Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 25, 2019

အရိ​ေမ​ေတၱ​ယ်​ျမတ္​စြာ​ဘုရား ကို ဖူး​ခြင့္​ရ​မည့္ ပုဂၢိဳလ္​မ်ား


၁။ ယခု​ၾကဳံေတြ႕​ေန​တဲ့ ေဂါတမ သာသနာ​တြင္း​မွာ ကိုယ္တိုင္ ရဟန္း​သာမေဏ သီလ​ရွင္​ဝတ္​ၿပီး ပရိယတ္၊ ပ​ဠိ​ပတ္သာ​သ​နာ​ျပဳ​တဲ့ ပု​ဂၹိဳ​လ္။

​၂။ မိမိ​ရင္​မွ​ျဖစ္​တဲ့​သား၊ သူတစ္ပါး​ရင္​မွ ျဖစ္​တဲ့​သား​ေတြ​ကို ရဟန္းခံ​ေပး​ျခင္း၊ ရွင္ျပဳ​ေပး​ျခင္း​ျပဳ​တဲ့ ပု​ဂၹိဳ​လ္။

​၃။ မိ​ခင္​ဖ​ခင္​တို႔​ကို ဝတ္​ေက်​တန္း​ေက်​မဟုတ္​ဘဲ စိတ္ပါ​လက္​ပါ ရိုေသ​စြာ​ျပဳစု​လုပ္ေကၽြး​တဲ့ ပု​ဂၹိဳ​လ္။

​၄။ သရဏဂုံ​သီလ မ​ျပတ္ ေဆာက္တည္​ေသာ ပု​ဂၹိဳ​လ္။

၅။ ဘုရား​သာသနာ တည္​စိမ့္​ေသာ​ဌာ ေစတီ၊ ပုထိုး၊ စည္း​ခုံ ဥ​မင္​လို​ဏ္​ေခါင္း ဇရပ္ စ​သည္​တို႔​ကို ျပဳျပင္​တဲ့​ပု​ဂၹိဳ​လ္၊ အသစ္​ေဆာက္​လုပ္​လွူး​ဒါ​န္း​တဲ့ ပု​ဂၹိဳ​လ္။

​၆။ ​ေဗာ​ဓိ​ေညာင္​ပင္ စိုက္ပ်ိဳး​ေသာ ပု​ဂၹိဳ​လ္၊ ေညာင္ေရ​သြန္းေလာင္း​ေသာ ပု​ဂၹိဳ​လ္။

​၇။ ေရတြင္း ေရကန္ ေရအိမ္ စ​တု​ဒီ​သာ ေက်ာင္း​ဇရပ္ တံတား ျပဳျပင္​ေသာ​ပု​ဂၹိဳ​လ္၊ အ႐ုဏ္ဆြမ္း ေန႔​ဆြမ္း ေလာင္​လွူ​ေသာ ပု​ဂၹိဳ​လ္။

​၈။ ရဟန္း​တို႔​အား ပစၥည္း​ေလး​ပါး လွူဒါန္း​ေထာက္ပံ့​ေသာ ပု​ဂၹိဳ​လ္။

​၉။ ကမၼ​႒ာ​န္း​ဘာဝနာ ပြား​မ်ား​အားထုတ္​ေသာ ပု​ဂၹိဳ​လ္

အားလုံး ဧကန္​မုခ် ေျမႀကီး လက္ခတ္​မ​လြဲ၊ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္​ကို ဖူးေျမာ္​ရ​ၿပီး ​နိ​ဗၹာ​န္​ကို​ရ​မယ္။

*အရိ​ေမ​ေတၱ​ယ်​ျမတ္​စြာ​ဘုရား*

ကၽြန္ေတာ္​တို႔​ဟာ တကယ္​လို႔ ဗုဒၶ​ဘာသာ​ဝင္​ေတြ ျဖစ္​ၾက​မယ္​ဆို​ရင္ ေဟာ​ဒီ​ကမၻာ​မွာ ေနာင္​ပြ​င္​ေတာ္​မူ​မဲ့ ျမတ္​စြာ​ဘုရား​အေၾကာင္း​ကို သိ​ခ်င္​ၾက​မယ္​လို႔​ထင္​ပါ​တယ္ တခ်ိဳ႕​လည္း သိ​ၿပီး​ျဖစ္​ေန​ၾက​မွာ​ပါ မ​သိ​ရ​ေသး​တဲ့ သူ​ေတြ​အတြက္ ဒီ​ပို​စ့္​ေလး​ကို​တင္​လိုက္​တာ​ပါ ဒီ​ေမး​လ္​ေလး​ကို ပို႔​ေပး​တဲ့ အရွင္​ဝိ​မ​လ​ဝံ​သ​ကို အ​ထူး​ေက်းဇူးတင္​ပါ​သည္​ဘုရား။ ေနာင္​ပြင့္​ေတာ္​မူ​မည့္ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္ ကို ရွိခိုး​ကန႔္​ေတာ့​လိုက္​ပါ​တယ္ ဘုရား

ကၽြန္ေတာ္​တို႔ ေနထိုင္​ေသာ​ေဟာ​ဒီ​ကမၻာ​မွာ​ဘုရား​ငါး ဆူ​ပြင့္​မယ္​လို႔ မွတ္သား​ၾကားသိ​ဖူး​ပါ​တယ္ အခု​ဘုရား​ေလး​ဆူး​ပြင့္​ထြန္း​ၿပီး​ပါ​ၿပီ ေနာင္​ပြင့္​လ​တၱံ​ေသာ ျမတ္​စြာ​ဘုရား​မွာ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္ ဟု​သိ​ရ​ပါ​တယ္။ ဗုဒၶ​ဘာသာ​တိုင္း​ရဲ့​ရည္​မွန္း​ခ်က္​ပန္း​တိုင္း​က နိဗၺာန္​ျဖစ္​ပါ​တယ္ "အလြန္​ၾကည္ညိဳ​စရာ​ေကာင္း​ေသာ​ဘုရားရွင္​ရဲ့ တရား​ေတာ္​အားနာ​ၾကား​ၿပီး ေရွ႕​ေတာ္​မွာ​တင္​ကၽြတ္​တမ္း​ဝင္ နိဗၺာန္​စံ​ရ​မယ္​ဆို​ရင္ အေကာင္း​ဆုံး​ေပါ့​ဗ်ာ။"

အဲ​ဒီ​အတြက္ ကၽြန္ေတာ္​တို​ဘုရားရွင္ ​ေဟား​ၾကား​ခဲ့​သည့္​အတိုင္း လိုက္​လုပ္​ဖို႔ လို​ပါ​တယ္ …သုံး​ခ်က္​ထဲ​ပါ

​၁။ မေကာင္းမွု ကို​ေရွာင္​ရ​မယ္ ။

​၂။ ေကာင္းမွု ကို​ေဆာင္​ၿပီး​အစဥ္​ျပဳလုပ္​ေန​ရ​မယ္ ။

​၃။ စိတ္​ကို ျဖဴစင္​ေအာင္​ထား​ရ​ပါ​မယ္ ။

ေဂါတမ ျမတ္​စြာ​ဘုရားရွင္​က ကပၸိ​လ​ဝတ္​ျပည္ ​နိ​ေျဂာ​ဓာ​႐ုံ​ေက်ာင္း​မွာ သီတင္းသုံး​ေန​တဲ့​အခ်ိန္ အရွင္​သာ​ရိ​ပု​တၱ​ရာ​၏ ေလၽွာက္ထားခ်က္​အရ အရ​ဟ​တၱ​ဖိုလ္​ဈာန္​သ​မာ​ပတ္ ဝင္စား​ၿပီး အ​ဇိ​တ​ရဟန္း ေနာင္​အနာဂတ္​ကာလ​မွာ အရိ​ေမ​ေတၱ​ယ်​ဘုရား ျဖစ္​ေတာ္​မူ​မည့္​အေၾကာင္း​ကို ေဟာၾကား​ေတာ္ မူ​ပါ​တယ္။ အရိ​ေမ​ေတၱ​ယ်​ဘုရားေလာင္း​က တစ္​သေခၤ်​ႏွင့္ ကမၻာ​တစ္​သိန္း ပါရမီ​ေတြ​ျဖည့္​က်င့္​ၿပီး တု​သိ​တာ​နတ္ျပည္​မွာ​ရွိ​ေန​မယ္။

ေနာင္​ပြင့္​ေတာ္​မူ​မည့္​အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္​အေၾကာင္း...

