Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 21, 2019

ႏို႔႔သီးယားကုိျပန္လာမွလုပ္ေပးမယ္


ႏို႔႔သီးယားကုိျပန္လာမွလုပ္ေပးမယ္ 😂😂😂

ဖုန္​းဆိုင္​ တစ္​ဆိုင္​သို႔​လူတစ္​​ေယာက္​ ဝင္​လာၿပီး ​ေမးသည္​
” ​ေမာင္​ရင္​ – ​ေစြ​ေစာင္​း ရိွလား . . . ?”

ဆိုင္​ရွင္​က နားမလည္​စြာျဖင္​့
” ဘယ္​က ​ေစြ​ေစာင္​းလဲ — . . . ?က်​ေတာ္​တို႔ဆီမွာ​ေစြ​ေစာင္​း ဆိုတဲ့လူ တစ္​​ေယာက္​မွ မရိွဘူး ”
” မဟုတ္​ဘူး​ေလကြာ –​ေစြ​ေစာင္​း ႏို႔ဖိုး ”

ဆိုင္​႐ွင္​က စိတ္​မ႐ွည္​စြာျဖင္​့. . .
” ဒီမွာ ဦး​ေလး -ဒီမွာ ​ေစြ​ေစာင္​းလည္​း မရိွဘူး –ႏို႔ ဖိုး ​ေတာင္​းရ​ေအာင္​လည္​း -ဦး​ေလးဆီက တစ္​ခါမွ ႏို႔ ဝယ္​မ​ေသာက္​ဖူးဘူး ”
” ဟာ ​ဒိုးခပါဘဲကြာ-မင္​းက ​ေတာ္​​ေတာ္​ပိန္​းတာပဲ -ငါ ​ေျပာတာက ဖုန္​းနာမည္​ ​ေစြ​ေစာင္​း ႏို႔ဖိုးကို ​​ေျပာတာ ငအရဲ႕ ”

ထိုအခါမွဆိုင္​႐ွင္​က စဥ္​းစားၿပီးနားလည္​ သြားဟန္​ျဖင္​့
” ဪ သိၿပီ သိၿပီ – ဟားဟားဦး​ေလးကလည္​း ​ေစြ​ေစာင္​းႏို႔ဖိုးမဟုတ္​ပါဘူးဆမ္​​ေဆာင္​း Note -4 ပါ ဟားဟား ”
” ဟုတ္​လား သိဘူး​ေလကြာ -ငါ ​ေခၚတတ္​သလို ​ေခၚတာပဲဟာ ”
” ဟုတ္​ကဲ့ ရိွပါတယ္​ ဦး​ေလး -က်​ေတာ္​ ျပမယ္​ ”

ဆိုင္​႐ွင္​က မွန္​ဘီ႐ိုထဲမွ ဖုန္​းကို ထုတ္​ၿပီး ​ေစ်းႏႉန္​းႏွင္​့ ဖုန္​းအ​ေၾကာင္​းကို ႐ွင္​းျပ​ေလသည္​ လူႀကီးက နား​ေထာင္​ၿပီး. . .
” ​ေအးကြ -မင္​း ​ေျပာပုံဆို ဖုန္​းက​ေတာ့ မဆိုးပါဘူး – ​ေစ်းႏူန္​းက မ်ား​ေနတယ္​ကြ ”
” မမ်ားပါဘူး ဦး​ေလးရ -ဒါ ကုမၸဏီက ခ်တဲ့ ​ေစ်းႏူန္​းအတိုင္​း​ေရာင္​းတာပါ ”
လူႀကီးက စိတ္​တိုင္​းမက်ဟန္​ျဖင္​့
” ဟိုဟာ — အပို ​ေကာ ရိွလား ?”
” အပို က​ေတာ့ -ဖုန္​းကာ​ဗာ တစ္​ခု ​ေပးမယ္​ဦးထုပ္​တစ္​လုံး လက္​​ေဆာင္​ ​ေပးမယ္​ -ၿပီး​ေတာ့ –”
” ဟာ မဟုတ္​ပါဘူး –ငါ ​ေမးတာက အပို ဖုန္​း –”
“ဪ ဦး​ေလးရယ္​ ဖုန္​းတစ္​လုံး ဝယ္​တာ – ဖုန္​းတစ္​လုံး အပိုလက္​​ေဆာင္​ က​ေတာ့ – ဘယ္​သူက ​ေပးမွာလဲ ”

