Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 20, 2019

ဘုန္းႀကီးေက်ာင္းႏွင့္နီးေလ နိဗၺာန္ႏွင့္ေဝးေလ မျဖစ္ပါေစႏွင့္


ၿမိဳ႕ေလးတစ္ၿမိဳ႕တြင္ ဆရာေတာ္တစ္ပါး
ရိပ္သာစတင္တည္ေထာင္ကာ တရားျပေန၏ ။

တရားစခန္းမ်ား အစဥ္ေျပေစေရးအတြက္
အလွဴေငြလက္ခံေရးအဖြဲ႔၊အခ်က္အျပဳတ္အဖြဲ႔၊
ေနရာခ်ထားေရးအဖြဲ႔ စသည္ျဖင့္ ေဝယ်ာေဝစၥ အဖြဲ႔မ်ား ဖြဲ႔စည္းကာ လုပ္ကိုင္ေဆာင္ရြက္ၾက၏ ။

သိပ္မၾကာခင္ကာလမွာပဲ ထိုေဝယ်ာေဝစၥအဖြဲ႔မွာ
စိတ္ဝမ္းကြဲကာ ႏွစ္အုပ္စုကြဲကာ မညီမညြတ္ျဖစ္ေလေတာ့၏ ။

ထိုသို႔ျဖစ္သည္ကို ဆရာေတာ္သိသြားသျဖင့္
စည္းလံုးညီညြတ္စြာ အတူတကြ တိုင္တိုင္ပင္ပင္
ပူးေပါင္းေဆာင္ရြက္ၾကရန္ ဆံုးမၾသဝါဒေပးေတာ္မူ သျဖင့္ ျပန္လည္သင့္ျမတ္ ညီညြတ္သြား၏ ။

သို႔ေသာ္ ေခတၱခဏသာ သင့္ျမတ္ၾကၿပီး
သိပ္မၾကာခင္ပင္ တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ အျပန္အလွန္
အျပစ္တင္ေျပာဆိုၾကကာ ရန္ျဖစ္ၾကျပန္ေလ၏ ။

ထိုအခါ ဆရာေတာ္က ႏွစ္ဖြဲ႔လံုးကိုေခၚ၍
ဆံုးမေလရာ ဆရာေတာ္ေရွ႕၌ပင္ ျငင္းခံု
ရန္ျဖစ္ၾကေလေတာ့၏ ။
ထိုအခါ ဆရာေတာ္က --
`ကဲ … ကဲ ...ေတာ္ၾကေတာ့ ေတာ္ၾကေတာ့ - - -
ဒကာႀကီး ဒကာမႀကီးတို႔ ႏွစ္ဘက္လံုးမွာ အျပစ္
မရွိၾကပါဘူး ။
တကယ္အျပစ္ရွိတာက ဒီရိပ္သာတည္ေထာင္တဲ့ က်ဳပ္မွာသာ အျပစ္ရွိပါတယ္ ။
က်ဳပ္ဟာ နယ္တကာလွည့္ၿပီး ေလာဘ ေဒါသ
မာန္မာနေတြနည္းေအာင္ တရားေဟာျပဆံုးမလို႔
ႏိုင္နင္းေပမယ့္ ကိုယ့္ရိပ္သာထဲက ဒီေဝယ်ာေဝစၥ
အဖြဲ႔ကိုေတာ့ ေလာဘ ေဒါသ မာန္မာနေတြနည္းေအာင္ မဆံုးမႏိုင္ဘူးျဖစ္ေနတယ္ ။
ဒါေၾကာင့္ က်ဳပ္မွာသာ အျပစ္ရွိပါတယ္´
ထိုကဲ႔သို႔မိန္႔ကာ အခန္းထဲ ထဝင္သြားေတာ့၏ ။

ထို႔ေၾကာင့္ပင္ - - -

ဘုန္းႀကီးေက်ာင္းႏွင့္နီးေလေလ
နိဗၺာန္ႏွင့္ေဝးေလေလ ဟု ပညာရွိမ်ား ဆံုးမခဲ႔ဟန္တူ၏ ။

ေသခ်ာသည္ကား ေလာကမွာ --
အစုရွိလွ်င္ အမႈရွိမည္ပင္ ။
အဖြဲ႔ရွိလွ်င္ အပဲ႔ရွိမည္ပင္ ။
အေပါင္းရွိလွ်င္ အေစာင္းရွိမည္ပင္ ။

(အမွတ္ ၃၄ ေမတၱာရွင္မဂၢဇင္းမွ ကူးယူ ​ေဖာ္​ျပပါသည္​)

