Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 26, 2019

ေဒါပံု သာေကတက ေၾကာက္စရာ လူသားစားေခြးအုပ္ အေၾကာင္း


လမ္းေဘးေခြးနဲ႕ပတ္သက္ၿပီး သူငယ္ခ်င္းတစ္ေယာက္ရဲ႕ကိုယ္ေတြ႕အေၾကာင္းေလးပါ….

လမ္းေဘးေခြးနဲ႔ပတ္သက္ၿပီး လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္က အျဖစ္အပ်က္တစ္ခု က်ေနာ္မွတ္မိေသးတယ္၊ သာေကတ နဲ႔ေဒါပံုကိုျခားထားတဲ့ ေဇယ်ာသီရိလမ္းမႀကီး waterboom ႐ွဳ႕ခင္းသာရွိတဲ့ လမ္းမႀကီးမွာေပါ့.. က်ေနာ္က ၁၆/၁၇ ေလာက္ပဲ ရွိအုန္းမယ္၊ က်ေနာ့ အိမ္ေရွ႕တည့္တည့္မွာ လူသတ္မႈ့ ၃ မႈ့ျဖစ္တယ္၊ ပထမဆံုးအမႈ့က အိမ္ေရွ႕ အမွိုက္ပံု အေဟာင္းႀကီး ေပၚမွာ အခု ပ်ိဳးပင္အေရာင္းဆိုင္ေတြေနရာေပါ့.. အဲ့မွာ ေယာက်ာ္းလူေသအေလာင္းေတြ႕တာ ကားယား ႀကီးေသေနတာ ေပါင္တစ္ဖက္က အသားေတြမရွိေတာ့ဘူး၊ ေဂြးဥလဲ မရွိေတာ့ဘူး တရားခံလဲ မသိဘူး။

ေနာက္တစ္ပတ္ေနေတာ့ ရန္ေျပဘက္အျခမ္းက ကုလားဘုရားရွိတဲ့ ေညာင္ပင္ ဘုရားေက်ာင္းထဲမွာ ေသေနတာ အရက္သမားတစ္ေယာက္ အသားေတြပ့ဲၿပီး၊ ေနာက္၃ရက္ေလာက္ၾကာေတာ့လဲ အဲ့ဒီ့ကြင္းျပင္မွာပဲ ထပ္ေသေနတယ္၊ တရားခံလဲ မမိဘူး။

ေနာက္ တစ္ရက္မွာပဲ တရားခံမိတာ..ေဒါပံုဘက္အျခမ္းက အသက္၅၀ေလာက္ ေလငန္းျဖစ္ေနတဲ့ အေဒၚႀကီးက ဖေယာင္းတိုင္ တန္းဆီဖို႔ မနက္၄နာရီေလာက္ အလာ လမ္းမမွာ ေခြးအုပ္လိုက္ဝိုင္းဆြဲေနတာ ၊ လမ္းမက ျဖတ္သြားတဲ့ ေစ်းႀကိဳကားျမင္လို႔ ကားေပၚဆြဲတင္ၿပီး ထြက္ေျပးလို႔လြတ္သြားတာ ၊ ေခြးအုပ္က အေကာင္ ၃၀ေက်ာ္တယ္ လံုးဝ မေဟာင္ဘူး၊ မေျပးဘူး ၊ အမဲလိုက္သလို ဝိုင္းကိုက္တာ ၊ အဲ့တာမွ တရားခံ ေခြးအုပ္ဆိုတာသိတယ္။

