ်က အစက်အပျောက်တွေပေါ်လိမ်းပေးပါ။
၃။ လိမ်းပြီးနောက်မှာတော့ နာရီဝက်ထားပြီးခြောက်သွားပါစေ။ အစက်အပျောက်ပေါ်တင်ပြီး တစ်ညလုံးလည်းထားနိုင်ပါတယ်။
၄။ ပြီးတာနဲ့ရေနဲ့ဆေးပါ။ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။
၅။ ဒီနည်းလမ်းကို တစ်ပတ်မှာနှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

အသားအရေတောက်ပဖို့

၁။ မြေစေးနှစ်ဇွန်းနဲ့ လိမ္မော်ရည်ကို ရောပေးပါ။ ဒီထဲကို သွားတိုက်ဆေးတစ်ဇွန်းထည့်ပါ။ ထူထူနှစ်နှစ်လေးဖြစ်အောင် ရောပေးပါ။
၂။ သင့်မျက်နှာကို ရေနဲ့ဆေးပေးပါ။ ပြီးမှဒီအရောကို လိမ်းပါ။ ချွေးပေါက်ပွင့်သွားဖို့ ဖြေးဖြေးလေးနှိပ်နှယ်ပေးပါ။
၃။ ခြောက်သွားတဲ့အထိထားပေးပါ။ ပြီးတာနဲ့ ရေနဲ့ဆေးချပြီး သဘတ်နဲ့ ဖွဖွလေးသုတ်ပေးပါ။ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။
၄။ ဒါကို တစ်ပတ်မှာသုံးကြိမ်ပြုလုပ်နိုင်ပါတယ်။

ဝက်ခြံပျောက်ဖို့

၁။သွားတိုက်ဆေးတစ်ဇွန်းနဲ့ သံပယိုရည်တစ်ဇွန်းကို ရောပေးပါ။
၂။ ဒါကိုသင့်ဝက်ခြံတွေပေါ်လိမ်းပေးပါ။
၃။ ခြောက်သွားတဲ့အထိစောင့်ပေးပြီး ရေနဲ့ဆေးပါ။
၄။ ဒါကို တစ်ပတ်မှာ တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

အမွှေးအမျှင်ဖယ်ရှားဖို့

၁။ ခွက်တစ်ခွက်ထဲမှာ သွားတိုက်ဆေးတစ်ဇွန်း သကြားအနုနှစ်ဇွန်းနဲ့ သံပယိုရည်ကို ရောပေးပါ။
၂။ သင်အမွှေးဖယ်ရှားချင်တဲ့နေရာကို ရေနဲ့ဆေးကြောပါ။ ပြီးတာနဲ့ ဒီအရောကိုလိမ်းပေးပါ။
၃။ နာရီဝက်ထားပေးပြီး ရေနဲ့ဆေးချပါ။ ဒါက ဖယောင်းနဲ့ချွတ်တဲ့နည်းလမ်းနဲ့မတူတာကြောင့် လိမ်းထားတာကို ဒီအတိုင်းပဲထားပေးပါ။၄။ ဒါကို အမွှေးပါးလာတဲ့အထိ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

နှင်းဆီဖူးရောင်နှုတ်ခမ်းလေးရဖို့
၁။ သင့်နှုတ်ခမ်းပေါ်မှာ သွားတိုက်ဆေးလိမ်းပေးပါ။
၂။ ဒါကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပေးပါ။ ပြီးတာနဲ့ရေနဲ့ဆေးပါ။
၃။ နှုတ်ခမ်းကို ညင်ညင်သာသာသုတ်ပေးပါ။
၄။ ဒီနည်းလမ်းကို နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။
mystylemyanmar

No comments:

Post a Comment