Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 22, 2019

ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ …လမ္းလယ္ကၽြန္း ဒီဇုိင္းကုိ… ဆြဲေပးခဲ့သူရဲ႕… ရင္ဖြင္သံ

ဒီ ဇိုင္း တခု ၏ တန္ဘိုး

ပံု မွန္ တိုင္းဆို ဒီလို Post မ်ိဳး မတင္လိုပါ။ ကိုယ္တိုင္သိၿပီး ပီတိ စားေနရတာ အရသာ ရွိပါဘိ။အခုေတာ့ တန္ဘိုးမသိၾက။ဆက္လုပ္ခ်င္စိတ္လည္းမရွိေတာ့ တန္ဘိုးသိေအာင္ေတာ့ ေရးပါရေစ။ သည္းခံ၍ ဖတ္ၾကည့္ ေပးၾကပါ…….

ပံု ၁ ရဲ႕ ဒီဇိုင္း၊ ဒိုင္ေမးရွင္း၊ Specification က်ေနာ္ “အခမဲ့” ေရးဆြဲၿပီး စည္ပင္ ကိုေပးသည္။ (ျပန္ျဖဳတ္လို႔ မခက္ဘူးေနာ္)။ တဆက္ထဲ (ျပတ္ေတာင္းျပတ္ေတာင္း မဟုတ္) တည္ေဆာက္ဘို႔ေျပာသည္။ ဘတ္ဂ်က္ အရ တဆက္ထဲမေဆာက္ႏိုင္။ ခုလည္း ဘာမွမျဖစ္။ Drainage ေတာင္ပိုေကာင္းေနေသး ဒီအတိုင္း စလုပ္ေတာ့ ဟို “တုံး” ႀကီးေတြေတာင္ မမွဳတာ…..

ဒ ါေလး ေတာ့ ရီစရာ ျဖစ္ေနမွာေပါ့ ေဝဖန္သူ လည္း မနည္းပါ။ (မကၽြမ္းက်င္ဘဲ မေဝဖန္ေစလိုပါ။ အာဏာ ရွိသူက မကၽြမ္းက်င္သူတို႔ရဲ႕ အသံကို သိတ္ဂ႐ု စိုက္ၾကတယ္) လွိဳင္သာယာ ဘက္မွာ ဒီ Design သံုးေနတာ လ အေတာ္ၾကာဘီ။ ႀကီးမား ျပႆနာ ဘာမွ်မရွိ……



အေ ၾကာင္း ေၾကာင္း ေၾကာင့္ “လမ္းလယ္တုန္း” နဲ႔ တိုက္မိေပမယ္ ပြတ္တိုက္ ဧရိယာ အနည္းဆံုး ျဖစ္ေအာင္ လုပ္ထားတာေၾကာင့္ တာယာ အနည္းငယ္သာ ပြန္းၿပီး လမ္းေၾကာင္းေပၚ ျပန္ေရာက္သြားေစတာပါ။ ကားဝင္တိုက္တာနဲ႔ မေရြ႕ႏိုင္၊ လူနဲ႔ မ ေရႊ႕လို႔မရ ႏိုင္။ ဒါေပမယ့္ သက္ဆိုင္ရာက ေရႊ႕ခ်င္ရင္ လြယ္လြယ္ေလး (သိကုန္မွာစိုးလို႔ မေျပာေတာ့ဘူး)……

ဒီဇိုင္းရဲ႕တန္ဘိုးဟာ သူ႔ရဲ႕ Life time နဲ႔ ဆိုင္ပါတယ္။ ဒီ လမ္းလယ္ တုန္းေတြဟာ ဆယ္စုႏွစ္ အေတာ္ခံပါတယ္။ ႏွစ္ ၃၀ ဆိုပါစို႔။ အဲ့ဒီ ႏွစ္ ၃၀ အတြင္း တံုးေတြေၾကာင့္ျဖစ္တဲ့……

