Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 10, 2019

လူေတြ ဘာေၾကာင့္ ေသရတာလဲ


လူနတ္ျဗဟၼာ့ သတၱဝါေတြ ေသတယ္ ဆိုတဲ့ အထဲမွာ ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးလည္း ပါတယ္။ ဘုရားရွင္ေတာင္မွ မလြတ္ၾကရပဲ အားလုံး မုခ် မွန္စြာ ေသၾကရမွာ ျဖစ္ေသာေၾကာင့္ …ေလာကမွာ လူတိုင္း လူတိုင္း အရႈံးႏွင့္ ႀကဳံၿပီးသားပါ။ အရႈံးႀကဳံၿပီးရင္ေတာ့ အဲဒီ အရႈံးထဲက ေနၿပီး ဆက္ရႈံးေအာင္ေတာ့ လုပ္ဖို႔ မေကာင္းဘူး။ အရႈံးႀကဳံၿပီးရင္ “အရႈံးထဲက အျမတ္ ထုတ္ရမွာ”။

ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးက တန္ခိုး ဒီေလာက္ႀကီးတာ ဘာေၾကာင့္ ေသသလဲ ဆိုရင္ မယ္ေတာ္ မာယာ ေသတယ္။ သုေဒၶါဒနမင္းႀကီး လည္း ေသတယ္။ အေဖက ေသတယ္။ အေမက ေသတယ္။ အေဖအေမ ေသရာကေန ေသတဲ့သူက ေမြးလာတဲ့သားလည္း “ေသမွာပါပဲ”။

အဖိုးေတြ ေသတယ္။ အဖြားေတြ ေသတယ္။ အဖိုးအဖြားေတြက ေသသြားၾကတဲ့ ဓာတ္ေတြရွိတဲ့ ဖိုးဖြားကေန ေမြးလာ ၾကတဲ့ သားသမီး ေျမးျမစ္ေတြလည္း “ေသၾကရမွာပဲ”။ အဖိုးအဖြားေတြ ေသခဲ့ ၾကကုန္၏။ အဖိုးအဖြားေတြ ေသလို႔ ေျမးျမစ္ေတြ ေသၾကရဦးမည္။ အေဖအေမေတြ ေသခဲ့ ၾကကုန္၏ အေဖအေမေတြ ေသခဲ့ၾကလို႔ သားသမီးေတြလည္း ေသၾကရလိမ့္ဦးမည္။ အဖိုးအဖြားေတြက ဓာတ္ေတြ တဆင့္ၿပီး တဆင့္ ေပးခဲ့ၾကပါကုန္၏။ ဘာဓာတ္ေတြေပးခဲ့ၾကလဲ ဆိုရင္ “ေသတဲ့ဓာတ္”ေတြ ေပးခဲ့ၾကတယ္။

ယခု တရားနာ ေနၾကတဲ့ ပုဂၢိဳလ္ေရာ ေဟာသူပါ မက်န္ အပ္ဖ်ားေလးႏွင့္ လိုက္စမ္းၾကည့္ တစ္ကိုယ္လုံးမွာ ေသတဲ့ ဓာတ္ေတြ ရွိတယ္။ အဖိုးဖြား ၊အေဖေမေတြ စီးပြားဥစၥာ ရတနာေတြ ေပးတာ မေပးတာထက္ ခဏတာ ဘာအေမြေပးခဲ့ လည္း ဆိုရင္ “ေသတဲ့ဓာတ္” ေတြ ေပးခဲ့ပါသည္။ အဖိုးဖြား အေဖေမေတြ ေၾကာင့္ ျဖစ္လာရတဲ့ ဒီ ခႏၶာကိုယ္ႀကီး ထဲမွာ ဘာေတြ ထည့္ေပးခဲ့သလဲ ဆိုရင္ ေသတဲ့ ဓာတ္ေတြ ထည့္ေပးခဲ့တာပါ…။