အေလာင္း​ေတာ္​နတ္​သား​က လူ႔​ျပည္​ကို​ဆင္း​ၿပီး ပဋိသေႏၶေန​ဖို႔​ရာ​အတြက္ ဘုရားေလာင္း​တို႔​ရဲ့ ထုံး​တမ္း​အစဥ္​အလာ ဓမၼတာ​အရ ပဋိသေႏၶယူ​ေတာ့​မယ္​ဆို​ရင္ ၾကည့္​ျခင္း​ငါး​ပါး အရ​င္​ၾကည့္​ၿပီး​မွ ပဋိသေႏၶယူ​ေလ့​ရွိ​ၾက​တယ္။

ၾကည့္​ျခင္း​ငါး​ပါး​ျဖင့္​ၾကည့္​ေတာ္​မူ​ျခင္း​က-..

(၁)ဘုရား​ျဖစ္​မည့္​ေခတ္​အခါ​ကာလ​ကား အႏွစ္​တစ္​သိန္း​မွ​စ​ၿပီး ေအာက္​ျဖစ္​ေသာ​ကာလ အႏွစ္​တစ္​ရာ​တန္း​မွ​စ​ၿပီး အထက္​ျဖစ္​ေသာ​ကာလ (တစ္​သိန္း​ႏွင့္ တစ္​သိန္း​ေအာက္- ​၁​၀​ဝ​အထက္)

(၂)ဘုရား​ျဖစ္​ရာ​ကၽြန္း​ကား ဇမၺဴဒိပ္​ကၽြန္း

(၃)ဘုရားပြင့္​ရာ​ေဒသ​ကား မ​ဇၥ်ိ​မ​ေဒသ

(၄)ဘုရားေလာင္း​ျဖစ္​ရာ အမ်ိဳး​ကား မင္း​မ်ိဳး ပုဏၰား​မ်ိဳး

(၅)မယ္ေတာ္​၏​အသက္​အပိုင္းအျခား​ကား ဘုရားေလာင္း​ေမြး​ၿပီး ခုနစ္​ရက္​သာ​ေန​ရ​ျခင္း

ပဋိသေႏၶ​ယု​ျခင္း...

ေက​တု​မ​တီ​ျပည္………..သ​ခၤ​စၾကဝေတး​မင္း​ႏွင့္​တိုင္ပင္​ႀကံစည္​ဘက္​ကိုးကြယ္​ရာ​ျဖစ္​ေသာ အတိတ္ အနာဂတ္​ကို​သိျမင္​နိုင္​ၿပီး​ပ​စၥဳ​ပန္​သံသရာ​အစီးအပြား​ကို ဆုံးမ​တတ္​ေသာ သု​ျဗ​ဟၼ​ပုဏၰား​ႀကီး​၏ ​ျဗ​ဟၼ​ဏ​ဝ​တီ​ပုေဏၰးမ​ဝမ္း​မွာ ပဋိသေႏၶေန​လိမ့္​မည္။

​ျဗ​ဟၼ​ဏ​ဝ​တီ​ပုေဏၰးမ​ဝမ္း​မွာ​ဆယ္​လ​ျပည့္​တဲ့​အခါ​မွာ ဣ​သိ​ပ​ေတ​န​သမင္​ေတာ​မွာ မယ္ေတာ္ ​ျဗ​ဟၼ​ဏ​ဝ​တီ​သည္​ထိုင္​လ်က္​လည္း​မဟုတ္ အိပ္​လ်က္​လည္း​မဟုတ္​ဘဲ ရပ္​လ်က္​သာ​လၽွင္ သစ္ပင္​၏​အကိုင္း​အခက္​ကို​ကိုင္​လ်က္ ေမ​ေတၱ​ယ်​ကို​ဖြား​ေတာ္​မူ​လိမ့္​မည္။ဘုရားေလာင္း​နဲ႔​အတူ တစ္​ခ်ိန္​တည္း​ဖြား​ေတာ္​မူ​တဲ့​ဖြား​ဘက္​ေတာ္ ​၁​၈ ကုေဋ​အားလုံး​အမတ္​ေတြ​ခ်ည္း​ျဖစ္​မယ္။ အ​ဇိ​တ​ဟူ​ေသာ​အမည္​ကို​သာ​ေပး​လိမ့္​မယ္။ ဘုရားေလာင္း​အ​ဇိ​တ​မင္းသား​ဟာ​ဖြား​လၽွင္​ဖြား​ခ်င္း ခုနစ္​ဖဝါး​လွမ္း​ၿပီး ေျခ​ေတာ္​ခ်​တိုင္း​ခ်​တိုင္း ၾကာ​ပြင့္​ေတြ​ေပၚေပါက္​လိမ့္​မယ္။

ဖြား​လၽွင္​ဖြား​ခ်င္း ခုနစ္​လွမ္း​လွမ္း​ၿပီး "ယခု​ဘဝ​ကား ငါ့​အဖို႔​ေနာက္ဆုံး​ဘဝ​တည္း ေနာက္ထပ္​ဘဝ​မ​ရွိ​ေတာ့​ၿပီ အာသေဝါ​ကင္း​သည္ ျဖစ္​ေသာ​ေၾကာင့္​ၿငိမ္း​ေအး​လ​တၱံ့" ဟူ​ေသာ​စကား​ကို​အရပ္​ေလးမ်က္ႏွာ​ကို ၾကည့္​ၿပီး​ေျပာဆို​လိမ့္​မယ္။

ျပာ​သာ​ဒ္​ေလး​ေဆာင္​ေပၚလာ​ျခင္း...

