Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 21, 2019
#Unicode Version#
ခင်ပွန်းက ဇနီးကို သိပ်ချစ်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်မှ ‘မင်္ဂလာ’ မည်ပါတယ်ခင်ပွန်းနဲ့ဇနီး အပေးအယူမျှတစွာ ချစ်တယ်ဆိုတာလဲအင်မတန်မှ ကျတ်သရေရှိပါတယ်..ထားပါတော့!ပြောချင်တာက …ခင်ပွန်းတစ်ယောက်ဟာ ဇနီးကို အလိုလိုက်ချစ်တက်ပြီဆိုရင် ထိုခင်ပွန်းရဲ့မိတ်ဆွေအပေါင်းအသင်းတွေက
‘ဟေ့ကောင် မယားကြောက်’ ဘာညာဆိုပြီးစကြနောက်ကြ လှောင်ပြောင်ကြတယ် !ပိုဆိုးတာက ” မိန်းမဆိုတာ ကြောက်စရာမဟုတ်ဘူးကိုယ့်လုပ်စာထိုင်စားနေတဲ့သူအချိန်တန်ရင် လစာလေးအပ်” ”အိမ်ကမိန်းမကြီးကို နားထားလိုက်ပါကွာအပြင်မှာ အလန်းတွေတပုံကြီး” စသဖြင့်စိတ်ထားယုတ်တဲ့မိတ်ဆွေတွေက မြှောက်ပင့်ပေးတက်ကြတယ်
သေးသိမ်တဲ့ခပ်ညံ့ညံ့ဆွေမျိုးအသိုင်းအဝိုင်းတွေကကဲ့ရဲ့ပစ်တင်ကြတယ်မခံချိမခံသာ အတင်းပြောကြတယ်”အဲ့ကောင် မိန်းမမှမိန်းမဖြစ်နေတာ မိန်းမဘာလုပ်ချင်တယ်ဆို အကုန်လုပ်ပေးနေတာ ဘာညာပေါ့လေ’ !တကယ်တော့ ခင်ပွန်းကောင်းဟူသည်
ဇနီးအပေါ် နိုင်ထက်စီးနင်း မပြုတဲ့သူ ..မိမိဇနီးက အမြဲတမ်းလေးစားချစ်ခင်နေအောင်ပြုမူနေထိုက်တက်သူ..အိမ်ထောင်ဦးစီးတာဝန်ကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်နိုင်သူခင်ပွန်းသည် မိမိဇနီးကို သဲသဲလှုပ်ချစ်တာ အပြစ်လား.?ကျွန်မရဲ့ အမြင်မှာတော့ထိုကဲ့သို့သောခင်ပွန်းမျိုးကို ‘မယားကြောက်’ လို့
ဘယ်တော့မှ မမြင်ပါထိုကဲ့သို့သော ခင်ပွန်းမျိုးသည် ဇနီးတိုင်းတောင့်တလိုချင်သော သူမျိုးဖြစ်ပါလိမ့်မယ်အိမ်ထောင်ရေးတခု ခိုင်မြဲဖို့ ခင်ပွန်းနဲ့ဇနီးအပြန်အလှန်
ချစ်ခြင်းမေတ္တာတခု ရှိသင့်ပါတယ်ဇနီးတစ်ယောက်ရဲ့ပျော်ရွှင်မှု့သည် မိမိခင်ပွန်း၏ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ် ..ပျော်ရွှင်သော ဇနီးတစ်ယောက်၏ ဘဝတွင်သိက္ခာရှိ၍ လေးစားထိုက်သော ခင်ပွန်းကောင်းရှိနေပါလိမ့်မယ်အမြဲတမ်း ငေးငိုင်မှိုင်တွေနေသော ဇနီး၏
နောက်ကွယ်တွင် သိက္ခာမဲ့၍ ဖောက်ပြန်တက်သောခင်ပွန်းဆိုးများ ရှိနေပါလိမ့်မယ် ..ဥစ္စာဆင်းရဲတဲ့ ဇနီးသည် ခင်ပွန်းကောင်းရှိပါကစိတ်ပျော်ရွှင်နိုင်မည် ဖြစ်သော်လည်းဥစ္စာချမ်းသာတဲ့ ဇနီးသည် ခင်ပွန်းကောင်းမရှိပါကစိတ်ပျော်ရွှင်နိုင်မည်မဟုတ်ပေ
ထိုကြောင့်ခင်ပွန်းတို့သည် မိမိ၏ ဇနီးကို ချစ်မြဲချစ်ကြပါဒါဟာ ရှက်စရာမဟုတ်ပါအထင်ကြီးလေးစားချီးကျူးစရာပါခင်ပွန်းကောင်းတွေရဲ့ အပြုအမူပါမိမိက ချစ်ပြဂရုစိုက်ပြလို့ ဇနီးဆီကရရှိလာမဲ့တုံ့ပြန်မှု့က ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးတခုကို ပိုင်ဆိုင်ရမှာပါစစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ပြလိုက်ပါမယုံမရှိပါနဲ့သင်တို့ရဲ့အိမ်ထောင်ရေးဂေဟာလေးကအမြဲတမ်း သာယာနေမှာ မလွဲပါပဲယောကျာ်းတိုင်းခင်ပွန်းကောင်းများဖြစ်ကြပါစေဇနီးတိုင်း သဲသဲလှုပ်ချစ်တက်သောခင်ပွန်းကောင်းများကို ပိုင်ဆိုင်နိုင်ပါစေ။
လောကကိုအလှဆင်သူ
No comments:
Post a Comment