Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

ကံကို လက္ေျမာက္အရႈံးေပးစရာ မလိုဘူး – အရွင္နႏၵမာလာဘိဝံသ


ပုထုဇဥ္ဆိုတာ ေကာင္းတာလည္း လုပ္မိတာပဲ ၊ မေကာင္းတာလည္း လုပ္မိတာပဲ ၊ အဲဒီေတာ႔ မေကာင္းတာေတြ လုပ္မိျပီးလို႔

ရွိရင္လည္း တစ္သက္လုံး အရံႈးေပးရေတာ႔မလားဆိုေတာ႔

မဟုတ္ဘူး ၊ အဲ႔ဒီကံတရားေတြက လြတ္ေျမာက္တဲ႔ နည္းလမ္းေတြရွိတယ္ ၊ ဆိုပါစို႔ – အကုသိုလ္တစ္ခု လုပ္ထားမိျပီး ျပင္လို႕မရတဲ႔ အကုသိုလ္ဆိုတာမရွိဘူးေနာ္။ ေဒဝဒတ္ႀကီးဟာ အျမင့္ဆုံး အကုသိုလ္ကံကို က်ဴးလြန္ထားတယ္ ၊

ဘုရားနဲ႔ပတ္သက္တဲ႔ ” ေလာဟိတုပၸါဒက ” တို႔ , သံဃာနဲ႔ပတ္သက္တဲ႔ ” သံဃာေဘဒက ” တို႔ဆိုတဲ႔ ဒီျပစ္မႈႀကီးႏွစ္ခု က်ဴးလြန္ထားတယ္ ၊

ေဒဝဒတ္နဲ႔ပတ္သက္ျပီး ျမတ္စြာဘုရားက ဗ်ာဒိတ္ေပးတယ္ ၊ ဘာေပးလဲ ” အာပါယိေကာ ေနရယိေကာ ေဒဝဒေတၲာ ” ေဒဝဒတ္က အပါယ္ေရာက္မွာပဲ ၊ ငရဲက်မွာပဲလို႔ definate ေျပာတယ္ ၊

” အေတကိေစၧာ ” ျပင္လို႔ မရေတာ႔ဘူး ကုစားလို႔မရေတာ႔ဘူး ” ကပၸေ႒ာ ” တစ္ကမ ၻာလံုး ငရဲခံရမယ္လို႔ ဒီလိုေျပာတယ္။

အဲဒီေျပာဆိုခ်က္နဲ႔ ပတ္သက္ျပီးေတာ႔ ရဟန္းအခ်ိဳ႕က သံသယျဖစ္တယ္ ၊ ျမတ္စြာဘုရားက ဘာျဖစ္လို႔ ေဒဝဒတ္ကို ဒီလိုအတိအက်ႀကီး ေျပာႏိုင္တာတုန္းလို႔ ဆိုေတာ႔ ျမတ္စြာဘုရားကရွင္းျပတယ္၊ဒါလည္းမွတ္သားစရာ

တစ္ခုပဲ ဘယ္လိုရွင္းျပတုန္းလို႔ဆိုေတာ႔ ေဒဝဒတ္ရဲ႕ သႏၲာန္မွာတဲ႔ အပ္ဖ်ားေလးေလာက္

(စာထဲမွာေတာ႔ သားျမီးဖ်ားလို႔ ေျပာတယ္ နားလည္

ေအာင္လို႔ အပ္ဖ်ားကေလးေလာက္ ) ေထာက္ျပစရာ ေနရာမွာေတာင္ ျဖဴစင္တဲ႔ သဘာဝတရားေတြ မက်န္ေတာ႔ဘူးတဲ႔။ ဒီလိုမက်န္လို႔ ငါဘုရားက ဒီလိုေဟာတာ ၊ အကယ္၍ အပ္ဖ်ားေလး

ေလာက္ ေထာက္ျပစရာ ကုသိုလ္ေလး က်န္ေနေသးတယ္ဆိုရင္ ငါ ဒီစကားမေျပာဘူးတဲ႔။ႀကည့္ – ေဒဝဒတ္မွာ ကုသိုလ္ေတြ လုံးဝကုန္သြားတဲ႔ အဓိပၸါယ္ ျမတ္စြာဘုရားေျပာတယ္ေနာ္

အဲ႔ဒီ ပုဂၢိဳလ္မ်ိဳးမွ ငရဲက်မွာလို႔

အတိအက်ေျပာလို႔ရတယ္ ၊

က်န္တဲ႔ ပုဂၢိဳလ္ေတြ ငရဲက်မယ္လို႔ အတိအက်ေျပာလို႔မရဘူး၊

ျမတ္စြာဘုရားရဲ႕ ေဒသနာေတာ္က ဒီလို ၊

ႀကည့္ _ေဟာ ပံုခ်င္းမတူဘူး။

ပါဏာတိပါတနဲ႔ ပတ္သက္ျပီးေတာ႔ နိဂဏၭနာဋပုတၲက ” ပါဏာတိပါတအမႈျပဳတဲ႔ ပုဂၢိဳလ္အားလုံးဟာ ငရဲက်တယ္

