Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

ယာဥ္တုိက္မႈျဖစ္ရင္ …အတိုက္ခံရသူ… ေသဆံုးသြားသည့္တိုင္ေအာင္ …ထြက္မေျပးပဲ… ဒီအတိုင္းဆက္လုပ္ပါ


ယာဥ္တုိက္မႈျဖစ္ရင္ အတိုက္ခံရသူ ေသဆံုးသြားသည့္တိုင္ေအာင္ ထြက္မေျပးပဲ ဒီအတိုင္းဆက္လုပ္ပါ

ယာဥ္တိုက္မႈျဖစ္လွ်င္ထြက္မေျပးပါနဲ႔

ယာဥ္တိုက္မႈအေတာ္မ်ားမ်ားဟာ မေတာ္တဆျဖစ္ၾကရတာပါ အခန္႔မသင့္လို႔ ယာဥ္မေတာ္တဆတိုက္မႈျဖစ္ၾကတဲ႔ေနရာမွာ ယာဥ္ေမာင္းေရာ တိုက္ခံရသူေရာ ဘယ္သူ႔ကိုမွ အပစ္ပံုခ်လို႔မရပါဘူး မေတာ္လို႔ျဖစ္သြားပီးပီဗ်ာ ဘယ္လိုနည္းလမ္းမွန္မွန္ေျဖရွင္းၾကမလဲ ဒီအပိုင္းေလးကို အဓိကထားေျပာျပခ်င္တယ္

ယာဥ္တိုက္ပီဆိုတာနဲ႔ တခ်ိဳ႕ကထြက္ေျပးၾကပါတယ္

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပါ့ေလ ရုတ္တရက္အႀကီးအက်ယ္ထိန္႔လန္႔သြားလို႔ ထူပူသြားလို႔ ဆြမ္းႀကီးဝိုင္းေလာင္းမွာေၾကာက္လို႔ စသည္ျဖင့္ေပါ့

ကြ်န္ေတာ္ေျပာခ်င္တာကေတာ့ ယာဥ္တိုက္မႈျဖစ္ခဲ႔ရင္ ထြက္မေျပးဖို႔ပါပဲ

တိုက္ခံရတဲ႔သူ က်ိဳးပဲ႔ေပါက္ၿပဲ ေနာက္ဆံုး ေသးဆံုးသြားသည့္တိုင္ေအာင္ ထြက္မေျပးေစခ်င္ပါဘူး ေကာင္းၿပီး ထြက္မေျပးခဲ႔ရင္ ဘယ္လိုအက်ိဳးသက္ေရာက္မႈရမွာလဲငါ့ညီလို႔ ဆိုခဲ႔ရင္ ဒါကိုလဲရွင္းျပခ်င္လွပါတယ္

တိုက္မိပီ လူတစ္ေယာက္ကို ဆိုၾကပါစို႔ ဒါဆို မိမိယာဥ္ေပၚကဆင္း တိုက္မိတဲ႔လူနာကို အစစအရာရာအတြက္ တာဝန္အျပည့္နဲ႔ကူညီလိုက္ပါ

ေဆးရံုေရာက္သည္အထိ လူနာရဲ႕ေဆြးမ်ိဳးသားခ်င္းမ်ားနဲ႔ ေတြ႔ဆံုပီး လိုအပ္တာေတြအတြက္ တာဝန္ယူစကား ေႏြးေထြးတဲ႔စကားေတြနဲ႔ ႏွီးေႏွာဖလွယ္သည္အထိ ေဆာင္ရြက္လိုက္ပါ

ကဲ လူနာေသဆံုးသြားပါပီတဲ႔

ရတယ္ ဆက္ကူညီေပး ေနာက္ဆံုး ဥပေဒအရ အမႈဖြင့္အေရးယူၾကပီဆိုရင္ လာပီ မိမိရဲ႕ရိုးသားစြာကူညီလုပ္ေဆာင္မႈေတြက အက်ိဳးသက္ေရာက္ပီေလ

ေသဆံုးသူရဲ႕ေဆြးမ်ိဳးေတြက မိမိအေပၚ မလိုမုန္းထားနည္းသြားပီ ေဒါသေတြ အျမတ္ေတြအစား မေတာ္လို႔ျဖစ္ရတာပဲ သူလဲ အစစအရာရာလာဝိုင္းလုပ္ေပးေနတာပဲ စသည္ျဖင့္ အေကာင္းဘက္ကေန ေမတၱာနဲ႔ျပန္ေတြးလာပီေလ ဒီေတာ့ ေထာင္က်ေအာင္ အေလွ်ာ္ေတြအရမ္းေတာင္ရေအာင္ သူတို႔ မေတြးေတာ့ပါဘူး

ေျပလည္ရာေျပလည္ေၾကာင္းပဲ စဥ္းစားေတာ့မွာေလ ေၾကေအးေၾကာင္းစာခ်ဳပ္မွာလဲ လက္မွတ္ထိုးေပးဖို႔ သူတို႔ဝန္မေလးေတာ့ဘူး သင့္တင့္တဲ႔ေငြေၾကးကူညီမႈေလာက္နဲ႔ပဲ ေက်နပ္သြားမယ္ေလ

ဒီေတာ့ ယာဥ္တိုက္လို႔လူေသဆံုးတယ္

တရားစြဲတင္ပို႔တယ္ မိမိရဲ႕တာဝန္ယူသိတတ္မႈေၾကာင့္ တဖက္ကေၾကေအးေပးတယ္

ကဲ ဘယ္ေလာက္ျပသနာႀကီးပီးဆံုးသြားသလဲ

မဟုတ္လို႔ ထြက္ေျပးလို႔ ျပန္မိတဲ႔အခ်ိန္ တရားရံုးရင္ဆိုင္ရရင္ေတာ့ ဘာေမတၱာတရားမွ ကူညီႏိုင္မွာမဟုတ္ေတာ့တဲ႔အတြက္ ထိုက္သင့္တဲ႔ပစ္ဒဏ္ အျပည့္ခံရမွာျဖစ္ပါေတာ့တယ္။