စည္ပင္ေကာ ရဲေကာက ဘာလုပ္လို႔လုပ္ရမွန္းမသိဘူး၊ မနက္ပိုင္းက သိတယ္ အဲ့ဒီ့ညပဲ က်ေနာ္က အိမ္မွာ တစ္ေယာက္ ထဲေနတာ ေန႔လည္ထဲက အရက္မူးၿပီး အိပ္ေပ်ာ္ေနတာ ည၁၀နာရီေလာက္ ဝုန္းဒိုင္း အသံၾကားလို႔ သူခိုးလိုက္တယ္ ထက္ၿပီး လန္႔ႏိုးလာေတာ့မွ လမ္းမေပၚမွာ လူေတြေဖြးေနတာပဲ အေယာက္ ၅၀ေလာက္ရွိမယ္ ဒါးေတြ ဒုတ္ေတြနဲ႔ ေခြးသတ္ပြဲ လုပ္ေနၾကတာ၊ ကိုယ္လဲ ထြက္ေတာ့ အေတာ္ေနာက္က်ေနၿပီ လမ္းမမွာ ေခြးေသေတြပံုထားတာ၊ တစ္ပံုကို အေကာင္ ၃၀ေက်ာ္၄၀ေလာက္ရွိမယ္ အဲ့တာမ်ိဳး ၄ ပံုေလာက္ရွိတယ္။

က်ေနာ္မွီေတာ့ ေခြးေတြအေတာ္ပါးသြားၿပီ ၁၀ေယာက္တစ္ဖြဲ႕စုစုၿပီး လိုက္ရွာ႐ိုက္ၾကတာ၊ က်ေနာ္တို႔အဖြဲ႕က မိုးသီး ေဆးခန္းေနရာ အဲ့ေဘးက တည္းခိုခန္းနားဝင္ေျပးတဲ့ေခြးကိုလိုက္နာ၊ ေခြးက ကိုယ့္တည့္တည့္ေျပးလာတာ ၃ေပ ေလာက္ရွိတဲ့ သစ္သားဒုတ္နဲ႔ေခါင္းကိုျဖတ္႐ိုက္တာ ေခြးကကိန္ခနဲပဲ လက္လဲထံုက်င္သြားတာပဲ ၊ ေခြးက မျဖံဳဘူး ထေျပးတာ ၊ ေဘးက လူက ၁၂ေပေလာက္ရွည္တဲ့ ဝါးလံုးနဲ႔ အေပၚစီးက ခါးကို႐ိုက္ခ်မွ လဲသြားတာ၊ သူမ်ားေတြ သတ္ၾကတာ ကိုယ္ကေတာ့ ေခြးတစ္ေကာင္တစ္ခ်က္ပဲ ႐ိုက္ၿပီး ပြဲၿပီးသြားတယ္၊

အဲ့တာက တကယ့္အျဖစ္အပ်က္ပါ။ ၾကံဳဖူးတဲ့သူေတြမွတ္မိအုန္းမယ္။ မိုးသီးေဆးခန္းေရွ႕ မွာ ျဖစ္တဲ့ လူသတ္မႈ့ေတြ ေခြးသတ္မႈ့ေတြ၊ ေနာက္ေန႔မနက္က်မွ စည္ပင္က ေခြးေသေတြ ကားနဲ႔လာတင္သြားတယ္၊ က်ေနာ္တို႔အေခၚရြာထဲ(ေဒါပံု ပတၱျမားေစ်းထဲက ေခြးေတြပါ) ဂိုဏ္းဖြဲ႕ၿပီး လူသားစားၾကတာ။ အခု လမ္းေဘးေခြးကိစၥက အဲ့တုန္းကထက္ဆိုးေနၿပီ ေဆးမမွီပဲ ဆံုးပါးသြားရတဲ့ ကေလးေတြ လူေတြ ေတာ္ေတာ္မ်ားေနၿပီ။

က်ေနာ္က တိရစၧာန္ေတြကို ေခြးျဖစ္ျဖစ္ေၾကာင္ျဖစ္ျဖစ္ မုန္းလဲ မမုန္းဘူး ၊ သူ႔ဖာသာေန ကိုယ့္ဖာသာေနပဲ ၊ ပိုအေရးႀကီးတဲ့ ပိုတန္ဖိုးထားရမယ့္ အရာေတြနဲ႔ယွဥ္ရင္ေတာ့ ေရြးခ်ယ္မႈ့ေတာ့ လုပ္ရမွာပဲ၊ လမ္းေဘးေခြးေတြလဲ သနားတယ္။ ကိုယ့္ကို ဒုကၡ မေပးသေရြ႕ေတာ့ သနားမယ္ခ်စ္မယ္၊ ကိုယ့္နဲ႔ကိုယ့္ပတ္ဝန္းက်င္ ဒုကၡေတြ႕ေစရင္ေတာ့ ဖယ္ရွားရမွာပဲ။

လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္က ေခြးေတြကိုက္စားခဲ့လို႔ ေသခဲ့တဲ့ လူေတြထဲမွာ တစ္ေယာက္က အိမ္ေထာင္ဦးစီး ကေလး ၄ ေယာက္ ဖခင္ ရပ္ကြက္ထဲကပဲ။
 ေဇာ္ေဇာ္ေအာင္

#Unicode Version# ျဖင့္ဖတ္ပါ ။

လမ်းဘေးခွေးနဲ့ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ကိုယ်တွေ့အကြောင်းလေးပါ….

လမ်းဘေးခွေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အဖြစ်အပျက်တစ်ခု ကျနော်မှတ်မိသေးတယ်၊ သာကေတ နဲ့ဒေါပုံကိုခြားထားတဲ့ ဇေယျာသီရိလမ်းမကြီး waterboom ရှု့ခင်းသာရှိတဲ့ လမ်းမကြီးမှာပေါ့.. ကျနော်က ၁၆/၁၇ လောက်ပဲ ရှိအုန်းမယ်၊ ကျနော့ အိမ်ရှေ့တည့်တည့်မှာ လူသတ်မှု့ ၃ မှု့ဖြစ်တယ်၊ ပထမဆုံးအမှု့က အိမ်ရှေ့ အမှိုက်ပုံ အဟောင်းကြီး ပေါ်မှာ အခု ပျိုးပင်အရောင်းဆိုင်တွေနေရာပေါ့.. အဲ့မှာ ယောကျာ်းလူသေအလောင်းတွေ့တာ ကားယား ကြီးသေနေတာ ပေါင်တစ်ဖက်က အသားတွေမရှိတော့ဘူး၊ ဂွေးဥလဲ မရှိတော့ဘူး တရားခံလဲ မသိဘူး။

နောက်တစ်ပတ်နေတော့ ရန်ပြေဘက်အခြမ်းက ကုလားဘုရားရှိတဲ့ ညောင်ပင် ဘုရားကျောင်းထဲမှာ သေနေတာ အရက်သမားတစ်ယောက် အသားတွေပဲ့ပြီး၊ နောက်၃ရက်လောက်ကြာတော့လဲ အဲ့ဒီ့ကွင်းပြင်မှာပဲ ထပ်သေနေတယ်၊ တရားခံလဲ မမိဘူး။

နောက် တစ်ရက်မှာပဲ တရားခံမိတာ..ဒေါပုံဘက်အခြမ်းက အသက်၅၀လောက် လေငန်းဖြစ်နေတဲ့ အဒေါ်ကြီးက ဖယောင်းတိုင် တန်းဆီဖို့ မနက်၄နာရီလောက် အလာ လမ်းမမှာ ခွေးအုပ်လိုက်ဝိုင်းဆွဲနေတာ ၊ လမ်းမက ဖြတ်သွားတဲ့ ဈေးကြိုကားမြင်လို့ ကားပေါ်ဆွဲတင်ပြီး ထွက်ပြေးလို့လွတ်သွားတာ ၊ ခွေးအုပ်က အကောင် ၃၀ကျော်တယ် လုံးဝ မဟောင်ဘူး၊ မပြေးဘူး ၊ အမဲလိုက်သလို ဝိုင်းကိုက်တာ ၊ အဲ့တာမှ တရားခံ ခွေးအုပ်ဆိုတာသိတယ်။

စည်ပင်ကော ရဲကောက ဘာလုပ်လို့လုပ်ရမှန်းမသိဘူး၊ မနက်ပိုင်းက သိတယ် အဲ့ဒီ့ညပဲ ကျနော်က အိမ်မှာ တစ်ယောက် ထဲနေတာ နေ့လည်ထဲက အရက်မူးပြီး အိပ်ပျော်နေတာ ည၁၀နာရီလောက် ဝုန်းဒိုင်း အသံကြားလို့ သူခိုးလိုက်တယ် ထက်ပြီး လန့်နိုးလာတော့မှ လမ်းမပေါ်မှာ လူတွေဖွေးနေတာပဲ အယောက် ၅၀လောက်ရှိမယ် ဒါးတွေ ဒုတ်တွေနဲ့ ခွေးသတ်ပွဲ လုပ်နေကြတာ၊ ကိုယ်လဲ ထွက်တော့ အတော်နောက်ကျနေပြီ လမ်းမမှာ ခွေးသေတွေပုံထားတာ၊ တစ်ပုံကို အကောင် ၃၀ကျော်၄၀လောက်ရှိမယ် အဲ့တာမျိုး ၄ ပုံလောက်ရှိတယ်။