၁) ကားပ်က္စီးမွဳ ေၾကာင့္ ျပဳျပင္ခ

၂) လူ (ေမာင္းသူ၊ စီးသူ) ထိခိုက္၊ ဒါဏ္ရာ၊ နာက်င္၊ ေသဆံုးမွဳ အားလံုး၏ တန္ဘိုး



၃) အ ထက္ ပါထိခိုက္မွဳေၾကာင့္ ျဖစ္ရတဲ့ လူေတြရဲ႕ အလုပ္ပ်က္ကြက္မွဳ နစ္နာမွဳ။

၄) ထိ ခိုက္ သူကို လိုက္ပါျပဳစု ရတဲ့သူ ရဲ႕ အလုပ္ ပ်က္ကြက္ မွဳေၾကာင့္ နစ္နာမွဳ

၅) အဲ့ဒီကား ျပင္ေနခ်ိန္မွာ လုပ္ငန္းခြင္ မဝင္ႏိုင္မွဳေၾကာင့္ နစ္နာမွဳ

၆) ထိခိုက္ခ်ိန္မွာ ကားထဲ ပါတဲ့သူအားလံုးရဲ႕ စိတ္ပိုင္း ဆိုင္ရာ ထိခိုက္ နာက်င္မွဳ

၇) ကားတိုက္မွဳေၾကာင့္ လမ္းေၾကာ ပိတ္ဆို႔ ၿပီး မ်ားစြာေသာ လူမ်ား အခ်ိန္ နစ္နာ ဆံုးရံႈး မွဳ

ဒီဇိုင္း အသစ္ေၾကာင့္ ဘယ္ေလာက္ မေတာ္တဆ မွဳ ေလ်ာ့သြားသလဲ။ (မေတာ္တဆ မွဳ လံုးဝ မျဖစ္ေအာင္ေတာ့ လုပ္မရပါဘူး) အဲ့ဒီေလ်ာ့သြားတဲ့ (ႏွစ္ ၃၀ အတြင္း) Accident costs ေတြဟာ အဲ့ဒီ ဒီဇိုငိး ရဲ႕ တန္ဘိုးပါ……

အဲ့ဒီ နစ္နာဆံုးရံႈးမွဳေတြရဲ႕ Costs ကို ႏိုင္ငံတိုင္းမွာ ေသခ်ာတြက္ၾကတယ္။ ေသခ်ာတြက္ေတာ့ တိုင္းျပည္တိုးတက္ခ်င္ရင္ Accident rate ကိုေလွ်ာ့ခ်ရမယ္ ဆိုၿပီး အာရံု စိုက္လာၾကတယ္။ ျဖစ္ႏိုင္တဲ့ ျဖစ္ရတဲ့အေၾကာင္းရင္း ကို Traffic engineer ေတြနဲ႔ ေသခ်ာ ေလ့လာတယ္…..



ဒီ Design ကေဒၚလာ သန္းေပါင္းမ်ားစြာ တန္သဗ် လို႔ ေျပာရင္ ဟားတိုက္လို႔ ရီၾကမွာ။ အမ်ိဳးထဲက တေယာက္ေယာက္ ထိၿပီ ဆိုမွ သိၾကတာမ်ိဳး ကမဟုတ္ေသးပါ…..

ဒီ ကြန္ကရစ္တုန္းေတြဟာ ေနရာအေတာ္ယူတယ္။ Center က်ဘို႔မလြယ္ဘူး ေရႊ႕လို႔ ရတယ္။ ျမင့္ ေနလို႔ ကားကပ္ေမာင္း လို႔မရ။ တိုက္မိရင္ လမ္းေၾကာင္းေပၚ ျပန္မေရာက္ ဘဲ အေျခအေနပိုဆိုးေစတယ္…..

Campaign လုပ္၊ အသိပညာေပး လုပ္ရံုနဲ႔ေတာ့ မရ ေရးခ်ာမရ။Road Safety Council ဆိုတာေတာ့ဖြဲ႕ထားပါတယ္။ Traffic ကၽြမ္းက်င္သူ ဘယ္ႏွစ္ေယာက္ပါလဲ။ အခ်ိန္ ဘယ္ေလာက္ ေပးပါသလဲ? အစည္းအေဝး၊ ညီလာခံေလး Campaign ေလး သတင္းထဲပါလာရံု မျဖစ္ဘို႔ ဆုေတာင္းပါတယ္……..

