Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 27, 2019

ဆရာ၊ ဆရာမ ဆုိတာ.. ဝန္ထမ္းေတြထဲမွာ အျမတ္ဆံုးပါ” – မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားၾကီး


ဝန္ ထမ္း က ဒါနလိုင္းက မသြားနဲ႔ သီလလိုင္းက သြားပါ အေရးႀကီးတာက သီလလိုင္းေလ . . . ဒို႔က သာသနာ့ဝန္ထမ္း . . သီလလိုင္းေလ ဒို႔ဆရာ/မ မ်ားကျပည္သူ႔ဝန္ထမ္း . . သီလလိုင္းပါဘဲ . . . . ဒါေၾကာင့္ ဒါနလုိင္းက မသြားနဲ႔ ဒါနက သင့္ရံုေတာ္ေရာ့ေပါ့ . .

ကိုယ့္ အိမ္ေန႔ တိုင္းဘုရား ကို ဆြမ္းကပ္ပါ . . ပန္း. . ေရခ်မ္းကပ္ပါ ဒီထက္တတ္ႏုိင္ရင္ ကိုယ့္အိမ္ေရွ႕ ၾကြလာတ့ဲ သံဃာကို လွဴပါ ေတာ္ေရာ့ေပါ့ သိပ္ႀကီးႀကီးက်ယ္က်ယ္ မလုပ္နဲ႔ ရတ့ဲလစာနဲ႔ ရတ့ဲအဆင့္က တိကာ တိုင္းကာရယ္ ဆရာ/မ တို႔စုၾကစမ္းပါ ရွိတိုင္းမသုံးနဲ႔ လမ္းေတြလို႔ ငါးရာတန္ ပစၥည္းေလး ႀကံဳတုန္း ဝယ္လိုက္ဦးမယ္ စိတ္မကူးနဲ႔ ေအာင့္လိုက္စမ္းပါ . . ေအာင့္လိုက္ရင္ . . . ငါးရာ လည္းအဖတ္တင္ပါလိမ့္မယ္ ၿပီးေတာ့ ငါးရာတန္ တဏွာလည္းပယ္သတ္ၿပီးသား ျဖစ္ပါလိမ့္မယ္ ႏွစ္ခါအက်ဳိးရွိပါတယ္ စုၾကစမ္းပါ တို႔ဒီလိုနဲ႔မၿပီးေသးဘူးေလ . .

အ မႈ ထမ္းေတြက ႀကံရည္ဆိုင္က ႀကံေခ်ာင္းေတြလို ဘယ္လိုမွ ညစ္ထြက္လို႔မရေတာ့မွ အမိႈက္ပုံ ပို႔တာေလ . . . အဲဒီေတာ့ ဘာသြားစားမွာတုံး ဒါေၾကာင့္ ဒီလိုနဲ႔ မၿပီးနဲ႔ မနက္ျဖန္အတြက္စဥ္းစားပါ . . . သီလ အေရးႀကီးပါတယ္ . . သီလဆိုလို႔ ၅ ပါး . . ၈ ပါး . . ၁၀ ပါး မဟုတ္ပါဘူး . . . ကိုယ္က်င့္သီလပါ. . ဆရာ/မ တို႔က ကေလးေတြကို ကိုယ္သိတ့ဲ ပညာေတြေပးေနတာ ဒါနပါဘဲ ပညာဒါနဟာ အျမတ္ဆုံးပါ . . ဒုတိယ အျမတ္ဆုံးက က်မၼာေရးပါ ဆရာဝန္ /ဆရာမေတြေလ. . . ဝန္ထမ္းထဲမွာ သူတို႔ႏွစ္ခုက အျမတ္ဆုံးပါ. . . ေန႔တိုင္းလုပ္ေနတ့ဲ ဒါနေတြပါ . . . ကိုယ္တတ္သလို တတ္ပါေစ . . ကိုယ္သိသလို သိပါေစ ဒီစိတ္အၿမဲထားပါ . . .

ကေ လးေ တြကို စာသင္တ့ဲအခါ ဆရာ/မ တို႔က ေက်ာင္းသားခုံဆင္းထိုင္ပါ . . နင္တို႔ ငါ့ေနရာက စာသင္ၾကလို႔ခိုင္း . . သူတို႔ကို စာသင္တ့ဲအခါ ကိုယ့္ေနရာကမသင္နဲ႔ သူတို႔အရြယ္နဲ႔ ကိုယ့္အရြယ္မတူဘူးေလ သူ႔ အေတြ႕အႀကံဳနဲ႔ ကိုယ့္အေတြ႕အႀကံဳမတူဘူးေလ ငါ သူတို႔ အဆင့္တုန္းက ကိုယ့္စိတ္ ဘယ္လိုေနသလဲ ဘယ္လိုသေဘာထားလဲ အဲဒါၾကည့္သင္ ဒါဆို ျမန္ျမန္တတ္ပါတယ္ . . . . .

