Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 27, 2019

ဆံပင္ျဖဴေတြ” ကို တစ္ခါျပန္နက္ေစမယ့္ ေၾကာင္လွ်ာသီး အစြမ္း

ဆံပင္ျဖဴကိုဆိုးေဆးမသံုးပဲျပန္မနက္ႏိုင္ဟုထင္ၾကသည္။

ေၾကာင္လွ်ာသီးကို ေပၚေသာရာသီတြင္ႏွစ္လခန္႔ ေန႔စဥ္ျပဳပ္၍အတို႔အျမႇဳပ္လုပ္၍၄င္း။ေၾကာ္ခ်က္အျဖစ္ ၄င္း။မီးဖုတ္ၿပီးၾကက္ဥႏွင့္ေရာေၾကာ္၍၄င္းတစ္နည္း နည္းျဖင့္ ေန႔စဥ္စားသံုးေပးလွ်င္ဆံပင္ျဖဴမ်ားျပန္နက္လာေစနိုင္သည္။

ေၾကာင္လွ်ာပြင့္ေျခာက္မ်ားက္ိုေပါေသာရာသီတြင္ ဝယ္ယူစုေဆာင္းၿပီးစဥ့္အိုးငယ္တြင္သိပ္၍ တစ္ႏွစ္လံုးသိမ္းဆည္းထားနိုင္သည္ ။ အပြင့္ကိုေရေႏြးေဖ်ာ၍သုပ္စားလွ်င္ေလဆက္ေစသည္ဟုေရွးလူႀကီးမ်ားေျပာသည္။ေလအားေကာင္းေစသည္။ နားေလထြက္ျခင္း။နားပင္းျခင္း။အသက္ႀကီး၍နားေလးျခင္းမ်ားအတြက္ေကာင္းပါသည္။

(ေသြးတိုး႐ွိသူမ်ားကေတာ့ သတိထားစား၊ေသြးက်ေဆးေသာက္ပါ)

ေဆးက်မ္းမ်ားမွ(အဆို)

၁။ ေၾကာင္လွ်ာသီးကိုၾကက္သားႏွင့္ခ်က္စားပါကပန္း နာ(ရင္ၾကပ္)ေရာဂါေပ်ာက္သည္။

၂။ ငါးရံ ့ျဖင့္ခ်က္စားပါက ကာလဝမ္းေရာဂါေပ်ာက္ဧ။္ အားကိုျဖစ္ေစၿပီးအစာမေၾကဝမ္းပ်က္ေပ်ာက္ဧ။္။

၃။ ပုဇြန္ျဖင့္ခ်က္စားပါကႏွလံုးေလရိုက္ေရာဂါ။ ႏွလုံး တုန္ရင္တုန္ေရာဂါေပ်ာက္ဧ။္။

၄။ ငါးသေလာက္ျဖင့္ခ်က္စားပါကအေဖာေရာဂါက်ေစ ၍ႏွလံုးေရာဂါကိုသက္သာေစသည္။

၅။ ငါးေႁမြတိုးႏွင့္ခ်က္စားကဒူလာေသြးဝမ္း။မီးယပ္ေသြးဝမ္း။ျမင္းသရုိက္(လိပ္ေခါင္း) ေရာဂါတို႔ေပ်ာက္ကင္းေစနိင္ပါသည္။

မွီျငမ္း။ ။ ေဒၚေမေမပြင့္(တိုင္းရင္းေမ)ဓာတ္စာကုထံုး။ ျမန္မာ့ေဆးဝါးပင္မ်ား(ျမန္မာ့စိုက္ပ်ိဳးေရး လုပ္ငန္း)လယ္.စိုက္.ရွင္း ၁၅.၅.၁၉၈၀ထုတ္။



ၾကည္လြင္ျမင့္(မုျဒာ)

ရတနာပံုသတင္းစာ။

ေသြးတိုးႏွင့္တည့္မတည့္ေမးသူမ်ားအတြက္

၁။အပူေသြးတိုး ႏွင့္

၂။အေအးေသြးတိုး ဟုႏွစ္မ်ိဳး႐ွိသည္။

အလြယ္ေျပာရလ်ွင္ လူပိန္၊မဲမ်ားသည္ အပူေသြးတိုး႐ွိတတ္သည္။ သြက္လက္သည္။ေဒါသႀကီးသည္..လူျဖဴ၊၀၊စို၊အသားအေရေအးသူမ်ား၊ဇိမ္ခံသူမ်ားတြင္ အေအးေသြးတိုး႐ွိတတ္သည္။ အေအးေသြးတိုးသည္ ဆီးခ်ိဳႏွင့္တြဲျဖစ္တတ္သည္။

ေသြးတိုးသည္. ေလတိုးဟုလည္းယူဆသျဖင့္. (အခါးဟူသမ်ွ၊ေလဓာတ္ႂကြ) အယူအဆအရ .. အခါးအရသာ႐ွိေသာအစာမွန္သမ်ွေသြးတိုးႏိုင္သည္။ေၾကာင္လ်ွာသီးသည္ပူခါး ျဖစ္သျဖင့္ အပူေသြးတိုး႐ွိသူမ်ားမသင့္ပါ။

မသင့္ေသာ္လည္းေဆးဘက္၀င္အျဖစ္အနည္းငယ္ သင့္ရံုစားႏိုင္ပါသည္။ မသကၤာလ်ွင္ေဆးႀကိဳေသာက္ထားပါ။ စာေရးသူကိုယ္တိုင္ေသြးတိုး႐ွိပါသည္။ေၾကာင္လ်ွာပြင့္သုပ္စားၿပီးေခါင္းမၾကည္လ်ွင္ ေ႐ွာက္ရည္ႏွင့္ပ်ားရည္ ေဖ်ာ္ေသာက္ပါသည္။