ေရာဂါေၾကာင့္ ေသတာလား။ ေသတဲ့ဓာတ္ ရွိလို႔ ေသတာလား။ ထို ေသတဲ့ဓာတ္သာ မရွိဘူး ဆိုရင္ မေသေတာ့ဘူးေပါ့။ “ဘာေၾကာင့္ ေသတာလဲ ဆိုရင္ ေသတဲ့ ဓာတ္ရွိလို႔ပါ”။ လူျဖစ္ခ်င္ပါတယ္ ဆိုတာသည္ ေသတဲ့ဓာတ္ကေလး ေပးပါလို႔ ေတာင္းတာႏွင့္ အတူတူပါပဲ။ နတ္ျဖစ္ခ်င္ပါတယ္ ဆိုတာသည္ ေသတဲ့ဓာတ္ ကေလးကို ေပးပါလို႔ ေတာင္းတာနဲ႔ အတူတူ ပါပဲ။

ဒါျဖင့္ ေသတဲ့ဓာတ္က အဖိုးဖြားေတြက ေပးတာလား။ မိဘေတြက ေပးတာလား။ ကိုယ္ကိုယ္တိုင္က လိုခ်င္လို႔ကို ရလာတာ လား။ ေသသူကေမြးလို႔ ေသတဲ့ ေသြးေတြ ေပးခဲ့တဲ့ ခႏၶာကိုယ္… အိုသူကေမြးလို႔ အိုတဲ့ ေသြးေတြ ေပးခဲ့တဲ့ ခႏၶာကိုယ္… နာသူကေမြးလို႔ နာတဲ့ ေသြးေတြ ေပးခဲ့တဲ့ ခႏၶာကိုယ္… ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး သက္ေတာ္ (၇၀)၊ (၈၀) အ႐ြယ္မွာ ေရခ်ိဳးတဲ့ အခါ အသားေတြ တြန႔္ေနတာကို ေတြ႕ရတယ္။ ဇရာက ဖိစီးတာပါ။ ဘုရားရွင္ ကိုယ္ေတာ္ ျမတ္ႀကီးကို ဇရာ ကႏွိပ္စက္တယ္။ အိုတယ္။ ဘာလို႔ အိုတာလဲ … အိုတဲ့သူေတြက အိုတဲ့ ေသြးေတြ သူ႔ခႏၶာကိုယ္ထဲကို ထည့္ေပးလိုက္လို႔ပဲ။

ေသတဲ့ဓာတ္ ပါတဲ့ ပုဂၢိဳလ္ ဧကန္ မုခ် ေသရမွာပါ။ အိုတဲ့ဓာတ္ ပါတဲ့ ပုဂၢိဳလ္ ဧကန္ မုခ် အိုရမွာပါ။ အခါတပါး ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး တရားေဟာေတာ့ ခါးနာတယ္ ။ ဘုရားရွင္ လက္ေဝွ႔သမား ဘဝတုန္းက သူႏိုင္ခဲ့လို႔ရွိရင္ ခါးခ်ိဳးခ်ိဳး ပစ္ခဲ့လို႔။ နာတဲ့ဓာတ္ ပါတဲ့ ပုဂၢိဳလ္ ဧကန္ မုခ် နာရမွာပါ…။

ဘုရားရွင္ေတာင္မွ မလြတ္ၾကရပဲ အားလုံး မုခ် မွန္စြာ ဘာေၾကာင့္ အိုရ၊ နာရ၊ ေသရတာလဲ ဆိုရင္ ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး ျဖစ္လာမဲ့ ခႏၶာကိုယ္ႀကီးထဲမွာ အိုဓာတ္၊ နာဓာတ္၊ ေသတဲ့ဓာတ္ေတြ ထည့္ေပးလိုက္လို႔ အေမြယူခဲ့လို႔ပဲ။

