Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 17, 2019

အိမ္ထဲမွာ ေရစုိအဝတ္လွန္းျခင္းေၾကာင့္ ျဖစ္လာႏုိင္တဲ့ ေၾကာက္မက္ဖြယ္ က်န္းမာေရးဆုိးက်ဳိးမ်ား


ေလွ်ာ္ျပီးသားအဝတ္ေတြကျဖစ္ေစတဲ့ ေရေငြ႔ျပန္ျခင္းက က်န္းမာေရးကို ထိခိုက္ေစႏုိင္တဲ့အတြက္ အိမ္ထဲမွာ အဝတ္မလွန္းဖုိ႔ကိုပညာရွင္မ်ားက တုိက္တြန္းထားပါတယ္။
အသက္ ၄၃ ႏွစ္အရြယ္ရွိ ကေလး ၃ ေယာက္အေဖျဖစ္သူ Craig Mather က အိမ္ထဲမွာ အဝတ္မလွန္းဖို႔ သတိေပးခ်က္ေတြကုိသတိမမူမိဘဲ အဝတ္လွန္းတဲ့အက်င့္ေၾကာင့္ အဆုတ္ကူးစက္ေရာဂါျဖစ္လာပါတယ္။ အခန္းထဲမွာ အဝတ္လွန္းျခင္းေၾကာင့္

စိုထိုင္းထုိင္းျဖစ္ျခင္းက မႈိေပါက္ပြားေစျပီး ျပင္းထန္တဲ့ အဆုတ္ေရာဂါေတြကို ျဖစ္ေစပါတယ္။ Craig Mather က နာတာရွည္အဆုတ္ေရာဂါ ျဖစ္ပြားေနတာကို ေတြ႔ရွိခဲ့ျပီး မႈိပိုးေၾကာင့္ျဖစ္တဲ့ကူးစက္ပိုးျဖစ္တယ္လို႔ ဆရာဝန္မ်ားက သတ္မွတ္ခဲ့ပါတယ္။

ဆရာဝန္ျဖစ္သူက သူ႔ကို အိမ္ထဲမွာအဝတ္လွန္းတာကို မရပ္ဘူးဆုိရင္ေတာ့ ေရာဂါပိုဆုိး လာႏုိင္တယ္လို႔
သတိေပးစကားေျပာၾကားခဲ့တဲ့အတြက္ အိမ္ထဲမွာ အဝတ္မလွန္းေတာ့ဘဲ ၁၂ လေလာက္အၾကာမွာ
ေရာဂါလုံးဝေပ်ာက္ကင္းသြားတာကို ေတြ႔ရွိရပါတယ္။
ဒီလုိအေျခအေနမ်ဳိးၾကဳံေတြ႔ရတာက သူတစ္ေယာက္တည္းမဟုတ္ပါဘူး။ ပညာရွင္ေတြရဲ႕အဆုိအရ
အခန္းထဲမွာအဝတ္စုိမ်ားကိုလွန္းျခင္းေၾကာင့္ ျပင္းထန္တဲ့ေရာဂါေတြျဖစ္ေစႏုိင္ပါတယ္။ အဝတ္စုိေတြေၾကာင့္ အခန္းတြင္းစိုထိုင္းမႈကို ၃၀%အထိတိုးေစျပီး မႈိေပါက္ပြားဖို႔အတြက္ အေကာင္းဆုံးအေျခအေနကို ဖန္တီးေပးသလုိျဖစ္ေစပါတယ္။
ေလွ်ာ္ျပီးသားအဝတ္တစ္ဇလုံက ထြက္တဲ့ေရေငြ႔က ႏွစ္လီတာေက်ာ္ေလာက္ရွိပါတယ္။
ဒီႏႈန္းက မႈိေတြကုိ ေပါက္ပြားမႈျမန္ေစျပီး ေရာဂါျဖစ္ဖုိ႔အလားအလာေတြကို ဖန္တီးေပးႏုိင္ပါတယ္။ လူအမ်ားစုရဲ႕ခုခံအားစနစ္ကဒီမႈိေၾကာင့္ျဖစ္တဲ့ ကူးစက္ပိုးေတြကို ခံႏုိင္ရည္ရွိတတ္ပါတယ္။ ဒါေပမဲ့ ပန္းနာရင္ၾကပ္ေရာဂါရွိသူေတြ၊အသက္ရွဴလမ္းေၾကာင္းေရာဂါနဲ႔ ေခ်ာင္းဆုိးေရာဂါရွိသူေတြအတြက္ ပိုဆိုးတဲ့အေျခအေနေတြျဖစ္ေစႏုိင္ပါတယ္။