ဘုရား ကေပးတ့ဲ သီလႏွစ္ပါးက “ကိုယ္နဲ႔စိတ္လံုေအာင္ထိန္းတ့ဲ” ဆရာ/မ တို႔ၾကေတာ့ စိတ္ကိုဘဲေျပာလိုက္မယ္ ကိုယ္က်ဳိးစြန္႔တ့ဲစိတ္ထားပါ ပညာသင္တာလဲ အမ်ားဖို႔ေနာ္ ပညာပါရမီစုတာတ့ဲကြဲ႕ . . . သိကၡာပုဒ္ေတြ ဘယ္ေလာက္ မ်ားမ်ား ကိုယ္ က်ဳိးစြန္႔လိုက္ရင္လံုၿပီထင္တယ္ေနာ္ . . သိကၡာပုဒ္ေတြ ဘယ္ေလာက္မ်ားမ်ား ကိုယ္ က်ဳိးရွာလို႔ ပ်က္တာကြဲ႕ . . ကိုယ္က်ဳိးစြန္႔တ့ဲ စိတ္ . . တစ္စိတ္ထဲထား . . ဒီသီလ လုံရင္ ဒီအမႈထမ္း အေတာ္ဆုံးဘဲကြဲ႕ . . ဒါေတြက . . . အျမတ္ဆုံးဒါနေတြပါ . .

(လွဴ မွ နတ္ျပည္ေရာက္ မယ္ဆို ဘုန္းႀကီးနဲ႕ ဖြားသီလရွင္ မပါဘူးကြဲ႕) လွဴမွ မလွဴတာ . . . ဟုတ္သလားဗ်ာ. . . ကိုယ္က်ဳိးစြန္႔ေလ ေမတၱာအားႀကီးေလ. . ကိုယ္က်ဳိးစြန္႔ေလ ကရုဏာအားႀကီးေလ. . အဲဒါ အျမတ္စိတ္ေတြေနာ္ . . . (ကိုယ္က်မၼာ . . စိတ္ခ်မ္းသာစြာျဖင့္ မိမိတို႔ အလိုရွိရာ ေလာကီ. .ေလာကုတၱရာ ႏွစ္ျဖာ ေသာဆု ၿပီးစီးေအာင္ျမင္ၾကပါေစ)

အနႏၲေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ ၏ ၾသဝါဒ မွ

ထပ္ဆင့္ ဓမၼဒါန
ကိုကိုေမာင္ မံုရြာ

Unicode Version

ဝန်ထမ်းက ဒါနလိုင်းက မသွားနဲ့ သီလလိုင်းက သွားပါ အရေးကြီးတာက သီလလိုင်းလေ . . . ဒို့က သာသနာ့ဝန်ထမ်း . . သီလလိုင်းလေ ဒို့ဆရာ/မ များကပြည်သူ့ဝန်ထမ်း . . သီလလိုင်းပါဘဲ . . . . ဒါကြောင့် ဒါနလိုင်းက မသွားနဲ့ ဒါနက သင့်ရုံတော်ရော့ပေါ့ . .

ကိုယ့်အိမ်နေ့တိုင်းဘုရား ကို ဆွမ်းကပ်ပါ . . ပန်း. . ရေချမ်းကပ်ပါ ဒီထက်တတ်နိုင်ရင် ကိုယ့်အိမ်ရှေ့ ကြွလာတဲ့ သံဃာကို လှူပါ တော်ရော့ပေါ့ သိပ်ကြီးကြီးကျယ်ကျယ် မလုပ်နဲ့ ရတဲ့လစာနဲ့ ရတဲ့အဆင့်က တိကာ တိုင်းကာရယ် ဆရာ/မ တို့စုကြစမ်းပါ ရှိတိုင်းမသုံးနဲ့ လမ်းတွေလို့ ငါးရာတန် ပစ္စည်းလေး ကြုံတုန်း ဝယ်လိုက်ဦးမယ် စိတ်မကူးနဲ့ အောင့်လိုက်စမ်းပါ . . အောင့်လိုက်ရင် . . . ငါးရာ လည်းအဖတ်တင်ပါလိမ့်မယ် ပြီးတော့ ငါးရာတန် တဏှာလည်းပယ်သတ်ပြီးသား ဖြစ်ပါလိမ့်မယ် နှစ်ခါအကျိုးရှိပါတယ် စုကြစမ်းပါ တို့ဒီလိုနဲ့မပြီးသေးဘူးလေ . .

