Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 30, 2019

ေသြးတိုးက်တယ္ဆိုတဲ့ ဒန္႔သလြန္ေစ့ရဲ႕ တျခားအာနိသင္မ်ား

ဒန္႔သလြန္သီးကို ခ်က္စားမယ္ဆိုပါစို႔။ တျခားအသီးေတြလို အေစ့ကိုဖယ္ရတာမဟုတ္ ၊ အေစ့နဲ႔အသားကို အဓိကစားၾကတာပါ။ ဒီလိုခ်က္စားမယ္ဆို နုတဲ့အသီးမွ ေရြးရပါတယ္။ ဒါေပမယ့္ ဒန္႔သလြန္ပင္ ရွိေနတဲ့အိမ္မွာေတာ့ အသီးအရင့္ေတြကို အေျခာက္ပဲခံလိုက္ေတာ့တယ္။ မ်ိဳးေစ့ယူရတာကိုး။ လူၾကီးေတြ ေနာက္တစ္မ်ိဳးအသံုးခ်တာ ဘာလဲဆိုေတာ့ ေသြးေပါင္တက္ေနျပီဆို ဒန္႔သလြန္သံုးေလးေစ့ကို ႏွစ္ခ်က္ေလာက္ဝါးျပီး ေရနဲ႔ေသာက္ခ်လိုက္တာပါပဲ။ ေသြးတိုးက်တာ တကယ္ၾကီးေနာ္။ ျမန္မွျမန္။

ဒါနဲ႔ပဲ သူ႔ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြအေၾကာင္းသိခ်င္လာတာနဲ႔ ရွာၾကည့္ေတာ့ ဒီလိုေတြရွိေနေသးတာ ေတြ႔ရတယ္။ ဒန္႔သလြန္ေစ့က –
ေသြးခ်ိဳက်ေစတယ္

ဒန္႔သလြန္ေစ့ရဲ႕ထင္ရွားတဲ့အာနိသင္တစ္ခုက ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစနိုင္စြမ္းရွိတာပါပဲ။၂၀၁၂ ခုနွစ္က သုေတသနတစ္ခုမွာ ဒန္႔သလြန္ေစ့ extract နဲ႔ ၂၁ ရက္ၾကာ ကုသစမ္းသပ္မႈအတြင္း ေသြးတြင္းသၾကားဓာတ္ေလ်ာ့က်ခဲ့တာေတြ႔ရပါတယ္။
ကိုလက္စထေရာ က်ေစတယ္

ဒန္႔သလြန္ဟာ ကိုယ္လက္စထေရာနဲ႔ အဆီဓာတ္ေတြနဲ႔ပတ္သက္ရင္ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့အာနိသင္ေတြရွိတယ္ဆိုတာ လူသိမ်ားပါတယ္။ ၂၀၀၃ ခုႏွစ္က ေလ့လာမႈမွာ ယုန္ေလးေတြကို ရက္ ၁၂၀ ၾကာ ဒန္႔သလြန္ေစ့ (တစ္ေန႔ ၂၀၀ မီလီဂရမ္) ေကြ်းထားပါတယ္။ ေလ့လာမႈရလဒ္အရ သူတို႔မွာ ေသြးတြင္းကိုလက္စထေရာနဲ႔ triglyceride  ပမာဏပိုနည္းလာတာေတြ႔ရပါတယ္။ သူတို႔ရဲ႕အသည္းနဲ႔ႏွလံုးမွာလည္း အဆီေတြနည္းလာတာေတြ႔ရပါတယ္။
ႏွလံုးက်န္းမာေရးအတြက္ေကာင္းတယ္

ဒန္႔သလြန္ေစ့က ႏွလံုးေသြးေၾကာစနစ္အတြက္ ကာကြယ္ေပးနိုင္စြမ္းရွိတဲ့အာနိသင္ေတြ ပိုင္ဆိုင္ထားပါတယ္။ဒါ့ေၾကာင့္ပဲ ေသြးတိုးေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲႏွလံုးျပႆနာေတြကို ကာကြယ္ေပးပါတယ္။
ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြရွိတယ္

ဒန္႔သလြန္ေစ့မွာ ေရာင္ရမ္းမႈကိုေလ်ာ့က်ေစနုိင္စြမ္းနဲ႔ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြအမ်ားၾကီးပိုင္ဆိုင္ထားတယ္ဆိုတာ ေလ့လာေတြ႔ရွိထားပါတယ္။
ဦးေႏွာက္က်န္းမာေရးကို အေထာက္အကူျပဳတယ္