” ဟာကြာ –မင္​းကလည္​း.​ေစာက္​႐ူးပဲ -ဖုန္​းဆိုင္​ဖြင္​့ထားၿပီး ဘာမွလည္​းနားမလည္​ဘူးငါ ​ေျပာတာ အပိုဖုန္​း –ဖုန္​းနာမည္​က အပို – သိၿပီလား – ငတုံးရဲ႕ ”
ဆိုင္​႐ွင္​လည္​း ငတုံး ဟု အ​ေျပာခံရသျဖင္​့​ေအာင္​့သက္​သက္​ျဖင္​့ ခံလိုက္​ရၿပီး သူ​ေျပာတဲ့ ဖုန္​းအမည္​ကို ျပန္​စဥ္​းစားၾကည္​့ၿပီး

” ဪ သိၿပီ သိၿပီိး – Oppo ဖုန္​းကို ​ေျပာတာ မလား ”
” ​ေအးလကြာ – အိုပို လား အပိုလား​ေတာ့ မသိဘူး – အဲ့ဖုန္​း အဲ့ဖုန္​း ဘာတဲ့ “မတန္​မရာဖုန္​း ဆိတ္​ခ်ီး ဘုရင္​” ဆိုလားပဲ
” OPPO ကင္​မရာဖုန္​း selfie ဘုရင္​ပါ -ဦး​ေလးရဲ႕ – ဦး​ေလးနဲ႔​ေတာ့ ဒိုးခပါဘဲ​ဗ်ာ ”
” ​ေအး​ေအး – အဲ့ဒါ ျပပါအုံးကြ ”
ဆိုင္​႐ွင္​က မွန္​ဘီ႐ိုထဲမွ ဖုန္​းကိုယူၿပီး ႐ွင္​းျပျပန္​သည္​ထိုစဥ္​

“¸¸♬·¯·♩¸¸♪·–အနနၱငါးပါးကို ရိွခိုးပါ၏ဘုရား – အနနၱငါးပါးကို –ရိွ ရိွခိုးခိုး –¸¸♬·¯·♩¸¸♪·¯·”

” ဟယ္​လို — ​ေအး ​ေခြးမလား -​ေအး ​ေျပာ – အခုလား – ဝယ္​​ေနတယ္​ -ဖုန္​းဆိုင္​ ​ေရာက္​​ေနတယ္​ – ဘာ အျပားႀကီးႀကီး — ​ေအးပါ သိပါတယ္​ — ငါအတြက္​​ေကာ နင္​့အတြက္​​ေကာႏွစ္​လုံး ဝယ္​မယ္​​ေလ –
ငါလည္​း ဒီခလုတ္​ဖုန္​းႀကီး မကိုင္​ခ်င္​​ေတာ့ဘူးဟ – ဟားဟား – ​ေအးပါ ​ေအးပါ – ​
ေဖ့အဖုတ္​လား ဖြင္​့ခိုင္​းလိုက္​မယ္​​ေလ – ဘာလဲ – ဘာ -ႏို႔သီးယား – ႏို႔သီးယား တာ​ေတာ့ငါျပန္​လာမွ ၾကည္​့လုပ္​​ေပးမယ္​​ေလ ”

” ခြိီး ”
ဆိုင္​႐ွင္​က နား​ေထာင္​ၿပီး ရယ္​သံထြက္​သြားသျဖင္​့ – လူႀကီးက မ်က္​​ေစာင္​းထိုးၾကည္​့ၿပီး ဖုန္​းကို ဆက္​​ေျပာသည္​
” ​ေအးပါဟယ္​ -ခ်ီးမည္​းနဲ႔ ပက္​ခြက္​ကိုလည္​း ​ေသခ​်ာ မွတ္​ခဲ့ပါ့မယ္​ ​ေအး​ေအး ဒါပဲ​ေနာ္​ ”
လူႀကီးက ဖုန္​း​ေျပာၿပီးသူ႔ခလုတ္​ဖုန္​း​ေလးကိုလြယ္​အိတ္​ထဲ ျပန္​ထည္​့လိုက္​သည္​
” ​ေအး ​ေမာင္​ရင္​ – ႏွစ္​လုံး ယူမယ္​ကြာ – အျပားႀကီးႀကီးနဲ႔ ​ေဖ့အဖုတ္​တို႔ ဖိုက္​ဘာ တို႔ သုံးလို႔ရ​ေအာင္​သာ လုပ္​​ေပး ”
” ဟုတ္​ကဲ့ စိတ္​ခ်ပါဦး​ေလး – က်​ေတာ္​ ​ေသခ်ာ လုပ္​​ေပး လိုက္​ပါ့မယ္​ ”
ဆိုင္​႐ွင္​က ​ေျပာၿပီး ခုနက လူႀကီးဖုန္​း​ေျပာတုန္​းက သူမ႐ွင္​းသည္​့စကား​ေလးကို သိခ်င္​၍ ​ေမးၾကည္​့​ေလသည္​

