Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 29, 2019

လူတစ္ေယာက္ရဲ႕ဘဝမွာ ပိုက္ဆံနဲ႔ဝယ္ဖို႔လိုအပ္တဲ့ ေပ်ာ္ရႊင္မႈ (၄)မ်ိဳး


ေပ်ာ္ရႊင္မႈကို ေငြနဲ႕ဝယ္လို႕မရဘူးဆိုတဲ့ စကားေလးတစ္ခြန္းကို လူတိုင္းၾကားဖူးၾကမွာပါ။ အဲ့ဒါဟာ အလြန္မွန္ကန္တဲ့ စကားေလးျဖစ္ျပီး ေငြရွိေပမယ့္လည္း အတၱေတြ၊ မာနေတြ ဖံုးလႊမ္းျပီး စိတ္ေကာင္းမရွိရင္၊ ဘ၀မွာ ကိုယ့္ကိုခ်စ္တဲ့သူ၊ကိုယ္ကခ်စ္တဲ့သူေတြမရွိရင္၊ ေႏြးေထြးမႈမရွိရင္ ရွိတဲ့ ပိုက္ဆံေတြဟာ အလကားပဲဆိုတာကို သတိေပးထားတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာနဲ႕ပဲ ပိုက္ဆံရွိမွ လုပ္လို႕ရမယ့္ အရာေတြဆိုတာလည္း ရွိကိုရွိေနပါတယ္။ ဖတ္ၾကည့္ပါဦးေနာ္ …။

(၁) တျခားသူေတြအတြက္မွ်ေဝျခင္း ”

ကိုယ့္ထက္ အားနည္းခ်ိဳ႕တဲ့သူေတြကိိုေတြ႕တဲ့အခ်ိန္မွာ ကူညီခ်င္ေပမယ့္၊ အမွန္တကယ္ ဒုကၡေတြ႕ေနလို႕ အကူအညီလိုေနသူတစ္ေယာက္ကို ကူညီခ်င္ေပမယ့္၊ ကိုယ့္မိသားစု၀င္တစ္ေယာက္ေယာက္၊ ေဆြမ်ိဳးအသိုင္းအဝိုင္းထဲက လူတစ္ေယာက္ေယာက္ အကူအညီလိုေနေပမယ့္ ကိုယ့္မွာ ပိုက္ဆံမရွိရင္ ဘာအကူအညီမွေပးနိုင္မွာမဟုတ္သလို၊ ဘာမွလည္းမတတ္နိုင္ဘဲ စိတ္မေကာင္းျဖစ္ေနရမွာပါ။ ဒါေၾကာင့္ တျခားလိုအပ္ေနသူေတြကို ေဝမွ်ဖို႕ ကိုယ့္မွာ ပိုက္ဆံရွိဖို႕လိုပါတယ္ …။

(၂) ကိုယ့္ေန႕စဥ္အသံုးစရိတ္အတြက္ ပူပင္စရာမလုိတဲ့ဘ၀ ”

လူတစ္္ေယာက္က ကိုယ့္ရဲ႕ အေျခခံလိုအပ္ခ်က္ေတြကို ကိုယ္တိုင္မေျဖရွင္းနိုင္ဘူး၊ ကိုယ့္ကိုယ္ကို တာဝန္မယူနိုင္ဘူးဆိုရင္ သူ႕ကိုယ္သူ ယံုၾကည္မႈလည္း မရွိနိုင္သလို၊ သူ႕ဘဝကိုလည္း ေက်နပ္မႈရွိမွာမဟုတ္ပါဘူး။ ဒီေတာ့ ကိုယ့္ရဲ႕ အေျခခံလိုအပ္ခ်က္ေတြကို ျဖည့္ဆညး္ဖို႕အတြက္ ေန႕စဥ္အသံုးစရိတ္ကို ရွင္းနိုင္တဲ့သူျဖစ္ဖို႕လိုပါတယ္။ အဲ့ဒီေန႕စဥ္အသံုးစရိတ္ေတြကိုရွင္းဖို႕ ပိုက္ဆံလိုအပ္ ပါ တယ္ …။