ဒန္႔သလြန္ေစ့က အာရံုစူးစိုက္နုိင္စြမ္းကို ပိုေကာင္းေစျပီး ဦးေႏွာက္ကိုက်န္းမာေစပါတယ္။ ဦးေႏွာက္အတြက္ အေကာင္းဆံုးအာဟာရေတြျဖစ္တဲ့ အမိုင္နိုအက္စစ္၊ အိုမီဂါသရီး၊ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ ဗီတာမင္အီး တို႔အားလံုး ဒန္႔သလြန္ေစ့မွာပါရွိတယ္ဆိုေတာ့ ဦးေႏွာက္က်န္းမာေစျပီေပါ့။
အသည္းက်န္းမာေစတယ္

ဒန္႔သလြန္ေစ့မွာ အသည္းထိခိုက္မႈကို ေလ်ာ့နည္းေစျပီး အသည္းက်န္းမာေရးကို ပိုေကာင္းေစပါတယ္။ ဒန္႔သလြန္ေစ့က အသည္းမာ၊အသည္းေျခာက္ျခင္းကို ကာကြယ္နိုင္ျပီး အသည္းကိုထိခိုက္ေစမယ့္အရာေတြကို ကုသေပးနုိင္ပါတယ္။
အိပ္လို႔ေပ်ာ္ေစတယ္

ဒန္္႔သလြန္ေစ့မွာ ဗီတာမင္နဲ႔သတၱဳဓာတ္ေတြပါဝင္တဲ့အျပင္ အိပ္စက္ျခင္းကိုအားေပးတဲ့ေဟာ္မုန္းေတြႏိႈးဆြေပးတဲ့ အမိုင္နိုအက္စစ္ေတြပါဝင္ပါတယ္။
မ်က္စိအားေကာင္းေစတယ္

ဒန္႔သလြန္ေစ့က အျမင္အာရံုအတြက္ေကာင္းတဲ့ ဗီတာမင္ ေအလည္းပါဝင္မႈမနည္းပါဘူး။ ဒန္႔သလြန္ေစ့ကိုစားသံုးတဲ့သူေတြကိုေလ့လာရာမွာ ကြန္ပ်ဴတာေရွ႕အခ်ိန္အရမ္းၾကာခဲ့တာေတာင္ အျမင္အာရံုအားေကာင္းေနေသးတာ ျဖစ္ပါတယ္။
ေသြးအားေကာင္းေစတယ္

ဒန္႔သလြန္ေစ့က သံဓာတ္ၾကြယ္ဝလို႔ ေသြးအားနည္းျခင္းကို ကာကြယ္နုိင္၊အားျဖည့္နိုင္ပါတယ္။ ေမာပန္းေနတာ၊အားနည္းေနတာ၊ေခါင္းကိုက္တာ၊ အသက္ရွုဴမဝတာ၊ ဦးေႏွာ္က္စြမ္းေဆာင္ရည္က်ဆင္းတာေတြက ေသြးအားနည္းတဲ့လကၡဏာေတြပါ။ ဒီလိုျဖစ္ေနရင္ ဒန္႔သလြန္သာစားပါ။

ျပည္ပမွာေတာ့ ဒန္႔သလြန္ေစ့ကထုတ္တဲ့ ေဆးဝါးေတြ၊ အဆီေတြအမ်ားၾကီးရွိပါတယ္။ ဆံသားနဲ႔အသားအေရအတြက္ဆို ဒန္႔သလြန္ေစ့အဆီက သိပ္ကိုအက်ိဳးမ်ားပါတယ္တဲ့။
hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

ဒန့်သလွန်သီးကို ချက်စားမယ်ဆိုပါစို့။ တခြားအသီးတွေလို အစေ့ကိုဖယ်ရတာမဟုတ် ၊ အစေ့နဲ့အသားကို အဓိကစားကြတာပါ။ ဒီလိုချက်စားမယ်ဆို နုတဲ့အသီးမှ ရွေးရပါတယ်။ ဒါပေမယ့် ဒန့်သလွန်ပင် ရှိနေတဲ့အိမ်မှာတော့ အသီးအရင့်တွေကို အခြောက်ပဲခံလိုက်တော့တယ်။ မျိုးစေ့ယူရတာကိုး။ လူကြီးတွေ နောက်တစ်မျိုးအသုံးချတာ ဘာလဲဆိုတော့ သွေးပေါင်တက်နေပြီဆို ဒန့်သလွန်သုံးလေးစေ့ကို နှစ်ချက်လောက်ဝါးပြီး ရေနဲ့သောက်ချလိုက်တာပါပဲ။ သွေးတိုးကျတာ တကယ်ကြီးနော်။ မြန်မှမြန်။

ဒါနဲ့ပဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းသိချင်လာတာနဲ့ ရှာကြည့်တော့ ဒီလိုတွေရှိနေသေးတာ တွေ့ရတယ်။ ဒန့်သလွန်စေ့က –
သွေးချိုကျစေတယ်

