Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 29, 2019

ပုထုဇဥ္တို႔ ေန႔စဥ္မသိလိုက္ဘဲ က်ဴးလြန္ေနေသာ ဒုစရိုက္မ်ား


ဒုစရိုက္ဟူေသာစကားကို အမ်ားသူငါ ေျပာဆိုသံုးစြဲေနၾကသည္။ သို႔ရာတြင္ ဒုစရိုက္၏ အနက္အဓိပၸါယ္ကိုလည္းေကာင္း၊

ဗုဒၶဘုရားရွင္ ေဟာၾကားေတာ္မူေသာ ဒုစရိုက္၏ သေဘာသဘာ၀ကိုလည္းေကာင္း အခ်ိဳ႔ကသာ သိသည္။ အခ်ိဳ႔က မသိရွိၾကေပ။

ဒုစရိုက္ဆိုေသာ စကားသည္ ပါဠိစကားျဖစ္သည္။

ဒု-မေကာင္းေသာ။ စရိတ-က်င့္ၾကံျပဳလုပ္ျခင္း ဟူ၍ အနက္ရသည္။

မေကာင္းေသာ ကိုယ္မႈ၊ မေကာင္းေသာ ႏႈတ္မႈ၊ မေကာင္းေသာ စိတ္မႈတို႔ကို ဒုစရိုက္ဟုေခၚသည္။

ဘုရားရွင္၏ ေဟာၾကားခ်က္အရ ဒုစရိုက္ ၁၀-ပါးရွိသည္။ ယင္းတို႔မွာ ဒုစရုိက္ ကာယကံ ၃-ပါး။ ဒုစရိုက္ ၀စီကံ ၄-ပါး။ ဒုစရုက္ မေနာကံ ၃-ပါးတို႔ ျဖစ္သည္။

ယင္းတို႔တြင္

(၁) သူ႔အသက္သတ္ျခင္း (ပါဏာတိပါတ)

(၂) ပိုင္ရွင္က ကိုယ္ႏႈတ္တို႔ျဖင့္ မေပးအပ္ေသာဥစၥာကို ခိုးယူျခင္း။ (အဒိႏၷာဒါန)

၃) ကာမဂုဏ္တို႔၌ မွားယြင္းစြာက်င့္ျခင္း။ (ကာေမသုမိစၧာစာရ)

တို႔သည္ ဒုစရိုက္ ကာယကံ ၃-ပါး ျဖစ္သည္။ ယင္းတို႔ကို အမ်ားသူငါ အားလံုးလိုလိုပင္ သိရိွၾကသည္။

သို႔ရာတြင္ ဒုစရိုက္ ၀စီကံ ၄-ပါးကိုကား အသိနည္းၾကေပသည္။ ဒုစရိုက္ ၀စီကံ ၄-ပါးမွာ-

(၁) မဟုတ္မမွန္ ေျပာဆိုျခင္း။ (မုသာ၀ါဒ)

(၂) ကုန္းတိုက္စကား ေျပာဆိုျခင္း။ ခ်စ္သူႏွစ္ဦး ကြဲကြာသြားေအာင္ ရန္တိုက္ေပးျခင္း။ (ပိသုဏ၀ါစာ)

(၃) ဆဲေရးတိုင္းထြာျခင္း စေသာ ၾကမ္းတမ္းေသာစကား ေျပာဆိုျခင္း။(ဖရုသ၀ါစာ)

(၄) အက်ိဳးမရွိ အႏွစ္မဲ့ေသာ စကားကို ေျပာဆိုျခင္း။ (သမၨပၸလာပ) တို႔ ျဖစ္သည္။

ဒုစရိုက္ မေနာကံ ၃-ပါးကိုလည္း အသိနည္းၾကေပသည္။ ယင္းတို႔မွာ-

(၁) သူတပါးပစၥည္းကို ငါ့ဟာ ျဖစ္လွ်င္ ေကာင္းေလစြ-ဟု မတရားၾကံစည္ျခင္း။ (အဘိဇၩာ)

(၂) သူတပါးကို ေသေက်ပ်က္စီးေစလိုျခင္း။ (ဗ်ာပါဒ)

