Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

“ျဗဟၼဏဝါဒ”က လိမ္သမ်ွကို ဗုဒၶဘာသာ ငတံုးေတြ အကုန္ခံရတယ္


“ျဗဟၼဏဝါဒ”က လိမ္သမ်ွကို ဗုဒၶဘာသာ ငတံုးေတြ အကုန္ခံရတယ္။

သႀကၤန္နီးျပီ ဆိုေတာ့ သိၾကားမင္းက မပါလို႔ မရဘူး။ လူ႔ျပည္ အနွစ္တစ္ရာမွ တာဝတိ ံသာမွာ တစ္ရက္ပဲရွိတာ။ ခင္ဗ်ားတို႔ အလိုအတိုင္း တစ္နွစ္တစ္ခါသာ ဆင္းရမယ္ဆို တစ္နာရီ တစ္ခါေလာက္ လူ႔ျပည္ ဆင္းရလိမ့္မယ္။ သိၾကား အဲဒီေလာက္ အခ်ိန္မေပးနိုင္ဘူး။

သူ႔မွာ မယားေလးေယာက္နဲ႔ နတ္ျပည္ နွစ္ထပ္ကို အုပ္ခ်ဳပ္ထားရတာ။ သူ ့ဘုန္းကံနဲ႔ ျဖစ္လာတဲ့ သိေႏၶာျမင္းေလး ရွစ္ေကာင္က နတ္ရထားေတြလည္း အဆင္သင့္ရွိျပီးသား။

အဲဒါခင္ဗ်ားတို႔က … သိၾကားကို ကြ်ဲစီးဆင္းခိုင္းလိုက္ ႏြားစီးဆင္းခိုင္းလိုက္ ဘီလူးစီးဆင္းခိုင္းလိုက္နဲ႔ ခင္ဗ်ားတို႔လုပ္မွ သိၾကားေတာင္ မြဲသြားရွာျပီ။

“သုမဂၤလ”ကေလးဘဝတုန္းက အိမ္မွာအေမက အတာအိုးနွစ္အိုး ျပင္ထားတာေတြ႔ေတာ့ “သုမဂၤလ”ကလည္း စပ္စုမိေရာ။ အေမ ဒီနွစ္ပိုက္ဆံေပါတယ္ ထင္တယ္။ ခါတိုင္း အတာအိုးတစ္အိုးပဲ ထားတာ။ ဒီနွစ္က်မွ အတာအိုးက နွစ္အိုးေတာင္ဆိုေတာ့ ဒီနွစ္ ပိုက္ဆံအဆင္ေျပတယ္ ထင္တယ္။

ဟဲ့ ဒီနွစ္က ေသာၾကာသားေတြ တာစားတယ္ ေလ။ ေသာၾကာသားေတြျဖစ္တဲ့ နင္နဲ႔နင့္အေဖ အတြက္ တစ္ေယာက္တစ္အိုးစီ ထားေပးထား ရတာတဲ့။ ” တာစားတယ္ဆိုတာ ဘာတုန္းအေမ ” “သားမသိလို႔ ေျပာျပပါဆိုေတာ့ အေမက နင္ေလ ဗုဒၶဘာသာျဖစ္ျပီး အေတာ္တံုးတာပဲ” “တာစားတယ္ဆိုတာ ဒီနွစ္ ေသာၾကာသားက ျဗဟၼာၾကီး ဦးေခါင္းကို ကိုင္ရတာဟဲ့” “အေမ… ဒါဆိုျဗဟၼာက ေခါင္းျပတ္ၾကီးလား အဲဒီျဗဟၼာၾကီးကို ဘယ္သူ ေခါင္းျဖတ္သြားတာလဲ။

ျပီးေတာ့ အဲဒီ ျဗဟၼာၾကီး ဦးေခါင္းက သမုဒၵရာထဲခ်ရင္ ေရေတြ အကုန္ခမ္းျပီး ေျမျပင္မွာထားရင္ အကုန္မီးဟုန္းဟုန္း ေလာင္တယ္။ ထားစရာေနရာ မရွိဘူးတဲ့” အဲဒါေၾကာင့္ ၇ ရက္သားသမီးေတြက တစ္နွစ္တစ္ခါ အလွည့္က် ကိုင္ရတာတဲ့။

ဟာ အဲေလာက္ေတာင္ ျပင္းတာလား။ ဒါဆို… ကိုင္ထားတဲ့ ေကာင္ေတြက်ဘာမွမျဖစ္ဘူးလား။ ဟုတ္တယ္ေလ။ ျဗဟၼာ့ဘံုဆိုတာ အျမင့္ဆံုး ဘံုလည္းေျပာေသးတယ္။ အဲဒီျဗဟၼာကို ဘယ္သူ ေခါင္းျဖတ္သြားမွန္းမသိဘူး။ အဲဒါ”သုမဂၤလ”လည္း ေထာက္လွမ္းေရး sp ေတြ လြႊတ္ျပီး စံုစမ္းရဦးမယ္။ သေဘာပါလား…

