Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

၉ ႏွစ္အ႐ြယ္ မိန္းကေလးအား မိခင္၏ ေနာက္အိမ္ေထာင္က အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္မႈ ျဖစ္ပြား


စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္တြင္ အသက္ ၉ ႏွစ္အ႐ြယ္မိန္းကေလးအား မိခင္၏ ေနာက္အိမ္ ေထာင္က အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့သည္ဟု မင္းကင္းၿမိဳ႕မွ ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ သၾကၤန္မတိုင္မီကာလ၌ စတင္ျဖစ္ပြားခဲ့ၿပီး မိခင္ျဖစ္သူမွာ တစ္ဖက္႐ြာသို႔ ေစ်းသြားေရာင္းေနစဥ္ မိခင္၏ ေနာက္အိမ္ေထာင္ျဖစ္သူ  ႏိုင္လင္း (ခ) ေမာင္ဆန္းက မိန္းကေလးငယ္အား အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မိခင္ျဖစ္သူ ေနအိမ္တြင္ မရွိသည့္အခ်ိန္မ်ားတြင္ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့ၿပီး မိခင္ႏွင့္တျခားသူမ်ားအား ျပန္ေျပာမည္ဆိုပါက သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိန္းကေလးငယ္က အေဒၚျဖစ္သူအား ေျပာျပခဲ့ၿပီး မိခင္ျဖစ္သူက ၄င္းညီမမ်ားထံမွ သိရွိရၿပီးေနာက္ သမီးျဖစ္သူအား ေမးျမန္းကာ ေမ ၁၄ ရက္ေန႔က အမႈဖြင့္တိုင္တန္းခဲ့သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အသက္မျပည့္ေသးသည့္ ၉ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သည္ ဆိုသည့္ ႏိုင္လင္း(ခ) ေမာင္ဆန္းဆိုသူအား မင္းကင္းၿမိဳ႕မရဲစခန္းတြင္(ပ)၁၄၅/၂၀၁၉ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။
mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် အသက် ၉ နှစ်အရွယ်မိန်းကလေးအား မိခင်၏ နောက်အိမ်ထောင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု မင်းကင်းမြို့မှ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သြင်္ကန်မတိုင်မီကာလ၌ စတင်ဖြစ်ပွားခဲ့ပြီး မိခင်ဖြစ်သူမှာ တစ်ဖက်ရွာသို့ ဈေးသွားရောင်းနေစဉ် မိခင်၏ နောက်အိမ်ထောင်ဖြစ်သူ  နိုင်လင်း (ခ) မောင်ဆန်းက မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မိခင်ဖြစ်သူ နေအိမ်တွင် မရှိသည့်အချိန်များတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး မိခင်နှင့်တခြားသူများအား ပြန်ပြောမည်ဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်က အဒေါ်ဖြစ်သူအား ပြောပြခဲ့ပြီး မိခင်ဖြစ်သူက ၎င်းညီမများထံမှ သိရှိရပြီးနောက် သမီးဖြစ်သူအား မေးမြန်းကာ မေ ၁၄ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက်မပြည့်သေးသည့် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် နိုင်လင်း(ခ) မောင်ဆန်းဆိုသူအား မင်းကင်းမြို့မရဲစခန်းတွင်(ပ)၁၄၅/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။
mizzimaburmese

No comments:

Post a Comment