Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

ခ်ဥ္ေပါင္ဟင္းဆိုရင္ သိပ္ႀကိဳက္လို႔ စားသာ စားေနခဲ့တာ အခုလို မသိခဲ့ဘူး…

ခ်ဥ္ေပါင္၏ က်န္းမာေရး လ်ိဳ႕ဝွက္ခ်က္

ခ်ဥ္ေပါင္ပင္ တစ္ပင္လံုးကို အက်ိဳးရွိရွိ အသံုးျပဳႏိုင္ပါသည္။ ခ်ဥ္ေပါင္ရြက္ကို ခ်ဥ္ေပါင္ေၾကာ္၊ ဟင္းခ်ိဳ ၊ ခ်ဥ္ရည္ဟင္း…စသည့္

ထမင္းျမိန္ ဟင္းလ်ာမ်ားအျဖစ္ စာေလ့ရွိၾကပါသည္။ တခ်ိဳ ့အရပ္ေဒသမ်ား တြင္ အရြက္ရင့္ရင့္၊ အပြင့္ႏွင့္

အသီးတို ့ကို ေနပူပူ တြင္ အေျခာက္လွန္း ၿပီးလက္ဖက္ရည္ၾကမ္း လုပ္ေသာက္ၾကပါသည္။

အသားထူသည့္ အနီေရာင္ခ်ဥ္ေပါင္ဖူးတို ့ကို လည္း ေၾကာ္၍ေသာ္လည္းေကာင္း၊ ခ်ဥ္ရည္ဟင္းအျဖစ္လဲခ်က္စားႏိုင္ပါသည္။

ထို ့ျပင္ ခ်ဥ္ေပါင္ဖူးႏွင့္ ခ်ဥ္ေပါင္ပြင့္တို ့ကိုိ ထန္းလ်က္(သို ့မဟုတ္)သၾကား ျဖင့္ယိုထိုး၍ ေသာ္လည္းေကာင္း၊ Jam၊ သၾကားရည္အႏွစ္၊ ရွာလကာရည္ စားသံုးႏိုင္ပါသည္။

ခ်ဥ္ေပါင္ဖူးယို သည္ အနံ ့အရသာပိုစူးသျဖင့္၊ ၄င္းကို ဇီးယိုထက္ပို၍ လူၾကိဳက္မ်ားၾကပါသည္။ ဒါ့အျပင္ အသီးရင့္ရင့္ကို

သၾကား၊ဆားအနဲငယ္တို ့ျဖင့္ေရာၾကိဳျပီး၊ ဆူလာပါက အေအးခံ၍ ေဖ်ာ္ရည္အျဖစ္ေသာက္ႏိုင္ပါသည္။



၁။ အူသိမ္၊ အူမတို ့ကို ေကာင္းက်ိဳးျပဳပါသည္။

၂။ခ်ဥ္ေပါင္ရြက္ထဲတြင္ hydroxy ႏွင့္ amino အက္ဆစ္မ်ားၾကြယ္၀စြာပါရွိေသာေၾကာင့္ ဆီးအား ေကာင္းေစပါသည္။ ဆီးရႊင္၍ ၀မ္းကိုလဲ သက္ေစပါသည္။

၃။Vitamin C ႏွင့္ သတၱဳဓာတ္တို ့အေျမာက္အမ်ားပါရွိေသာေၾကာင့္ ကုိယ္ခံစြမ္းအားေကာင္းမြန္ျခင္း၊ ဆဲလ္မ်ားေသဆံုးျခင္းမွ ကာကြယ္ေပးျခင္း၊ သြားဖံုးႏွင့္ သြားတို ့ကို

က်န္းမာေစျခင္း၊ free radicals အႏၱရာယ္မွ ကာကြယ္ေပးျခင္း၊ အရြယ္ကိုႏုပ်ိဳေစ ျခင္း၊ ကင္ဆာေရာဂါမ်ား ျဖစ္ႏိုင္ေခ်အလားအလာနည္းပါးေစႏိုင္ျခင္း၊

အဆုတ္ကိုက်န္းမာေစျခင္း၊ အေအးပတ္ျခင္း၊ ရာသီေပၚႏွာေစးေခ်ာင္းဆိုး ကူးစက္ေရာဂါမ်ားႏွင့္ ႏွာရည္ယိုႏွာပိတ္ျခင္းတို ့မွလဲ ကာကြယ္ေပးျခင္း…စသည္ျဖင့္ ေကာင္းက်ိဳးျပဳပါသည္။

၄။ Calcium ဓာတ္ အေျမာက္အမ်ား ပါရွိေသာေၾကာင့္ အရိုးကိုသန္မာေစျခင္း၊ အာရံုေၾကာအဖြဲ ့အစည္းမ်ားႏွင္ ့ၾကြက္သားမ်ား ဖြဲ ့စည္းမႈကို

တိုးတက္ေကာင္းမြန္ေစျခင္း၊ ေသြးက်ဲျခင္းမွကာကြယ္ေပးျခင္း၊ ေျခလက္မ်ားတဆစ္ဆစ္နာက်င္ျခင္း ႏွင့္ ထံုထိုင္း ေလးလံျခင္းတို ့

ကိုသက္သာေပ်ာက္ကင္းေစျခင္း၊ ကေလးငယ္မ်ား ဖြံ ့ျဖိဳးမႈေႏွးေကြးျခင္းမွ ကာကြယ္ေပးျခင္း.. စသည္ျဖင့္ ေကာင္းက်ိဳးျပဳပါသည္။

၅။ခ်ဥ္ေပါင္ပန္းပြင့္သည္ ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္ပါသည္။

