Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

ကားအဝင္အထြက္ရွိလို႔ ဒီလို ဆိုင္းဘုတ္ခ်ိတ္ထားတဲ့ အိမ္ရွင္မ်ား အခြန္ေဆာင္ရမည္


ယာဥ္မရပ္ရ ဆိုင္းဘုတ္ခ်ထားသည့္ အိမ္ပိုင္ရွင္မ်ား အခြန္ေဆာင္ရေတာ့မည္

မႏၱေလးတုိင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕တြင္ အိမ္ၿခံဝင္းမ်ား အေရွ႕၌ ယာဥ္မရပ္ဟူေသာ ဆုိင္ဘုတ္မ်ား ခ်ထားပါက အခြန္ေပးေဆာင္ရေတာ့မည္ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္၀န္ ေဒါက္တာရဲလြင္က ေျပာဆိုလိုက္သည္။

“ငါ့အိမ္ေရွ႕ယာဥ္မရပ္ရ။ ယာဥ္အ၀င္အထြက္ ရွိသည္။ ေနရာမ်ိဳးေတြမွာ သူတို႔ကိုအခြန္ေဆာင္ခိုင္းမယ္။ အဲဒီမွာ မ်ဥ္း၀ါနဲ႔ ဆြဲခိုင္းမယ္။ ဒါေတြက ႏိုင္ငံတကာမွာ ရွိတဲ့ စံႏႈန္းေတြပါ” ဟု ေဒါက္တာရဲလြင္ကေျပာသည္။
ယာဥ္မရပ္ရဟူေသာ ဆုိင္ဘုတ္မ်ားအား မႏၲေလးၿမိဳ႕လမ္းမေပၚရွိ အိမ္ပုိင္ရွင္မ်ားက အမ်ားဆုံးထားရွိၿပီး ယင္း လာေရာက္ရပ္နားလွ်င္ ရပ္နားသူအား မေခ်မငံေျပာျခင္း၊ မည့္သည့္ အခြန္မွ် ေပးေဆာင္ျခင္းမရွိဘဲ မိမိတုိ႔ ပုိင္သည့္ ပုံစံမ်ိဳး လုပ္ေဆာင္ေနျခင္းတို႔ေၾကာင့္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“လမ္းမေတြေပၚမွာ ယာဥ္မရပ္ရဆုိၿပီး ဆုိင္ဘုတ္အနီေတြနဲ႔ ကပ္ထားတဲ့ေနရာေတြ ေတာ္ေတာ္မ်ားတယ္၊ အဲဒီ ေနရာမွာရပ္ရင္ ျပသ၁နာလာရွာတဲ့အထိ ျပဳလုပ္ၾကတယ္၊ အခုလို လုပ္လိုက္တာေကာင္းတယ္” ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္ ေနထုိင္ေသာ ယာဥ္ေမာင္းကိုမ်ိဳးသူက ေျပာသည္။


အခြန္ေပးေဆာင္ရန္အတြက္ ႏႈန္ထားမ်ားကို မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီရွိ သက္ဆုိင္ေသာ ဌာနထံသုိ႔ လာေရာက္ အခြန္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕တြင္း လမ္းမေပၚရွိ ဆိုင္ခန္းမ်ားအတြက္လည္း လမ္းပိတ္ဆုိ႔မႈမရွိေစရန္အတြက္ က်ဴးေက်ာ္မ်ားကို ေမ ၂၁ ရက္ ေနာက္ဆုံးထားရွိကာ ရွင္းလင္းျခင္းလုပ္ငန္းမ်ားကို လုပ္ေဆာင္လ်က္ ရွိေၾကာင္း၊ လိုအပ္ေသာေနရာမ်ားကို သိရွိလွ်င္လည္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံသို႔ အသိေပး ေျပာၾကားႏုိင္ေၾကာင္းကို ဆက္လက္ေျပာၾကားခဲ့သည္။
MMK . The Ladies News






Unicode

ယာဉ်မရပ်ရ ဆိုင်းဘုတ်ချထားသည့် အိမ်ပိုင်ရှင်များ အခွန်ဆောင်ရတော့မည်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အိမ်ခြံဝင်းများ အရှေ့၌ ယာဉ်မရပ်ဟူသော ဆိုင်ဘုတ်များ ချထားပါက အခွန်ပေးဆောင်ရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုလိုက်သည်။

“ငါ့အိမ်ရှေ့ယာဉ်မရပ်ရ။ ယာဉ်အဝင်အထွက် ရှိသည်။ နေရာမျိုးတွေမှာ သူတို့ကိုအခွန်ဆောင်ခိုင်းမယ်။ အဲဒီမှာ မျဉ်းဝါနဲ့ ဆွဲခိုင်းမယ်။ ဒါတွေက နိုင်ငံတကာမှာ ရှိတဲ့ စံနှုန်းတွေပါ” ဟု ဒေါက်တာရဲလွင်ကပြောသည်။



ယာဉ်မရပ်ရဟူသော ဆိုင်ဘုတ်များအား မန္တလေးမြို့လမ်းမပေါ်ရှိ အိမ်ပိုင်ရှင်များက အများဆုံးထားရှိပြီး ယင်း လာရောက်ရပ်နားလျှင် ရပ်နားသူအား မချေမငံပြောခြင်း၊ မည့်သည့် အခွန်မျှ ပေးဆောင်ခြင်းမရှိဘဲ မိမိတို့ ပိုင်သည့် ပုံစံမျိုး လုပ်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လမ်းမတွေပေါ်မှာ ယာဉ်မရပ်ရဆိုပြီး ဆိုင်ဘုတ်အနီတွေနဲ့ ကပ်ထားတဲ့နေရာတွေ တော်တော်များတယ်၊ အဲဒီ နေရာမှာရပ်ရင် ပြသ၁နာလာရှာတဲ့အထိ ပြုလုပ်ကြတယ်၊ အခုလို လုပ်လိုက်တာကောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ် နေထိုင်သော ယာဉ်မောင်းကိုမျိုးသူက ပြောသည်။

အခွန်ပေးဆောင်ရန်အတွက် နှုန်ထားများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရှိ သက်ဆိုင်သော ဌာနထံသို့ လာရောက် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင်း လမ်းမပေါ်ရှိ ဆိုင်ခန်းများအတွက်လည်း လမ်းပိတ်ဆို့မှုမရှိစေရန်အတွက် ကျူးကျော်များကို မေ ၂၁ ရက် နောက်ဆုံးထားရှိကာ ရှင်းလင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း၊ လိုအပ်သောနေရာများကို သိရှိလျှင်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ အသိပေး ပြောကြားနိုင်ကြောင်းကို ဆက်လက်ပြောကြားခဲ့သည်။

MMK . The Ladies News

No comments:

Post a Comment