” ဒါနဲ႔​ေလ ဦး​ေလး – ခုနက ဦး​ေလး ဖုန္​း​ေျပာတုန္​းက – ႏို႔သီးယား တာကို ျပန္​လာမွ လုပ္​​ေပးမယ္​ ဆိုတာ –
အာ့ ဘာ ​ေျပာတာလဲ “ထိုအခါ လူႀကီးက
” အဲ့ဒါ – ဦး​ေလးမိန္​းမ ကိုင္​​ေနတဲ့ဖုန္​း​ေလ – နာမည္​က ႏို႔သီးယားတဲ့ခလုတ္​ဖုန္​း​ေလးပါ -အဲ့ဒါ အသံမလာ လို႔တဲ့​ေလ –
အာ့​ေၾကာင္​့ ဦး​ေလး ျပန္​လာမွ လုပ္​​ေပးမယ္​လို႔ ​ေျပာတာ -ဘာျဖစ္​လို႔လဲ ”
ထိုအခါဆိုင္​႐ွင္​က အားပါတရ ရယ္​​ေမာလိုက္​ၿပီးဤသို႔ ​ေျပာလိုက္​ပါ​ေတာ့သည္​
” ဟားဟား
ဦး​ေလးနဲ႔​ေတြ႔မွ “Nokia” လည္​း ႏို႔သီးယား ျဖစ္​သြား​ေတာ့တယ္​ ဟားဟား ”
” သိဘူး​ေလကြာ – အဟားးဟားးးးးး”
bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ဖုန်းဆိုင် တစ်ဆိုင်သို့လူတစ်ယောက် ဝင်လာပြီး မေးသည်

” မောင်ရင် – စွေစောင်း ရှိလား . . . ?”

ဆိုင်ရှင်က နားမလည်စွာဖြင့်

” ဘယ်က စွေစောင်းလဲ — . . . ?ကျတော်တို့ဆီမှာစွေစောင်း ဆိုတဲ့လူ တစ်ယောက်မှ မရှိဘူး ”

” မဟုတ်ဘူးလေကွာ –စွေစောင်း နို့ဖိုး ”

ဆိုင်ရှင်က စိတ်မရှည်စွာဖြင့်. . .

” ဒီမှာ ဦးလေး -ဒီမှာ စွေစောင်းလည်း မရှိဘူး –နို့ ဖိုး တောင်းရအောင်လည်း -ဦးလေးဆီက တစ်ခါမှ နို့ ဝယ်မသောက်ဖူးဘူး ”

” ဟာ ဒိုးခပါဘဲကွာ-မင်းက တော်တော်ပိန်းတာပဲ -ငါ ပြောတာက ဖုန်းနာမည် စွေစောင်း နို့ဖိုးကို ပြောတာ ငအရဲ့ ”

ထိုအခါမှဆိုင်ရှင်က စဉ်းစားပြီးနားလည် သွားဟန်ဖြင့်

” ဪ သိပြီ သိပြီ – ဟားဟားဦးလေးကလည်း စွေစောင်းနို့ဖိုးမဟုတ်ပါဘူးဆမ်ဆောင်း Note -4 ပါ ဟားဟား ”

” ဟုတ်လား သိဘူးလေကွာ -ငါ ခေါ်တတ်သလို ခေါ်တာပဲဟာ ”

” ဟုတ်ကဲ့ ရှိပါတယ် ဦးလေး -ကျတော် ပြမယ် ”

ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကို ထုတ်ပြီး ဈေးနှူန်းနှင့် ဖုန်းအကြောင်းကို ရှင်းပြလေသည် လူကြီးက နားထောင်ပြီး. . .

” အေးကွ -မင်း ပြောပုံဆို ဖုန်းကတော့ မဆိုးပါဘူး – ဈေးနူန်းက များနေတယ်ကွ ”

” မများပါဘူး ဦးလေးရ -ဒါ ကုမ္ပဏီက ချတဲ့ ဈေးနူန်းအတိုင်းရောင်းတာပါ ”

လူကြီးက စိတ်တိုင်းမကျဟန်ဖြင့်

” ဟိုဟာ — အပို ကော ရှိလား ?”

” အပို ကတော့ -ဖုန်းကာဗာ တစ်ခု ပေးမယ်ဦးထုပ်တစ်လုံး လက်ဆောင် ပေးမယ် -ပြီးတော့ –”

” ဟာ မဟုတ်ပါဘူး –ငါ မေးတာက အပို ဖုန်း –”

“ဪ ဦးလေးရယ် ဖုန်းတစ်လုံး ဝယ်တာ – ဖုန်းတစ်လုံး အပိုလက်ဆောင် ကတော့ – ဘယ်သူက ပေးမှာလဲ ”

” ဟာကွာ –မင်းကလည်း.စောက်ရူးပဲ -ဖုန်းဆိုင်ဖွင့်ထားပြီး ဘာမှလည်းနားမလည်ဘူးငါ ပြောတာ အပိုဖုန်း –ဖုန်းနာမည်က အပို – သိပြီလား – ငတုံးရဲ့ ”

