nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
ကင်ဆာရောဂါဟာ သေဆုံးမှုဖြစ်နိုင်ချေအများဆုံးရှိတဲ့ လူသတ်သမားရောဂါတစ်ခုလို့ဆိုနိုင်ပါတယ်။ အခုချိန်မှာတော့ ကင်ဆာရောဂါ ကြောင့် သေဆုံးရတဲ့အခြေအနေကို ရှောင်လွှဲနိူင်ဖို့ ဆေးဝါးကုသမှုဆိုင်ရာ တော်လှန်ရေးတစ်ခု စတင်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်သိပ္ပံပညာရှင်တွေက ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ကကြေငြာသွားခဲ့ပါတယ်။
ပေါင် ၇၅ သန်း တန်ဖိုးရှိတဲ့ သုတေသနအစီအစဉ်တစ်ခုမှာ ဆေးဝါးအသစ်တွေကီုတီထွင်သွားနိုင်ဖို့ရှိနေပြီး ကင်ဆာရောဂါကို ကိုင်တွယ်သွားနိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်းတစ်ခုဖြစ်လာတော့မယ်လို့ သူတို့ကယုံကြည်နေကြပါတယ်။
ကင်ဆာဝေဒနာသည်တွေအတွက် ဘေးထွက်ဆိုးကျိုးများပြားတဲ့ ဓာတ်ကင်ကုသမှုတွေအစား ကင်ဆာဆဲလ်နဲ့ အကျိတ်တွေကို အပြီးချေဖျက်နိုင်မယ့်နည်းလမ်းတွေနဲ့အတူ ကင်ဆာဆဲလ်တွေထပ်မပွားနိုင်စေမယ့် ကုသမှုနည်းလမ်းတွေကို သုတေသနပြုသွားမှာဖြစ်ပါတယ်။ ကင်ဆာရောဂါရှင်တွေကို ရေရှည်ကုသမှုနဲ့အတူ အသက်ရှည်ရှည်နေနိုင်စေမယ့် ကုသမှုဆိုင်ရာနည်းလမ်းတွေကိုပါ ပစ်မှတ်ထားရှာဖွေသွားတော့မှာဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင် အယောက် ၃၀၀ ဟာ ဒီ ကင်ဆာကုသမှုသုတေသနအစီအစဉ်မှာ ပါဝင်လာမှာပါ။ ပရော်ဖက်ဆာ ပေါလ်ဝေါ့ခ်မန်းကတော့ ကမ္ဘာမှာ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း ကင်ဆာကုသမှုအတွက် ဆေးဝါးတိုးတက်ဖွံ့ဖြိုးမှုကို မြင်တွေ့လာရတော့မှာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။
ဒါကြောင့် အနာဂတ်မှာ ဆေးဝါးတိုးတက်မှုတွေနဲ့အတူ ကင်ဆာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တော့မှာဖြစ်တယ်လို့ ဆိုရမှာပါပဲ။
nanmalgyi
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 17, 2019
ကင်ဆာရောဂါ ကို အမြစ်ပြတ်အောင် ကုသနိုင်တော့မယ့် နည်း
ကင်ဆာရောဂါ ကို အမြစ်ပြတ်အောင် ကုသနိုင်တော့မယ့် နည်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 17, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 17, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment