Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 14, 2019

တစ္ခုခုေတာ့လြဲေနၿပီ”- ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ ေရးထားတဲ႔ စေတးတပ္


တစ္ခုခုေတာ့လြဲေနၿပီ
****************
ေသဆံုးၿပီးတဲ႔သူလဲ ေသးဆံုးၿပီးၿပီပဲဒါေပမဲ႔ ေျပာပါရေစ ထိုျဖစ္စဥ္ရဲ႕ အဓိကတာဝန္ရွိသူဟာ အိမ္စီးကားရဲ႕ ယာဥ္ေမာင္းပါပဲဗ်ာ။
မရပ္ရေနရာရပ္ရင္ ေမာ္ေတာ္ယာဥ္နည္းဥပေဒ ၁၅၃ အရ အေရးယူႏိုင္တယ္ နည္းဥပေဒ ၁၅၃ ကို ရွင္းေတာ့မျပေတာ့ပါဘူး ေသခ်ာတာကေတာ့ ေထာင္ဒဏ္မရွိဘူး။

ေနာက္ကတိုက္တဲ႔ယာဥ္ေမာင္းမည္သည့္ယာဥ္ေမာင္းမဆို ဘာကိုမွမတိုက္ခိုက္ေအာင္ဂရုစိုက္ေမာင္းႏွင္ရမွာပါ
ၿမိဳ႕တြင္း ၿမိဳ႕ျပင္ သတ္မွတ္ထားတဲ႔ ကီလို မိုင္ အရွိန္ႏႈန္းေတြနဲ႔ေမာင္းရမွာမ်က္ကြယ္ကပဲလူထြက္လာမလား ဘြားကနဲ႔ပဲကားေရွ႕တစ္ခုခုေရာက္လာေလမလား
ေရွ႕မွာ ယာဥ္တစ္စီးစီးပဲရပ္ထားေလမလားအဲ႔ဒီလို သတိရွိမႈအမ်ိဳးမ်ိဳးထားလို႔ အရာရာ ေရွ႕ ေနာက္ ေဘး ဘယ္ညာ အားလံုးကို မ်က္စိဖြင့္နားစြန္႔ၿပီး စကၠန္႔မလပ္ အသိ သတိႀကီးစြာထားလို႔ေမာင္းရမွာပါ။

ယာဥ္ေမာင္းအမ်ားစု စိတ္ထဲအခံခ်ိမခံသာျဖစ္ေနၾကတဲ႔ဖ်ာပံုျဖစ္စဥ္ဟုတ္တယ္ တစ္ခုခုေတာ့လြဲေနတာေပါ့ဗ်ာ
ဒါေပမဲ႔ တိုင္စာမွာ မည္သူ႔ကိုတရားခံလို႔မည္သို႔ပင္သတ္မွတ္ၿပီး အမႈဖြင့္ထားေသာ္ျငားလည္း စစ္ေဆးေပၚေပါက္ခ်က္ ဥပေဒလုပ္ထံုးလုပ္နည္းေတြလုပ္ေဆာင္ၿပီးရင္ အေျဖမွန္ကထြက္လာမွာပါ တရားခံလို႔စြပ္စြဲတိုင္းလဲ တရားခံမျဖစ္လာႏိုင္ပါဘူးဗ်ာ။

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ
12.6.2019

Unicode Version
တစ်ခုခုတော့လွဲနေပြီ
****************
သေဆုံးပြီးတဲ့သူလဲ သေးဆုံးပြီးပြီပဲဒါပေမဲ့ ပြောပါရစေ ထိုဖြစ်စဉ်ရဲ့ အဓိကတာဝန်ရှိသူဟာ အိမ်စီးကားရဲ့ ယာဉ်မောင်းပါပဲဗျာ။
မရပ်ရနေရာရပ်ရင် မော်တော်ယာဉ်နည်းဥပဒေ ၁၅၃ အရ အရေးယူနိုင်တယ် နည်းဥပဒေ ၁၅၃ ကို ရှင်းတော့မပြတော့ပါဘူး သေချာတာကတော့ ထောင်ဒဏ်မရှိဘူး။

နောက်ကတိုက်တဲ့ယာဉ်မောင်းမည်သည့်ယာဉ်မောင်းမဆို ဘာကိုမှမတိုက်ခိုက်အောင်ဂရုစိုက်မောင်းနှင်ရမှာပါ
မြို့တွင်း မြို့ပြင် သတ်မှတ်ထားတဲ့ ကီလို မိုင် အရှိန်နှုန်းတွေနဲ့မောင်းရမှာမျက်ကွယ်ကပဲလူထွက်လာမလား ဘွားကနဲ့ပဲကားရှေ့တစ်ခုခုရောက်လာလေမလား
ရှေ့မှာ ယာဉ်တစ်စီးစီးပဲရပ်ထားလေမလားအဲ့ဒီလို သတိရှိမှုအမျိုးမျိုးထားလို့ အရာရာ ရှေ့ နောက် ဘေး ဘယ်ညာ အားလုံးကို မျက်စိဖွင့်နားစွန့်ပြီး စက္ကန့်မလပ် အသိ သတိကြီးစွာထားလို့မောင်းရမှာပါ။

ယာဉ်မောင်းအများစု စိတ်ထဲအခံချိမခံသာဖြစ်နေကြတဲ့ဖျာပုံဖြစ်စဉ်ဟုတ်တယ် တစ်ခုခုတော့လွဲနေတာပေါ့ဗျာ
ဒါပေမဲ့ တိုင်စာမှာ မည်သူ့ကိုတရားခံလို့မည်သို့ပင်သတ်မှတ်ပြီး အမှုဖွင့်ထားသော်ငြားလည်း စစ်ဆေးပေါ်ပေါက်ချက် ဥပဒေလုပ်ထုံးလုပ်နည်းတွေလုပ်ဆောင်ပြီးရင် အဖြေမှန်ကထွက်လာမှာပါ တရားခံလို့စွပ်စွဲတိုင်းလဲ တရားခံမဖြစ်လာနိုင်ပါဘူးဗျာ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
12.6.2019

No comments:

Post a Comment