အခမဲ့ ကူလီ ထမ္းျခင္း တန္ဘိုးကို သိရွိ ေလးစား တန္ဘိုးထားတတ္သူ မ်ားျပားလာပါေစ……

Credit – Than Win

Unicode Version
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လမ်းလယ်ကျွန်း ဒီဇိုင်းကို ဆွဲပေးခဲ့သူရဲ့ ရင်ဖွင်သံ

ဒီဇိုင်း တခု ၏ တန်ဘိုး

ပုံမှန်အတိုင်းဆို ဒီလို Post မျိုး မတင်လိုပါ။ ကိုယ်တိုင်သိပြီး ပီတိ စားနေရတာ အရသာ ရှိပါဘိ။အခုတော့ တန်ဘိုးမသိကြ။ဆက်လုပ်ချင်စိတ်လည်းမရှိတော့ တန်ဘိုးသိအောင်တော့ ရေးပါရစေ။ သည်းခံ၍ ဖတ်ကြည့် ပေးကြပါ…….

ပုံ ၁ ရဲ့ ဒီဇိုင်း၊ ဒိုင်မေးရှင်း၊ Specification ကျနော် “အခမဲ့” ရေးဆွဲပြီး စည်ပင် ကိုပေးသည်။ (ပြန်ဖြုတ်လို့ မခက်ဘူးနော်)။ တဆက်ထဲ (ပြတ်တောင်းပြတ်တောင်း မဟုတ်) တည်ဆောက်ဘို့ပြောသည်။ ဘတ်ဂျက် အရ တဆက်ထဲမဆောက်နိုင်။ ခုလည်း ဘာမှမဖြစ်။ Drainage တောင်ပိုကောင်းနေသေး ဒီအတိုင်း စလုပ်တော့ ဟို “တုံး” ကြီးတွေတောင် မမှုတာ…..

ဒါလေး တော့ ရီစရာ ဖြစ်နေမှာပေါ့ ဝေဖန်သူ လည်း မနည်းပါ။ (မကျွမ်းကျင်ဘဲ မဝေဖန်စေလိုပါ။ အာဏာ ရှိသူက မကျွမ်းကျင်သူတို့ရဲ့ အသံကို သိတ်ဂရု စိုက်ကြတယ်) လှိုင်သာယာ ဘက်မှာ ဒီ Design သုံးနေတာ လ အတော်ကြာဘီ။ ကြီးမား ပြဿနာ ဘာမျှမရှိ……

အကြောင်း ကြောင်း ကြောင့် “လမ်းလယ်တုန်း” နဲ့ တိုက်မိပေမယ် ပွတ်တိုက် ဧရိယာ အနည်းဆုံး ဖြစ်အောင် လုပ်ထားတာကြောင့် တာယာ အနည်းငယ်သာ ပွန်းပြီး လမ်းကြောင်းပေါ် ပြန်ရောက်သွားစေတာပါ။ ကားဝင်တိုက်တာနဲ့ မရွေ့နိုင်၊ လူနဲ့ မ ရွှေ့လို့မရ နိုင်။ ဒါပေမယ့် သက်ဆိုင်ရာက ရွှေ့ချင်ရင် လွယ်လွယ်လေး (သိကုန်မှာစိုးလို့ မပြောတော့ဘူး)……

ဒီဇိုင်းရဲ့တန်ဘိုးဟာ သူ့ရဲ့ Life time နဲ့ ဆိုင်ပါတယ်။ ဒီ လမ်းလယ် တုန်းတွေဟာ ဆယ်စုနှစ် အတော်ခံပါတယ်။ နှစ် ၃၀ ဆိုပါစို့။ အဲ့ဒီ နှစ် ၃၀ အတွင်း တုံးတွေကြောင့်ဖြစ်တဲ့……