ဆိုင်ရှင်လည်း ငတုံး ဟု အပြောခံရသဖြင့်အောင့်သက်သက်ဖြင့် ခံလိုက်ရပြီး သူပြောတဲ့ ဖုန်းအမည်ကို ပြန်စဉ်းစားကြည့်ပြီး

” ဪ သိပြီ သိပြီး – Oppo ဖုန်းကို ပြောတာ မလား ”

” အေးလကွာ – အိုပို လား အပိုလားတော့ မသိဘူး – အဲ့ဖုန်း အဲ့ဖုန်း ဘာတဲ့ “မတန်မရာဖုန်း ဆိတ်ချီး ဘုရင်” ဆိုလားပဲ

” OPPO ကင်မရာဖုန်း selfie ဘုရင်ပါ -ဦးလေးရဲ့ – ဦးလေးနဲ့တော့ ဒိုးခပါဘဲဗျာ ”

” အေးအေး – အဲ့ဒါ ပြပါအုံးကွ ”

ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကိုယူပြီး ရှင်းပြပြန်သည်ထိုစဉ်

“¸¸♬·¯·♩¸¸♪·–အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား – အနန္တငါးပါးကို –ရှိ ရှိခိုးခိုး –¸¸♬·¯·♩¸¸♪·¯·”

” ဟယ်လို — အေး ခွေးမလား -အေး ပြော – အခုလား – ဝယ်နေတယ် -ဖုန်းဆိုင် ရောက်နေတယ် – ဘာ အပြားကြီးကြီး — အေးပါ သိပါတယ် — ငါအတွက်ကော နင့်အတွက်ကောနှစ်လုံး ဝယ်မယ်လေ –

ငါလည်း ဒီခလုတ်ဖုန်းကြီး မကိုင်ချင်တော့ဘူးဟ – ဟားဟား – အေးပါ အေးပါ –

ဖေ့အဖုတ်လား ဖွင့်ခိုင်းလိုက်မယ်လေ – ဘာလဲ – ဘာ -နို့သီးယား – နို့သီးယား တာတော့ငါပြန်လာမှ ကြည့်လုပ်ပေးမယ်လေ ”

” ခွီး ”

ဆိုင်ရှင်က နားထောင်ပြီး ရယ်သံထွက်သွားသဖြင့် – လူကြီးက မျက်စောင်းထိုးကြည့်ပြီး ဖုန်းကို ဆက်ပြောသည်

” အေးပါဟယ် -ချီးမည်းနဲ့ ပက်ခွက်ကိုလည်း သေချာ မှတ်ခဲ့ပါ့မယ် အေးအေး ဒါပဲနော် ”

လူကြီးက ဖုန်းပြောပြီးသူ့ခလုတ်ဖုန်းလေးကိုလွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်

” အေး မောင်ရင် – နှစ်လုံး ယူမယ်ကွာ – အပြားကြီးကြီးနဲ့ ဖေ့အဖုတ်တို့ ဖိုက်ဘာ တို့ သုံးလို့ရအောင်သာ လုပ်ပေး ”

” ဟုတ်ကဲ့ စိတ်ချပါဦးလေး – ကျတော် သေချာ လုပ်ပေး လိုက်ပါ့မယ် ”

ဆိုင်ရှင်က ပြောပြီး ခုနက လူကြီးဖုန်းပြောတုန်းက သူမရှင်းသည့်စကားလေးကို သိချင်၍ မေးကြည့်လေသည်

” ဒါနဲ့လေ ဦးလေး – ခုနက ဦးလေး ဖုန်းပြောတုန်းက – နို့သီးယား တာကို ပြန်လာမှ လုပ်ပေးမယ် ဆိုတာ –
အာ့ ဘာ ပြောတာလဲ “ထိုအခါ လူကြီးက

” အဲ့ဒါ – ဦးလေးမိန်းမ ကိုင်နေတဲ့ဖုန်းလေ – နာမည်က နို့သီးယားတဲ့ခလုတ်ဖုန်းလေးပါ -အဲ့ဒါ အသံမလာ လို့တဲ့လေ –
အာ့ကြောင့် ဦးလေး ပြန်လာမှ လုပ်ပေးမယ်လို့ ပြောတာ -ဘာဖြစ်လို့လဲ ”

ထိုအခါဆိုင်ရှင်က အားပါတရ ရယ်မောလိုက်ပြီးဤသို့ ပြောလိုက်ပါတော့သည်

” ဟားဟား

ဦးလေးနဲ့တွေ့မှ “Nokia” လည်း နို့သီးယား ဖြစ်သွားတော့တယ် ဟားဟား ”

” သိဘူးလေကွာ – အဟားးဟားးးးးး”
bamakhit

No comments:

Post a Comment