အ​ဇိ​တ​မင္းသား​ေလာက​စည္းစိမ္​ခံစား​ဖိ​ ု႔​ရာ​ေနမင္း​၏​ေရာင္ျခည္​ကဲ့သို႔ လူ​သား​ေတြ​မ်က္စိ​ျဖင့္ စိန္းစိန္း​မ​ၾကည့္​ဝံ့​တဲ့ အေရာင္​တ​လက္လက္​ျဖင့္ ရတနာ​အေရာင္ ထြန္းလင္း​ေျပာင္​တဲ့​တင့္တယ္​ခံ့​ညား​ေသာ ျပာ​သာ​ဒ္​ေလး​ေဆာင္ ေပၚေပါက္​လာ​လိ္​မ့္​မည္။ ျပာ​သာ​ဒ္​ေလး​ေဆာင္​ကို တစ္​ေဆာင္​မွာ ပရိေဘာဂ​အသုံးအေဆာင္ အ​ျပည့္​အစုံ​ပါ​တဲ့​တိုက္ခန္း​က ခုနစ္​ေထာင္​စီ တစ္ဖက္​တစ္ဖက္​မွာ ပတၱျမား​ေက်ာက္​မ်က္​ရြဲ​စီ​ေသာ​နဝရတ္​ကိုး​ပါး​နဲ႔ ျပည့္စုံ​ေသာ ပလႅင္​ခုနစ္​ေထာင္​စီ ရတနာ​ခုနစ္​ပါး​ႏွင့္​ျပည့္စုံ​ေသာ ထီးျဖဴ​ခုနစ္​ေထာင္​စီ ခုတင္​ေညာင္ေစာင္း​ခုနစ္​ေထာင္​စီ ျပာ​သာ​ဒ္​တစ္​ေဆာင္​ကို တိုက္ခန္း​က ခုနစ္​ေထာင္​စီ​ဆို​ေတာ့ ျပာ​သာ​ဒ္​ေလး​ေဆာင္​ဆို​ရင္ တိုက္ခန္း​ေပါင္း ​၂​၈​၀​၀​၀ ရွိ​မယ္။ ျပာ​သာ​ဒ္​တစ္​ေဆာင္​တစ္​ေဆာင္​ကို ေရႊ​အိုး​ႀကီး​က​တစ္​လုံး​စီ။ ေရႊ​အိုး​တစ္​လုံး​စီ​ရဲ့​အဝ​ကား တစ္​ယူဇနာ​က်ယ္​မယ္။ ေရႊ​အိုး​၏​အေမာက္​ကား ေျမႀကီး​နဲ႔​အမၽွ​ေအာက္ေျမ​ႀကီး​အဆုံ​ း​ထိ သုံး​လို႔​မ​ကုန္​ဘူး။ ဒါ​တင္​မက​ေသး​ဘူး ေရႊ​အိုး​တစ္​လုံး​စီ​မွာ ပေဒသာ​ပင္​ႀကီး​ေျခာက္​ပင္​စီ ေပါက္​လိမ့္​မယ္။ ျပာ​သာ​ဒ္​တစ္​ေဆာင္ တစ္​ေဆာင္​မွာ ဆဒၵန္ဆင္မင္း​ခုနစ္​ေထာင္ ေလာ​ဟ​က​သိေႏၶာျမင္း တစ္​ေထာင္​ျဖင့္ ေမာင္း​ႏွင္​ရ​ေသာ​ရထား​ခုနစ္​ရာ ေမာင္းမ​ေပါင္း​တစ္​ေသာင္း​ေျခာက္​ေ ​ထာ​င္​က ဆို​တီးမွုတ္​ေျဖ​ေဖ်ာ္​ဖို႔​ရာ ကေခ်သည္​အမ်ိဳးသမီး​ခုနစ္​ေထာင္​တို႔​ျဖင့္​ေဖ်ာ္ေျဖ​ၾက​လိမ့္​မည္။

အ​ဇိ​တ​မင္းသား​အိမ္ေထာင္​ျပဳ​ျခင္း...

အခ်ိန္​တန္​လို႔​အရြယ္ေရာက္​တဲ့​အခါ စ​ႏၵ​မု​ကၡီ​အမ်ိဳးသမီး​နဲ႔​အိမ္ေထာင္​ျပဳ​လိမ့္​မည္။ စ​ႏၵ​မု​ကၡီ​အမ်ိဳးသမီး​က​လည္း သူမ​တူ နတ္​သမီး​တ​မၽွ​အလြန္​လွပ​ၿပီး သူ႔​ရဲ့​ခႏၶာ​ကိုယ္​အနံ့​ကား စႏၵကူး​သရကၡန္​အနံ့​လို​ေမႊးႀကိဳင္​ေန​မယ္။ ခႏၶာ​ကိုယ္​အသား​က​လည္း ဝါဂြမ္း​ကဲ့သို႔ ႏူးညံ့​မယ္။ ခႏၶာ​ကိုယ္​အေရာင္​က ဆ​ယ့္​ႏွစ္​ေတာင္​အတြင္း မီး​မ​ထြန္း​ဘဲ အေရာင္​တဝ​င္း​ဝင္း​ထိန္​ေန​မယ္။ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္​ဟာ​ဘယ္ေလာက္​ဘုန္းႀကီး​လိုက္​မ​လဲဆို​တာ ရွင္ဘုရင္​မဟုတ္​ဘဲ​နဲ႔ အ​ဇိ​တ​မင္းသား​ဘဝ​ေလာက္​ရွိ​တာ​ေတာင္​မွ​သ​ခၤ​စၾကဝေတး​မင္း​ႏွင့္​တ​ကြ ၿမိဳ႕​ေပါင္း​ရွစ္​ေသာင္း​ေလး​ေထာင္​က ရွင္ဘုရင္​ေတြ​နတ္​သား​ေတြ​က ေဝ​ယ်​ဝ​စၥ​လုပ္​ေပး​ခ်င္​လို႔​ျပဳလုပ္​ခြင့္​ေပး​ဖို႔​လာ​ၿပီး​ေတာင္းပန္​ၾက​တယ္​တဲ့။ အ​ဇိ​တ​မင္းသား​က အကၽြန္ုပ္​မွာ ဖြား​ဘက္​ေတာ္ ​၁​၈ ကုေဋ​အမတ္​ႀကီး​ႏွင့္​တ​ကြ ဆင္​ျမင္း​ရဲမက္​ဗိုလ္​ပါ​ေတြ ရွိ​ပါ​တယ္။ အလို​မ​ရွိ​ေတာ့​ပါ​ဟု ေျပာ​လႊတ္​လိမ့္​မယ္။

သား​ေတာ္​ဖြားျမင္​ျခင္း...

အ​ဇိ​တ​မင္းသား​ဟာ ျပသာဒ္​ေလး​ေဆာင္​မွာ ေလာကီ​စည္းစိမ္​ခံစား​ေန​စဥ္​မွာ အႏွစ္​တစ္​ေသာင္း​ျပည့္​တဲ့​အခါ​က်​ရင္ ျဗဟၼာ​ဝံ​သ ဆို​တဲ့ သားေယာက္်ား​ေလး​ေမြး​ဖြား​လိမ့္​မယ္ ။

နိမိတ္​ေလး​ပါး​ျမင္​ျခင္း...

ျဗဟၼာ​ဝံ​သ သားေယာက္်ား​ေလး​ေမြး​ဖြား​ၿပီး​တဲ့​အခါ ဘုရားရွင္​တို႔​ရဲ့ ထုံး​တမ္း​စဥ္​လာ ဓမၼတာ​အရ ဥယ်ာဥ္​က​ထြက္​စဥ္​မွာ သူအို သူနာ သူ​ေသ ရဟန္း နိမိတ္ႀကီးေလးပါး​ေတြ႕​ျမင္​ရ​ရင္ သံေဝဂ​တရား​ေတြ​ရ​လာ​ၿပီး​ေတာ့ ေတာထြက္​မည့္​အႀကံ​ျဖစ္​ေပၚလာ​လိမ့္​မည္။ ဒိ​ဗ်ာ​ဝ​ဒါန ေမ​ေတၱ​ယ်​ဗ်ာ​ကရဏ​ဝ​ဒါန (၃​၆-၃​၇) မွာ​ျပ​ဆို​ထား​တာ​ကေတာ့ သ​ခၤ​မင္း​၏ ယဇ္​တိုင္​အပိုင္းပိုင္း​ျပတ္​သည္​ကို ျမင္​ရ​ၿပီး သံေဝဂ​ျဖစ္​ၿပီး​ေတာထြက္​လိမ့္​မည္​လို႔​ျပ​ဆို​ထား​တာ​ရွိ​ေသး​တယ္။ ဘယ္​လို​ပုံ​နည္း​နဲ႔​ျဖစ္​ျဖစ္ ေတာ​ကေတာ့​ထြက္​မွာ​ပါ​ပဲ။ အ​ဇိ​တ​မင္းသား ေတာထြက္​မယ့္​အႀကံ​စိတ္​ကို သ​ခၤ​စၾကဝေတး​မင္း​က သိ​တဲ့​အခါ အ​ဇိ​တ​မင္းသား​ေပ်ာ္​ေအာင္ဆို​ၿပီး​ေတာ့ ရွစ္​ေသာင္း​ေလး​ေထာင္​ေသာ ကေခ်သည္​ေတြ​ၿမိဳ႕သူ ၿမိဳ႕​သား နိဂုံး​ဇနပုဒ္​သူ မင္းသား​မင္း​ေျမး သူေဌး သူႂကြယ္​စ​ေသာ လူအ​ေပါင္း​တို႔​က ပန္းနံ့သာ​စြဲ​လ်က္ အ​ဇိ​တ​မင္းသား​ကို ၿခံရံ​ၿပီး ေန​ၾက​လိမ့္​မယ္။ နတ္​ျဗဟၼာ​ေတြ​က​လည္း နတ္​တို႔​ရဲ့ ထီး တံခြန္ ပန္းနံ့သာ ေရႊ​ေပါက္​ေပါက္ ေငြ​ေပါက္​ေပါက္ စ​သည္​တို႔​ျဖင့္ ဘုရားေလာင္း​ျပာ​သာ​ဒ္ မိုး​ႀကီး​ရြာ​သကဲ့သို႔ အ​ျပည့္​အလၽွံ​ၿခံရံ​ခစား​ေန​ၾက​လိမ့္​မယ္။ လူ႔​ဘဝ ကာမဂုဏ္​ထဲ​မွာ​ေပ်ာ္​ေအာင္​ေျဖ​ေဖ်ာ္​ေန​ၾက​တာ။

အ​ဇိ​တ​မင္းသား​ေတာထြက္​ေတာ္​မူ​ျခင္း...

