Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 16, 2019

အမ်ဳိးသား ၂ ဦးက …အသက္ ၁၁ ႏွစ္အရြယ္ကိုရင္ကို… ပါးစပ္ပိတ္ႀကိဳးတုပ္၍ …ခ်ဳပ္ေႏွာင္ထားမႈျဖစ္ပြား


အ မ်ဳိး သား ၂ ဦးက ၁၁ ႏွစ္အရြယ္ကိုရင္အား ပါးစပ္ပိတ္ႀကိဳးတုပ္၍ ခ်ဳပ္ေႏွာင္ထားမႈျဖစ္ပြား

ပဲခူး ဇြန္ ၁၆

ဇီး ကုန္းၿမိဳ နယ္တြင္ ၁၁ ႏွစ္အရြယ္ကိုရင္အား ပါးစပ္ပိတ္ႀကိဳးတုပ္၍ ဘီဒိုေနာက္၌ခ်ဳပ္ေႏွာင္ခဲဲ့သူ အမ်ဳိးသား ၂ ဦးအနက္ ဖမ္းဆီးရမိခဲ့သည့္ ျပစ္မႈက်ဴးလြန္သူဟုယူဆရသူ အမ်ဳိးသားကို အာမခံေပးထားေၾကာင္း သိရသည္။

ျဖစ္ စဥ္ မွာ ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီခ႐ိုင္၊ ဇီးကုန္းၿမိဳ႕နယ္၊ ရြာဝိုင္းႀကီးအုပ္စု၊ ရြာဝိုင္းႀကီးေက်းရြာရွိ ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ ဇြန္လ ၁၅ ရက္က ဝင္းၾကည္၊ (၅၁)ႏွစ္ဆိုသူအပါအဝင္ အမ်ဳိးသား ၂ ဦးက ကိုရင္အာေသာက (ခ)အာကာမင္း၊ (၁၁)ႏွစ္၊ ရြာဝိုင္းႀကီးေက်းရြာေနသူကို ဆြမ္းခ်က္ေဆာင္ဘီဒိုေနာက္၌ သကၤန္းစျဖင့္ ပါးစပ္ပိတ္ ႀကိဳးတုပ္၍ ခ်ဳပ္ေႏွာင္ခဲ့ေၾကာင္း ဇီးကုန္းၿမိဳ႕မရဲစခန္းမွ သိရသည္။

“ရြာ ဝိုင္း ဘုန္းႀကီးေက်ာင္းက ကိုရင္ေလးေပ်ာက္ေနတယ္ဆိုလို႔ လိုက္ရွာတဲ့အခါ ဆြမ္းခ်က္ေဆာင္ထဲမွာ ည ၇ နာရီ ေက်ာ္ေက်ာ္ေလာက္ ျပန္ေတြ႔ခဲ့တယ္။ သူ႔ကို သကၤန္းနဲ႔ဘာနဲ႔ ခ်ီေႏွာင္ၿပီးတုပ္ထားတာေပါ့။ ၿပီးေတာ့ ေမ့လဲေနတယ္။ ရြာသားေတြကေနၿပီး ဒါဘယ္သူလုပ္တာလဲဆိုၿပီး ကိုရင္ေလးကိုေမးေတာ့ ေခ်ာင္းေစာက္က ကိုဝင္းၾကည္နဲ႔ ေနာက္တစ္ေယာက္က လုပ္တယ္လို႔ေျပာတယ္။ အဲဒါနဲ႔ ကိုဝင္းၾကည္ကို ဖမ္းဆီးခဲ့တယ္။ ေနာက္တစ္ေယာက္က ဘယ္သူဘယ္ဝါဆိုတာ မသိေသးတဲ့အတြက္ ဖမ္းမမိေသးဘူး။



