Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 30, 2019

အေလ့က်ေပါက္တတ္တဲ့ ေက်ာက္သင္ပုန္းပင္ေလးရဲ႕ အစြမ္းထက္အာနိသင္

အရြက္ေလးက ခပ္ထူထူေလးနဲ႔ ေျမေလွ်ာက္ပင္ေလးလိုမ်ိဳး ေျမၾကီးမွာ ကပ္ေပါက္ေနတဲ့ အပင္ေလးကို ငယ္ငယ္က ကစားဖို႔အရြက္ေလးေတြ ခူးရင္း ျမင္ဖူးၾကမွာပါ။ ေက်ာက္သင္ပုန္းဖ်က္ဖို႔အတြက္ သံုးလို႔ရတယ္လို႔ေျပာတာၾကားဖူးမွာေပါ့။ ဒီအရြက္ေလးေတြက ေက်ာက္သင္ပုန္းဖ်က္လို႔ရတယ္ဆိုတာထက္ပိုတဲ့ အာနိသင္ေတြရွိေနတယ္ဆိုတာကို ဒီေဆာင္းပါးေလးကေနတဆင့္ ေျပာျပေပးပါရေစ။
ေက်ာက္သင္ပုန္းရြက္ေလးေတြက အခုလိုေဆးဖက္ဝင္ပါတယ္

ဒီအရြက္ေလးရဲ႕ ေဆးဖက္ဝင္မႈကို သိပၸံနည္းက်ေလ့လာဆန္းစစ္မႈေတြလုပ္ထားတာျဖစ္ပါတယ္။

ကင္ဆာတိုက္ဖ်က္ေပးႏိုင္တယ္

ေက်ာက္သင္ပုန္းရြက္မွာပါတဲ့ P.Pellucida က ကင္ဆာဆဲလ္ေတြၾကီးထြားမႈကို ဟန္႔တားေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ကင္ဆာတိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ရွိတဲ့သဘာဝေဆးဖက္ဝင္အပင္တစ္မ်ိဳးပါ။

ဓာတ္တိုးဆန္႔က်င္အာနိသင္ၾကြယ္ဝတယ္

ေက်ာက္သင္ပုန္းရြက္မွာပါတဲ့ ဓာတ္တိုးဆန္႔က်င္အာနိသင္ကက free radicals ေတြေၾကာင့္ ခႏၶာကိုယ္မွာ ထိခိုက္မႈေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

ဘက္တီးရီးယားေတြကိုတိုက္ဖ်က္ေပးတယ္

ေက်ာက္သင္ပုန္းရြက္မွာပါတဲ့ patuloside A လို႔ေခၚတဲ့ ျဒပ္ေပါင္းက ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးျပီး ေရာဂါပိုးေတြအႏၱရာယ္ကေန အထိေရာက္ဆံုးကာကြယ္ေပးသြားမွာျဖစ္ပါတယ္။

အဆစ္ေရာင္နာကို သက္သာေစႏိုင္ပါတယ္

အဆစ္အျမစ္ေရာင္သူေတြနဲ႔ ေက်ာက္သင္ပုန္းရြက္ကို က်ိဳေသာက္ေပးမယ္ဆိုရင္ အေရာင္က်ေဆးေတြ၊ အကိုက္အခဲေပ်ာက္ေဆးေတြနီးပါး သက္သာေစတာကိုေတြ႔ရမွာပါ။ ဒူးနာသူေတြအတြက္လည္း သင့္ေတာ္ပါတယ္။

ေသြးတြင္း ယူရစ္အက္ဆစ္ကိုက်ေစႏိုင္တယ္

ေက်ာက္သင္ပုန္းရြက္က ေသြးတြင္းယူရစ္အက္ဆစ္က်ခ်င္သူေတြ စားေပးသင့္တဲ့ သဘာဝေဆးတစ္မ်ိဳးပါ။ ေက်ာက္သင္ပုန္းရြက္မွာပါတဲ့ allopurino က ေသြးတြင္း ယူရစ္အက္ဆစ္ပမာဏကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

စိတ္ဓာတ္က်တာကို သက္သာေစႏိုင္ပါတယ္

ေက်ာက္သင္ပုန္းရြက္ေလးက စိတ္ဓာတ္က်ေဝဒနာခံစားေနရသူေတြအတြက္ အဆင္ေျပပါတယ္။ စိတ္က်န္းမာေစဖို႔အတြက္ အေကာင္းဆံုး သဘာဝေဆးတစ္မ်ိဳးေပါ့။

အေလ့က်ေပါက္တဲ့ ေက်ာက္သင္ပုန္းရြက္ေလးကို ေရစင္ေအာင္ေဆးျပီး ေရေႏြးဆူဆူထဲ ထည့္က်ိဳလို႔ ေသာက္ေပးတာက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားေစတယ္ဆိုေပမယ့္ ကိုယ္ဝန္ေဆာင္ေမေမေတြ၊ ႏို႔တိုက္ေမေမနဲ႔ ေက်ာက္သင္ပုန္းရြက္နဲ႔ ဓာတ္မတည့္သူေတြကေတာ့ မစားသင့္ပါဘူး။ အသင့္အတင့္က အဆင္ေျပေပမယ့္ အရမ္းမ်ားရင္ ဆိုးက်ိဳးရွိလာႏိုင္တာေၾကာင့္ပါ။
hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးကို ငယ်ငယ်က ကစားဖို့အရွက်လေးတွေ ခူးရင်း မြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်းဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက်ပိုတဲ့ အာနိသင်တွေရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။
ကျောက်သင်ပုန်းရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်

ဒီအရွက်လေးရဲ့ ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေလုပ်ထားတာဖြစ်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

ကျောက်သင်ပုန်းရွက်မှာပါတဲ့ P.Pellucida က ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

ကျောက်သင်ပုန်းရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကက free radicals တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးတယ်

ကျောက်သင်ပုန်းရွက်မှာပါတဲ့ patuloside A လို့ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်

အဆစ်အမြစ်ရောင်သူတွေနဲ့ ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ်ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနီးပါး သက်သာစေတာကိုတွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။

သွေးတွင်း ယူရစ်အက်ဆစ်ကိုကျစေနိုင်တယ်

ကျောက်သင်ပုန်းရွက်က သွေးတွင်းယူရစ်အက်ဆစ်ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ကျောက်သင်ပုန်းရွက်မှာပါတဲ့ allopurino က သွေးတွင်း ယူရစ်အက်ဆစ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။

စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်

ကျောက်သင်ပုန်းရွက်လေးက စိတ်ဓာတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးပေါ့။

အလေ့ကျပေါက်တဲ့ ကျောက်သင်ပုန်းရွက်လေးကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲ ထည့်ကျိုလို့ သောက်ပေးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ ကျောက်သင်ပုန်းရွက်နဲ့ ဓာတ်မတည့်သူတွေကတော့ မစားသင့်ပါဘူး။ အသင့်အတင့်က အဆင်ပြေပေမယ့် အရမ်းများရင် ဆိုးကျိုးရှိလာနိုင်တာကြောင့်ပါ။
hellosayarwon

No comments:

Post a Comment