အ​ဇိ​တ​မင္းသား ေတာထြက္​မယ္​ဆို​တဲ့ စိတ္​အႀကံ​ကို သ​ခၤ​စၾကဝေတး​မင္း​ႏွင့္​တ​ကြ တိုင္း​သူ​ျပည္​သား လူ​ေတြ​အားလုံး​သိ​သြား​ၾက​တဲ့​အခါ​မွာ ဘယ္​ေန႔ ဘယ္​ရက္ ဘယ္​အခ်ိန္​မွာ အ​ဇိ​တ​မင္း ေတာထြက္​မယ္​ဆို​တဲ့ သ​တင္း​အ​သံ​ကို အားလုံး​သိ​သြား​ၾက​ေတာ့ နန္းတြင္းသူ နန္းတြင္းသား ၿမိဳ႕သူ​ၿမိဳ႕​သား​ေတြ ေတာ​ရြာ​ဇနပုဒ္​က လူ​ေတြ မင္းသား မင္း​ေျမး သူေဌး သူႂကြယ္​အစ​ရွိ​တဲ့ လူ​ေပါင္း​မ်ား​စြာ​ႏွင့္​တ​ကြ စ​ႏၵ​မု​ကၡီ သား​ေတာ္ ျဗဟၼာ​ဝံ​သ အလုပ္​အ​ေကၽြး​ကေခ်သည္​ေတြ​ေရာ အ​ဇိ​မင္း​ရဲ့ ျပာ​သာ​ဒ္​ထဲ​မွာ ေတာထြက္​ရင္​လိုက္​ဖို႔​ရာ​အတြက္​ျပည့္​လၽွံ​ၿပီး​ေတာ့​ေန​မယ္။ ေတာထြက္​မည့္ အခ်ိန္​လည္း​ေရာက္​ေရာ လူ​ေပါင္း​မ်ား​စြာ​ျပည့္​ေန​တဲ့ ျပာ​သာ​ဒ္​ႀကီး​ဟာ ဘုရားေလာင္း​တန္ခိုး​ေတာ္​ၾကာ​င့္​လည္းေကာင္း စၾကဝေတး​မင္း​အာဏာ​ေၾကာင့္​လည္းေကာင္း နတ္​ျဗဟၼာ​တို႔ တန္ခိုး​ေတာ္​ေၾကာင့္​လည္းေကာင္း ဟ​သာ​ၤ​မင္း​ပ်ံ​သကဲ့သို႔ ေကာင္းကင္​ယံ​သို႔​ပ်ံ​တက္​ၿပီး ကံ့ေကာ္​ပင္​ရွိ​ရာ​အရပ္​သို႔ ေကာင္းကင္​ယံ​ခရီး​ျဖင့္ ေတာထြက္​သြား​ၾက​လိမ့္​မယ္။ နတ္​ျဗဟၼာ​မ်ား ပို႔ေဆာင္​ျခင္း ေကာင္းကင္​ယံ ဟ​သာ​ၤ​ပ်ံ ျပာ​သာ​ဒ္​ႀကီး​ကို ျဗဟၼာ​မင္း​က သုံး​ယူဇနာ ရွိ​ေသာ​ထီး​ကို​ကိုင္​ၿပီး လိုက္​မယ္။ သိၾကားမင္း​က အေတာင္​ေျခာက္​ဆယ္​ရွိ​ေသာ လက္ယာ​ရစ္ ခ႐ုသင္း​ကို​ကိုင္​လ်က္ သာဓု သုံး​ႀကိမ္​ေခၚ​ၿပီး​လိုက္​မယ္။ သုတ​ဝံ​နတ္​သား​က သားၿမီးယပ္​ကို​ကိုင္​ၿပီး​လိုက္​မယ္။ တု​သိ​တာ​နတ္​သား​က ပတၱျမား​ယပ္​ကို​ကိုင္​ၿပီး​လိုက္​မယ္။ ပ​ဥၥ​သႋ​ခ​နတ္​သား​က ေစာင္း​ကို​ကိုင္​မယ္။ ေလာက​ပါ​လ​နတ္​သား​ေလး​ေယာက္​က သန္လ်က္​ကို​ကိုင္​မယ္။ ႏွစ္​သိန္း​ရွစ္​ေသာင္း​ရွိ​တဲ့ ဘီလူး​စစ္သည္​ေတြ​က လက္နက္​ကိုယ္စီ​ကိုင္​မယ္။ နတ္​သမီး​ေတြ​က ရတနာ​ပု​ေဋာ​င္း​ကို​ကိုင္​မယ္။ အသူရာ​နတ္​တို႔​က သီခ်င္းဆို​ၿပီး​ေတာ့ နတ္​တို႔​၏ တံခြန္​ကို​ကိုင္​မယ္။ နတ္​မင္း​တို႔​က ပတၱျမား​ရွိ​ေသာ ဆီမီး​ကို​ကိုင္​မယ္။ ဂဠဳန္​တို႔​က ေစာင္းတီး​လိုက္​မယ္။ ဂႏၶ​ဗၺ​နတ္​တို႔​က ေစာင္းတီး​ၿပီး​လိုက္​မယ္။ ဟ​သာ​ၤ​ပ်ံ​ေကာင္းကင္​ျပာ​သာ​ဒ္​ထဲ​မွာ ေတာထြက္​လို႔ လိုက္​ၾက​မည့္ ပရိသတ္​ေတြ​က ရွစ္​ေသာင္း​ေလး​ေထာင္​တဲ့။ ေကာင္းကင္​ယံ​ျပာ​သာ​ဒ္​ပ်ံ​နဲ႔ ေဆြ​စုံ​မ်ိဳး​စုံ သား​နဲ႔ မယား​နဲ႔ ရွစ္​ေသာင္း​ေလး​ေထာင္​ပရိသတ္​နဲ႔ အၿခံအရံ​နဲ႔ ေကာင္းကင္​ခရီး​ျဖင့္ ကံ့ေကာ္​ပင္​ရွိ​ရာ​သို႔ ေတာထြက္​မွာ။ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္​ဟာ ကံ့ေကာ္​ပင္​ေအာက္​မွာ​ပြင့္​မွာ​ပါ။ ကံ့ေကာ္​ပင္​ဆီ​ေရာက္​တဲ့​အခါ​မွာ အ​ဇိ​တ​မင္းသား​က ကံ့ေကာ္​ပင္​ေအာက္​မွာ ဒု​ကၠ​ခ​ရ​စ​ရိ​ယာ​ကို က်င့္​ေတာ္​မူ​ပါ​မယ္။ အ​ဇိ​တ​မင္းသား​ဟာ ဒု​ကၠ​ခ​ရ​စ​ရိ​ယာ​ကို ေျခာက္​ရက္​က်င့္​ေတာ္​မူ​႐ုံ​မၽွ​နဲ႔ ဘုရား​စင္စစ္​ျဖစ္​လိမ့္​မည္။ စ​ႏၵ​မု​ကၡီ​မိဖုရား​က အဲ​ဒီ​ေနရာ​မွာ​ပဲ နတ္ဩဇာ​နဲ႔​ျပည့္စုံ​တဲ့ ႏြားနို႔​ဆြမ္း​လွု​လိမ့္​မယ္။

သဗၺညဳတ​ဥာ​ဏ္​ရသ​ည့္​အခ်ိန္...