ေမြးကတည္းက ေသတဲ့ဓာတ္ေတြ ပါလာၾကလို႔ အမိဝမ္းထဲမွာ ေသသြားၾကတာေတြလည္း တစ္ပုံႀကီး။ ၁ႏွစ္ ၂ႏွစ္ ၃…၄ႏွစ္ အ႐ြယ္ေတြ လသားေတြမွာလည္း ေသတယ္။ ႏွစ္သားေတြလည္း ေသတယ္။ ၁၀ႏွစ္သားေတြ၊ အႏွစ္၂၀ သားေတြလည္း ေသတယ္။ ေမြးကတည္းက ဒီေသတဲ့ဓာတ္ေတြ ပါလာၾကလို႔ပါ။ တခ်ိဳ႕တခ်ိဳ႕ သားသမီး ရင္ႏွစ္သည္းျခာႏွင့္ တကြ ဇနီး၊ မယား၊ မိဘ၊ ညီအစ္ကို ေမာင္ႏွမ၊ ေဆြမ်ိဳးသားခ်င္းေတြ ဆုံးပါးသြားၾကလို႔ ေနာက္ထပ္ ေသာက ပဋိေဒဝေတြ ေတာက္ေလာင္ ၿပီး ေအာ္ဟစ္ ငိုေႂကြး ပူေဆြး လုပ္ေနဦးမယ္ ဆိုရင္ အရႈံးထဲက အရႈံးပဲ ျဖစ္တာေပါ့။ (တကယ္တမ္း အရႈံးထဲက အျမတ္ထုတ္ရမွာ။)

အဲဒီလို ဆိုရင္ ေသမွာက ေသခ်ာတဲ့ မိမိခႏၶာကိုယ္မွာ အဲဒီဓာတ္ေတြ ပါလာမွန္း သိေနမွေတာ့ ေအးေအးေဆးေဆး ခ်မ္းခ်မ္းသာသာ ကုသိုလ္စိတ္ႏွင့္ ေသေအာင္ လုပ္ရင္လုပ္ မဟုတ္ရင္ မေသရာ ျဖစ္တဲ့ နိဗၺာန္ကို ရေအာင္လုပ္ ဒီ(၂)မ်ိဳးပဲ့ လုပ္ရေတာ့မွာ။ ေသမွွာကေတာ့ ေသခ်ာတဲ့အတြက္ အခ်ိန္ရွိသ၍ ကုသိုလ္ျဖစ္ေအာင္ပဲ ေနပါေတာ့။ ကုသိုလ္ ျဖစ္ေအာင္ပဲ ေျပာပါေတာ့။ ကုသိုလ္ ျဖစ္ေအာင္ပဲ စိတ္ကူးပါေတာ့။ နိဗၺာန္ေရာက္ေအာင္ပဲ့ အားထုတ္ၾကပါစို႔။
ဓမၼဒူတ အရွင္ေဆကိႏၵ

#Unicode Version# ျဖင့္ဖတ္ပါ ။

လူနတ်ဗြဟ္မာ့ သတ္တဝါတွေ သေတယ် ဆိုတဲ့ အထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးလည်း ပါတယ်။ ဘုရားရှင်တောင်မှ မလွတ်ကြရပဲ အားလုံး မုချ မှန်စွာ သေကြရမှာ ဖြစ်သောကြောင့် …လောကမှာ လူတိုင်း လူတိုင်း အရှုံးနှင့် ကြုံပြီးသားပါ။ အရှုံးကြုံပြီးရင်တော့ အဲဒီ အရှုံးထဲက နေပြီး ဆက်ရှုံးအောင်တော့ လုပ်ဖို့ မကောင်းဘူး။ အရှုံးကြုံပြီးရင် “အရှုံးထဲက အမြတ် ထုတ်ရမှာ”။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တန်ခိုး ဒီလောက်ကြီးတာ ဘာကြောင့် သေသလဲ ဆိုရင် မယ်တော် မာယာ သေတယ်။ သုဒ္ဓေါဒနမင်းကြီး လည်း သေတယ်။ အဖေက သေတယ်။ အမေက သေတယ်။ အဖေအမေ သေရာကနေ သေတဲ့သူက မွေးလာတဲ့သားလည်း “သေမှာပါပဲ”။