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

18.5.2019

Crd #Nay Myo Thu Ya

Unicode Version
ယာဉ်တိုက်မှုဖြစ်ရင် အတိုက်ခံရသူ သေဆုံးသွားသည့်တိုင်အောင် ထွက်မပြေးပဲ ဒီအတိုင်းဆက်လုပ်ပါ

ယာဉ်တိုက်မှုဖြစ်လျှင်ထွက်မပြေးပါနဲ့

ယာဉ်တိုက်မှုအတော်များများဟာ မတော်တဆဖြစ်ကြရတာပါ အခန့်မသင့်လို့ ယာဉ်မတော်တဆတိုက်မှုဖြစ်ကြတဲ့နေရာမှာ ယာဉ်မောင်းရော တိုက်ခံရသူရော ဘယ်သူ့ကိုမှ အပစ်ပုံချလို့မရပါဘူး မတော်လို့ဖြစ်သွားပီးပီဗျာ ဘယ်လိုနည်းလမ်းမှန်မှန်ဖြေရှင်းကြမလဲ ဒီအပိုင်းလေးကို အဓိကထားပြောပြချင်တယ်

ယာဉ်တိုက်ပီဆိုတာနဲ့ တချို့ကထွက်ပြေးကြပါတယ်

အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ ရုတ်တရက်အကြီးအကျယ်ထိန့်လန့်သွားလို့ ထူပူသွားလို့ ဆွမ်းကြီးဝိုင်းလောင်းမှာကြောက်လို့ စသည်ဖြင့်ပေါ့

ကျွန်တော်ပြောချင်တာကတော့ ယာဉ်တိုက်မှုဖြစ်ခဲ့ရင် ထွက်မပြေးဖို့ပါပဲ

တိုက်ခံရတဲ့သူ ကျိုးပဲ့ပေါက်ပြဲ နောက်ဆုံး သေးဆုံးသွားသည့်တိုင်အောင် ထွက်မပြေးစေချင်ပါဘူး ကောင်းပြီး ထွက်မပြေးခဲ့ရင် ဘယ်လိုအကျိုးသက်ရောက်မှုရမှာလဲငါ့ညီလို့ ဆိုခဲ့ရင် ဒါကိုလဲရှင်းပြချင်လှပါတယ်

တိုက်မိပီ လူတစ်ယောက်ကို ဆိုကြပါစို့ ဒါဆို မိမိယာဉ်ပေါ်ကဆင်း တိုက်မိတဲ့လူနာကို အစစအရာရာအတွက် တာဝန်အပြည့်နဲ့ကူညီလိုက်ပါ

ဆေးရုံရောက်သည်အထိ လူနာရဲ့ဆွေးမျိုးသားချင်းများနဲ့ တွေ့ဆုံပီး လိုအပ်တာတွေအတွက် တာဝန်ယူစကား နွေးထွေးတဲ့စကားတွေနဲ့ နှီးနှောဖလှယ်သည်အထိ ဆောင်ရွက်လိုက်ပါ

ကဲ လူနာသေဆုံးသွားပါပီတဲ့

ရတယ် ဆက်ကူညီပေး နောက်ဆုံး ဥပဒေအရ အမှုဖွင့်အရေးယူကြပီဆိုရင် လာပီ မိမိရဲ့ရိုးသားစွာကူညီလုပ်ဆောင်မှုတွေက အကျိုးသက်ရောက်ပီလေ

သေဆုံးသူရဲ့ဆွေးမျိုးတွေက မိမိအပေါ် မလိုမုန်းထားနည်းသွားပီ ဒေါသတွေ အမြတ်တွေအစား မတော်လို့ဖြစ်ရတာပဲ သူလဲ အစစအရာရာလာဝိုင်းလုပ်ပေးနေတာပဲ စသည်ဖြင့် အကောင်းဘက်ကနေ မေတ္တာနဲ့ပြန်တွေးလာပီလေ ဒီတော့ ထောင်ကျအောင် အလျှော်တွေအရမ်းတောင်ရအောင် သူတို့ မတွေးတော့ပါဘူး

ပြေလည်ရာပြေလည်ကြောင်းပဲ စဉ်းစားတော့မှာလေ ကြေအေးကြောင်းစာချုပ်မှာလဲ လက်မှတ်ထိုးပေးဖို့ သူတို့ဝန်မလေးတော့ဘူး သင့်တင့်တဲ့ငွေကြေးကူညီမှုလောက်နဲ့ပဲ ကျေနပ်သွားမယ်လေ

ဒီတော့ ယာဉ်တိုက်လို့လူသေဆုံးတယ်

တရားစွဲတင်ပို့တယ် မိမိရဲ့တာဝန်ယူသိတတ်မှုကြောင့် တဖက်ကကြေအေးပေးတယ်

ကဲ ဘယ်လောက်ပြသနာကြီးပီးဆုံးသွားသလဲ

မဟုတ်လို့ ထွက်ပြေးလို့ ပြန်မိတဲ့အချိန် တရားရုံးရင်ဆိုင်ရရင်တော့ ဘာမေတ္တာတရားမှ ကူညီနိုင်မှာမဟုတ်တော့တဲ့အတွက် ထိုက်သင့်တဲ့ပစ်ဒဏ် အပြည့်ခံရမှာဖြစ်ပါတော့တယ်။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

18.5.2019

Crd #Nay Myo Thu Ya

No comments:

Post a Comment