ညေနခ်မ္း​အခ်ိန္​ေရာက္​သည့္​အခါ ကံ့ေကာ္​ပင္​နဲ႔ မ​နီး​မ​ေဝး ရတနာ​ခုနစ္​ပါး​နဲ႔​ျပည့္စုံ​တဲ့ အျမင့္ ​၆​၄​ေတာင္​ရွိ​တဲ့ ေရႊ​ပလႅင္​ေပၚေပါက္​လာ​လိမ့္​မယ္။ ထို​ေရႊ​ပလႅင္​အထက္​ဝယ္ ထက္ဝက္ဖြဲ႕ေခြ​ထိုင္​ေန​ေတာ္​မူ​လ်က္ အေရွ႕​ေလာက​ဓာတ္​ကို​ၾကည့္​ၿပီး နတ္​ပရိသတ္​နဲ႔ လူ​ပရိသတ္​ေတြ​ၿခံရံ​လ်က္ မာရ္နတ္​ရဲ့​ရန္​ကို​ေအာင္ျမင္​လိမ့္​မယ္။ ညဉ့္​ဦး​ယံ​မွာ ပု​ေဗၺ​နိ​ဝါ​သ​ႏု​ႆ​တိ​ဥာ​ဏ္​ကို​ရ​မယ္။ သန္းေခါင္ယံ​အခ်ိန္​မွာ ဒိ​ဗၺ​စကၡဳ​ဥာ​ဏ္​ကို​ရ​မယ္။ မိုးေသာက္ယံ​အခ်ိန္ အာ​သ​ဝ​ကၡ​ယ​ဥာ​ဏ္​ေတြ​ရ​ၿပီး​ေတာ့ ေနဝန္း​ႀကီး​ေပၚေပါက္​လာ​တဲ့​အခ်ိန္​က်​ေတာ့ သစၥာေလးပါး​ကို​သိ​ၿပီး သဗၺညဳတ​ဥာ​ဏ္​ကို​ရ​မယ္။

ဘုရားပြင့္​တဲ့​ကံ့ေကာ္​ပင္​ရဲ့ လုံးပတ္​က အဲ​ဒီ​ေခတ္​အခါ​မွာ လူ​ေတြ​ရဲ့ အေတာင္​နဲ႔ အေတာင္​ခုနစ္​ဆယ္​ရွိ​မယ္။ အကိုင္း​အခက္ ကိုး​ကိုင္း ခက္မ​ကိုး​ျဖာ​လို႔​ေခၚ​တယ္။ ကံ့ေကာ္​ပင္​ရဲ့ အနံ့​ေတြ​က ေလေအာက္​ကို​ဆယ္ယူ​ဇ​နာ ေလ​အထက္​ကို ဆယ္ယူ​ဇ​နာ​ေမႊး​မယ္။ ကံ့ေကာ္​ပြင့္​ေတြ​က ႏြား​လွည္း​ဘီး​ေလာက္​ႀကီး​မယ္။ ဘုရား​ျဖစ္​တဲ့​ေန႔​က​စ​ၿပီး ပြင့္​ၾက​တဲ့ ကံ့ေကာ္​ပြင့္​ေတြ​ဟာ ဘုရား​ပရိနိဗၺာန္စံ​တဲ့​ေန႔​က်​မွ ေႂကြ​ၾက​ေတာ့​မွာ။ အဲ​ဒီ​ကံ့ေကာ္​ပင္​ကို ဘယ္​ငွက္​မွ မ​နား​ဝံ့​ၾက​ဘူး။ ျဖတ္​ေက်ာ္​မ​ပ်ံ႕​ဝံ့​ၾက​ဘူး။ ကံ့ေကာ္​ပင္း​နား​ေရာက္​တဲ့​ငွက္​တို င္း သတၱဝါ​တိုင္း ကံ့ေကာ္​ပင္​ကို လက္ယာ​ရစ္​သုံး​ပတ္​ပတ္​ၿပီး​မွ သြား​ၾက​လိမ့္​မယ္။ ျဗဟၼာ​မင္း​က တရားေဟာ​ရန္ ေတာင္းပန္​ျခင္း အဲ​ဒီ​ကံ့ေကာ္​ပင္​ရဲ့ အနီး​အနား​မွာ​ပဲ သီတင္းသုံး​ေန​တဲ့​အခ်ိန္ ေလး​ဆ​ယ့္​ကိုး​ရက္​ေက်ာ္​လြန္​တဲ့​အခါ ပြင့္​ေတာ္​မူ​သြား​ၾက​တဲ့ ဘုရားရွင္​တိုင္း​ရဲ့ ထုံး​တမ္း​အစဥ္​အလာ​အရ ျဗဟၼာ​မင္းႀကီး​ရဲ့​ေလာက​ဂ႐ု​ကို ခံယူ​မယ္။ ျဗဟၼာ​မင္း​က​ေတာင္းပန္​မွ တရားေဟာ​ရ​တာ​က ပြင့္​ေတာ္​မူ​သြား​ၾက​တဲ့ ဘုရားရွင္​တိုင္း​ရဲ့ ဓမၼတာ​ျဖစ္​လို႔ ေဟာ​ရ​တာ။ ဘုရား​မ​ပြင့္​မီ ​ဗာ​ဟိ​ရကာ​လ​မွ လူ​ဝတ္ေၾကာင္​မ်ား ရေသ့ ပရိ​ဗို​ဇ္ ရဟန္း ပုဏၰား​တို႔​ေတြ​ဟာ ျဗဟၼာ​ေတြ​ကို​သာ အေလး​ဂ႐ုျပဳ ကိုးကြယ္​ေန​ၾက​တာ။ တ​ေလာက​လုံး​က အေလး​အျမတ္​ျပဳ​ေသာ ျဗဟၼာ​ႀကီး​က ျမတ္​စြာ​ဘုရား​အား အေလးျပဳ ညႊတ္​တြား​ကိုင္း​ရွို​င္း​လာ​လၽွင္ တစ္​ေလာက​လုံး​ပင္ ျမတ္​စြာ​ဘုရား​ကို အေလးျပဳ​ညႊတ္​တြား​ကိုင္း​ရွို​င္း​လာ​လိမ့္​မယ္။ အဲ​ဒါ​ကို ေလာက​ဂ႐ု ယူ​လိုက္​တာ​လို႔​ေခၚ​တယ္။

ဓမၼ​စၾကာ​တရားေဟာ​ႂကြ​ျခင္း...