(၃) ေအာက္က်ေနာက္က်ခံစရာမလိုတဲ့အေျခအေန ”

ကိုယ့္မွာ လိုအပ္လာရင္ ကိုယ္တိုင္ေျဖရွင္းနိုင္ဖို႕အတြက္ ပိုက္ဆံရွိဖို႕လိုပါတယ္။ ကိုယ့္လက္ထဲမွာ ပိုက္ဆံမရွိတဲ့အခါ သူမ်ားဆီမွာေအာက္က်ေနာက္က်ခံျပီး ေျပာဆိုအကူအညီေတာင္းရပါတယ္။ ေနာက္ဆံုး ကိုယ့္မိသားစုအခ်င္းခ်င္းမွာေတာင္ ပိုက္ဆံအတြက္ စကားေျပာရတာ အရမ္းေအာက္က်ပါတယ္။ ဒါေၾကာင့္ ဒီလိုမလုပ္ခ်င္ရင္ အခက္အခဲျဖစ္လာခ်ိန္မွာေျဖရွင္းဖို႕ လက္ထဲမွာ ပိုက္ဆံရွိဖို႕လုိပါတယ္ …။

(၄) ကိုယ့္ရဲ႕ရည္မွန္းခ်က္၊အိပ္မက္ေတြ ”

ျပီးခဲ့တဲ့ရက္ေတြက ဆိုရွယ္မီဒီယာေပၚမွာ ေရပန္းစားသြားတဲ့ စကားလံုးေလးတစ္ခုကိုေတြ႕လိုက္ပါတယ္။ အဲ့ဒါကေတာ့ Rich Kid မဟုတ္ေတာ့ အိပ္မက္ေတြက ေစ်းၾကီးတယ္ ဆိုတဲ့စကားေလးပါ။ အဲ့ဒီစကားေလးက ရာႏႈန္းျပည့္ေတာ့ မမွန္ေပမယ့္ တခ်ိဳ႕တဝက္ေတာ့ မွန္ေနတယ္ဆိုတာ လက္မခံခ်င္လို႕မရပါဘူး။

ကိုယ့္ရည္မွန္းခ်က္၊ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ပိုက္ဆံရွိတဲ့အခါ ပိုလြယ္ကူတတ္ပါတယ္။ ဒါေၾကာင့္ အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႕အတြက္လည္း ပိုက္ဆံလိုပါတယ္။ ေနာ္ …။ ။
MAY THAZINHTOO
# Unicode Version # ျဖင့္ ဖတ္ပါ #

ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့ စကားလေးတစ်ခွန်းကို လူတိုင်းကြားဖူးကြမှာပါ။ အဲ့ဒါဟာ အလွန်မှန်ကန်တဲ့ စကားလေးဖြစ်ပြီး ငွေရှိပေမယ့်လည်း အတ္တတွေ၊ မာနတွေ ဖုံးလွှမ်းပြီး စိတ်ကောင်းမရှိရင်၊ ဘဝမှာ ကိုယ့်ကိုချစ်တဲ့သူ၊ကိုယ်ကချစ်တဲ့သူတွေမရှိရင်၊ နွေးထွေးမှုမရှိရင် ရှိတဲ့ ပိုက်ဆံတွေဟာ အလကားပဲဆိုတာကို သတိပေးထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ပိုက်ဆံရှိမှ လုပ်လို့ရမယ့် အရာတွေဆိုတာလည်း ရှိကိုရှိနေပါတယ်။ ဖတ်ကြည့်ပါဦးနော် …။

(၁) တခြားသူတွေအတွက်မျှဝေခြင်း ”