ဒန့်သလွန်စေ့ရဲ့ထင်ရှားတဲ့အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိတာပါပဲ။၂၀၁၂ ခုနှစ်က သုတေသနတစ်ခုမှာ ဒန့်သလွန်စေ့ extract နဲ့ ၂၁ ရက်ကြာ ကုသစမ်းသပ်မှုအတွင်း သွေးတွင်းသကြားဓာတ်လျော့ကျခဲ့တာတွေ့ရပါတယ်။
ကိုလက်စထရော ကျစေတယ်

ဒန့်သလွန်ဟာ ကိုယ်လက်စထရောနဲ့ အဆီဓာတ်တွေနဲ့ပတ်သက်ရင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အာနိသင်တွေရှိတယ်ဆိုတာ လူသိများပါတယ်။ ၂၀၀၃ ခုနှစ်က လေ့လာမှုမှာ ယုန်လေးတွေကို ရက် ၁၂၀ ကြာ ဒန့်သလွန်စေ့ (တစ်နေ့ ၂၀၀ မီလီဂရမ်) ကျွေးထားပါတယ်။ လေ့လာမှုရလဒ်အရ သူတို့မှာ သွေးတွင်းကိုလက်စထရောနဲ့ triglyceride  ပမာဏပိုနည်းလာတာတွေ့ရပါတယ်။ သူတို့ရဲ့အသည်းနဲ့နှလုံးမှာလည်း အဆီတွေနည်းလာတာတွေ့ရပါတယ်။
နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ဒန့်သလွန်စေ့က နှလုံးသွေးကြောစနစ်အတွက် ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။ဒါ့ကြောင့်ပဲ သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲနှလုံးပြဿနာတွေကို ကာကွယ်ပေးပါတယ်။
ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတယ်

ဒန့်သလွန်စေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။
ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတယ်

ဒန့်သလွန်စေ့က အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပြီး ဦးနှောက်ကိုကျန်းမာစေပါတယ်။ ဦးနှောက်အတွက် အကောင်းဆုံးအာဟာရတွေဖြစ်တဲ့ အမိုင်နိုအက်စစ်၊ အိုမီဂါသရီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်အီး တို့အားလုံး ဒန့်သလွန်စေ့မှာပါရှိတယ်ဆိုတော့ ဦးနှောက်ကျန်းမာစေပြီပေါ့။
အသည်းကျန်းမာစေတယ်

ဒန့်သလွန်စေ့မှာ အသည်းထိခိုက်မှုကို လျော့နည်းစေပြီး အသည်းကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ဒန့်သလွန်စေ့က အသည်းမာ၊အသည်းခြောက်ခြင်းကို ကာကွယ်နိုင်ပြီး အသည်းကိုထိခိုက်စေမယ့်အရာတွေကို ကုသပေးနိုင်ပါတယ်။
အိပ်လို့ပျော်စေတယ်

ဒန့််သလွန်စေ့မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့အပြင် အိပ်စက်ခြင်းကိုအားပေးတဲ့ဟော်မုန်းတွေနှိုးဆွပေးတဲ့ အမိုင်နိုအက်စစ်တွေပါဝင်ပါတယ်။
မျက်စိအားကောင်းစေတယ်

ဒန့်သလွန်စေ့က အမြင်အာရုံအတွက်ကောင်းတဲ့ ဗီတာမင် အေလည်းပါဝင်မှုမနည်းပါဘူး။ ဒန့်သလွန်စေ့ကိုစားသုံးတဲ့သူတွေကိုလေ့လာရာမှာ ကွန်ပျူတာရှေ့အချိန်အရမ်းကြာခဲ့တာတောင် အမြင်အာရုံအားကောင်းနေသေးတာ ဖြစ်ပါတယ်။
သွေးအားကောင်းစေတယ်

ဒန့်သလွန်စေ့က သံဓာတ်ကြွယ်ဝလို့ သွေးအားနည်းခြင်းကို ကာကွယ်နိုင်၊အားဖြည့်နိုင်ပါတယ်။ မောပန်းနေတာ၊အားနည်းနေတာ၊ခေါင်းကိုက်တာ၊ အသက်ရှုူမဝတာ၊ ဦးနှော်က်စွမ်းဆောင်ရည်ကျဆင်းတာတွေက သွေးအားနည်းတဲ့လက္ခဏာတွေပါ။ ဒီလိုဖြစ်နေရင် ဒန့်သလွန်သာစားပါ။

ပြည်ပမှာတော့ ဒန့်သလွန်စေ့ကထုတ်တဲ့ ဆေးဝါးတွေ၊ အဆီတွေအများကြီးရှိပါတယ်။ ဆံသားနဲ့အသားအရေအတွက်ဆို ဒန့်သလွန်စေ့အဆီက သိပ်ကိုအကျိုးများပါတယ်တဲ့။
hellosayarwon

No comments:

Post a Comment