(၃) အယူမွားျခင္း။ (မိစၧာဒိ႒ိ) တို႔ျဖစ္သည္။

ဤေနရာ၌ အယူမွားျခင္းဆိုသည္မွာ ကံ-ကံ၏ အက်ိဳးကို မယံုၾကည္ျခင္း ျဖစ္သည္။

တနည္းအားျဖင့္-ေကာင္းမႈလုပ္လွ်င္ ေကာင္းက်ိဳးရသည္။ မေကာင္းမႈလုပ္လွ်င္ မေကာင္းက်ိဳးရသည္-ဟု မယံုၾကည္ျခင္း။

ေကာင္းမႈလုပ္လည္း ေကာင္းမႈမျဖစ္၊ မေကာင္းမႈလုပ္လည္း မေကာင္းမႈ မျဖစ္-ဟူေသာ အယူမွားျခင္းမ်ိဳး ျဖစ္သည္။

ဤဒုစရိုက္ ၁၀-ပါးသည္ အျပစ္ႀကီးလွသည္။ အပါယ္သို႔ ေရာက္ေစတတ္ေသာ လမ္းခရီးျဖစ္ေသာေၾကာင့္ အကုသလကမၼပထ-ဟုလည္း ေခၚသည္။

ဤဒုစရိုက္ ၁၀-မ်ိဳး အကုသိုလ္အမ်ိဳးမ်ိဳးတို႔တြင္ မိစၧာဒိ႒ိ ဒုစရိုက္ျဖစ္ေသာ ကံ-ကံ၏ အက်ိဳးကို မယံုၾကည္မႈသည္ အျပစ္အႀကီးေလးဆံုး ျဖစ္ေၾကာင္း ဗုဒၶဘုရားရွင္ ေဟာေတာ္မူခဲ့သည္။

မိစၧာအယူအစြဲသန္လွ်င္ သန္သေလာက္၊ အယူသည္းလွ်င္ သည္းသေလာက္ ေသျပီးေနာက္ ငရဲသို႔ ေတာက္ေလွ်ာက္ က်ေရာက္ခံရေၾကာင္း၊

ကမၻာပ်က္၍ သတၱ၀ါမ်ား ျဗဟၼာဘံုသို႔ ေျပာင္းေရႊ႔ၾကေသာ္လည္း မိစၧာဒိ႒ိငရဲသားမွာ ေျပာင္းခြင့္မရ။ ဆက္၍ ငရဲ၌ ခံေနရေၾကာင္း က်မ္းဂန္တို႔၌ အတိအလင္း မိန္႔ဆိုထားသည္။
ရတနာ၀ါသဘုရားေက်ာင္းဆိုဒ္မွတဆင့္
# Unicode Version # ျဖင့္ ဖတ္ပါ #

ဒုစရိုက်ဟူသောစကားကို အများသူငါ ပြောဆိုသုံးစွဲနေကြသည်။ သို့ရာတွင် ဒုစရိုက်၏ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊

ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော ဒုစရိုက်၏ သဘောသဘာဝကိုလည်းကောင်း အချို့ကသာ သိသည်။ အချို့က မသိရှိကြပေ။

ဒုစရိုက်ဆိုသော စကားသည် ပါဠိစကားဖြစ်သည်။

ဒု-မကောင်းသော။ စရိတ-ကျင့်ကြံပြုလုပ်ခြင်း ဟူ၍ အနက်ရသည်။

မကောင်းသော ကိုယ်မှု၊ မကောင်းသော နှုတ်မှု၊ မကောင်းသော စိတ်မှုတို့ကို ဒုစရိုက်ဟုခေါ်သည်။

ဘုရားရှင်၏ ဟောကြားချက်အရ ဒုစရိုက် ၁၀-ပါးရှိသည်။ ယင်းတို့မှာ ဒုစရိုက် ကာယကံ ၃-ပါး။ ဒုစရိုက် ဝစီကံ ၄-ပါး။ ဒုစရုက် မနောကံ ၃-ပါးတို့ ဖြစ်သည်။

ယင်းတို့တွင်

(၁) သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)

(၂) ပိုင်ရှင်က ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သောဥစ္စာကို ခိုးယူခြင်း။ (အဒိန္နာဒါန)