ဒီလိုေဟာတယ္ ၊

ျမတ္စြာဘုရားက အဲဒီလိုမေဟာဘူး ၊ ေဟာပုံျခင္းတူမတူ စဥ္းစားႀကည့္ ဗုဒၶျမတ္စြာက ” ပါဏာတိပါေတာ နိရယသံဝတၲိနိေကာ ” “ပါဏာတိပါတ အမႈသည္ ငရဲ၌ ျဖစ္ေစႏိုင္တယ္ ” လို႔ ေဟာတာ ၊

ဒါ ငရဲမွာျဖစ္ရမယ္လို႔မေဟာဘူး

ေနာ္ အကုသိုလ္အမႈျပဳရင္ ငရဲက်မယ္လို႔ မေျပာဘူး ၊ ဒီဟာကငရဲကို က်ေစႏိုင္တယ္ဆိုတဲ႔ စကားကိုေျပာတာ။ ေသခ်ာေပါက္

က်မယ္လို႔ ေျပာတာမဟုတ္ဘူး ၊ သို႔ေသာ္ သူအက်ိဳးေပးရင္ ငရဲက်ဖို႔ရွိတယ္ ၊ မေကာင္းတဲ႔အက်ိဳးကိုေပးမယ္ဆိုတာကိုေျပာတာ

ဒါေပမဲ႔ လူတစ္ေယာက္ ကိုႀကည့္ျပီး ဒီလူဟာ ငရဲကိုသြားမွာ ဆိုတာေတာ႔ ေဒဝဒတ္ကို အတိအက်ေျပာတယ္။

ကံဆိုတာ အျခံအရံအေႀကာင္းေတြေပၚမွာ မွီတည္ျပီး အက်ိဳးေပးတယ္ အေျခအေနေကာင္းေတြ ရွိေနတဲ႔ ပုဂၢိဳလ္မွာ ဒီအကုသိုလ္ကံက အက်ိဳးေပးလို႔မရဘူး။

ျမတ္စြာဘုရားက

” ေလာဏကပလႅသုတ္မွာ” ဆားခဲနဲ႔ ဥပမာေပးထားတာ မွတ္သားစရာေပါ့ ၊ ဆားခဲေလးတစ္ခဲကို ေသာက္ေရခြက္ထဲ ထည္႕လိုက္ရင္ ေသာက္မျဖစ္ေအာင္ငန္မွာပဲ ၊

ဒါေပမဲ႔ အဲဒီ ပမာဏဆားခဲကို ေရကန္ထဲထည့္လိုက္္ ျမစ္ထဲထည့္လိုက္ ေပ်ာက္သြားမွာပဲ။ လူေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အေျခအေနခ်င္း မတူႀကဘူး ဒီလိုမွတ္ရမယ္။
အဂၢမဟာပ႑ိတ အရွင္နႏၵမာလာဘိဝံသ
# Unicode Version # ျဖင့္ ဖတ္ပါ #

ပုထုဇဉ်ဆိုတာ ကောင်းတာလည်း လုပ်မိတာပဲ ၊ မကောင်းတာလည်း လုပ်မိတာပဲ ၊ အဲဒီတော့ မကောင်းတာတွေ လုပ်မိပြီးလို့

ရှိရင်လည်း တစ်သက်လုံး အရှုံးပေးရတော့မလားဆိုတော့

မဟုတ်ဘူး ၊ အဲ့ဒီကံတရားတွေက လွတ်မြောက်တဲ့ နည်းလမ်းတွေရှိတယ် ၊ ဆိုပါစို့ – အကုသိုလ်တစ်ခု လုပ်ထားမိပြီး ပြင်လို့မရတဲ့ အကုသိုလ်ဆိုတာမရှိဘူးနော်။ ဒေဝဒတ်ကြီးဟာ အမြင့်ဆုံး အကုသိုလ်ကံကို ကျူးလွန်ထားတယ် ၊

ဘုရားနဲ့ပတ်သက်တဲ့ ” လောဟိတုပ္ပါဒက ” တို့ , သံဃာနဲ့ပတ်သက်တဲ့ ” သံဃာဘေဒက ” တို့ဆိုတဲ့ ဒီပြစ်မှုကြီးနှစ်ခု ကျူးလွန်ထားတယ် ၊

ဒေဝဒတ်နဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ဗျာဒိတ်ပေးတယ် ၊ ဘာပေးလဲ ” အာပါယိကော နေရယိကော ဒေဝဒတ္တော ” ဒေဝဒတ်က အပါယ်ရောက်မှာပဲ ၊ ငရဲကျမှာပဲလို့ definate ပြောတယ် ၊