အေအးေသြးတိုးႏွင့္ဆီးခ်ိဳ႐ွိသူမ်ားမွာ ေၾကာင္လ်ွာႏွင့္တည့္ပါသည္။ အခါးအရသာ ျဖစ္၍ဆီးခ်ိဳေသြးခ်ိဳသမားဓာတ္စာေပးသည္ကို ေတြ႔ဖူးပါသည္။ ကံ၊စိတ္၊ဥတု၊အာဟာရ .. မ်ွတစြာေနထိုင္ စားေသာက္ က်င့္ၾကံ၍ က်န္းမာခ်မ္းသာ ၾကပါေစ။
ၾကည္လြင္ျမင့္(မုျဒာ)

Unicode Version

ဆံပင်ဖြူကိုဆိုးဆေးမသုံးပဲပြန်မနက်နိုင်ဟုထင်ကြသည်။

ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့် နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၎င်း။ကြော်ချက်အဖြစ် ၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၎င်းတစ်နည်း နည်းဖြင့် နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်လာစေနိုင်သည်။

ကြောင်လျှာပွင့်ခြောက်များကိုပေါသောရာသီတွင် ဝယ်ယူစုဆောင်းပြီးစဉ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံးသိမ်းဆည်းထားနိုင်သည် ။ အပွင့်ကိုရေနွေးဖျော၍သုပ်စားလျှင်လေဆက်စေသည်ဟုရှေးလူကြီးများပြောသည်။လေအားကောင်းစေသည်။ နားလေထွက်ခြင်း။နားပင်းခြင်း။အသက်ကြီး၍နားလေးခြင်းများအတွက်ကောင်းပါသည်။

(သွေးတိုးရှိသူများကတော့ သတိထားစား၊သွေးကျဆေးသောက်ပါ)

ဆေးကျမ်းများမှ(အဆို)

၁။ ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်း နာ(ရင်ကြပ်)ရောဂါပျောက်သည်။

၂။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်ဧ။် အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်ဧ။်။

၃။ ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံး တုန်ရင်တုန်ရောဂါပျောက်ဧ။်။

၄။ ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ ၍နှလုံးရောဂါကိုသက်သာစေသည်။

၅။ ငါးမြွေတိုးနှင့်ချက်စားကဒူလာသွေးဝမ်း။မီးယပ်သွေးဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်ကင်းစေနိင်ပါသည်။

မှီငြမ်း။ ။ ဒေါ်မေမေပွင့်(တိုင်းရင်းမေ)ဓာတ်စာကုထုံး။ မြန်မာ့ဆေးဝါးပင်များ(မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း)လယ်.စိုက်.ရှင်း ၁၅.၅.၁၉၈၀ထုတ်။



ကြည်လွင်မြင့်(မုဒြာ)

ရတနာပုံသတင်းစာ။

သွေးတိုးနှင့်တည့်မတည့်မေးသူများအတွက်

၁။အပူသွေးတိုး နှင့်

၂။အအေးသွေးတိုး ဟုနှစ်မျိုးရှိသည်။

အလွယ်ပြောရလျှင် လူပိန်၊မဲများသည် အပူသွေးတိုးရှိတတ်သည်။ သွက်လက်သည်။ဒေါသကြီးသည်..လူဖြူ၊ဝ၊စို၊အသားအရေအေးသူများ၊ဇိမ်ခံသူများတွင် အအေးသွေးတိုးရှိတတ်သည်။ အအေးသွေးတိုးသည် ဆီးချိုနှင့်တွဲဖြစ်တတ်သည်။

သွေးတိုးသည်. လေတိုးဟုလည်းယူဆသဖြင့်. (အခါးဟူသမျှ၊လေဓာတ်ကြွ) အယူအဆအရ .. အခါးအရသာရှိသောအစာမှန်သမျှသွေးတိုးနိုင်သည်။ကြောင်လျှာသီးသည်ပူခါး ဖြစ်သဖြင့် အပူသွေးတိုးရှိသူများမသင့်ပါ။

မသင့်သော်လည်းဆေးဘက်ဝင်အဖြစ်အနည်းငယ် သင့်ရုံစားနိုင်ပါသည်။ မသင်္ကာလျှင်ဆေးကြိုသောက်ထားပါ။ စာရေးသူကိုယ်တိုင်သွေးတိုးရှိပါသည်။ကြောင်လျှာပွင့်သုပ်စားပြီးခေါင်းမကြည်လျှင် ရှောက်ရည်နှင့်ပျားရည် ဖျော်သောက်ပါသည်။

အအေးသွေးတိုးနှင့်ဆီးချိုရှိသူများမှာ ကြောင်လျှာနှင့်တည့်ပါသည်။ အခါးအရသာ ဖြစ်၍ဆီးချိုသွေးချိုသမားဓာတ်စာပေးသည်ကို တွေ့ဖူးပါသည်။ ကံ၊စိတ်၊ဥတု၊အာဟာရ .. မျှတစွာနေထိုင် စားသောက် ကျင့်ကြံ၍ ကျန်းမာချမ်းသာ ကြပါစေ။
ကြည်လွင်မြင့်(မုဒြာ)

No comments:

Post a Comment