ကိုယ့်ထက် အားနည်းချို့တဲ့သူတွေကိုတွေ့တဲ့အချိန်မှာ ကူညီချင်ပေမယ့်၊ အမှန်တကယ် ဒုက္ခတွေ့နေလို့ အကူအညီလိုနေသူတစ်ယောက်ကို ကူညီချင်ပေမယ့်၊ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်၊ ဆွေမျိုးအသိုင်းအဝိုင်းထဲက လူတစ်ယောက်ယောက် အကူအညီလိုနေပေမယ့် ကိုယ့်မှာ ပိုက်ဆံမရှိရင် ဘာအကူအညီမှပေးနိုင်မှာမဟုတ်သလို၊ ဘာမှလည်းမတတ်နိုင်ဘဲ စိတ်မကောင်းဖြစ်နေရမှာပါ။ ဒါကြောင့် တခြားလိုအပ်နေသူတွေကို ဝေမျှဖို့ ကိုယ့်မှာ ပိုက်ဆံရှိဖို့လိုပါတယ် …။

(၂) ကိုယ့်နေ့စဉ်အသုံးစရိတ်အတွက် ပူပင်စရာမလိုတဲ့ဘ၀ ”

လူတစ်ယောက်က ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်တွေကို ကိုယ်တိုင်မဖြေရှင်းနိုင်ဘူး၊ ကိုယ့်ကိုယ်ကို တာဝန်မယူနိုင်ဘူးဆိုရင် သူ့ကိုယ်သူ ယုံကြည်မှုလည်း မရှိနိုင်သလို၊ သူ့ဘဝကိုလည်း ကျေနပ်မှုရှိမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နေ့စဉ်အသုံးစရိတ်ကို ရှင်းနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။ အဲ့ဒီနေ့စဉ်အသုံးစရိတ်တွေကိုရှင်းဖို့ ပိုက်ဆံလိုအပ် ပါ တယ် …။

(၃) အောက်ကျနောက်ကျခံစရာမလိုတဲ့အခြေအနေ ”

ကိုယ့်မှာ လိုအပ်လာရင် ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အတွက် ပိုက်ဆံရှိဖို့လိုပါတယ်။ ကိုယ့်လက်ထဲမှာ ပိုက်ဆံမရှိတဲ့အခါ သူများဆီမှာအောက်ကျနောက်ကျခံပြီး ပြောဆိုအကူအညီတောင်းရပါတယ်။ နောက်ဆုံး ကိုယ့်မိသားစုအချင်းချင်းမှာတောင် ပိုက်ဆံအတွက် စကားပြောရတာ အရမ်းအောက်ကျပါတယ်။ ဒါကြောင့် ဒီလိုမလုပ်ချင်ရင် အခက်အခဲဖြစ်လာချိန်မှာဖြေရှင်းဖို့ လက်ထဲမှာ ပိုက်ဆံရှိဖို့လိုပါတယ် …။

(၄) ကိုယ့်ရဲ့ရည်မှန်းချက်၊အိပ်မက်တွေ ”

ပြီးခဲ့တဲ့ရက်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားသွားတဲ့ စကားလုံးလေးတစ်ခုကိုတွေ့လိုက်ပါတယ်။ အဲ့ဒါကတော့ Rich Kid မဟုတ်တော့ အိပ်မက်တွေက ဈေးကြီးတယ် ဆိုတဲ့စကားလေးပါ။ အဲ့ဒီစကားလေးက ရာနှုန်းပြည့်တော့ မမှန်ပေမယ့် တချို့တဝက်တော့ မှန်နေတယ်ဆိုတာ လက်မခံချင်လို့မရပါဘူး။

ကိုယ့်ရည်မှန်းချက်၊ အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ပိုက်ဆံရှိတဲ့အခါ ပိုလွယ်ကူတတ်ပါတယ်။ ဒါကြောင့် အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်လည်း ပိုက်ဆံလိုပါတယ်။ နော် …။ ။
MAY THAZINHTOO

No comments:

Post a Comment