Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

အသက္အရြယ္နဲ႔မလိုက္ အလုပ္ေတြကၽြမ္းက်င္ေနျပီး မိဘေတြကို ကူညီေနတဲ႔ သားငယ္ေလး


ဒီေန႔ ေန႔လည္တုန္းက ဆိုင္ကယ္နဲ႔ မိန္းနားသြားရင္း ဘီးေပါက္ပါေလေရာ။ အဲ့ဒီေတာ့ တြန္းေပါ့ေလ။ ပထမဆံုးေတြ႕တဲ့ဆိုင္က အဖိုးႀကီးတစ္ေယာက္ သူကၾကည့္ၿပီး ကၽြတ္လဲရမွာတဲ့။ကလစ္ဆိုင္ကယ္မို႔ သူမျဖဳတ္ေပးႏိုင္ဘူးတဲ့။ ခက္တယ္တဲ့။ ဟုတ္တယ္။ Click ဆိုင္ကယ္ေတြက ေနာက္ဘီးျဖဳတ္ရတာခက္တယ္။ ေရွ႕နားမွာ ဘီးဖာတဲ့ဆိုင္ရွိတယ္ တစ္ျပပဲဆိုတာနဲ႔ ဆက္တြန္းသြားလိုက္တာ ၆၉လမ္းနဲ႔ ၃၉ လမ္းဆံုမွာ ဒီဆိုင္ေလးေတြ႕ပါေလေရာဗ်ာ။

ဘီးဖာေပးတဲ့ဆရာက အသက္ ၁၀ ႏွစ္ဆိုေတာ့ ဟျဖစ္ပါ့မလားေပါ့။ နာမည္က မင္းခန္႔ေက်ာ္တဲ့။ေက်ာင္းက ၄ တန္းေျဖထားတယ္ဆိုပဲClick ဆိုင္ကယ္ကို မၿပီး ဘီးကိုတစ္ေယာက္ထဲ အလြယ္တကူျဖဳတ္လို႔ ကၽြတ္အသစ္လဲေပးတာမ်ား အေတာ္ကၽြမ္းက်င္တာဗ်။ သူ႕အေဖရဲ႕ဆိုင္မွာ ေက်ာင္းပိတ္ရက္ေတြ ကူလုပ္ေပးေနတာတဲ့။ အသက္ ၈ ႏွစ္ကထဲက လာကူတာ အခုေတာ့ ေတာ္ေတာ္ေလးကို ကၽြမ္းက်င္ေနၿပီ။

သူ႕ဝမ္းသူေက်ာင္းႏိုင္တဲ့ အသက္ေမြးပညာတတ္သြားၿပီ။

ဒီေနရာမွာေျပာခ်င္တာက မိဘတိုင္း သားသမီးကို ခိုင္းပါ။ ေငြေၾကးခ်မ္းသာတဲ့သူေရာ ဆင္းရဲတဲ့သူပါ သားသမီးကို အလုပ္လုပ္ခိုင္းၾကပါ။ အလုပ္လုပ္ျခင္းက လူကို ရင့္က်က္ေစပါတယ္။ ကိုယ္တိုင္အလုပ္လုပ္ၿပီးရွာရတဲ့ ေငြရဲ႕ တန္ဘိုးကိုသိသြားတဲ့အတြက္ ဘယ္ေတာ့မွ လမ္းမွားမေရာက္ေတာ့ဘူး။ မပ်င္းေတာ့ဘူး။

အခုေခတ္မိဘေတြ သားသမီးကိုမခိုင္းၾကဘူး။ အိမ္ကအေႂကြးတင္ေနေပမယ့္ သားသမီးၾက ဖိနပ္ သိန္းေက်ာ္တန္ ဆိုင္ကယ္အေကာင္းစား ကားအေကာင္းစားနဲ႔ထားၾကတယ္။ အဲ့ဒီေတာ့ သားသမီးက မိဘကို ကိုယ္ျခင္းလဲမစာ။ ေလာကနိယာမတရားလဲမသိ။ အလုပ္လဲမလုပ္ခ်င္။ မိမိဘဝအေျခအေနမွန္ကိုလဲ မသိ နဲ႔ ေဟးလားဝါးလား အသက္ႀကီးၿပီး မတိုးတက္ပဲ လူၫႊန္႔တုန္းရပါတယ္။ အခုေခတ္ကေလးေတြပိုဆိုးပါတယ္Game နဲ႔ Facebook ကို ဘဝထင္ၿပီး တစ္ခ်ိန္လံုးႏွိပ္ေနတယ္။ ကိုယ္ရွာတဲ့ ပိုက္ဆံနဲ႔ ကိုယ္ႏွိပ္ရင္ မေျပာလိုပါဘူး။ မိဘပိုက္ဆံနဲ႔ႏွိပ္တာေတာ့ လြန္ပါတယ္။

