Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 26, 2019

ခါးနာျခင္းကို သက္သာေစမည့္ အိပ္စက္နည္းပုံစံမ်ား


ကမာၻ႔လူဦးေရရဲ႕ 80 ရာခိုင္ႏႈန္းက တစ္သက္မွာ အနည္းဆုံး တစ္ခါေတာ့ ခါးနာ ေဝဒနာကို ခံစားရပါတယ္ ။ ခါးနာေဝဒနာ မျဖစ္ေအာင္ ႀကိဳတင္ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြရွိပါတယ္ ။ အိပ္စက္တဲ့ ပုံစံကို ေျပာင္းလိုက္ရင္ ခါးနာေဝဒနာက သက္သာသြားမွာပါ ။

၁။ လည္ပင္းႏွင့္ ေက်ာအေပၚဘက္ နာက်င္ျခင္းအတြက္
ပက္လက္လွန္ အိပ္ျခင္းက လည္ပင္းနဲ႔ ေက်ာအေပၚက ဖိအားေတြကို နည္းသြားေစပါတယ္ ။ ေက်ာ႐ိုးကိုလည္း ေျဖာင့္တန္းသြားေစပါတယ္ ။ လည္ပင္းေအာက္နဲ႔ ဒူးေခါင္းေအာက္မွာ ေခါင္းအုံးတစ္လုံး ထားၿပီး အိပ္ျခင္းက လည္ပင္းနဲ႔ ေက်ာအေပၚဘက္က နာက်င္မႈကို သက္သာေစပါတယ္ ။

 ၂။ ေက်ာ႐ိုးမႀကီးတစ္ေလွ်ာက္ နာက်င္ျခင္းအတြက္
ေမွာက္အိပ္ျခင္းက ေက်ာ႐ိုးတစ္ေလွ်ာက္လုံး နာက်င္ေနတဲ့ သူေတြအတြက္ သင့္ေတာ္ပါတယ္ ။ ေခါင္းအုံး တစ္အုံးကိုလည္း ဗိုက္ေအာက္မွာ ထားလိုက္ပါ ။ ေခါင္းအုံးက 3 လက္ထက္ မထူတဲ့ ေခါင္းအုံး အပါးေလးျဖစ္ဖို႔ လိုပါတယ္ ။ ဗိုက္ေအာက္မွာ ေခါင္းအုံးထားအိပ္ျခင္းက ေက်ာေပၚက ဖိအားေတြကို နည္းသြားေစပါတယ္ ။ ဗိုက္ေအာက္မွာ ေခါင္းအုံးထားအိပ္လို႔ မသက္သာရင္ ေခါင္းေအာက္က ေခါင္းအုံးကို ဖယ္ၿပီး အိပ္ၾကည့္ပါ ။

၃။ ေက်ာေအာက္ပိုင္း နာက်င္ျခင္းအတြက္
ခႏၶာကိုယ္ကို တစ္ဖက္ေစာင္းၿပီး အိပ္တဲ့အခါ ေက်ာ႐ိုးမႀကီးကို သဘာဝ မက်တဲ့ပုံစံ ျဖစ္ေစပါတယ္ ။ ေက်ာေအာက္ပိုင္းကိုလည္း ကိုယ္အေလးခ်ိန္ ပိုသြားေစပါတယ္ ။ ဒူးကို အနည္းငယ္ေကြးၿပီး ဒူးႏွစ္ဖက္ၾကားမွာ ေခါင္းအုံးတစ္လုံးထားအိပ္ပါ ။ အဲဒီအခါ ေက်ာေအာက္ပိုင္း နာက်င္ျခင္းေတြ သက္သာလာမွာျဖစ္ၿပီး အိပ္ယာထတဲ့ အခါလည္း မနာေတာ့ပါဘူး ။

၄။ ခါးနာျခင္းအတြက္

ေက်ာေအာက္ပိုင္း ခါးနာရင္ ေနာက္ကိုမွီၿပီး အိပ္တာက ထိေရာက္ပါတယ္ ။ ေခါင္းအုံးေတြကို ေက်ာနဲ႔ လည္ပင္းေနာက္မွာ ထားၿပီး အိပ္ျခင္းက ခါးနာတဲ့ သူေတြအတြက္ အဆင္ေျပပါတယ္ ။ ပိုၿပီး သက္ေတာင့္သက္သာ ရွိဖို႔ဆိုရင္ ေခါင္းအုံးေတြကို ဒူးနဲ႔ ေျခေထာက္ေအာက္မွာ ထားအိပ္လို႔ ရပါတယ္ ။

၅။ အာ႐ုံေၾကာမ်ား ေတာင့္တင္းျခင္း

ေက်ာ႐ိုးဆစ္ေတြ ၾကားက အ႐ိုးႏု လႊာေလးေတြ ပုံမွန္ အေနအထားကေန အနည္းငယ္ေ႐ြ႕သြားရင္ နာက်င္မႈေတြ ခံစားရပါတယ္ ။ ေက်ာ႐ိုး အဆစ္ေတြ ပုံမွန္ အေနအထားအတိုင္းျပန္ျဖစ္ဖို႔ ခႏၶာကိုယ္ အေပၚပိုင္းကို ေကြးၿပီး အိပ္ပါ ။ အဲဒီအခါ ေက်ာ႐ိုး အဆစ္ေတြနဲ႔ အာ႐ုံေၾကာေပၚ သက္ေရာက္ေနတဲ့ ဖိအားေတြ ေလ်ာ့သြားပါတယ္ ။

