Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 16, 2019

ဆီးခ်ိဳသမား အနာျဖစ္လွ်င္ ေပ်ာက္ဖို႔ မလြယ္တဲ႔ အနာအတြက္ ဇာတိပၹိဳလ္သီး အစြမ္း


အေမြတစ္ခု ရလိုက္သည္။ ထိုသည္က ေသြးတိုးျဖစ္၏။ ထို ေသြးတိုးမွာမွ အေဖာ္တစ္ဦး ေပၚျပန္သည္။ ဆီးခ်ိဳ ျဖစ္လာျခင္း ျဖစ္သည္။ ေဒါက္တာမ်ားက ဆိုသည္ ဆီးခ်ိဳျဖစ္ရင္ အနာမျဖစ္ေအာင္ ေနပါတဲ့ .. အနာျဖစ္လွ်င္ေပ်ာက္ဖို႔ မလြယ္ေတာ့၍ သတိေပးျခင္းသာ။ ဂ႐ုစိုက္ သည့္ၾကား ေသြးစုနာက ေပါင္တြင္ ေပါက္ျပန္သည္။

 အမွန္ပင္ တစ္လ ေလာက္ဆိုလွ်င္ ေဆးစား ေဆးထည့္လွ်င္ ေပ်ာက္သင့္ ေပၿပီ။ သို႔ေသာ္ မေပ်ာက္ပါ။ ဒါေလးကို ဆန္ေဆးရည္ျဖင့္ ေသြးလူး စမ္းပါဗ်ာ˝ အထင္ မႀကီးခဲ့ပါ။ အားနာ၍သာ ယူထား လိုက္ရသည္။ ဇနီးသည္မွ ေပ်ာက္ေစခ်င္ေသာ ဆႏၵေၾကာင့္ ဆန္ေဆးရည္ႏွင့္ ပ်စ္ပ်စ္ေလး ေသြးၿပီး လူးေပး ခဲ့ရာ (၃)ရက္ ေျမာက္ၿပီး (၄)ရက္ အၾကာတြင္ အနာ ထိပ္တင္းလာရာ တျဖည္းျဖည္း ညႇိဳးက်သြားကာ တစ္ပတ္ အၾကာတြင္ အနာလုံးဝ က်က္သြား ေတာ့သည္။

ဘဝတူ မိတ္ေဆြမ်ားအား ဇာတိပၹိဳလ္ကို အထင္မေသးရန္ လက္လွမ္းမီသမွ် ေပးေဝငွ ေပးခဲ့ပါသည္။ ဆီးခ်ိဳ ေဝဒနာရွင္တို႔ အနာေပါက္ျခင္း ႀကဳံပါမူ ဇာတိပၹိဳလ္သီးကို ယုံၾကည္ လြယ္ကူစြာ ပရေဆးဆိုင္တြင္ ေဈးမႀကီးပါပဲ ဝယ္ယူ လိုက္ၾက ပါလို႔ တိုက္တြန္း ရပါသည္။

ဇာတိပၹိဳလ္အသီး အတြင္းရွိ အဆံကို ဇာတိပၹိဳလ္သီး ဟုယူသည္။ အဆံအား ေမွးယွက္ေနေသာ အဖက္ကို ဇာတိပၹိဳလ္ပြင့္ဟု ေခၚသည္။ သတၱဝါတို႔၏ အသက္ကို ကယ္တင္ရာတြင္ ထိုအပင္သည္ ေရွ႕တန္းတြင္ ပါသည္။ အရသာ ဖန္၊ ခါး၊ စပ္ၿပီး ပူေသာ သတၱိရွိသည္။

ဇာတိပၹိဳလ္ ေကာင္းမေကာင္း- ေခ်ာမြတ္ျခင္း၊ ကိုင္၍ လႈပ္က အသံျမည္ကာ ေလးတြဲျခင္း ရွိရသည္။ ထိုမွ ေကာင္းသည္။ ေယာက်ာ္းသားမ်ား သုက္ထိန္းေဆး ေဖၚရာတြင္လည္း အဓိက ဇာတ္ေကာင ္အျဖစ္ ပါဝင္ သည္။
ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)
# Unicode Version # ျဖင့္ ဖတ္ပါ #

