Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

ကင္​းျမီး​ေကာက္​ ကင္​း​ေျခမ်ား ကိုက္​ခံရလ်ွင္​ အျမန္​ဆံုးႏွင္​့အလြယ္​ဆံုး အဆိပ္​​ေျဖနည္​းမ်ား


ကင္​းျမီး​ေကာက္​ ကင္​း​ေျခမ်ား ကိုက္​ခံရလ်ွင္​ အျမန္​ဆံုးႏွင္​့အလြယ္​ဆံုး အဆိပ္​​ေျဖနည္​းမ်ား

၁။ ကင္းေျခမ်ား မေတာ္တဆ ကိုက္ခံရပါက –သေဘၤာသီး အစိမ္း အခြံမွ အေစးကို ကိုက္ခံရေသာ ေနရာတြင္လိမ္းေပး ျခင္းျဖင့္ အဆိပ္ ခ်က္ခ်င္း ေျပႏိုင္ ပါတယ္။

၂။ ကင္းျမႇီးေကာက္ ကိုက္ခံ ရပါက –သံပုရာသီး အရည္ႏွင့္ အခ်ိဳမႈန႔္ သမေအာင္ ေရာစပ္၍ရေသာ အရည္ျဖင့္ ကိုက္ခံရေသာ ေနရာအား လိမ္းေပးပါက၁၀ မိနစ္ အတြင္း အဆိပ္ေျပ ႏိုင္သည္။

၃။ ၾကက္သြန္နီ ၃ လုံးကို မီးဖုတ္ပါ –မီးဖုတ္ၿပီးေသာ ၾကက္သြန္နီကို ေထာင္း၍ အရည္ ညစ္ယူပါ။ၾကက္သြန္ မီးဖုတ္ အရည္ကို အကိုက္ ခံရသည့္ ေနရာကို လိမ္းေပးၿပီးအဖတ္မ်ား ကိုလည္း အနာေပၚကို အုံ၍ အဝတ္ျဖင့္ စည္းထားပါ။အဆိပ္ေျပ လိမ့္မည္။

၄။ မန္က်ည္းသီး အေစ့ကို ေသြး၍ အရည္ကို အနာေပၚ လိမ္းေပးပါ။အဆိပ္ ေျပပါ လိမ့္မည္။

(ကင္းၿမီးေကာက္ ကုိ အလြယ္တကူ သိျမင္ႏုိင္ေသာ္လည္း အခ်ဳိ႕မွာကင္းေျခမ်ားႏွင့္ ရထားေကာင္တုိ႔ကုိ ဆင္တူေနသျဖင့္ မွားယြင္းတတ္ၾကပါသည္… သိသူမ်ားကေတာ့ အလြယ္တကူခြဲျခား ႏုိင္ေသာ္လည္းမသိသူမ်ား မွတ္သားရန္မွာ… လူကုိ အႏၱရာယ္ မေပးတတ္ေသာရထားေကာင္မွာ ေႏွးေကြးေလးလံစြာသြာ သြားသည့္အေကာင္မ်ဳိးျဖစ္၍ကင္းေျခမ်ားမွာေတာ့ သင္ ဖမ္းမမီေအာင္ အသြားျမန္သည့္ သတၱဝါမ်ဳိးျဖစ္ပါသည္။ ရထားေကာင္က ခႏၶာကုိယ္ လုံးၿပီး၊ ကင္းေျခမ်ားကေတာ့ျပားေသာ ခႏၶာကုိယ္ ရွိပါသည္။

ကင္းေျခမ်ားႏွင့္ ကင္းၿမီးေကာက္ကေတာ့ အဆိပ္ရွိသတၱဝါ ျဖစ္ၿပီး မလြဲမေရွာင္သာ တုိးမိ၍ေသာ္လည္းေကာင္း တက္နင္းမိ၍ေသာ္လည္းေကာင္း အကုိက္ခံရပါက အဆိပ္တက္ႏုိင္ပါသျဖင့္ထုိသတၱဝါမ်ားကုိ ခြဲျခားသိျမင္ ေရွာင္ရွားႏုိင္ၾကပါေစ…)

​ေက်းဇူးတင္​လ်က္​
Credit: Original – PA O PAY.