ျဗဟၼာ​မင္း​ထံ​မွ တရားေဟာ​ရန္​ဝန္ခံ​ၿပီး​ၿပီ​ဆို​လၽွင္​ပဲ ဣ​သိ​ပ​တန​ဥယ်ာဥ္​ေတာ​သို႔ ဓမၼ​စၾကာ​တရားေဟာ​ဖို႔​ရန္​ႂကြ​လိမ့္​မယ္။ ဘုရားရွင္​ေျခ​ေတာ္​အစုံ​ကို ခံ​အံ့​ေသာ​ငွာ ေျမႀကီး​ကို​ခြင္း​ၿပီး အေတာင္​သုံး​ဆယ္​ရွိ​တဲ့ ၾကာ​ပြင့္​ႀကီး ​၂​၄ ေတာင္​ရွိ​တဲ့ ၾကာ​ပြင့္​ငယ္​ေတြ​က ဘုရားရွင္​ေျခ​ခ်​တိုင္း ေျခ​ခ်​တိုင္း ပြင့္​ေပး​လိမ့္​မယ္။ လူ​ပရိသတ္ ရွစ္​ယူဇနာ နတ္​ပရိသတ္ စၾကာ​ဝ​ဠာ​တိုက္​အ​ျပည့္ ျဗဟၼာ​ျပည္​အထက္​ဆုံး အက​နိ​႒​ဘုံ​တိုင္ေအာင္ ပရိသတ္​ေတြ​ကို ထန္းသီး​လုံး​ေလာက္​ႀကီး​ေသာ ေရာင္ျခည္​ေတာ္ ေျခာက္​ပါး​လႊတ္​ၿပီး ဓမၼ​စၾကာ​တရားေဟာ​တဲ့​အခါ​မွာ လူပု​ဂၢိဳ​လ္ ကုေဋ​တစ္​သိန္း နတ္​ျဗဟၼာ​ေတြ​က ကုေဋ​တစ္​သိန္း ကၽြတ္​တမ္း​ဝင္​ၾက​လိမ့္​မယ္။

ဘုရားရွင္​၏​တန္ခိုး​ေတာ္...

ဘုရားရွင္​၏​တန္ခိုး​ေတာ္​ေၾကာင့္ ေရႊပန္း​ဆိုင္း ေငြပန္း​ဆိုင္း ပုလဲ​ပန္းဆိုင္း သႏၲာ​ပန္းဆိုင္း​တို႔​ျဖင့္ တန္ဆာ​ဆင္​လ်က္ ရတနာ​ခုနစ္​ပါး​ႏွင့္ ျပည့္စုံ​ၿပီး ဆ​ယ့္​ႏွစ္​ယူဇနာ​က်ယ္ဝန္း​တဲ့ ဗိ​မာန္​မ်က္ႏွာ​က်က္​သည္ ဓမၼ​စၾကာ​တရား​ဦး​ေဟာ​သည့္​ေန႔​မွ​စ​ၿပီး ပရိနိဗၺာန္​ဝင္​စံ​သည့္​တိုင္ေအာင္ ေန႔​ည​အ​ျမဲ​ပင္​လိုက္​ပါ​ၿပီး မ်က္ႏွာ​က်က္​အျဖစ္ မိုးကာ​ၿပီး​ေန​မယ္။ အရိ​ေမ​ေတၱ​ယ်​ဘုရား ေန​သန႔္စင္​ေသာ​အခါ ေန​ဖို႔​ရာ​အတြက္ ေျမႀကီး​တို႔​ကို​ခြဲ​ၿပီး ရတနာသုံးပါး​ႏွင့္​ျပည့္စုံ​ေသာ ​၁​၂ ယူဇနာ​က်ယ္ဝန္း​တဲ့ ေရႊမ​႑​ပ္​ႀကီး​ေပၚေပါက္​လိမ့္​မယ္။ ဘုရားရွင္​တန္ခိုး​ေတာ္​ေၾကာင့္ မိ​တာ​န္​ပန္းဆိုင္း တု​ရင္​တိုင္ ထီး တံခြန္ ဆီမီး တန္ေဆာင္း ရတနာ​မ႑ပ္​ႀကီး​ဟာ ဘုရားရွင္​တရားေဟာ​ရာ ဌာန​တိုင္း​မွာ အိမ္​မွာ​ေဟာ​မယ္​ဆို​ရင္ အိမ္​ေပါက္​ဝ ေက်ာင္း​မွာ​ေဟာ​မယ္​ဆို​ရင္ ေက်ာင္း​ေပါက္​ဝ ၿမိဳ႕​မွာ​ေဟာ​မယ္​ဆို​ရင္ ၿမိဳ႕​မွာ ေတာ​မွာ​ေဟာ​မယ္​ဆို​ရင္ ေတာ​မွာ စ​တဲ့ ေဟာ​တဲ့​ေနရာ​တိုင္း​မွာ ေကာင္းကင္​ယံ​က​ေန​ၿပီး အ​ျမဲ​တမ္း ပရိနိဗၺာန္စံ​အထိ ​လ္ို​က္​ပါ​ေန​မွာ။

႐ုပ္​ျမင္​သံ​ၾကား​ေမ​ေတၱ​ယ်​ဘုရား...

အရိ​ေမ​ေတၱ​ယ်​ဘုရား တရားေဟာ​တဲ့​အခါ ဘယ္​ၿမိဳ႕ ဘယ္​ေဒသ ဘယ္​အရပ္ ဘယ္​ရြာ​ေဒသ ဇနပုဒ္ အိမ္​က​ပဲ​ေဟာေဟာ စၾကဝဠာတိုက္​တစ္​ေသာင္း​လုံး ဘုရားရွင္​ရဲ့ တရားေဟာ​အ​သံ​ကို​ၾကား​ေန​ရ​မယ္။ ဘုရားရွင္​ရဲ့ ပုံ​သဏၭာန္​ကို​လည္း​ျမင္​ေန​ရ​မယ္။ ႐ုပ္​လည္း​ျမင္​ရ​မယ္ အ​သံ​လည္း​ၾကား​ရ​မယ္။ မ​ျမင္​ခ်င္​လို႔ မ်က္စိ​မွိတ္​ထား​လည္း မ​ရ​ဘူး။ မ​ၾကား​ခ်င္​လို႔​နား​ပိတ္​ထား​လည္း​မ​ရ​ဘူး။ ဘုရားရွင္​ရဲ့​တန္ခိုး​ေတာ္​ေၾကာင့္ ​၃​၁ ဘုံ​အကာအရံ​မ​ရွိ ဖီလာ​ထုတ္ခ်င္း​ေပါက္​ျမင္​ၾက​ရ​မွာ။ အေပၚ​ၾကည့္​ရင္ နတ္​သား နတ္​သမီး ျဗဟၼာ​ေတြ​ျမင္​ရ​မယ္။ ေအာက္​ငုံ႔​ၾကည့္​ရင္ ငရဲ​ျပည္​မွာ ခံစား​ေန​ရ​တဲ့ ငရဲ​ဒုကၡ​မ်ိဳး​စုံ​ကို​ျမင္​ရ​ေတာ့ ငရဲ​ေရာက္​ေအာင္ အကုသိုလ္​ေတြ​ျပဳ​ရဲ​ဖို႔​မ​ရွိ​ေတာ့​ဘူး။ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္​ရဲ့​တန္ခိုး​ေတာ္​ေၾကာင့္ ေယာက္်ား​ဆို​ရင္ နတ္​သား​လို မိန္းမ​ဆို​ရင္ နတ္​သမီး​လို ေခ်ာေမာ​လွပ​ေတြ​ခ်ည္း​ျဖစ္​ရာ ႐ုပ္​မ​ေခ်ာ အဂၤါ​မ​စုံ​တစ္​ေယာက္​မွ​မ​ရွိ။ အ​ကုန္း​အကြ အက​န္း အ​ႏူ​အ​ဝဲ​ေရာဂါသည္​ေတြ လုံး​ဝ​မ​ရွိ။ အသက္​ငါးရာ​ျပည့္​တဲ့​အရြယ္ေရာက္​ရင္ အမ်ိဳးသား အမ်ိဳးသမီး​ေတြ အိမ္ေထာင္​ျပဳ​ၾက​လိမ့္​မယ္။