အမွေတစ်ခု ရလိုက်သည်။ ထိုသည်က သွေးတိုးဖြစ်၏။ ထို သွေးတိုးမှာမှ အဖော်တစ်ဦး ပေါ်ပြန်သည်။ ဆီးချို ဖြစ်လာခြင်း ဖြစ်သည်။ ဒေါက်တာများက ဆိုသည် ဆီးချိုဖြစ်ရင် အနာမဖြစ်အောင် နေပါတဲ့ .. အနာဖြစ်လျှင်ပျောက်ဖို့ မလွယ်တော့၍ သတိပေးခြင်းသာ။ ဂရုစိုက် သည့်ကြား သွေးစုနာက ပေါင်တွင် ပေါက်ပြန်သည်။ အမှန်ပင် တစ်လ လောက်ဆိုလျှင် ဆေးစား ဆေးထည့်လျှင် ပျောက်သင့် ပေပြီ။ သို့သော် မပျောက်ပါ။ ဒါလေးကို ဆန်ဆေးရည်ဖြင့် သွေးလူး စမ်းပါဗျာ˝ အထင် မကြီးခဲ့ပါ။ အားနာ၍သာ ယူထား လိုက်ရသည်။ ဇနီးသည်မှ ပျောက်စေချင်သော ဆန္ဒကြောင့် ဆန်ဆေးရည်နှင့် ပျစ်ပျစ်လေး သွေးပြီး လူးပေး ခဲ့ရာ (၃)ရက် မြောက်ပြီး (၄)ရက် အကြာတွင် အနာ ထိပ်တင်းလာရာ တဖြည်းဖြည်း ညှိုးကျသွားကာ တစ်ပတ် အကြာတွင် အနာလုံးဝ ကျက်သွား တော့သည်။

ဘဝတူ မိတ်ဆွေများအား ဇာတိပ္ဖိုလ်ကို အထင်မသေးရန် လက်လှမ်းမီသမျှ ပေးဝေငှ ပေးခဲ့ပါသည်။ ဆီးချို ဝေဒနာရှင်တို့ အနာပေါက်ခြင်း ကြုံပါမူ ဇာတိပ္ဖိုလ်သီးကို ယုံကြည် လွယ်ကူစွာ ပရဆေးဆိုင်တွင် ဈေးမကြီးပါပဲ ဝယ်ယူ လိုက်ကြ ပါလို့ တိုက်တွန်း ရပါသည်။

ဇာတိပ္ဖိုလ်အသီး အတွင်းရှိ အဆံကို ဇာတိပ္ဖိုလ်သီး ဟုယူသည်။ အဆံအား မှေးယှက်နေသော အဖက်ကို ဇာတိပ္ဖိုလ်ပွင့်ဟု ခေါ်သည်။ သတ္တဝါတို့၏ အသက်ကို ကယ်တင်ရာတွင် ထိုအပင်သည် ရှေ့တန်းတွင် ပါသည်။ အရသာ ဖန်၊ ခါး၊ စပ်ပြီး ပူသော သတ္တိရှိသည်။

ဇာတိပ္ဖိုလ် ကောင်းမကောင်း- ချောမွတ်ခြင်း၊ ကိုင်၍ လှုပ်က အသံမြည်ကာ လေးတွဲခြင်း ရှိရသည်။ ထိုမှ ကောင်းသည်။ ယောကျာ်းသားများ သုက်ထိန်းဆေး ဖေါ်ရာတွင်လည်း အဓိက ဇာတ်ကောင ်အဖြစ် ပါဝင် သည်။
ရဲမျိုးသူ (ဗောဓိမြိုင်)

No comments:

Post a Comment