ကျနော်မှီတော့ ခွေးတွေအတော်ပါးသွားပြီ ၁၀ယောက်တစ်ဖွဲ့စုစုပြီး လိုက်ရှာရိုက်ကြတာ၊ ကျနော်တို့အဖွဲ့က မိုးသီး ဆေးခန်းနေရာ အဲ့ဘေးက တည်းခိုခန်းနားဝင်ပြေးတဲ့ခွေးကိုလိုက်နာ၊ ခွေးက ကိုယ့်တည့်တည့်ပြေးလာတာ ၃ပေ လောက်ရှိတဲ့ သစ်သားဒုတ်နဲ့ခေါင်းကိုဖြတ်ရိုက်တာ ခွေးကကိန်ခနဲပဲ လက်လဲထုံကျင်သွားတာပဲ ၊ ခွေးက မဖြုံဘူး ထပြေးတာ ၊ ဘေးက လူက ၁၂ပေလောက်ရှည်တဲ့ ဝါးလုံးနဲ့ အပေါ်စီးက ခါးကိုရိုက်ချမှ လဲသွားတာ၊ သူများတွေ သတ်ကြတာ ကိုယ်ကတော့ ခွေးတစ်ကောင်တစ်ချက်ပဲ ရိုက်ပြီး ပွဲပြီးသွားတယ်၊

အဲ့တာက တကယ့်အဖြစ်အပျက်ပါ။ ကြုံဖူးတဲ့သူတွေမှတ်မိအုန်းမယ်။ မိုးသီးဆေးခန်းရှေ့ မှာ ဖြစ်တဲ့ လူသတ်မှု့တွေ ခွေးသတ်မှု့တွေ၊ နောက်နေ့မနက်ကျမှ စည်ပင်က ခွေးသေတွေ ကားနဲ့လာတင်သွားတယ်၊ ကျနော်တို့အခေါ်ရွာထဲ(ဒေါပုံ ပတ္တမြားဈေးထဲက ခွေးတွေပါ) ဂိုဏ်းဖွဲ့ပြီး လူသားစားကြတာ။ အခု လမ်းဘေးခွေးကိစ္စက အဲ့တုန်းကထက်ဆိုးနေပြီ ဆေးမမှီပဲ ဆုံးပါးသွားရတဲ့ ကလေးတွေ လူတွေ တော်တော်များနေပြီ။

ကျနော်က တိရစ္ဆာန်တွေကို ခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ် မုန်းလဲ မမုန်းဘူး ၊ သူ့ဖာသာနေ ကိုယ့်ဖာသာနေပဲ ၊ ပိုအရေးကြီးတဲ့ ပိုတန်ဖိုးထားရမယ့် အရာတွေနဲ့ယှဉ်ရင်တော့ ရွေးချယ်မှု့တော့ လုပ်ရမှာပဲ၊ လမ်းဘေးခွေးတွေလဲ သနားတယ်။ ကိုယ့်ကို ဒုက္ခ မပေးသရွေ့တော့ သနားမယ်ချစ်မယ်၊ ကိုယ့်နဲ့ကိုယ့်ပတ်ဝန်းကျင် ဒုက္ခတွေ့စေရင်တော့ ဖယ်ရှားရမှာပဲ။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ခွေးတွေကိုက်စားခဲ့လို့ သေခဲ့တဲ့ လူတွေထဲမှာ တစ်ယောက်က အိမ်ထောင်ဦးစီး ကလေး ၄ ယောက် ဖခင် ရပ်ကွက်ထဲကပဲ။
 ဇော်ဇော်အောင်

No comments:

Post a Comment