Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 25, 2019

အရက္ေသာက္စကားမ်ားရာမွ သားက အေဖကို ကတ္ေက်းျဖင့္ ထုိးသတ္

ပဲခူးတိုင္းေဒသႀကီး ထန္းတပင္ၿမိဳ႕နယ္ အင္းယားႀကီးေက်းရြာအုပ္စု ေခ်ာင္းကမ္းေက်းရြာတြင္ ေမလ ၂၄ ရက္ေန႔ ည ၉ နာရီ ၄၀ မိနစ္ခန္႔တြင္ သားအဖႏွစ္ဦး အရက္ေသာက္စကားမ်ားရာ သားက အေဖကို ကတ္ေက်းျဖင့္ ထိုးသတ္ခဲ့ေၾကာင္း ထန္းတပင္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သိရသည္။

“အရက္အတူေသာက္ၾကရာက စကားမ်ားၾကတာပါ။ ေဒါသအေလ်ာက္ ကတ္ေက်းနဲ႔ လည္ပင္းတစ္ခ်က္ထိုးလုိက္ရာက အခင္းျဖစ္ေနရာမွာ ေသဆံုးသြားပါတယ္”ဟု ထန္းတပင္ၿမိဳ႕မရဲစခန္းမွ တာဝန္႐ွိသူရဲအရာ႐ွိတစ္ဦးက ေျပာၾကားသည္။

ေသဆံုးသူမွာ အသက္ ၅၀ အရြယ္ ဦးလွထြန္းျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူ (ေသဆံုးသူ၏သား) မွာ သန္းႏိုင္ဦး အသက္၂၄ ႏွစ္ျဖစ္ကာ အ႐ိုးအသြား ၇ လက္မ႐ွိ ကတ္ေက်းျဖင့္ ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္း၏ ကနဦးသတင္းေပးပို႔ခ်က္အရ သိရသည္။

အမႈႏွင့္ပတ္သက္ၿပီး သန္းႏိုင္ဦးကို ထန္းတပင္ၿမိဳ႕မရဲစခန္းမွ (ပ) ၆၂/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္လွစ္ ဖမ္းဆီးစစ္ေဆးေဆာင္ရြက္ေနေၾကာင္း ယင္းရဲစခန္းမွ သိရသည္။
Thevoicemyanmar

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် အင်းယားကြီးကျေးရွာအုပ်စု ချောင်းကမ်းကျေးရွာတွင် မေလ ၂၄ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် သားအဖနှစ်ဦး အရက်သောက်စကားများရာ သားက အဖေကို ကတ်ကျေးဖြင့် ထိုးသတ်ခဲ့ကြောင်း ထန်းတပင်မြို့ မြို့မရဲစခန်းမှ သိရသည်။

“အရက်အတူသောက်ကြရာက စကားများကြတာပါ။ ဒေါသအလျောက် ကတ်ကျေးနဲ့ လည်ပင်းတစ်ချက်ထိုးလိုက်ရာက အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်”ဟု ထန်းတပင်မြို့မရဲစခန်းမှ တာဝန်ရှိသူရဲအရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးလှထွန်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ (သေဆုံးသူ၏သား) မှာ သန်းနိုင်ဦး အသက်၂၄ နှစ်ဖြစ်ကာ အရိုးအသွား ၇ လက်မရှိ ကတ်ကျေးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ ကနဦးသတင်းပေးပို့ချက်အရ သိရသည်။

အမှုနှင့်ပတ်သက်ပြီး သန်းနိုင်ဦးကို ထန်းတပင်မြို့မရဲစခန်းမှ (ပ) ၆၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ် ဖမ်းဆီးစစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းမှ သိရသည်။
Thevoicemyanmar

No comments:

Post a Comment