ဇနီးေမာင္ႏွံ​ႏွစ္​ဦး ခိုက္ရန္​ေဒါသ​မ​ရွိ ျပႆနာ​မ​ရွိ ကြဲကြာ​သြား​ျခင္း​လည္း​မ​ရွိ။ အ​ျမဲ​အဆင္​ေျပ​မယ္။ ရာ​သက္​ပန္​ေပါင္းသင္း​ရ​မယ္။ အမ်ိဳးသမီး​တိုင္း​မွာ ပတၱျမား​နား​ေတာင္း လက္​စြပ္ လက္ေကာက္ ေျခ​က်င္း​စ​သည္​တို႔​ဟာ ေရႊ​အိုး​ႀကီး​ေတြ​ထဲ​က ႀကိဳက္​ႏွစ္သက္​ရာ ယူ​ဝတ္​ၾက​မွာ။ ေရႊမ​ဝတ္​နိုင္​တဲ့​သူမ​ရွိ​ဘူး​တဲ့။ စားစရာ​ပေဒသာ​ပင္​ေတြ​မွာ ယူစား​ခ်င္​တဲ့​အခ်ိန္​ယူစား​လို႔​ရ​တယ္။ က်န္းမာ​ေရး​အေန​နဲ႔​ၾကည့္​မယ္​ဆို​ရင္​လည္း ဘာ​ေရာဂါ​မွ​ကို​မ​ရွိ​ဘူး။

ေန႔​ည​ခြဲ​မ​ရ အရိ​ေမ​ေတၱ​ယ်​ဘုရားရွင္​ရဲ့ တန္ခိုး​ေတာ္​ေၾကာင့္ ကမၻာ​ေလာ​ႀကီး​ဟာ ေန႔​အခါ ည​အခါ​ရယ္​လို႔​မ​ရွိ ေန႔​ေရာ​ည​ပါ အ​ျမဲ​တမ္း​လင္း​ထိန္​ၿပီး​ေတာ့ မနက္​ပြင့္​တဲ့​ပန္း ည​ပြင့္​တဲ့​ပန္း မနက္​ပန္း ည​ပန္း ၾကက္တြန္​သံေတြ​ကို ၾကည့္​ရွု​နားေထာင္​ၿပီး ေန႔​ည​ခြဲ​ယူ​ရ​လိမ့္​မယ္။ ပရိနိဗၺာန္စံ​မည့္​အရြယ္ ျမတ္​စြာ​ဘုရားရွင္​ဟာ ဘုရား​ျဖစ္​ေတာ္​မူ​ၿပီး​တဲ့​အခ်ိန္​က​စ​ၿပီး ကုေဋ​ခုနစ္​ရာ​ေသာ ပရိသတ္​တို႔​ကို ေခ်​ခၽြတ္​ေတာ္​မူ​ၿပီး​လၽွင္ အႏွစ္​ရွစ္​ေသာင္း​ျပည့္​တဲ့​အခ်ိန္​မွာ ပရိနိဗၺာန္စံ​ဝင္​လိမ့္​မယ္။ ဒါ​ေပ​မယ့္ သာသနာ​ေတာ္​က အႏွစ္​ႏွစ္​သိန္း​ေျခာက္​ေသာင္း ျပည့္​တဲ့​အခါ ဘ​ဒၵ​ကမၻာ​ႀကီး​သည္ အခ်ိန္​တန္​လၽွင္ ပ်က္​ၿပီး ကမၻာ​တစ္​သိန္း​ကာလ​လုံး ဘုရား​မ​ပြင့္​ေတာ့​ဘူး​တဲ့။ ဘုရား​မ​ပြင့္​တဲ့ ကမၻာ​တစ္​သိန္း​ေက်ာ္​လြန္​ေသာ​အခါ မ​႑​ကမၻာ​ျဖစ္​ၿပီး​ေတာ့ ဥ​တၱ​ရာ​မမ​င္း​သည္ ရာ​မ​သ​မၺဳ​ဒၶ​ဘုရား​ျဖစ္​လိမ့္​မယ္။ ပ​ေသ​န​ဒီ​ေကာသ​လမင္း​က ဓမၼရာဇာ​ဘုရား​ျဖစ္​လိမ့္​မယ္။ အဲ​ဒီ မ​႑​ကမၻာ​မွာ​ဘုရား​ႏွစ္​ဆူ​ပြင့္​ၿပီး ပ်က္စီး​သြား​တဲ့​အခါ သာ​ရ​ကမၻာ​ျဖစ္​ေပၚ​ၿပီး အဘိ​ဘူ​ဘုရား​တစ္​ဆူ​သာ​ပြင့္​လိမ့္​မယ္။

သာ​ရ​ကမၻာ​ပ်က္​ၿပီး ကမၻာ​တစ္​သိန္း​ဘုရား​မ​ပြင့္​ဘဲ​ေန​ၿပီး​ေတာ့ ကမၻာ​တစ္​သိန္း​ေက်ာ္​လြန္​ေသာ​အခါ ျဖစ္​ေပၚလာ​မယ့္ ကမၻာ​မ်ား​မွာ ဒီဃ​ေသာ​နိ​အသူရိန္​နတ္​သား စ​ႏၵ​နီ​ပုဏၰား၊ သု​ဘ​လုလင္ ေတာ​ေဒ​ယ်​ပုဏၰား ၊ နာ​ဠာ​ဂီ​ရိ​ဆင္​မင္း ပ​လ​ေလ​ယ​ဆင္​မင္း​တို႔ အစဥ္​အတိုင္း ဘုရား​ျဖစ္​လိမ့္​မယ္။ အရိ​ေမ​ေတၱ​ယ်​ဘုရားဖူး​ေျမာ္​ရန္ ျပဳလုပ္​ရ​မည့္​ကုသိုလ္ ယခု​ၾကဳံေတြ႕​ေန​ရ​တဲ့ ေဂါတမ​ျမတ္​စြာ​ဘုရား သာသနာ​ကာလ​အတြင္း​မွာ ကိုယ္တိုင္ ရဟန္း​သာမေဏ သီလ​ရွင္​ဝတ္​ၿပီး ပရိယတ္ ပဋိပတ္ သာသနာျပဳ​ေန​တဲ့​ပုဂၢိဳလ္ မိမိ​ရင္​မွ​ျဖစ္​တဲ့​သား သူတစ္ပါး​ရင္​မွ​ျဖစ္​တဲ့​သား​ေတြ​ကို ရဟန္းခံ​ေပး​ျခင္း ရွင္ျပဳ​ေပး​ျခင္း​ျပဳ​တဲ့​ပုဂၢိဳလ္ မိ​ခင္​ဖ​ခင္​ေက်းဇူးရွင္​ေတြ​ကို ဝတ္​ေက်​တမ္း​ေက်​မဟုတ္​ဘဲ စိတ္ပါ​လက္​ပါ​ျပဳစု​လုပ္ေကၽြး​ေသာ​ပုဂၢိဳလ္ သရဏဂုံ​သီလ​မ​ျပတ္​ေဆာက္တည္​ေသာ​ပုဂၢိဳလ္ ဘုရား​သာသနာတည္​စိမ့္​ေသာ​ငွာ ေစတီပုထိုး စည္း​ခုံ ဥ​မင္​လို​ဏ္​ေခါင္း ဇရပ္​စ​သည္​တို႔​ကို ျပဳျပင္​တဲ့​ပုဂၢိဳလ္ အသစ္​ေဆာက္​လုပ္​လွု​ဒါ​န္း​တဲ့​ပုဂၢိဳလ္ ​ေဗာ​ဓိ​ေညာင္​ပင္​စိုက္ပ်ိဳး​ေသာ​ပုဂၢိဳလ္ ေညာင္ေရ​သြန္းေလာင္း​ေသာ​ပုဂၢိဳလ္ ေရတြင္း ေရအိုင္ ေရကန္ စတုဒိသာ​ေက်ာင္း​ဇရပ္ တံတား​်႔​ပု​ျပင္​ေသာ​ပု​ ၢိဳ​လ္ အ႐ုဏ္ဆြမ္း ေန႔​ဆြမ္း​မ​ျပတ္​ေလာင္း​လွု​ေသာ​ပုဂၢိဳလ္ ရဟန္း​တို႔​အား​ပစၥည္း​ေလး​ပါး​တို႔​ျဖင့္​ေထာက္ပံ့​လွု​ဒါ​န္း​ေသာ​ပုဂၢိဳလ္ ကမၼဌာန္း​ဘာဝနာ​ပြား​မ်ား​အားထုတ္​ေသာ​ပုဂၢိဳလ္…. အဲ​ဒီ ပုဂၢိဳလ္​ေတြ​အားလုံး ဧကန္​မုခ် မ​လြဲ​မ​ေသြ ေျမႀကီး​လက္ခတ္​မ​လြဲ အရိ​ေမ​ေတၱ​ယ်​ျမတ္​စြာ​ဘုရား​ကို ဖူးေျမာ္​ရ​ၿပီး နိဗၺာန္​ကို​ရ​မယ္။ အဲ​ဒါ​က ေဂါတမ​ျမတ္​စြာ​ဘုရား​ကိုယ္တိုင္​ေျပာ​ျပ​ခဲ့​တဲ့ ကုသိုလ္​ေတြ​ျဖစ္​ပါ​တယ္။