အဖိုးတွေ သေတယ်။ အဖွားတွေ သေတယ်။ အဖိုးအဖွားတွေက သေသွားကြတဲ့ ဓာတ်တွေရှိတဲ့ ဖိုးဖွားကနေ မွေးလာ ကြတဲ့ သားသမီး မြေးမြစ်တွေလည်း “သေကြရမှာပဲ”။ အဖိုးအဖွားတွေ သေခဲ့ ကြကုန်၏။ အဖိုးအဖွားတွေ သေလို့ မြေးမြစ်တွေ သေကြရဦးမည်။ အဖေအမေတွေ သေခဲ့ ကြကုန်၏ အဖေအမေတွေ သေခဲ့ကြလို့ သားသမီးတွေလည်း သေကြရလိမ့်ဦးမည်။ အဖိုးအဖွားတွေက ဓာတ်တွေ တဆင့်ပြီး တဆင့် ပေးခဲ့ကြပါကုန်၏။ ဘာဓာတ်တွေပေးခဲ့ကြလဲ ဆိုရင် “သေတဲ့ဓာတ်”တွေ ပေးခဲ့ကြတယ်။

ယခု တရားနာ နေကြတဲ့ ပုဂ္ဂိုလ်ရော ဟောသူပါ မကျန် အပ်ဖျားလေးနှင့် လိုက်စမ်းကြည့် တစ်ကိုယ်လုံးမှာ သေတဲ့ ဓာတ်တွေ ရှိတယ်။ အဖိုးဖွား ၊အဖေမေတွေ စီးပွားဥစ္စာ ရတနာတွေ ပေးတာ မပေးတာထက် ခဏတာ ဘာအမွေပေးခဲ့ လည်း ဆိုရင် “သေတဲ့ဓာတ်” တွေ ပေးခဲ့ပါသည်။ အဖိုးဖွား အဖေမေတွေ ကြောင့် ဖြစ်လာရတဲ့ ဒီ ခန္ဓာကိုယ်ကြီး ထဲမှာ ဘာတွေ ထည့်ပေးခဲ့သလဲ ဆိုရင် သေတဲ့ ဓာတ်တွေ ထည့်ပေးခဲ့တာပါ…။

ရောဂါကြောင့် သေတာလား။ သေတဲ့ဓာတ် ရှိလို့ သေတာလား။ ထို သေတဲ့ဓာတ်သာ မရှိဘူး ဆိုရင် မသေတော့ဘူးပေါ့။ “ဘာကြောင့် သေတာလဲ ဆိုရင် သေတဲ့ ဓာတ်ရှိလို့ပါ”။ လူဖြစ်ချင်ပါတယ် ဆိုတာသည် သေတဲ့ဓာတ်ကလေး ပေးပါလို့ တောင်းတာနှင့် အတူတူပါပဲ။ နတ်ဖြစ်ချင်ပါတယ် ဆိုတာသည် သေတဲ့ဓာတ် ကလေးကို ပေးပါလို့ တောင်းတာနဲ့ အတူတူ ပါပဲ။

ဒါဖြင့် သေတဲ့ဓာတ်က အဖိုးဖွားတွေက ပေးတာလား။ မိဘတွေက ပေးတာလား။ ကိုယ်ကိုယ်တိုင်က လိုချင်လို့ကို ရလာတာ လား။ သေသူကမွေးလို့ သေတဲ့ သွေးတွေ ပေးခဲ့တဲ့ ခန္ဓာကိုယ်… အိုသူကမွေးလို့ အိုတဲ့ သွေးတွေ ပေးခဲ့တဲ့ ခန္ဓာကိုယ်… နာသူကမွေးလို့ နာတဲ့ သွေးတွေ ပေးခဲ့တဲ့ ခန္ဓာကိုယ်… ဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော် (၇၀)၊ (၈၀) အရွယ်မှာ ရေချိုးတဲ့ အခါ အသားတွေ တွန့်နေတာကို တွေ့ရတယ်။ ဇရာက ဖိစီးတာပါ။ ဘုရားရှင် ကိုယ်တော် မြတ်ကြီးကို ဇရာ ကနှိပ်စက်တယ်။ အိုတယ်။ ဘာလို့ အိုတာလဲ … အိုတဲ့သူတွေက အိုတဲ့ သွေးတွေ သူ့ခန္ဓာကိုယ်ထဲကို ထည့်ပေးလိုက်လို့ပဲ။