သတိသံ​ေဝ ဆင္​ျခင္​ဉာဏ္​ျဖင္​့ အျမင္​မွန္​သိကာ သာသနာစည္​ပင္​​ေၾကာင္​း ျမတ္​​ေကာင္​းမႈ အၿမဲျပဳၾက​ေစ။
အ႐ွင္​သုစိတၱ { အမရပူရ }

#Unicode Version#
မြို့လေးတစ်မြို့တွင် ဆရာတော်တစ်ပါး
ရိပ်သာစတင်တည်ထောင်ကာ တရားပြနေ၏ ။

တရားစခန်းများ အစဉ်ပြေစေရေးအတွက်
အလှူငွေလက်ခံရေးအဖွဲ့၊အချက်အပြုတ်အဖွဲ့၊
နေရာချထားရေးအဖွဲ့ စသည်ဖြင့် ဝေယျာဝေစ္စ အဖွဲ့များ ဖွဲ့စည်းကာ လုပ်ကိုင်ဆောင်ရွက်ကြ၏ ။

သိပ်မကြာခင်ကာလမှာပဲ ထိုဝေယျာဝေစ္စအဖွဲ့မှာ
စိတ်ဝမ်းကွဲကာ နှစ်အုပ်စုကွဲကာ မညီမညွတ်ဖြစ်လေတော့၏ ။

ထိုသို့ဖြစ်သည်ကို ဆရာတော်သိသွားသဖြင့်
စည်းလုံးညီညွတ်စွာ အတူတကွ တိုင်တိုင်ပင်ပင်
ပူးပေါင်းဆောင်ရွက်ကြရန် ဆုံးမသြဝါဒပေးတော်မူ သဖြင့် ပြန်လည်သင့်မြတ် ညီညွတ်သွား၏ ။

သို့သော် ခေတ္တခဏသာ သင့်မြတ်ကြပြီး
သိပ်မကြာခင်ပင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်
အပြစ်တင်ပြောဆိုကြကာ ရန်ဖြစ်ကြပြန်လေ၏ ။

ထိုအခါ ဆရာတော်က နှစ်ဖွဲ့လုံးကိုခေါ်၍
ဆုံးမလေရာ ဆရာတော်ရှေ့၌ပင် ငြင်းခုံ
ရန်ဖြစ်ကြလေတော့၏ ။
ထိုအခါ ဆရာတော်က --
`ကဲ … ကဲ ...တော်ကြတော့ တော်ကြတော့ - - -
ဒကာကြီး ဒကာမကြီးတို့ နှစ်ဘက်လုံးမှာ အပြစ်
မရှိကြပါဘူး ။
တကယ်အပြစ်ရှိတာက ဒီရိပ်သာတည်ထောင်တဲ့ ကျုပ်မှာသာ အပြစ်ရှိပါတယ် ။
ကျုပ်ဟာ နယ်တကာလှည့်ပြီး လောဘ ဒေါသ
မာန်မာနတွေနည်းအောင် တရားဟောပြဆုံးမလို့
နိုင်နင်းပေမယ့် ကိုယ့်ရိပ်သာထဲက ဒီဝေယျာဝေစ္စ
အဖွဲ့ကိုတော့ လောဘ ဒေါသ မာန်မာနတွေနည်းအောင် မဆုံးမနိုင်ဘူးဖြစ်နေတယ် ။
ဒါကြောင့် ကျုပ်မှာသာ အပြစ်ရှိပါတယ်´
ထိုကဲ့သို့မိန့်ကာ အခန်းထဲ ထဝင်သွားတော့၏ ။

ထို့ကြောင့်ပင် - - -

ဘုန်းကြီးကျောင်းနှင့်နီးလေလေ
နိဗ္ဗာန်နှင့်ဝေးလေလေ ဟု ပညာရှိများ ဆုံးမခဲ့ဟန်တူ၏ ။

သေချာသည်ကား လောကမှာ --
အစုရှိလျှင် အမှုရှိမည်ပင် ။
အဖွဲ့ရှိလျှင် အပဲ့ရှိမည်ပင် ။
အပေါင်းရှိလျှင် အစောင်းရှိမည်ပင် ။

(အမှတ် ၃၄ မေတ္တာရှင်မဂ္ဂဇင်းမှ ကူးယူ ဖော်ပြပါသည်)

သတိသံဝေ ဆင်ခြင်ဉာဏ်ဖြင့် အမြင်မှန်သိကာ သာသနာစည်ပင်ကြောင်း မြတ်ကောင်းမှု အမြဲပြုကြစေ။
အရှင်သုစိတ္တ { အမရပူရ }

No comments:

Post a Comment