ႏွစ္ေပါင္းမ်ားစြာ အိပ္စက္လာတဲ့ ပုံစံကို ေျပာင္းအိပ္ဖို႔ဆိုတာ မလြယ္ပါဘူး ။ ခါးနာတာ မသက္သာရင္ ေနာက္ထပ္ အိပ္စက္နည္း ပုံစံေတြ ရွိပါတယ္ ။ ပုံ ေလးပုံထဲက ကိုယ္နဲ႔အဆင္ေျပမယ့္ အိပ္စက္နည္းပုံစံ ႏွစ္မ်ိဳးကို ေ႐ြးၿပီး အိပ္ရင္ ခါးနာ သက္သာ လာႏိုင္ပါတယ္ ။
Zombie ( Love အတိုစေလးမ်ား )

#Unicode Version#
ကမ္ဘာ့လူဦးရေရဲ့ 80 ရာခိုင်နှုန်းက တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ခါးနာ ဝေဒနာကို ခံစားရပါတယ် ။ ခါးနာဝေဒနာ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ် ။ အိပ်စက်တဲ့ ပုံစံကို ပြောင်းလိုက်ရင် ခါးနာဝေဒနာက သက်သာသွားမှာပါ ။

၁။ လည်ပင်းနှင့် ကျောအပေါ်ဘက် နာကျင်ခြင်းအတွက်

ပက်လက်လှန် အိပ်ခြင်းက လည်ပင်းနဲ့ ကျောအပေါ်က ဖိအားတွေကို နည်းသွားစေပါတယ် ။ ကျောရိုးကိုလည်း ဖြောင့်တန်းသွားစေပါတယ် ။ လည်ပင်းအောက်နဲ့ ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံး ထားပြီး အိပ်ခြင်းက လည်ပင်းနဲ့ ကျောအပေါ်ဘက်က နာကျင်မှုကို သက်သာစေပါတယ် ။

၂။ ကျောရိုးမကြီးတစ်လျှောက် နာကျင်ခြင်းအတွက်

မှောက်အိပ်ခြင်းက ကျောရိုးတစ်လျှောက်လုံး နာကျင်နေတဲ့ သူတွေအတွက် သင့်တော်ပါတယ် ။ ခေါင်းအုံး တစ်အုံးကိုလည်း ဗိုက်အောက်မှာ ထားလိုက်ပါ ။ ခေါင်းအုံးက 3 လက်ထက် မထူတဲ့ ခေါင်းအုံး အပါးလေးဖြစ်ဖို့ လိုပါတယ် ။ ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်ခြင်းက ကျောပေါ်က ဖိအားတွေကို နည်းသွားစေပါတယ် ။ ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်လို့ မသက်သာရင် ခေါင်းအောက်က ခေါင်းအုံးကို ဖယ်ပြီး အိပ်ကြည့်ပါ ။

၃။ ကျောအောက်ပိုင်း နာကျင်ခြင်းအတွက်

ခန္ဓာကိုယ်ကို တစ်ဖက်စောင်းပြီး အိပ်တဲ့အခါ ကျောရိုးမကြီးကို သဘာဝ မကျတဲ့ပုံစံ ဖြစ်စေပါတယ် ။ ကျောအောက်ပိုင်းကိုလည်း ကိုယ်အလေးချိန် ပိုသွားစေပါတယ် ။ ဒူးကို အနည်းငယ်ကွေးပြီး ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်လုံးထားအိပ်ပါ ။ အဲဒီအခါ ကျောအောက်ပိုင်း နာကျင်ခြင်းတွေ သက်သာလာမှာဖြစ်ပြီး အိပ်ယာထတဲ့ အခါလည်း မနာတော့ပါဘူး ။

၄။ ခါးနာခြင်းအတွက်

ကျောအောက်ပိုင်း ခါးနာရင် နောက်ကိုမှီပြီး အိပ်တာက ထိရောက်ပါတယ် ။ ခေါင်းအုံးတွေကို ကျောနဲ့ လည်ပင်းနောက်မှာ ထားပြီး အိပ်ခြင်းက ခါးနာတဲ့ သူတွေအတွက် အဆင်ပြေပါတယ် ။ ပိုပြီး သက်တောင့်သက်သာ ရှိဖို့ဆိုရင် ခေါင်းအုံးတွေကို ဒူးနဲ့ ခြေထောက်အောက်မှာ ထားအိပ်လို့ ရပါတယ် ။

၅။ အာရုံကြောများ တောင့်တင်းခြင်း

ကျောရိုးဆစ်တွေ ကြားက အရိုးနု လွှာလေးတွေ ပုံမှန် အနေအထားကနေ အနည်းငယ်ရွေ့သွားရင် နာကျင်မှုတွေ ခံစားရပါတယ် ။ ကျောရိုး အဆစ်တွေ ပုံမှန် အနေအထားအတိုင်းပြန်ဖြစ်ဖို့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကွေးပြီး အိပ်ပါ ။ အဲဒီအခါ ကျောရိုး အဆစ်တွေနဲ့ အာရုံကြောပေါ် သက်ရောက်နေတဲ့ ဖိအားတွေ လျော့သွားပါတယ် ။

နှစ်ပေါင်းများစွာ အိပ်စက်လာတဲ့ ပုံစံကို ပြောင်းအိပ်ဖို့ဆိုတာ မလွယ်ပါဘူး ။ ခါးနာတာ မသက်သာရင် နောက်ထပ် အိပ်စက်နည်း ပုံစံတွေ ရှိပါတယ် ။ ပုံ လေးပုံထဲက ကိုယ်နဲ့အဆင်ပြေမယ့် အိပ်စက်နည်းပုံစံ နှစ်မျိုးကို ရွေးပြီး အိပ်ရင် ခါးနာ သက်သာ လာနိုင်ပါတယ် ။
Zombie ( Love အတိုစလေးများ )

No comments:

Post a Comment