” အတေကိစ္ဆော ” ပြင်လို့ မရတော့ဘူး ကုစားလို့မရတော့ဘူး ” ကပ္ပဋ္ဌော ” တစ်ကမ ္ဘာလုံး ငရဲခံရမယ်လို့ ဒီလိုပြောတယ်။

အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီးတော့ ရဟန်းအချို့က သံသယဖြစ်တယ် ၊ မြတ်စွာဘုရားက ဘာဖြစ်လို့ ဒေဝဒတ်ကို ဒီလိုအတိအကျကြီး ပြောနိုင်တာတုန်းလို့ ဆိုတော့ မြတ်စွာဘုရားကရှင်းပြတယ်၊ဒါလည်းမှတ်သားစရာ

တစ်ခုပဲ ဘယ်လိုရှင်းပြတုန်းလို့ဆိုတော့ ဒေဝဒတ်ရဲ့ သန္တာန်မှာတဲ့ အပ်ဖျားလေးလောက်

(စာထဲမှာတော့ သားမြီးဖျားလို့ ပြောတယ် နားလည်

အောင်လို့ အပ်ဖျားကလေးလောက် ) ထောက်ပြစရာ နေရာမှာတောင် ဖြူစင်တဲ့ သဘာဝတရားတွေ မကျန်တော့ဘူးတဲ့။ ဒီလိုမကျန်လို့ ငါဘုရားက ဒီလိုဟောတာ ၊ အကယ်၍ အပ်ဖျားလေး

လောက် ထောက်ပြစရာ ကုသိုလ်လေး ကျန်နေသေးတယ်ဆိုရင် ငါ ဒီစကားမပြောဘူးတဲ့။ကြည့် – ဒေဝဒတ်မှာ ကုသိုလ်တွေ လုံးဝကုန်သွားတဲ့ အဓိပ္ပါယ် မြတ်စွာဘုရားပြောတယ်နော်

အဲ့ဒီ ပုဂ္ဂိုလ်မျိုးမှ ငရဲကျမှာလို့

အတိအကျပြောလို့ရတယ် ၊

ကျန်တဲ့ ပုဂ္ဂိုလ်တွေ ငရဲကျမယ်လို့ အတိအကျပြောလို့မရဘူး၊

မြတ်စွာဘုရားရဲ့ ဒေသနာတော်က ဒီလို ၊

ကြည့် _ဟော ပုံချင်းမတူဘူး။

ပါဏာတိပါတနဲ့ ပတ်သက်ပြီးတော့ နိဂဏ္ဌနာဋပုတ္တက ” ပါဏာတိပါတအမှုပြုတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ငရဲကျတယ်

ဒီလိုဟောတယ် ၊

မြတ်စွာဘုရားက အဲဒီလိုမဟောဘူး ၊ ဟောပုံခြင်းတူမတူ စဉ်းစားကြည့် ဗုဒ္ဓမြတ်စွာက ” ပါဏာတိပါတော နိရယသံဝတ္တိနိကော ” “ပါဏာတိပါတ အမှုသည် ငရဲ၌ ဖြစ်စေနိုင်တယ် ” လို့ ဟောတာ ၊

ဒါ ငရဲမှာဖြစ်ရမယ်လို့မဟောဘူး

နော် အကုသိုလ်အမှုပြုရင် ငရဲကျမယ်လို့ မပြောဘူး ၊ ဒီဟာကငရဲကို ကျစေနိုင်တယ်ဆိုတဲ့ စကားကိုပြောတာ။ သေချာပေါက်

ကျမယ်လို့ ပြောတာမဟုတ်ဘူး ၊ သို့သော် သူအကျိုးပေးရင် ငရဲကျဖို့ရှိတယ် ၊ မကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာကိုပြောတာ

ဒါပေမဲ့ လူတစ်ယောက် ကိုကြည့်ပြီး ဒီလူဟာ ငရဲကိုသွားမှာ ဆိုတာတော့ ဒေဝဒတ်ကို အတိအကျပြောတယ်။

ကံဆိုတာ အခြံအရံအကြောင်းတွေပေါ်မှာ မှီတည်ပြီး အကျိုးပေးတယ် အခြေအနေကောင်းတွေ ရှိနေတဲ့ ပုဂ္ဂိုလ်မှာ ဒီအကုသိုလ်ကံက အကျိုးပေးလို့မရဘူး။

မြတ်စွာဘုရားက

” လောဏကပလ္လသုတ်မှာ” ဆားခဲနဲ့ ဥပမာပေးထားတာ မှတ်သားစရာပေါ့ ၊ ဆားခဲလေးတစ်ခဲကို သောက်ရေခွက်ထဲ ထည့်လိုက်ရင် သောက်မဖြစ်အောင်ငန်မှာပဲ ၊

ဒါပေမဲ့ အဲဒီ ပမာဏဆားခဲကို ရေကန်ထဲထည့်လိုက် မြစ်ထဲထည့်လိုက် ပျောက်သွားမှာပဲ။ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေချင်း မတူကြဘူး ဒီလိုမှတ်ရမယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment