Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 10, 2019

အားလုံးအားလုံး ဖြုတ်​ရမည်​။


လက်​​ဆောင်​မ​ပေး
မူးယစ်​​ဆေး
မယ်​​ခွေကိုလည်း ဖြုတ်​ရမည်​။

နွေဦးကာလ
ထန်းတက်​ပြ
ပ​ဒေသလည်း ဖြုတ်​ရမည်​။

ကရိုဏ်းမညီ
ဋ္ဌာန်​မပီ
ရခိုင်​​တေးလည်း ဖြုတ်​ရမည်​။

မောင်​မလုပ်​န
ငပျင်းကျ
ထိုထိုဟာလည်း ဖြုတ်​ရမည်​။

တွန်​သံမကြား
မြိုင်​ယံခြား
ရွှေဥ​ဒေါင်းလည်း ဖြုတ်​ရမည်​။

ပန်းအခွင့်​အ​ရေး
ရှု​မျှော်​​တွေး
ရွှေသဇင်​လည်း ဖြုတ်​ရမည်​။

မလိုက်​မနာ
နေစိမ့်​ငှါ
ဆုံးမစာလည်း ဖြုတ်​ရမည်​။

ကိုယ်​ကျိုးမဟုတ်
အလုပ်​ရှုပ်
သင်​​သေသွား​သော်​ ဖြုတ်​ရမည်​။

တို့တိုင်း ပုပ္ပါး
မရှိငြား
သိုးက​လေလည်း ဖြုတ်​ရမည်​။

တို့မြို့မြကန်
မရှိပြန်
မြကန်​သာလည်း ဖြုတ်​ရမည်​။

ခုံရုံးမရှိ
ဆုံးဖြတ်​ဘိ
မ​ဟော်​သဓာလည်း ဖြုတ်​ရမည်​။

လင်​သားမယား
ဆန္ဒပွား
ရေသည်​ ပြဇာတ်​ဖြုတ်​ရမည်​။

ရွှေဥာဏ်​စူး​ရောက်
အ​တွေး​ပေါက်
အားလုံးအားလုံး ဖြုတ်​ရမည်​။

.

ဇာ နည်( P.E.C.10/05 )

No comments:

Post a Comment