Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 18, 2019

ရွင္ေစာပု လဲအမွန္ေတြ သိပ္ေျပာတာပဲ (အခု ေခတ္မွာလည္း သတိထားေစခ်င္)


ရွင္ေစာပု မိဖုရားႀကီးက ဘုန္းႀကီးေက်ာင္းသြားခါနီး သူ႔အေႁခြအရံမ်ားကို ေျပာေနသည္မွာ –

ထိပ္ထား တစ္ခုသတိေပးခ်င္ေသးတယ္။
သမီးေတာ္တို႔ေရာ ေသေသခ်ာခ်ာနားေထာင္ၾကေနာ္။
ယခုမယ္မယ္တို႔ သြားရမွာက ရဟန္းေတာ္ေတြ သီတင္းသုံးတဲ့ ေနရာ၊
မယ္မယ္တို႔ ခ်ယ္သထားတာက တကယ့္ပြဲလမ္းသဘင္သြားမယ့္အတိုင္းပဲ။
မိန္းမတစ္ေယာက္ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ အမူအရာေတြဟာ
ဆန႔္က်င္ဘက္ ျဖစ္တဲ့ ပုရိသေတြကို ဆြဲေဆာင္ႏိုင္စြမ္းရွိတယ္။

အဆန္းတၾကယ္ ျပင္ဆင္မြမ္းမံမႈက ညႇိဳ႕ယူလိုက္တဲ့အတြက္
သူတို႔မွာ ပူေလာင္တဲ့ဆႏၵ ျဖစ္လာႏိုင္တယ္ေလ။
ဒီလို သူ႔စိတ္ကို အေမွာင္ရိပ္လႊမ္းသြားတာနဲ႔ တၿပိဳင္နက္
သူ႔မွာ အျပစ္ျဖစ္ရသလို သူ႔ကိုပူေလာင္ေအာင္ ဝတ္ဆင္ထားတဲ့
မိန္းမမွာလည္း တန္းတူ အျပစ္ျဖစ္ရတယ္။

ဒီေတာ့ ကိုယ့္ရဲ႕အေနအထိုင္ေၾကာင့္ တစ္ပါးသူတစ္ဦးကို ဘယ္ေတာ့မွ
အေမွာင္မလႊမ္းသြားပါေစနဲ႔။

သမီးေတာ္တို႔ . . . ရဟန္းေတာ္ေတြဆိုတာကလည္း
အာသေဝါကုန္းခမ္းၾကေသးတာ မဟုတ္ဘူး။
ပုထုဇဥ္ေတြပဲျဖစ္လို႔ ျပာဖုံးေနတဲ့ မီးခဲေတြပါပဲ။
ဒီမီးခဲေတြကို သမီးေတာ္တို႔ရဲ႕ တပ္မက္စရာ ႐ူပါ႐ုံဆိုတဲ့ ေလေျပတစ္ခ်က္ေမြ႕လိုက္ရင္ . . .
ထိပ္ထား မဆက္ပါရေစနဲ႔ေတာ့ကြယ္ . . . ။

ဒါေၾကာင့္ သင့္တင့္႐ုံပဲ ျပင္ဆင္ၾက၊ ေခါင္းကပန္းေတြျဖဳပ္လိုက္။
မႈံနံ႔သာေတြကိုလည္း ဖ်က္လိုက္ၾကပါဦး။

လုံလုံၿခဳံၿခဳံဝတ္ဆင္ၿပီး ျမင္ရသူစိတ္ထဲမွာ
ႏွမငယ္ သမီးငယ္တစ္ေယာက္လို
က႐ုဏာပြားလာေအာင္ ေျပာဆို ဆက္ဆံၾကပါကြယ္။
မသန္းသန္း (မန္းတကၠသိုလ္)၏ ရွင္ေစာပု အမည္ရွိ စာအုပ္မွ။
ဒါေၾကာင့္ဆရာေတာ္ဘုရားႀကီးေတြ ဆုံးမၾကတယ္။

ပစၥည္း ၊ မာတု ၊ ထိုႏွစ္ခု
ဘိကၡဳ ေသမင္း ဓားႏွစ္စင္း။ တဲ့ . . . .
 ေအာင္ျမင့္ျမတ္(မင္းသိၾကား)
# Unicode Version # ျဖင့္ ဖတ္ပါ #

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ –

ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။
သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။
ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊
မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။
မိန်းမတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ
ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။

အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက်
သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။
ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက်
သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ဝတ်ဆင်ထားတဲ့
မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။

ဒီတော့ ကိုယ့်ရဲ့အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ
အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း
အာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။
ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။
ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင် . . .
ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။
မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။

လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ
နှမငယ် သမီးငယ်တစ်ယောက်လို
ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်။
မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။
ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။

ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့ . . . .
အောင်မြင့်မြတ်(မင်းသိကြား)

No comments:

Post a Comment