ခုခံအားစနစ္အားနည္းသူေတြ၊ ေအအိုင္ဒီအက္စ္ေရာဂါေဝဒနာရွင္ေတြ၊ ကင္ဆာေရာဂါကုထုံး ခံယူေနသူေတြကမႈိပိုးေၾကာင့္ျဖစ္တဲ့အဆုတ္ေရာဂါကို ခံစားရဖို႔ပိုလြယ္ပါတယ္။
ဒီေရာဂါက ျပင္းထန္တဲ့ေရာဂါတစ္မ်ဳိးျဖစ္ျပီး အဆုတ္ပ်က္စီးျပီးေသေစႏုိင္တဲ့အထိ ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ပညာရွင္မ်ားက ေလွ်ာ္ျပီးသားအဝတ္ေတြကို အိမ္ခန္းတြင္းမွာ မလွန္းဘဲ အျပင္မွာလွန္းဖို႔အၾကံျပဳထားတာ ျဖစ္ပါတယ္။
Credit_မူရင္း

Unicode Version

လျှော်ပြီးသားအဝတ်တွေကဖြစ်စေတဲ့ ရေငွေ့ပြန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အိမ်ထဲမှာ အဝတ်မလှန်းဖို့ကို

ပညာရှင်များက တိုက်တွန်းထားပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ ကလေး ၃ ယောက်အဖေဖြစ်သူ Craig Mather က အိမ်ထဲမှာ အဝတ်မလှန်းဖို့ သတိပေးချက်တွေကို

သတိမမူမိဘဲ အဝတ်လှန်းတဲ့အကျင့်ကြောင့် အဆုတ်ကူးစက်ရောဂါဖြစ်လာပါတယ်။ အခန်းထဲမှာ အဝတ်လှန်းခြင်းကြောင့်

စိုထိုင်းထိုင်းဖြစ်ခြင်းက မှိုပေါက်ပွားစေပြီး ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။ Craig Mather က နာတာရှည်

အဆုတ်ရောဂါ ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပြီး မှိုပိုးကြောင့်ဖြစ်တဲ့ကူးစက်ပိုးဖြစ်တယ်လို့ ဆရာဝန်များက သတ်မှတ်ခဲ့ပါတယ်။



ဆရာဝန်ဖြစ်သူက သူ့ကို အိမ်ထဲမှာအဝတ်လှန်းတာကို မရပ်ဘူးဆိုရင်တော့ ရောဂါပိုဆိုး လာနိုင်တယ်လို့

သတိပေးစကားပြောကြားခဲ့တဲ့အတွက် အိမ်ထဲမှာ အဝတ်မလှန်းတော့ဘဲ ၁၂ လလောက်အကြာမှာ

ရောဂါလုံးဝပျောက်ကင်းသွားတာကို တွေ့ရှိရပါတယ်။

ဒီလိုအခြေအနေမျိုးကြုံတွေ့ရတာက သူတစ်ယောက်တည်းမဟုတ်ပါဘူး။ ပညာရှင်တွေရဲ့အဆိုအရ

အခန်းထဲမှာအဝတ်စိုများကိုလှန်းခြင်းကြောင့် ပြင်းထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ အဝတ်စိုတွေကြောင့် အခန်းတွင်း

စိုထိုင်းမှုကို ၃၀%အထိတိုးစေပြီး မှိုပေါက်ပွားဖို့အတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးသလိုဖြစ်စေပါတယ်။

လျှော်ပြီးသားအဝတ်တစ်ဇလုံက ထွက်တဲ့ရေငွေ့က နှစ်လီတာကျော်လောက်ရှိပါတယ်။



ဒီနှုန်းက မှိုတွေကို ပေါက်ပွားမှုမြန်စေပြီး ရောဂါဖြစ်ဖို့အလားအလာတွေကို ဖန်တီးပေးနိုင်ပါတယ်။ လူအများစုရဲ့ခုခံအားစနစ်က

ဒီမှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိတတ်ပါတယ်။ ဒါပေမဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ၊

အသက်ရှူလမ်းကြောင်းရောဂါနဲ့ ချောင်းဆိုးရောဂါရှိသူတွေအတွက် ပိုဆိုးတဲ့အခြေအနေတွေဖြစ်စေနိုင်ပါတယ်။

ခုခံအားစနစ်အားနည်းသူတွေ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်တွေ၊ ကင်ဆာရောဂါကုထုံး ခံယူနေသူတွေက

မှိုပိုးကြောင့်ဖြစ်တဲ့အဆုတ်ရောဂါကို ခံစားရဖို့ပိုလွယ်ပါတယ်။

ဒီရောဂါက ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ပျက်စီးပြီးသေစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်

ပညာရှင်များက လျှော်ပြီးသားအဝတ်တွေကို အိမ်ခန်းတွင်းမှာ မလှန်းဘဲ အပြင်မှာလှန်းဖို့အကြံပြုထားတာ ဖြစ်ပါတယ်။

Credit_မူရင်း

No comments:

Post a Comment