၃) ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။ (ကာမေသုမိစ္ဆာစာရ)

တို့သည် ဒုစရိုက် ကာယကံ ၃-ပါး ဖြစ်သည်။ ယင်းတို့ကို အများသူငါ အားလုံးလိုလိုပင် သိရှိကြသည်။

သို့ရာတွင် ဒုစရိုက် ဝစီကံ ၄-ပါးကိုကား အသိနည်းကြပေသည်။ ဒုစရိုက် ဝစီကံ ၄-ပါးမှာ-

(၁) မဟုတ်မမှန် ပြောဆိုခြင်း။ (မုသာဝါဒ)

(၂) ကုန်းတိုက်စကား ပြောဆိုခြင်း။ ချစ်သူနှစ်ဦး ကွဲကွာသွားအောင် ရန်တိုက်ပေးခြင်း။ (ပိသုဏဝါစာ)

(၃) ဆဲရေးတိုင်းထွာခြင်း စသော ကြမ်းတမ်းသောစကား ပြောဆိုခြင်း။(ဖရုသဝါစာ)

(၄) အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်း။ (သမ္ဇပ္ပလာပ) တို့ ဖြစ်သည်။

ဒုစရိုက် မနောကံ ၃-ပါးကိုလည်း အသိနည်းကြပေသည်။ ယင်းတို့မှာ-

(၁) သူတပါးပစ္စည်းကို ငါ့ဟာ ဖြစ်လျှင် ကောင်းလေစွ-ဟု မတရားကြံစည်ခြင်း။ (အဘိဇ္ဈာ)

(၂) သူတပါးကို သေကျေပျက်စီးစေလိုခြင်း။ (ဗျာပါဒ)

(၃) အယူမှားခြင်း။ (မိစ္ဆာဒိဋ္ဌိ) တို့ဖြစ်သည်။

ဤနေရာ၌ အယူမှားခြင်းဆိုသည်မှာ ကံ-ကံ၏ အကျိုးကို မယုံကြည်ခြင်း ဖြစ်သည်။

တနည်းအားဖြင့်-ကောင်းမှုလုပ်လျှင် ကောင်းကျိုးရသည်။ မကောင်းမှုလုပ်လျှင် မကောင်းကျိုးရသည်-ဟု မယုံကြည်ခြင်း။

ကောင်းမှုလုပ်လည်း ကောင်းမှုမဖြစ်၊ မကောင်းမှုလုပ်လည်း မကောင်းမှု မဖြစ်-ဟူသော အယူမှားခြင်းမျိုး ဖြစ်သည်။

ဤဒုစရိုက် ၁၀-ပါးသည် အပြစ်ကြီးလှသည်။ အပါယ်သို့ ရောက်စေတတ်သော လမ်းခရီးဖြစ်သောကြောင့် အကုသလကမ္မပထ-ဟုလည်း ခေါ်သည်။

ဤဒုစရိုက် ၁၀-မျိုး အကုသိုလ်အမျိုးမျိုးတို့တွင် မိစ္ဆာဒိဋ္ဌိ ဒုစရိုက်ဖြစ်သော ကံ-ကံ၏ အကျိုးကို မယုံကြည်မှုသည် အပြစ်အကြီးလေးဆုံး ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် ဟောတော်မူခဲ့သည်။

မိစ္ဆာအယူအစွဲသန်လျှင် သန်သလောက်၊ အယူသည်းလျှင် သည်းသလောက် သေပြီးနောက် ငရဲသို့ တောက်လျှောက် ကျရောက်ခံရကြောင်း၊

ကမ္ဘာပျက်၍ သတ္တဝါများ ဗြဟ္မာဘုံသို့ ပြောင်းရွှေ့ကြသော်လည်း မိစ္ဆာဒိဋ္ဌိငရဲသားမှာ ပြောင်းခွင့်မရ။ ဆက်၍ ငရဲ၌ ခံနေရကြောင်း ကျမ်းဂန်တို့၌ အတိအလင်း မိန့်ဆိုထားသည်။
ရတနာဝါသဘုရားကျောင်းဆိုဒ်မှတဆင့်

No comments:

Post a Comment