ျဗဟၼဏဝါဒက လိမ္သမ်ွကို ဗုဒၶဘာသာငတံုးေတြ အကုန္ခံရတယ္။

ဆရာေတာ္ ဥဴးသုမဂၤလ

“ဗြဟ္မဏဝါဒ”က လိမ်သမျှကို ဗုဒ္ဓဘာသာ ငတုံးတွေ အကုန်ခံရတယ်။

သင်္ကြန်နီးပြီ ဆိုတော့ သိကြားမင်းက မပါလို့ မရဘူး။ လူ့ပြည် အနှစ်တစ်ရာမှ တာဝတိ ံသာမှာ တစ်ရက်ပဲရှိတာ။ ခင်ဗျားတို့ အလိုအတိုင်း တစ်နှစ်တစ်ခါသာ ဆင်းရမယ်ဆို တစ်နာရီ တစ်ခါလောက် လူ့ပြည် ဆင်းရလိမ့်မယ်။ သိကြား အဲဒီလောက် အချိန်မပေးနိုင်ဘူး။

သူ့မှာ မယားလေးယောက်နဲ့ နတ်ပြည် နှစ်ထပ်ကို အုပ်ချုပ်ထားရတာ။ သူ ့ဘုန်းကံနဲ့ ဖြစ်လာတဲ့ သိန္ဓောမြင်းလေး ရှစ်ကောင်က နတ်ရထားတွေလည်း အဆင်သင့်ရှိပြီးသား။

အဲဒါခင်ဗျားတို့က … သိကြားကို ကျွဲစီးဆင်းခိုင်းလိုက် နွားစီးဆင်းခိုင်းလိုက် ဘီလူးစီးဆင်းခိုင်းလိုက်နဲ့ ခင်ဗျားတို့လုပ်မှ သိကြားတောင် မွဲသွားရှာပြီ။

“သုမင်္ဂလ”ကလေးဘဝတုန်းက အိမ်မှာအမေက အတာအိုးနှစ်အိုး ပြင်ထားတာတွေ့တော့ “သုမင်္ဂလ”ကလည်း စပ်စုမိရော။ အမေ ဒီနှစ်ပိုက်ဆံပေါတယ် ထင်တယ်။ ခါတိုင်း အတာအိုးတစ်အိုးပဲ ထားတာ။ ဒီနှစ်ကျမှ အတာအိုးက နှစ်အိုးတောင်ဆိုတော့ ဒီနှစ် ပိုက်ဆံအဆင်ပြေတယ် ထင်တယ်။

ဟဲ့ ဒီနှစ်က သောကြာသားတွေ တာစားတယ် လေ။ သောကြာသားတွေဖြစ်တဲ့ နင်နဲ့နင့်အဖေ အတွက် တစ်ယောက်တစ်အိုးစီ ထားပေးထား ရတာတဲ့။ ” တာစားတယ်ဆိုတာ ဘာတုန်းအမေ ” “သားမသိလို့ ပြောပြပါဆိုတော့ အမေက နင်လေ ဗုဒ္ဓဘာသာဖြစ်ပြီး အတော်တုံးတာပဲ” “တာစားတယ်ဆိုတာ ဒီနှစ် သောကြာသားက ဗြဟ္မာကြီး ဦးခေါင်းကို ကိုင်ရတာဟဲ့” “အမေ… ဒါဆိုဗြဟ္မာက ခေါင်းပြတ်ကြီးလား အဲဒီဗြဟ္မာကြီးကို ဘယ်သူ ခေါင်းဖြတ်သွားတာလဲ။

ပြီးတော့ အဲဒီ ဗြဟ္မာကြီး ဦးခေါင်းက သမုဒ္ဒရာထဲချရင် ရေတွေ အကုန်ခမ်းပြီး မြေပြင်မှာထားရင် အကုန်မီးဟုန်းဟုန်း လောင်တယ်။ ထားစရာနေရာ မရှိဘူးတဲ့” အဲဒါကြောင့် ၇ ရက်သားသမီးတွေက တစ်နှစ်တစ်ခါ အလှည့်ကျ ကိုင်ရတာတဲ့။

ဟာ အဲလောက်တောင် ပြင်းတာလား။ ဒါဆို… ကိုင်ထားတဲ့ ကောင်တွေကျဘာမှမဖြစ်ဘူးလား။ ဟုတ်တယ်လေ။ ဗြဟ္မာ့ဘုံဆိုတာ အမြင့်ဆုံး ဘုံလည်းပြောသေးတယ်။ အဲဒီဗြဟ္မာကို ဘယ်သူ ခေါင်းဖြတ်သွားမှန်းမသိဘူး။ အဲဒါ”သုမင်္ဂလ”လည်း ထောက်လှမ်းရေး sp တွေ လွွှတ်ပြီး စုံစမ်းရဦးမယ်။ သဘောပါလား…

ဗြဟ္မဏဝါဒက လိမ်သမျှကို ဗုဒ္ဓဘာသာငတုံးတွေ အကုန်ခံရတယ်။

ဆရာတော် ဥူးသုမင်္ဂလ

No comments:

Post a Comment