သူ တို႔ ကို ဖြင့္ထား တဲ့ ပုဒ္မက အာမခံေပးလို႔ရတဲ့ပုဒ္မျဖစ္ေနလို႔ ကိုဝင္းၾကည္ကို အာမခံေပးထားတယ္။ ဘာအတြက္ေၾကာင့္ အခုလိုလုပ္တာလဲဆို တာကိုေတာ့ စစ္ေဆးေနတုန္းပါပဲ” ဟု ဇီးကုန္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာ သည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဝင္းၾကည္၊ (၅၁)ႏွစ္၊ ေခ်ာင္းေစာက္ေက်းရြာ၊ ဇီးကုန္းၿမိဳ႕နယ္ေနသူပါ ၂ ဦးကို ဇီးကုန္းၿမိဳ႕မရဲစခန္း၌(ပ)၃၈၉/၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၄၆ /၁၁၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

The Police 199

Unicode ျဖင့္ဖတ္ရန္
အမျိုးသား ၂ ဦးက ၁၁ နှစ်အရွယ်ကိုရင်အား ပါးစပ်ပိတ်ကြိုးတုပ်၍ ချုပ်နှောင်ထားမှုဖြစ်ပွား

ပဲခူး ဇွန် ၁၆

ဇီး ကုန်းမြို့နယ်တွင် ၁၁ နှစ်အရွယ်ကိုရင်အား ပါးစပ်ပိတ်ကြိုးတုပ်၍ ဘီဒိုနောက်၌ချုပ်နှောင်ခဲဲ့သူ အမျိုးသား ၂ ဦးအနက် ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူဟုယူဆရသူ အမျိုးသားကို အာမခံပေးထားကြောင်း သိရသည်။

ဖြစ် စဉ်မှာ ပဲခူး တိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ရွာဝိုင်းကြီးအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ဇွန်လ ၁၅ ရက်က ဝင်းကြည်၊ (၅၁)နှစ်ဆိုသူအပါအဝင် အမျိုးသား ၂ ဦးက ကိုရင်အာသောက (ခ)အာကာမင်း၊ (၁၁)နှစ်၊ ရွာဝိုင်းကြီးကျေးရွာနေသူကို ဆွမ်းချက်ဆောင်ဘီဒိုနောက်၌ သင်္ကန်းစဖြင့် ပါးစပ်ပိတ် ကြိုးတုပ်၍ ချုပ်နှောင်ခဲ့ကြောင်း ဇီးကုန်းမြို့မရဲစခန်းမှ သိရသည်။



“ရွာဝိုင်းဘုန်းကြီးကျောင်းက ကိုရင်လေးပျောက်နေတယ်ဆိုလို့ လိုက်ရှာတဲ့အခါ ဆွမ်းချက်ဆောင်ထဲမှာ ည ၇ နာရီ ကျော်ကျော်လောက် ပြန်တွေ့ခဲ့တယ်။ သူ့ကို သင်္ကန်းနဲ့ဘာနဲ့ ချီနှောင်ပြီးတုပ်ထားတာပေါ့။ ပြီးတော့ မေ့လဲနေတယ်။ ရွာသားတွေကနေပြီး ဒါဘယ်သူလုပ်တာလဲဆိုပြီး ကိုရင်လေးကိုမေးတော့ ချောင်းစောက်က ကိုဝင်းကြည်နဲ့ နောက်တစ်ယောက်က လုပ်တယ်လို့ပြောတယ်။



အဲဒါနဲ့ ကိုဝင်းကြည်ကို ဖမ်းဆီးခဲ့တယ်။ နောက်တစ်ယောက်က ဘယ်သူဘယ်ဝါဆိုတာ မသိသေးတဲ့အတွက် ဖမ်းမမိသေးဘူး။ သူတို့ကို ဖွင့်ထားတဲ့ ပုဒ်မက အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်နေလို့ ကိုဝင်းကြည်ကို အာမခံပေးထားတယ်။ ဘာအတွက်ကြောင့် အခုလိုလုပ်တာလဲဆို တာကိုတော့ စစ်ဆေးနေတုန်းပါပဲ” ဟု ဇီးကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြော သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းကြည်၊ (၅၁)နှစ်၊ ချောင်းစောက်ကျေးရွာ၊ ဇီးကုန်းမြို့နယ်နေသူပါ ၂ ဦးကို ဇီးကုန်းမြို့မရဲစခန်း၌(ပ)၃၈၉/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၄၆ /၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

The Police 199

No comments:

Post a Comment