သေတဲ့ဓာတ် ပါတဲ့ ပုဂ္ဂိုလ် ဧကန် မုချ သေရမှာပါ။ အိုတဲ့ဓာတ် ပါတဲ့ ပုဂ္ဂိုလ် ဧကန် မုချ အိုရမှာပါ။ အခါတပါး ဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားဟောတော့ ခါးနာတယ် ။ ဘုရားရှင် လက်ဝှေ့သမား ဘဝတုန်းက သူနိုင်ခဲ့လို့ရှိရင် ခါးချိုးချိုး ပစ်ခဲ့လို့။ နာတဲ့ဓာတ် ပါတဲ့ ပုဂ္ဂိုလ် ဧကန် မုချ နာရမှာပါ…။

ဘုရားရှင်တောင်မှ မလွတ်ကြရပဲ အားလုံး မုချ မှန်စွာ ဘာကြောင့် အိုရ၊ နာရ၊ သေရတာလဲ ဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြစ်လာမဲ့ ခန္ဓာကိုယ်ကြီးထဲမှာ အိုဓာတ်၊ နာဓာတ်၊ သေတဲ့ဓာတ်တွေ ထည့်ပေးလိုက်လို့ အမွေယူခဲ့လို့ပဲ။

မွေးကတည်းက သေတဲ့ဓာတ်တွေ ပါလာကြလို့ အမိဝမ်းထဲမှာ သေသွားကြတာတွေလည်း တစ်ပုံကြီး။ ၁နှစ် ၂နှစ် ၃…၄နှစ် အရွယ်တွေ လသားတွေမှာလည်း သေတယ်။ နှစ်သားတွေလည်း သေတယ်။ ၁၀နှစ်သားတွေ၊ အနှစ်၂၀ သားတွေလည်း သေတယ်။ မွေးကတည်းက ဒီသေတဲ့ဓာတ်တွေ ပါလာကြလို့ပါ။ တချို့တချို့ သားသမီး ရင်နှစ်သည်းခြာနှင့် တကွ ဇနီး၊ မယား၊ မိဘ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်းတွေ ဆုံးပါးသွားကြလို့ နောက်ထပ် သောက ပဋိဒေဝတွေ တောက်လောင် ပြီး အော်ဟစ် ငိုကြွေး ပူဆွေး လုပ်နေဦးမယ် ဆိုရင် အရှုံးထဲက အရှုံးပဲ ဖြစ်တာပေါ့။ (တကယ်တမ်း အရှုံးထဲက အမြတ်ထုတ်ရမှာ။)

အဲဒီလို ဆိုရင် သေမှာက သေချာတဲ့ မိမိခန္ဓာကိုယ်မှာ အဲဒီဓာတ်တွေ ပါလာမှန်း သိနေမှတော့ အေးအေးဆေးဆေး ချမ်းချမ်းသာသာ ကုသိုလ်စိတ်နှင့် သေအောင် လုပ်ရင်လုပ် မဟုတ်ရင် မသေရာ ဖြစ်တဲ့ နိဗ္ဗာန်ကို ရအောင်လုပ် ဒီ(၂)မျိုးပဲ့ လုပ်ရတော့မှာ။ သေမှာကတော့ သေချာတဲ့အတွက် အချိန်ရှိသ၍ ကုသိုလ်ဖြစ်အောင်ပဲ နေပါတော့။ ကုသိုလ် ဖြစ်အောင်ပဲ ပြောပါတော့။ ကုသိုလ် ဖြစ်အောင်ပဲ စိတ်ကူးပါတော့။ နိဗ္ဗာန်ရောက်အောင်ပဲ့ အားထုတ်ကြပါစို့။
ဓမ္မဒူတ အရှင်ဆေကိန္ဒ

No comments:

Post a Comment