Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

သားအမိႏွစ္ဦးကကိုယ္ဝန္ေဆာင္ကိုသတ္ၿပီး ဗိုက္ခြဲကာ သေႏၶသားထုတ္ယူခဲ့မႈအေမရိကန္ျပည္ေထာင္စု ရွီကာဂိုၿမိဳ႕၌ ျဖစ္ပြား

အေမရိကန္ျပည္ေထာင္စု ရွီကာဂိုၿမိဳ႕၌ သားအမိႏွစ္ဦးသည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးကို လည္ပင္းညစ္သတ္ကာ ကိုယ္ဝန္ေဆာင္၏ ဗိုက္ကို သားလွီးဓားျဖင့္ခြဲ၍ သေႏၶသားထုတ္ယူခဲ့ေၾကာင္း ဥပေဒအရာရွိမ်ားက ေမ ၁၆ ရက္တြင္ေျပာသည္။

ကလာရစ္ဆာ ဖီဂူ႐ိုယာႏွင့္သမီးျဖစ္သူ ဒဲဆရီတို႔သည္ အသက္ ၁၉ ႏွစ္အ႐ြယ္ ကိုယ္ဝန္ေဆာင္ မာလန္ အိုခ်ိဳယာ-လိုပက္ဇ္ကို ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ ဆက္သြယ္ၿပီး ကေလးအဝတ္အစားေပးလိုေသာေၾကာင့္ ေနအိမ္သို႔လာေရာက္ရန္ ဖိတ္ေခၚခဲ့သည္။

ေနအိမ္သို႔ေရာက္ရွိခ်ိန္တြင္ သမီးျဖစ္သူက အိုခ်ိဳယာ-လိုပက္ဇ္ကို ဓာတ္ပုံအယ္လ္ဘမ္ျပၿပီး အာ႐ုံလႊဲထားခ်ိန္၌ မိခင္ျဖစ္သူ ကလာရစ္ဆာက ႀကိဳးျဖင့္ လည္ပင္းညႇစ္သတ္ခဲ့ေၾကာင္း ဥပေဒအရာရွိ ဂ်င္မာဖီက ဆိုသည္။အိုခ်ိဳယာ-လိုပက္ဇ္ အသက္မရွဴေတာ့သည့္ေနာက္

ကလာရစ္ဆာက သားလွီးဓားျဖင့္ ဗိုက္ခြဲကာ သေႏၶသားကို ထုတ္ယူ၍ ကေလးငယ္ကို ေရပုံးထဲထည့္ထားခဲ့သည္။ယင္းေနာက္ ကလာရစ္ဆာသည္ အေရးေပၚဌာနသို႔ဖုန္းဆက္ၿပီး ယခုေလးတင္ ကေလးေမြးဖြားၿပီးေသာေၾကာင့္ အေရးေပၚလူနာတင္ယာဥ္လႊတ္ေပးရန္ ေျပာဆိုခဲ့သည္။

ေဆး႐ုံသို႔ေရာက္ရွိၿပီးေနာက္ ဆရာဝန္မ်ားက စစ္ေဆးခဲ့ရာ ကလာရစ္ဆာသည္ ကေလးေမြးဖြားၿပီးခါစလကၡဏာမ်ားမရွိသည္ကို သတိထားမိခဲ့သည္။

ကလာရစ္ဆာ၏လက္ေမာင္းတြင္လည္း ေသြးမ်ားေပက်ံေနသည္ကို ဆရာဝန္မ်ားသတိထားမိခဲ့ကာ ေနာက္ပိုင္းတြင္ အာဏာပိုင္မ်ားစစ္ေဆးခ်က္အရ ယင္းေသြးမ်ားသည္ အိုခ်ိဳယာ-လိုပက္ဇ္၏ေသြးမ်ားျဖစ္ေၾကာင္း သိရွိခဲ့ရသည္ဟု ဥပေဒအရာရွိမ်ားက ေျပာသည္။

ေယာက်ာ္းေလးျဖစ္ေသာ ကေလးငယ္သည္ ေမ ၁၆ ရက္အထိ အေျခအေနစိုးရိမ္ေနရဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာဆိုခဲ့သည္။

ဧၿပီ ၂၃ ရက္တြင္ အခင္းျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ကလာရစ္ဆာႏွင့္ သမီးျဖစ္သူတို႔သည္ အိုခ်ိဳယာ-လိုပက္ဇ္၏႐ုပ္အေလာင္းကို ေစာင္ျဖင့္ပတ္၊ပလတ္စတစ္အိတ္ျဖင့္ ထုပ္ၿပီး လူျပတ္ေသာအမႈိက္ပုံတစ္ခုတြင္စြန္႔ပစ္ခဲ့ၾကသည္။အိုခ်ိဳယာ-လိုပက္ဇ္ေပ်ာက္ဆုံးၿပီး သုံးပတ္အၾကာတြင္ ဖမ္းဆီးမႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ကနဦးတြင္ အိုခ်ိဳယာလိုပက္ဇ္ေပ်ာက္ဆုံးမႈႏွင့္ အေရးေပၚတယ္လီဖုန္းဆက္သြယ္မႈတို႔ၾကား ဆက္စပ္မႈကိုမသိရွိခဲ့ေခ်။

