Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

မလႈိင္ၿမိဳ႕နယ္တြင္ ထန္းရည္ေသာက္ရင္း ေနာက္ေျပာင္ရာက လူ ၂ ဦးကုိ သတ္၍ မီး႐ႈိ႕မႈျဖစ္ပြား


မႏၲေလးတိုင္း၊ မလႈိင္ၿမိဳ႕နယ္၊ သုံးေတာင္ရြာမရြာမွာ ေမလ ၁၃ ရက္က သူငယ္ခ်င္း သံုးေယာက္ ထန္းရည္အတူေသာက္ၾကရင္း ေနာက္ေျပာင္ရာက မခံႏိုင္လုိ႔ တုတ္နဲ႔႐ိုက္ရာက လူႏွစ္ဦးေသဆံုးသြားတယ္လုိ႔ ေႏွာကန္ရြာ ရဲစခန္းက ေျပာပါတယ္။

သုံးေတာင္ရြာမရြာက ကုိေအာင္မိုးရဲ႕ ေနအိမ္မီးဖိုေဆာင္မွာ ထြန္းထြန္းဝင္း(ခ)ထြန္းဝင္း (၄၀ႏွစ္) နဲ႔ တရြာတည္းေန ေအာင္ေက်ာ္ဆန္း(၄၀ႏွစ္)၊ ေအာင္မိုးခ်မ္း(၃၀ႏွစ္) တို႔သံုးဦး ထန္းရည္ အတူေသာက္ရာက ေနာက္ေျပာင္ရာမွ စကားမ်ားၾကၿပီး ထြန္းဝင္းက အရွည္ ၂ေပခြဲရွိတဲ႔ တုတ္နဲ႔ ႐ုိက္လုိက္ရာ ေအာင္ေက်ာ္ဆန္းနဲ႔ ေအာင္မိုးခ်မ္းတို႔ ႏွစ္ဦးလုံး ဦးေခါင္းေနာက္ေစ့ ေပါက္ျပဲ ဒဏ္ရာေတြရၿပီး ေနရာမွာတင္ ေသဆုံးခဲ့ပါတယ္။

အိမ္ရွင္ျဖစ္တဲ့ ကိုေအာင္မိုးက ဝင္ျဖန္ေျဖတားျမစ္တာကုိ မေက်နပ္တဲ့အတြက္ မီးဖိုေဆာင္ကိုလည္း ထြန္းဝင္းက မီး႐ႈိ႕လုိက္တယ္လို႔ သိရပါတယ္။

မလႈိင္ၿမိဳ႕နယ္ေႏွာကန္ရြာရဲစခန္းမႉး ရဲအုပ္ေရႊနုက “ထြန္းဝင္းကုိ က်န္ႏွစ္ေယာက္က ေနာက္ေျပာင္တယ္ မေနာက္နဲ႔လုိ႔ ေျပာရင္းက စကားမ်ားၾကတယ္။ တုတ္နဲ႔ ႐ုိက္တယ္။ ေနရာတင္ ေသဆုံးကုန္တယ္။ ဝင္ျဖန္ေျဖတဲ့ အိမ္ရွင္ကုိ မေက်နပ္လုိ႔ မီးဖိုေဆာင္ကုိ မီး႐ႈိ႕ပစ္လုိက္တယ္။ တရားခံကုိ ဖမ္းဆီးထားပါတယ္”လုိ႔ ဒီဗီြဘီကို ေျပာပါတယ္။

မလႈိင္ၿမိဳ႕နယ္ေႏွာကန္ရြာရဲစခန္းမွာ ထြန္းဝင္းကို လူသတ္မႈပုဒ္မ ၃၀၂ နဲ႔ မီး႐ိႈ႕မႈပုဒ္မ ၄၃၆ တို႔နဲ႔ ဖမ္းဆီး အမႈဖြင့္အေရးယူထားပါတယ္။
DVB
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးတောင်ရွာမရွာမှာ မေလ ၁၃ ရက်က သူငယ်ချင်း သုံးယောက် ထန်းရည်အတူသောက်ကြရင်း နောက်ပြောင်ရာက မခံနိုင်လို့ တုတ်နဲ့ရိုက်ရာက လူနှစ်ဦးသေဆုံးသွားတယ်လို့ နှောကန်ရွာ ရဲစခန်းက ပြောပါတယ်။

သုံးတောင်ရွာမရွာက ကိုအောင်မိုးရဲ့ နေအိမ်မီးဖိုဆောင်မှာ ထွန်းထွန်းဝင်း(ခ)ထွန်းဝင်း (၄၀နှစ်) နဲ့ တရွာတည်းနေ အောင်ကျော်ဆန်း(၄၀နှစ်)၊ အောင်မိုးချမ်း(၃၀နှစ်) တို့သုံးဦး ထန်းရည် အတူသောက်ရာက နောက်ပြောင်ရာမှ စကားများကြပြီး ထွန်းဝင်းက အရှည် ၂ပေခွဲရှိတဲ့ တုတ်နဲ့ ရိုက်လိုက်ရာ အောင်ကျော်ဆန်းနဲ့ အောင်မိုးချမ်းတို့ နှစ်ဦးလုံး ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

အိမ်ရှင်ဖြစ်တဲ့ ကိုအောင်မိုးက ဝင်ဖြန်ဖြေတားမြစ်တာကို မကျေနပ်တဲ့အတွက် မီးဖိုဆောင်ကိုလည်း ထွန်းဝင်းက မီးရှို့လိုက်တယ်လို့ သိရပါတယ်။

မလှိုင်မြို့နယ်နှောကန်ရွာရဲစခန်းမှူး ရဲအုပ်ရွှေနုက “ထွန်းဝင်းကို ကျန်နှစ်ယောက်က နောက်ပြောင်တယ် မနောက်နဲ့လို့ ပြောရင်းက စကားများကြတယ်။ တုတ်နဲ့ ရိုက်တယ်။ နေရာတင် သေဆုံးကုန်တယ်။ ဝင်ဖြန်ဖြေတဲ့ အိမ်ရှင်ကို မကျေနပ်လို့ မီးဖိုဆောင်ကို မီးရှို့ပစ်လိုက်တယ်။ တရားခံကို ဖမ်းဆီးထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မလှိုင်မြို့နယ်နှောကန်ရွာရဲစခန်းမှာ ထွန်းဝင်းကို လူသတ်မှုပုဒ်မ ၃၀၂ နဲ့ မီးရှို့မှုပုဒ်မ ၄၃၆ တို့နဲ့ ဖမ်းဆီး အမှုဖွင့်အရေးယူထားပါတယ်။
dvb

No comments:

Post a Comment