အရိ​ေမ​ေတၱ​ယ်​ျမတ္​စြာ​ဘုရားေလာင္း​ေျပာ​ျပ​ခဲ့​တဲ့ ကုသိုလ္​ေတြ​ကေတာ့….. မဟာ​ေဝ​သ​ႏၲ​ရာဇာ​တ္​ေတာ္​ကို ေန႔ခ်င္း​ကုန္​ေအာင္​နာ​ၾကား​ၾက​ေသာ​သူ​တို႔​သည္ ကၽြန္ုပ္​ဘုရား​မ​ျဖစ္​မီ​အၾကား သံသရာ​၌ က်င္လည္​ေလ​သ​မၽွ​မွာ​လည္း စိတ္​ႏွင့္​ကိုယ္​ကို အစိုးရ​၍ လူေကာင္း နတ္​ေကာင္း စည္းစိမ္​ေကာင္း​ကို ခံစား​ရ​ၿပီး ကၽြန္ုပ္​ဘုရား​ျဖစ္​ေသာ​အခါ ေရွးဦးစြာ ဖူး​ေတြ႕​ရ​၍ ပ​ဋိ​သ​မၻိ​ဒါ​ပညာ​ေလး​ပါး​ႏွင့္​တ​ကြ ရဟႏၲာ​အျဖစ္​ကို မခၽြတ္မလြဲ​ရ​နိုင္​ပါ​လိမ့္​မယ္​လို႔ ရွင္​မာ​လဲ​မေထရ္​ျမတ္​အား အရိ​ေမ​ေတၱ​ယ်​ျမတ္​စြာ​ဘုရားေလာင္း​က ေျပာ​ျပ​ေတာ္​မူ​ခဲ့​ပါ​တယ္။

ေနာင္ပြင့္ေတာ္မူမည့္ အရိေမတၱယ် ဘုရား၏ဗုဒၶဝင္ အက်ဥ္း

၁။ ပြင့္ရာကမၻာ -ဘဒၵကမၻာ
၂။ ဘုရားအမည္ေတာ္ -အဇိတ
၃။ ဘုရားဘြဲ႔ေတာ္ -ေမေတၱယ်
၄။ မ်ိဳးရိုး -ျဗာဟၼဏပုဏၰားမ်ိဳး
၅။ ဖြားေတာ္မူရာတုိင္းျပည္ -ေကတုမတီ
၆။ ခမည္းေတာ္ -သုျဗဟၼပုဏၰားၾကီး
၇။ မယ္ေတာ္ – ျဗဟၼ၀တီပုေဏၰးမၾကီး
၈။ ပြင့္ေတာ္မူရာေဗာဓိ -ကံ့ေကာ္ပင္
၉။ ဓမၼစၾကာတရားေဟာျခင္း- နာဂ၀န ကံ့ေကာ္ေတာ
၁၀။ သစၥာေလးပါးသိေသာ အပိုင္းအျခား – ကုေဋတစ္သိန္း
၁၁။ သာ၀ကအစည္းအေ၀း -သံုးၾကိမ္
၁၂။ အမ်ိဳးသားသာ၀က (အဂၢသာ၀က) -(၁) အေသာက (၂) ျဗဟၼေဒ၀
၁၃။ အလုပ္အေကၽြး – သီဟ
၁၄။ အမ်ိဳးသမီးသာ၀က (အဂၢသာ၀ိကာ) -(၁) ပဒုမာ (၂) သုမနာ
၁၅။ ကိုယ္ေရာင္ -(၂၅) ယူဇနာ
၁၆။ အရပ္ေတာ္ – (၈၈) ေတာင္
၁၇။ ပါရမီျဖည့္ကာလ -(၁၆) အသေခၤ်ႏွင့္ ကမၻာ(၁)သိန္း
၁၈။ ဒုကၠရစရိယာက်င့္ရက္ -(၇) ရက္
၁၉။ သက္တမ္း -အႏွစ္ရွစ္ေသာင္း
၂၀။ စည္းစိမ္ခံစားရာႏွစ္ -အႏွစ္ရွစ္ေထာင္
၂၁။ စံရာျပသာဒ္ – သီရိ၀ၯ, ၀ၯမာန, သိဒ ၶတၳ, စႏၵက
၂၂။ ၾကင္ယာေတာ္ – စႏၵမုခီ
၂၃။ သားေတာ္ -ျဗဟၼ၀ၯန
၂၄။ ေတာထြက္ေသာယာဥ္ -ျပသာဒ္
dhammaransi

#Unicode Version#
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင်တို့ကို ဝတ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၄။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

*အရိမေတ္တေယျမြတ်စွာဘုရား*

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလဝံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား

ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါး ဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀ဝအထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယုခြင်း...

ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတ္တံ့" ဟူသောစကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖိ ု့ရာနေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံ းထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောက်ျားလေးမွေးဖွားလိမ့်မယ် ။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောက်ျားလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း...

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာၤမင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာၤပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာၤပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်ဩဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့်အချိန်...

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဉာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း...

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်...

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား...

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောက်ျားဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။

ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။

နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတားျ့ပုပြင်သောပု ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း

၁။ ပွင့်ရာကမ္ဘာ -ဘဒ္ဒကမ္ဘာ
၂။ ဘုရားအမည်တော် -အဇိတ
၃။ ဘုရားဘွဲ့တော် -မေတ္တေယျ
၄။ မျိုးရိုး -ဗြာဟ္မဏပုဏ္ဏားမျိုး
၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ
၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး
၇။ မယ်တော် – ဗြဟ္မဝတီပုဏ္ဏေးမကြီး
၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင်
၉။ ဓမ္မစကြာတရားဟောခြင်း- နာဂဝန ကံ့ကော်တော
၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား – ကုဋေတစ်သိန်း
၁၁။ သာဝကအစည်းအဝေး -သုံးကြိမ်
၁၂။ အမျိုးသားသာဝက (အဂ္ဂသာဝက) -(၁) အသောက (၂) ဗြဟ္မဒေဝ
၁၃။ အလုပ်အကျွေး – သီဟ
၁၄။ အမျိုးသမီးသာဝက (အဂ္ဂသာဝိကာ) -(၁) ပဒုမာ (၂) သုမနာ
၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ
၁၆။ အရပ်တော် – (၈၈) တောင်
၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း
၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၇) ရက်
၁၉။ သက်တမ်း -အနှစ်ရှစ်သောင်း
၂၀။ စည်းစိမ်ခံစားရာနှစ် -အနှစ်ရှစ်ထောင်
၂၁။ စံရာပြသာဒ် – သီရိဝဍ္ဎ, ဝဍ္ဎမာန, သိဒ ္ဓတ္ထ, စန္ဒက
၂၂။ ကြင်ယာတော် – စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မဝဍ္ဎန
၂၄။ တောထွက်သောယာဉ် -ပြသာဒ်
dhammaransi

No comments:

Post a Comment