၆။ခ်ဥ္ေပါင္ဖူး၏ အေစ့မွလဲ အဆီထုတ္ယူႏိုင္ပါသည္။ ထိုအဆီျဖင့္ အေရျပားေပၚရွိအနာအမ်ိဳးမ်ိဳးတို ့ကို လိမ္းေပးျခင္းျဖင့္ ေရာင္ကိုင္းျခင္းကိုသက္သာေစျပီး၊ အနာမ်ားလဲ က်က္ေစပါသည္။

၇။ ေျခလည္ပင္းျပတ္ရွနာမ်ား၊ ဖက္ခြက္နာႏွင့္ ျပန္တည္နာမ်ားအတြက္ ခ်ဥ္ေပါင္ရြက္ကို မီးျမွိဳက္၍ အံုေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းႏိုင္ပါသည္။

၈။ခ်ဥ္ေပါင္ဖူးေဖ်ာ္ရည္ကိုေသာက္သံုးျခင္းျဖင့္ ေခ်ာင္းဆိုးေရာဂါကိုသက္သာေပ်ာက္ကင္းေစပါသည္။ လူကိုလန္းဆန္းေစႏိုင္ ပါသည္။

၉။ ခ်ဥ္ေပါင္အေစ့ျပဳတ္ရည္ကို ေသာက္သံုးျခင္းျဖင့္ အစာနင္ျခင္းႏွင့္အစာမေက်ျခင္းတို ့ကို သက္သာေပ်ာက္ကင္းေစ ႏိုင္ပါသည္။

၁၀။ ခ်ဥ္ေပါင္ရြက္ကို လက္ဘက္ရည္ၾကမ္းေသာက္သံုးျခင္းအားျဖင့္ ကိုလက္စထေရာကိုက်ေစျခင္း၊ ကုိယ္အေလးခ်ိန္က်ေစျပီး

ေသြးလည္ပတ္ႏႈန္းကိုလဲ ေကာင္းမြန္ေစပါသည္။ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးတို ့ကိုလဲ ဟန္ ့ တားကာကြယ္ေပးႏိုင္ပါသည္။

၁၁။ဒူးရင္းသီးစားၿပီးပါက၊ ခ်ဥ္ေပါင္သီးေဖ်ာ္ရည္ကိုေသာက္ေပးျခင္းျဖင့္ အပူကန္ျခင္းကို ကာကြယ္ႏိုင္ပါသည္။



သတိျပဳရန္။

• ေသြးတိုးေရာဂါရွိသူမ်ား အလြန္အကြ်ံမစားသင့္ပါ။ ေသြးေပါင္ခ်ိန္တက္နိုင္ပါသည္။ • ေခ်ာင္းဆိုးရင္ၾကပ္ ေ၀ဒနာသည္မ်ား ႏွင့္လည္းမသင့္ ေတာ္ပါ။

ေဘးထြက္ဆိုးက်ိဳးအလြန္နဲပါးျပီး၊ ေစ်းႏႈန္းလဲမၾကီးေသာ မိမိတို ့လက္တကမ္းမွ် ၁၂-လ ရာသီပတ္လံုး အလြယ္ကတူရရွိႏိုင္ေသာ

ခ်ဥ္ေပါင္ရြက္ တို ့ကို အစာလဲေဆး၊ေဆးလဲအစာ အျဖစ္ စားေသာက္ေပးၾကပါရန္ တိုက္တြန္းလိုက္ရပါသည္။
 ေပါက္ေပါက္

Unicode Version

ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်

ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည်ဟင်း…စသည့်

ထမင်းမြိန် ဟင်းလျာများအဖြစ် စာလေ့ရှိကြပါသည်။ တချို့အရပ်ဒေသများ တွင် အရွက်ရင့်ရင့်၊ အပွင့်နှင့်

အသီးတို့ကို နေပူပူ တွင် အခြောက်လှန်း ပြီးလက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါသည်။

အသားထူသည့် အနီရောင်ချဉ်ပေါင်ဖူးတို့ကို လည်း ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လဲချက်စားနိုင်ပါသည်။

ထို့ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက်(သို့မဟုတ်)သကြား ဖြင့်ယိုထိုး၍ သော်လည်းကောင်း၊ Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စားသုံးနိုင်ပါသည်။

ချဉ်ပေါင်ဖူးယို သည် အနံ့အရသာပိုစူးသဖြင့်၊ ၎င်းကို ဇီးယိုထက်ပို၍ လူကြိုက်များကြပါသည်။ ဒါ့အပြင် အသီးရင့်ရင့်ကို

သကြား၊ဆားအနဲငယ်တို့ဖြင့်ရောကြိုပြီး၊ ဆူလာပါက အအေးခံ၍ ဖျော်ရည်အဖြစ်သောက်နိုင်ပါသည်။



၁။ အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါသည်။

၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။

၃။Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကို

ကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊

အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း…စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို

တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့

ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၅။ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။

၆။ချဉ်ပေါင်ဖူး၏ အစေ့မှလဲ အဆီထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာအမျိုးမျိုးတို့ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကိုသက်သာစေပြီး၊ အနာများလဲ ကျက်စေပါသည်။

၇။ ခြေလည်ပင်းပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

၈။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။

၉။ ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကျေခြင်းတို့ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။

၁၀။ ချဉ်ပေါင်ရွက်ကို လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အလေးချိန်ကျစေပြီး

သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့် တားကာကွယ်ပေးနိုင်ပါသည်။

၁၁။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။



သတိပြုရန်။

• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။ • ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။

ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့လက်တကမ်းမျှ ၁၂-လ ရာသီပတ်လုံး အလွယ်ကတူရရှိနိုင်သော

ချဉ်ပေါင်ရွက် တို့ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
 ပေါက်ပေါက်

No comments:

Post a Comment