Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 13, 2019

လက်ဖက်ရည် အချိုသောက်ရင်ဖြင့် .. အသက်တွေ အမှန်ပျောက်ကြမှာမို့ .. ဆင်ခြင်ကြဖို့ ကြည့်စေချင် !



Si Thu Aung

#Unicode Version#
(လက်ဖက်ရည်ဆိုင်တွေက ပြန်သိမ်းလာတဲ့ အချိုခြောက် အဟောင်းတွေကို နေလှမ်း လွှစာမှုန့်ရော အရောင်ဆိုး အနံ့ဖြန်းပြီး ပြန်ရောင်းကြပါသည်)

လက်ဖက် အစို နဲ့ သုတ်ထားတဲ့ လက်ဖက်သုတ်ရယ် ..

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်း ရယ် ..

နှပ်ပြီးဖျော်ထားတယ်ဆိုတဲ့ လက်ဖက်ရည်ချိုရယ် ..

ဘာလို့ အရောင်၊ အနံ့၊ အရသာ မတူကြတာလဲလို့ FDA က ဝန်ထမ်းတွေရယ်၊

လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ဆရာဝန်တွေရယ် ဝိုင်းပြီး အဖြေရှာသင့်ကြပြီလို့ မြင်ပါတယ် ..

ဆိုလိုချင်တာက လက်ဖက်အစိုမှာကော လက်ဖက်အဖန်ခြောက်မှာကော လက်ဖက်အချိုခြောက်မှာကော

လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဗေဒ ဆိုးဆေး ဓအရောင်

အနံ့တွေပါသလား မပါသလား ဆိုတာ

ဘယ်သူက အာမခံပေးမလဲ ဆိုတာပါပဲ

မြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းကတော့

အာဆီယံမှာ ၆၆နှစ်နဲ့ ဘိတ်ချီးရောက်နေတာ ကြာပါပြီ မိတ်ဆွေများခင်ဗျား ။

 Si Thu Aung

No comments:

Post a Comment