အဲ့ဒီေတာ့ မိဘမ်ား သားသမီးကိုခ်စ္တယ္ဆို မ်ားမ်ားခိုင္းၾကပါ။ ဒါမွ သူတို႔ဘဝေတြတိုးတက္မွာပါ။ ေငြပံုႀကီးေပးထားလဲ အခ်ိန္တန္ကုန္သြားမွာပါ။ ေငြရွာနည္းသင္ေပးလိုက္ရင္ တစ္သက္မကုန္ေတာ့ပါဘူး။

ငယ္ငယ္ရြယ္ရြယ္နဲ႔ အလုပ္ႀကိဳးစားေနတဲ့ လူေတာ္ေလး ေမာင္မင္းခန္႔ေက်ာ္ကို အားေပးခ်င္ရင္ေတာ့ ၆၉လမ္းနဲ႔ ၃၉ လမ္းေဒါင့္မွာရွိတဲ့ သူ႕ဆိုင္မွာ တာယာလဲတာ ေလခ်ိန္တာ ဘီးဖာတာေတြ လုပ္ေပးေနပါတယ္လို႔
PyiSoeOo Mandalay

#Unicode Version#

ဒီနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်း ဘီးပေါက်ပါလေရော။ အဲ့ဒီတော့ တွန်းပေါ့လေ။ ပထမဆုံးတွေ့တဲ့ဆိုင်က အဖိုးကြီးတစ်ယောက် သူကကြည့်ပြီး ကျွတ်လဲရမှာတဲ့။ကလစ်ဆိုင်ကယ်မို့ သူမဖြုတ်ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ ဟုတ်တယ်။ Click ဆိုင်ကယ်တွေက နောက်ဘီးဖြုတ်ရတာခက်တယ်။ ရှေ့နားမှာ ဘီးဖာတဲ့ဆိုင်ရှိတယ် တစ်ပြပဲဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ ၆၉လမ်းနဲ့ ၃၉ လမ်းဆုံမှာ ဒီဆိုင်လေးတွေ့ပါလေရောဗျာ။

ဘီးဖာပေးတဲ့ဆရာက အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့။ နာမည်က မင်းခန့်ကျော်တဲ့။ကျောင်းက ၄ တန်းဖြေထားတယ်ဆိုပဲClick ဆိုင်ကယ်ကို မပြီး ဘီးကိုတစ်ယောက်ထဲ အလွယ်တကူဖြုတ်လို့ ကျွတ်အသစ်လဲပေးတာများ အတော်ကျွမ်းကျင်တာဗျ။ သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့။ အသက် ၈ နှစ်ကထဲက လာကူတာ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ။

သူ့ဝမ်းသူကျောင်းနိုင်တဲ့ အသက်မွေးပညာတတ်သွားပြီ။

ဒီနေရာမှာပြောချင်တာက မိဘတိုင်း သားသမီးကို ခိုင်းပါ။ ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ သားသမီးကို အလုပ်လုပ်ခိုင်းကြပါ။ အလုပ်လုပ်ခြင်းက လူကို ရင့်ကျက်စေပါတယ်။ ကိုယ်တိုင်အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကိုသိသွားတဲ့အတွက် ဘယ်တော့မှ လမ်းမှားမရောက်တော့ဘူး။ မပျင်းတော့ဘူး။

အခုခေတ်မိဘတွေ သားသမီးကိုမခိုင်းကြဘူး။ အိမ်ကအကြွေးတင်နေပေမယ့် သားသမီးကြ ဖိနပ် သိန်းကျော်တန် ဆိုင်ကယ်အကောင်းစား ကားအကောင်းစားနဲ့ထားကြတယ်။ အဲ့ဒီတော့ သားသမီးက မိဘကို ကိုယ်ခြင်းလဲမစာ။ လောကနိယာမတရားလဲမသိ။ အလုပ်လဲမလုပ်ချင်။ မိမိဘဝအခြေအနေမှန်ကိုလဲ မသိ နဲ့ ဟေးလားဝါးလား အသက်ကြီးပြီး မတိုးတက်ပဲ လူညွှန့်တုန်းရပါတယ်။ အခုခေတ်ကလေးတွေပိုဆိုးပါတယ်Game နဲ့ Facebook ကို ဘဝထင်ပြီး တစ်ချိန်လုံးနှိပ်နေတယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင် မပြောလိုပါဘူး။ မိဘပိုက်ဆံနဲ့နှိပ်တာတော့ လွန်ပါတယ်။

အဲ့ဒီတော့ မိဘများ သားသမီးကိုချစ်တယ်ဆို များများခိုင်းကြပါ။ ဒါမှ သူတို့ဘဝတွေတိုးတက်မှာပါ။ ငွေပုံကြီးပေးထားလဲ အချိန်တန်ကုန်သွားမှာပါ။ ငွေရှာနည်းသင်ပေးလိုက်ရင် တစ်သက်မကုန်တော့ပါဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကို အားပေးချင်ရင်တော့ ၆၉လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေပါတယ်လို့
PyiSoeOo Mandalay

No comments:

Post a Comment