ကင္းအဆိပ္ကိုႏိုင္သည့္ သဘာ၀ေဆးနည္း (ေနာက္တစ္နည္း)

ကင္းျမီးေကာက္၊ ကင္းေျခမ်ား၊ ကင္းမလက္မည္း စသည့္ ကင္းအမ်ိဳးမ်ိဳး အကိုက္ ခံရလွ်င္ ေအာက္ပါ သဘာ၀ေဆးနည္းျဖင့္ ကင္းအဆိပ္ကို ကုသႏုိင္ပါသည္ –



၁။ ၾကက္သြန္နီ (၃) လံုးကို မီးဖုတ္ပါ။ မီးဖုတ္၍ ႏြမ္းလာေသာ ၾကက္သြန္နီကို ေထာင္း၍ အရည္ညစ္ယူပါ။ ၄င္း ၾကက္သြန္ မီးဖုတ္အရည္ကို အကိုက္ခံရသည့္ေနရာကို လိမ္းေပးပါ။ အဖတ္မ်ားကိုလည္း အနာေပၚ၌ အံုထားျပီး အ၀တ္ျဖင့္ စည္းထားပါ။ နာရီ၀က္ေက်ာ္လွ်င္ အဆိပ္မ်ား တေျဖးေျဖး ျပယ္သြားပါလိမ့္မည္။

၁။ မန္က်ည္းေစ့ကို ေသြး၍ အရည္ကို အနာေပၚ လိမ္းေပးပါ။

၂။ သံလြင္ဆီကိုလည္း လိမ္းေပးႏိုင္ပါသည္။

၄င္းေဆးနည္း (၃)မ်ိဳးသည္ ကင္းအမ်ိဳးမ်ိဳးတုိ့၏ အဆိပ္မ်ားကိုႏိုင္ေသာ သဘာ၀ေဆးနည္းမ်ား ျဖစ္ပါသည္။

ေဆးရံု၊ ေဆးခန္း၊ ဆရာ၀န္တို့ႏွင့္ အလွမ္းေ၀းေသာ ေနရာတို့တြင္ အေရးၾကံဳလာခဲ့သည္ရွိေသာ္ တန္ဖိုးရွိလွသည့္ လူ့အသက္တစ္ေခ်ာင္းကို ကယ္တင္နိုင္ၾကပါေစ
ျမန္မာ့ေဆးနည္းမ်ား

Unicode Version

ကင်းမြီးကောက် ကင်းခြေများ ကိုက်ခံရလျှင် အမြန်ဆုံးနှင့်အလွယ်ဆုံး အဆိပ်ဖြေနည်းများ

၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။

၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။



၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို အုံ၍ အဝတ်ဖြင့် စည်းထားပါ။အဆိပ်ပြေ လိမ့်မည်။

၄။ မန်ကျည်းသီး အစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။အဆိပ် ပြေပါ လိမ့်မည်။

(ကင်းမြီးကောက် ကို အလွယ်တကူ သိမြင်နိုင်သော်လည်း အချို့မှာကင်းခြေများနှင့် ရထားကောင်တို့ကို ဆင်တူနေသဖြင့် မှားယွင်းတတ်ကြပါသည်… သိသူများကတော့ အလွယ်တကူခွဲခြား နိုင်သော်လည်းမသိသူများ မှတ်သားရန်မှာ… လူကို အန္တရာယ် မပေးတတ်သောရထားကောင်မှာ နှေးကွေးလေးလံစွာသွာ သွားသည့်အကောင်မျိုးဖြစ်၍ကင်းခြေများမှာတော့ သင် ဖမ်းမမီအောင် အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။ ရထားကောင်က ခန္ဓာကိုယ် လုံးပြီး၊ ကင်းခြေများကတော့ပြားသော ခန္ဓာကိုယ် ရှိပါသည်။



ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့ အဆိပ်ရှိသတ္တဝါ ဖြစ်ပြီး မလွဲမရှောင်သာ တိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့်ထိုသတ္တဝါများကို ခွဲခြားသိမြင် ရှောင်ရှားနိုင်ကြပါစေ…)

ကျေးဇူးတင်လျက် Credit: Original – PA O PAY.

ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း (နောက်တစ်နည်း)

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုး အကိုက် ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည် –

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။ ၎င်း ကြက်သွန် မီးဖုတ်အရည်ကို အကိုက်ခံရသည့်နေရာကို လိမ်းပေးပါ။ အဖတ်များကိုလည်း အနာပေါ်၌ အုံထားပြီး အဝတ်ဖြင့် စည်းထားပါ။ နာရီဝက်ကျော်လျှင် အဆိပ်များ တဖြေးဖြေး ပြယ်သွားပါလိမ့်မည်။

၁။ မန်ကျည်းစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။

၂။ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါသည်။

၎င်းဆေးနည်း (၃)မျိုးသည် ကင်းအမျိုးမျိုးတို့၏ အဆိပ်များကိုနိုင်သော သဘာဝဆေးနည်းများ ဖြစ်ပါသည်။

ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသော နေရာတို့တွင် အရေးကြုံလာခဲ့သည်ရှိသော် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ
 မြန်မာ့ဆေးနည်းများ

No comments:

Post a Comment