၁) ကားပျက်စီးမှု ကြောင့် ပြုပြင်ခ

၂) လူ (မောင်းသူ၊ စီးသူ) ထိခိုက်၊ ဒါဏ်ရာ၊ နာကျင်၊ သေဆုံးမှု အားလုံး၏ တန်ဘိုး

၃) အထက်ပါထိခိုက်မှုကြောင့် ဖြစ်ရတဲ့ လူတွေရဲ့ အလုပ်ပျက်ကွက်မှု နစ်နာမှု။

၄) ထိခိုက်သူကို လိုက်ပါပြုစု ရတဲ့သူ ရဲ့ အလုပ် ပျက်ကွက် မှုကြောင့် နစ်နာမှု

၅) အဲ့ဒီကား ပြင်နေချိန်မှာ လုပ်ငန်းခွင် မဝင်နိုင်မှုကြောင့် နစ်နာမှု

၆) ထိခိုက်ချိန်မှာ ကားထဲ ပါတဲ့သူအားလုံးရဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက် နာကျင်မှု

၇) ကားတိုက်မှုကြောင့် လမ်းကြော ပိတ်ဆို့ ပြီး များစွာသော လူများ အချိန် နစ်နာ ဆုံးရှုံး မှု

ဒီဇိုင်း အသစ်ကြောင့် ဘယ်လောက် မတော်တဆ မှု လျော့သွားသလဲ။ (မတော်တဆ မှု လုံးဝ မဖြစ်အောင်တော့ လုပ်မရပါဘူး) အဲ့ဒီလျော့သွားတဲ့ (နှစ် ၃၀ အတွင်း) Accident costs တွေဟာ အဲ့ဒီ ဒီဇိုငိး ရဲ့ တန်ဘိုးပါ……

အဲ့ဒီ နစ်နာဆုံးရှုံးမှုတွေရဲ့ Costs ကို နိုင်ငံတိုင်းမှာ သေချာတွက်ကြတယ်။ သေချာတွက်တော့ တိုင်းပြည်တိုးတက်ချင်ရင် Accident rate ကိုလျှော့ချရမယ် ဆိုပြီး အာရုံ စိုက်လာကြတယ်။ ဖြစ်နိုင်တဲ့ ဖြစ်ရတဲ့အကြောင်းရင်း ကို Traffic engineer တွေနဲ့ သေချာ လေ့လာတယ်…..

ဒီ Design ကဒေါ်လာ သန်းပေါင်းများစွာ တန်သဗျ လို့ ပြောရင် ဟားတိုက်လို့ ရီကြမှာ။ အမျိုးထဲက တယောက်ယောက် ထိပြီ ဆိုမှ သိကြတာမျိုး ကမဟုတ်သေးပါ…..

ဒီ ကွန်ကရစ်တုန်းတွေဟာ နေရာအတော်ယူတယ်။ Center ကျဘို့မလွယ်ဘူး ရွှေ့လို့ ရတယ်။ မြင့် နေလို့ ကားကပ်မောင်း လို့မရ။ တိုက်မိရင် လမ်းကြောင်းပေါ် ပြန်မရောက် ဘဲ အခြေအနေပိုဆိုးစေတယ်…..

Campaign လုပ်၊ အသိပညာပေး လုပ်ရုံနဲ့တော့ မရ ရေးချာမရ။Road Safety Council ဆိုတာတော့ဖွဲ့ထားပါတယ်။ Traffic ကျွမ်းကျင်သူ ဘယ်နှစ်ယောက်ပါလဲ။ အချိန် ဘယ်လောက် ပေးပါသလဲ? အစည်းအဝေး၊ ညီလာခံလေး Campaign လေး သတင်းထဲပါလာရုံ မဖြစ်ဘို့ ဆုတောင်းပါတယ်……..

အခမဲ့ ကူလီ ထမ်းခြင်း တန်ဘိုးကို သိရှိ လေးစား တန်ဘိုးထားတတ်သူ များပြားလာပါစေ……

Credit – Than Win

No comments:

Post a Comment