အမှုထမ်းတွေက ကြံရည်ဆိုင်က ကြံချောင်းတွေလို ဘယ်လိုမှ ညစ်ထွက်လို့မရတော့မှ အမှိုက်ပုံ ပို့တာလေ . . . အဲဒီတော့ ဘာသွားစားမှာတုံး ဒါကြောင့် ဒီလိုနဲ့ မပြီးနဲ့ မနက်ဖြန်အတွက်စဉ်းစားပါ . . . သီလ အရေးကြီးပါတယ် . . သီလဆိုလို့ ၅ ပါး . . ၈ ပါး . . ၁၀ ပါး မဟုတ်ပါဘူး . . . ကိုယ်ကျင့်သီလပါ. . ဆရာ/မ တို့က ကလေးတွေကို ကိုယ်သိတဲ့ ပညာတွေပေးနေတာ ဒါနပါဘဲ ပညာဒါနဟာ အမြတ်ဆုံးပါ . . ဒုတိယ အမြတ်ဆုံးက ကျမ္မာရေးပါ ဆရာဝန် /ဆရာမတွေလေ. . . ဝန်ထမ်းထဲမှာ သူတို့နှစ်ခုက အမြတ်ဆုံးပါ. . . နေ့တိုင်းလုပ်နေတဲ့ ဒါနတွေပါ . . . ကိုယ်တတ်သလို တတ်ပါစေ . . ကိုယ်သိသလို သိပါစေ ဒီစိတ်အမြဲထားပါ . . .

ကလေးတွေကို စာသင်တဲ့အခါ ဆရာ/မ တို့က ကျောင်းသားခုံဆင်းထိုင်ပါ . . နင်တို့ ငါ့နေရာက စာသင်ကြလို့ခိုင်း . . သူတို့ကို စာသင်တဲ့အခါ ကိုယ့်နေရာကမသင်နဲ့ သူတို့အရွယ်နဲ့ ကိုယ့်အရွယ်မတူဘူးလေ သူ့ အတွေ့အကြံုနဲ့ ကိုယ့်အတွေ့အကြံုမတူဘူးလေ ငါ သူတို့ အဆင့်တုန်းက ကိုယ့်စိတ် ဘယ်လိုနေသလဲ ဘယ်လိုသဘောထားလဲ အဲဒါကြည့်သင် ဒါဆို မြန်မြန်တတ်ပါတယ် . . . . .

ဘုရားကပေးတဲ့ သီလနှစ်ပါးက “ကိုယ်နဲ့စိတ်လုံအောင်ထိန်းတဲ့” ဆရာ/မ တို့ကြတော့ စိတ်ကိုဘဲပြောလိုက်မယ် ကိုယ်ကျိုးစွန့်တဲ့စိတ်ထားပါ ပညာသင်တာလဲ အများဖို့နော် ပညာပါရမီစုတာတဲ့ကွဲ့ . . . သိက္ခာပုဒ်တွေ ဘယ်လောက် များများ ကိုယ် ကျိုးစွန့်လိုက်ရင်လုံပြီထင်တယ်နော် . . သိက္ခာပုဒ်တွေ ဘယ်လောက်များများ ကိုယ် ကျိုးရှာလို့ ပျက်တာကွဲ့ . . ကိုယ်ကျိုးစွန့်တဲ့ စိတ် . . တစ်စိတ်ထဲထား . . ဒီသီလ လုံရင် ဒီအမှုထမ်း အတော်ဆုံးဘဲကွဲ့ . . ဒါတွေက . . . အမြတ်ဆုံးဒါနတွေပါ . .

(လှူမှ နတ်ပြည်ရောက် မယ်ဆို ဘုန်းကြီးနဲ့ ဖွားသီလရှင် မပါဘူးကွဲ့) လှူမှ မလှူတာ . . . ဟုတ်သလားဗျာ. . . ကိုယ်ကျိုးစွန့်လေ မေတ္တာအားကြီးလေ. . ကိုယ်ကျိုးစွန့်လေ ကရုဏာအားကြီးလေ. . အဲဒါ အမြတ်စိတ်တွေနော် . . . (ကိုယ်ကျမ္မာ . . စိတ်ချမ်းသာစွာဖြင့် မိမိတို့ အလိုရှိရာ လောကီ. .လောကုတ္တရာ နှစ်ဖြာ သောဆု ပြီးစီးအောင်မြင်ကြပါစေ)

အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ၏ သြဝါဒ မှ

ထပ်ဆင့် ဓမ္မဒါန
ကိုကိုမောင် မုံရွာ

No comments:

Post a Comment