ေမ ၇ ရက္တြင္ အိုခ်ိဳယာ-လိုပက္ဇ္၏သူငယ္ခ်င္းမ်ားက လူမႈမီဒီယာတြင္ ကလာရစ္ဆာ ဖီဂူ႐ိုယာႏွင့္ ၎တို႔၏ကိုယ္ဝန္ေဆာင္သူငယ္ခ်င္းတို႔ အဆက္အသြယ္ရွိခဲ့ၾကေၾကာင္း စုံေထာက္မ်ားကိုေျပာဆိုခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ား ကလာရစ္ဆာတို႔၏ေနအိမ္ကိုသြားေရာက္ကာ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
The Myanmar Times

#Unicode Version#
အမေရိကန်ပြည်ထောင်စု ရှီကာဂိုမြို့၌ သားအမိနှစ်ဦးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို လည်ပင်းညစ်သတ်ကာ ကိုယ်ဝန်ဆောင်၏ ဗိုက်ကို သားလှီးဓားဖြင့်ခွဲ၍ သန္ဓေသားထုတ်ယူခဲ့ကြောင်း ဥပဒေအရာရှိများက မေ ၁၆ ရက်တွင်ပြောသည်။

ကလာရစ်ဆာ ဖီဂူရိုယာနှင့်သမီးဖြစ်သူ ဒဲဆရီတို့သည် အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် မာလန် အိုချိုယာ-လိုပက်ဇ်ကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဆက်သွယ်ပြီး ကလေးအဝတ်အစားပေးလိုသောကြောင့် နေအိမ်သို့လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

နေအိမ်သို့ရောက်ရှိချိန်တွင် သမီးဖြစ်သူက အိုချိုယာ-လိုပက်ဇ်ကို ဓာတ်ပုံအယ်လ်ဘမ်ပြပြီး အာရုံလွှဲထားချိန်၌ မိခင်ဖြစ်သူ ကလာရစ်ဆာက ကြိုးဖြင့် လည်ပင်းညှစ်သတ်ခဲ့ကြောင်း ဥပဒေအရာရှိ ဂျင်မာဖီက ဆိုသည်။အိုချိုယာ-လိုပက်ဇ် အသက်မရှူတော့သည့်နောက်

ကလာရစ်ဆာက သားလှီးဓားဖြင့် ဗိုက်ခွဲကာ သန္ဓေသားကို ထုတ်ယူ၍ ကလေးငယ်ကို ရေပုံးထဲထည့်ထားခဲ့သည်။ယင်းနောက် ကလာရစ်ဆာသည် အရေးပေါ်ဌာနသို့ဖုန်းဆက်ပြီး ယခုလေးတင် ကလေးမွေးဖွားပြီးသောကြောင့် အရေးပေါ်လူနာတင်ယာဉ်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

ဆေးရုံသို့ရောက်ရှိပြီးနောက် ဆရာဝန်များက စစ်ဆေးခဲ့ရာ ကလာရစ်ဆာသည် ကလေးမွေးဖွားပြီးခါစလက္ခဏာများမရှိသည်ကို သတိထားမိခဲ့သည်။

ကလာရစ်ဆာ၏လက်မောင်းတွင်လည်း သွေးများပေကျံနေသည်ကို ဆရာဝန်များသတိထားမိခဲ့ကာ နောက်ပိုင်းတွင် အာဏာပိုင်များစစ်ဆေးချက်အရ ယင်းသွေးများသည် အိုချိုယာ-လိုပက်ဇ်၏သွေးများဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဥပဒေအရာရှိများက ပြောသည်။

ယောကျာ်းလေးဖြစ်သော ကလေးငယ်သည် မေ ၁၆ ရက်အထိ အခြေအနေစိုးရိမ်နေရဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ဧပြီ ၂၃ ရက်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလာရစ်ဆာနှင့် သမီးဖြစ်သူတို့သည် အိုချိုယာ-လိုပက်ဇ်၏ရုပ်အလောင်းကို စောင်ဖြင့်ပတ်၊ပလတ်စတစ်အိတ်ဖြင့် ထုပ်ပြီး လူပြတ်သောအမှိုက်ပုံတစ်ခုတွင်စွန့်ပစ်ခဲ့ကြသည်။အိုချိုယာ-လိုပက်ဇ်ပျောက်ဆုံးပြီး သုံးပတ်အကြာတွင် ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များသည် ကနဦးတွင် အိုချိုယာလိုပက်ဇ်ပျောက်ဆုံးမှုနှင့် အရေးပေါ်တယ်လီဖုန်းဆက်သွယ်မှုတို့ကြား ဆက်စပ်မှုကိုမသိရှိခဲ့ချေ။

မေ ၇ ရက်တွင် အိုချိုယာ-လိုပက်ဇ်၏သူငယ်ချင်းများက လူမှုမီဒီယာတွင် ကလာရစ်ဆာ ဖီဂူရိုယာနှင့် ၎င်းတို့၏ကိုယ်ဝန်ဆောင်သူငယ်ချင်းတို့ အဆက်အသွယ်ရှိခဲ့ကြကြောင်း စုံထောက်များကိုပြောဆိုခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ကလာရစ်ဆာတို့၏နေအိမ်ကိုသွားရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
The Myanmar Times

No comments:

Post a Comment