Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 22, 2019

သိန္းေပါင္း ၅ ေသာင္းေက်ာ္ေလလံ စုေၾကးမဲ လိမ္လည္မႈျဖစ္ ဒုိင္မ်ားထြက္ေျပး


လမိုင္းၿမိဳ႕အေျခစိုက္ ေလလံမဲလိမ္လည္မႈ ျဖစ္စဥ္ ေလ့လာ/သိရွိ/ၾကားမိသမွ် ယခုႏွစ္ မတ္လမွစ၍ ေငြစုေလလံလုပ္ငန္း လုပ္ကိုင္ခဲ့၊ လုပ္ကိုင္သူ ၄ ဦးစလုံးမွာ လမိုင္းၿမိဳ႕ေဒသခံမ်ားဟု သိရ၊

မယုံၾကည္ႏိုင္ေလာက္ေသာ အက်ိဳးအျမတ္မ်ား ခြဲေဝေပးရာမွ ကာလတိုအတြင္း ေငြစုအပ္ႏွံသူ လြန္စြာမ်ားျပားခဲ့ၿပီး လက္ရွိအခ်ိန္အထိ စာရင္းအရ က်ပ္သိန္းေပါင္း ၅၀၀၀၀ ခန႔္ရွိဟု သိရ။



လြန္ခဲ့သည့္ ၃ ရက္ ၁၉-၅-၂၀၁၇ ေန႔တြင္ အက်ိဳးအျမတ္ ခြဲေဝရန္ရွိသည့္သူမ်ားအား အျပည့္အဝ မေပးႏိုင္ရာမွ ျပႆနာ စတက္ခဲ့ၿပီး ၂၀ ရက္၊၂၁ ရက္ ေန႔မ်ားတြင္လည္း ေန႔အလိုက္ ေပးရမည့္ အပ္ႏွံေငြႏွင့္ အက်ိဳးအျမတ္မ်ားကို မေပးပဲ ဒိုင္ခ်ဳပ္အပါအဝင္ အဓိက ဦးေဆာင္လုပ္ကိုင္သူ ၃ ဦးထြက္ေျပးသြား၊

ေငြအပ္ႏွံထားသူမ်ားမွ လူစုလူေဝးျဖင့္ ေလလံလုပ္ကိုင္သူအဖြဲ႕မွ ၂ ဦးကိုဝိုင္း၍ ရွင္းေပးရန္ေတာင္းဆို၊ ယေန႔ ယခုအခ်ိန္ထိ ယင္းတို႔၏ ေနအိမ္မ်ားကို ဝိုင္းထား၊ ေရးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးႏွင့္ ရဲတပ္ဖြဲ႕မ်ား ထိန္းသိမ္းေနရ၊



ေငြစုေလလံလုပ္ကိုင္သူ အဖြဲ႕ဝင္ ၂ ဦးမွ ရဲတပ္ဖြဲ႕ထံအဖမ္းခံသည္ဟု သိရၿပီး ရဲတပ္ဖြဲ႕မွ လူစုလူေဝးေၾကာင့္ ေျဖရွင္းေပးရန္ ႏွင္ ေျဖရွင္းၿပီးမွသာ ဖမ္းဆီးမည့္သေဘာရွိေနဟုဆို၊ ေငြစုေငြမ်ားကို ျပင္ဦးလြင္တြင္ အိမ္ႏွင့္ၿခံ၊ ေမာ္လၿမိဳင္ေစ်းခ်ိဳကားဝင္း တြင္ တိုက္ခန္း ၂ ခန္း ဝယ္ထားသည္ဟု ၾကားသိရ၊

ထြက္ေျပးသူမ်ားမွ တစ္ဦးအား တိုင္းရင္းသားလက္နက္ကိုင္တစ္ဖြဲ႕မွ ဖမ္းမိထိန္းသိမ္းထားသည္ဟုလည္း ေျပာဆိုေနၾက၊ ယခုအခ်ိန္ထိ လမိုင္းၿမိဳ႕တြင္လူေပါင္း ေထာင္ခ်ီ စုစည္းေရာက္ရွိေန၊

Credit:Aung Naing Win

Unicode Version

လမိုင်းမြို့အခြေစိုက် လေလံမဲလိမ်လည်မှု ဖြစ်စဉ် လေ့လာ/သိရှိ/ကြားမိသမျှ ယခုနှစ် မတ်လမှစ၍ ငွေစုလေလံလုပ်ငန်း လုပ်ကိုင်ခဲ့၊ လုပ်ကိုင်သူ ၄ ဦးစလုံးမှာ လမိုင်းမြို့ဒေသခံများဟု သိရ၊

မယုံကြည်နိုင်လောက်သော အကျိုးအမြတ်များ ခွဲဝေပေးရာမှ ကာလတိုအတွင်း ငွေစုအပ်နှံသူ လွန်စွာများပြားခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းအရ ကျပ်သိန်းပေါင်း ၅၀၀၀၀ ခန့်ရှိဟု သိရ။



လွန်ခဲ့သည့် ၃ ရက် ၁၉-၅-၂၀၁၇ နေ့တွင် အကျိုးအမြတ် ခွဲဝေရန်ရှိသည့်သူများအား အပြည့်အဝ မပေးနိုင်ရာမှ ပြဿနာ စတက်ခဲ့ပြီး ၂၀ ရက်၊၂၁ ရက် နေ့များတွင်လည်း နေ့အလိုက် ပေးရမည့် အပ်နှံငွေနှင့် အကျိုးအမြတ်များကို မပေးပဲ ဒိုင်ချုပ်အပါအဝင် အဓိက ဦးဆောင်လုပ်ကိုင်သူ ၃ ဦးထွက်ပြေးသွား၊

ငွေအပ်နှံထားသူများမှ လူစုလူဝေးဖြင့် လေလံလုပ်ကိုင်သူအဖွဲ့မှ ၂ ဦးကိုဝိုင်း၍ ရှင်းပေးရန်တောင်းဆို၊ ယနေ့ ယခုအချိန်ထိ ယင်းတို့၏ နေအိမ်များကို ဝိုင်းထား၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့များ ထိန်းသိမ်းနေရ၊



ငွေစုလေလံလုပ်ကိုင်သူ အဖွဲ့ဝင် ၂ ဦးမှ ရဲတပ်ဖွဲ့ထံအဖမ်းခံသည်ဟု သိရပြီး ရဲတပ်ဖွဲ့မှ လူစုလူဝေးကြောင့် ဖြေရှင်းပေးရန် နှင် ဖြေရှင်းပြီးမှသာ ဖမ်းဆီးမည့်သဘောရှိနေဟုဆို၊ ငွေစုငွေများကို ပြင်ဦးလွင်တွင် အိမ်နှင့်ခြံ၊ မော်လမြိုင်ဈေးချိုကားဝင်း တွင် တိုက်ခန်း ၂ ခန်း ဝယ်ထားသည်ဟု ကြားသိရ၊

ထွက်ပြေးသူများမှ တစ်ဦးအား တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မှ ဖမ်းမိထိန်းသိမ်းထားသည်ဟုလည်း ပြောဆိုနေကြ၊ ယခုအချိန်ထိ လမိုင်းမြို့တွင်လူပေါင်း ထောင်ချီ စုစည်းရောက်ရှိနေ၊

Credit:Aung Naing Win

No comments:

Post a Comment