Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

ေရႊျပည္သာၿမိဳ႕နယ္အတြင္း ရည္းစားျဖစ္သူကို တူနဲ႔ ထုသတ္မႈ အျပည့္အစံု


ေရႊျပည္သာၿမိဳ႕နယ္အတြင္း လူသတ္မႈက်ဴးလြန္သူ(၁)ဦးအား ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိ

ရန္ကုန္၊ ေမ ၁၉

၇.၄.၂၀၁၉ ရက္ေန႔ ၀၇၀၀ အခ်ိန္တြင္ ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၂၇)ရပ္ကြက္၊ အလိုေတာ္ျပည့္၊ ေတာရြာေလးေက်းရြာေန တရားလိုေဒၚ—-သည္ ၎၏သမီးျဖစ္သူ မမာလာဦး(ခ)အားလီ မွာ ေရႊျပည္သာၿမိဳ႕ နယ္၊ အမွတ္(၂၁)ရပ္ကြက္၊ စက္မႈဇံုလမ္း၊ ဝါးတရာစက္မႈဇံု၊ အကြက္အမွတ္(၁၁) ေဆာက္လုပ္ဆဲ ZYZ အထည္ ခ်ဳပ္စက္ရံုရွိ ၎ေနထိုင္သည့္ အခန္းအတြင္းေသဆံုးေနေၾကာင္း ၾကားသိရသျဖင့္ သြားေရာက္ၾကည့္ရွုခဲ့ရာ သမီးျဖစ္သူ မမာလာဦး(ခ)အားလီ မွာ ၎၏အိပ္ခန္းအတြင္း ကုတင္ေဘးတမံတလင္းေပၚတြင္ ယာဘက္ဦးေခါင္း ခ်ိဳေစာင္းေပါက္ၿပဲဒဏ္ရာ(၁)ခ်က္ျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိရေသာေၾကာင့္ တရားလိုျပဳလုပ္တိုင္တန္းခ်က္ အရ ေလွာ္ကား နယ္ေျမရဲစခန္း (ပ)၄၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္ အေရးယူခဲ့ေၾကာင္း သိရွိရပါသည္။

အမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးက အမႈမွတရားခံအား အျမန္ေဖာ္ထုတ္ ဖမ္းဆီး ရမိေရး စံုစမ္းေဆာင္ရြက္သြားရန္ ညႊန္ၾကားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္းအကူဌာနစု၊ အုပ္ခ်ဳပ္မႈဌာနခြဲ၊ ေျမာက္ပိုင္းခရိုင္ မႈခင္းႏိႈမ္နင္းေရးဌာနစု ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ အမႈမွတရားလိုႏွင့္ သက္ေသမ်ားစစ္ေဆးျခင္း၊ အခင္းျဖစ္ရပ္စစ္ေဆးျခင္းတို႔ ေဆာင္ရြက္ခဲ့ၿပီး တရားလို ေဒၚ—-၏ ထြက္ဆိုခ်က္အရ ၎၏ဖုန္းအမွတ္ 09-898974442 သို႔ ေသဆံုးသူ မမာလာဦး(ခ)အားလီ မွ message မ်ား ပို႔ထားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ေသဆံုးသူ၏ တယ္လီဖုန္းဆက္သြယ္ထားရွိမႈ မွတ္တမ္းမ်ားႏွင့္ တည္ေနရာတို႔ကို ထုတ္ယူစံုစမ္းခဲ့ရာ ေသဆံုးသူ မမာလာဦး(ခ)အားလီ ၆.၄.၂၀၁၉ ရက္ေန႔ ၂၃၄၇ အခ်ိန္ထိ ကိုင္ေဆာင္အသံုးျပဳခဲ့သည့္ ဖုန္းနံပါတ္ 09-891526313 အား ေနာက္ဆံုးေခၚဆိုခဲ့ေသာ ဖုန္းနံပါတ္ 09-422953043 ဖုန္းနံပါတ္ပိုင္ရွင္အား စံုစမ္းခဲ့ရာ



ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၂၁)ရပ္ကြက္၊ ဝါးတရာစက္မႈဇံု ပတ္လမ္းေန တင္ထြန္းေအာင္ ၏ လက္ကိုင္ဖုန္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ၁၇.၅.၂၀၁၉ ရက္ေန႔ ၁၂၃၀ အခ်ိန္တြင္ ၎၏ေနအိမ္သို႔ သြားေရာက္စစ္ေဆးခဲ့ရာ ၎သည္ ၆.၄.၂၀၁၉ ရက္ေန႔ ၂၂၀၀ အခ်ိန္ ZYZ အထည္ခ်ဳပ္စက္ရံု အေဆာက္အဦး ေျမညီထပ္ေလွကားအနီးရွိ သံပန္းဆိုင္ရာ အလုပ္သမားမ်ား ညအိပ္သည့္ေနရာအနီးတြင္ ဇြဲႏိုင္ (ခ)ေအာင္ပိုင္(ေသဆံုးသူ၏ရည္းစား)တို႔ႏွင့္အတူ ဘီယာေသာက္ေနစဥ္ ဇြဲႏိုင္(ခ)ေအာင္ပိုင္မွ ၎၏ရည္းစား ျဖစ္သူ မမာလာဦး(ခ)အားလီအား ၎၏ဖုန္းနံပါတ္ 09-422953043 ျဖင့္ ငွားယမ္းေခၚဆိုၿပီးေနာက္ မမာလာဦး (ခ)အားလီ ေရာက္လာခ်ိန္တြင္ ဇြဲႏိုင္(ခ)ေအာင္ပိုင္ ႏွင့္အတူ ၎အေဆာက္အဦးေရွ႕သို႔ ထြက္သြားသည္ကို ေတြ႕ရွိခဲ့ေၾကာင္း၊ ၂၄၀၀ အခ်ိန္ခန္႔တြင္ ဇြဲႏိုင္(ခ)ေအာင္ပိုင္ သည္ သံပန္းအလုပ္သမားမ်ား ညအိပ္သည့္ေနရာသို႔ ေရာက္ရွိလာၿပီး “ငါေတာ့ ျပႆနာတက္ၿပီ” ဟု ေျပာဆိုခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

ထို႔ေနာက္ မသကၤာတရားခံ ဇြဲႏိုင္(ခ)ေအာင္ပိုင္ အား ၁၇.၅.၂၀၁၉ ရက္ေန႔ ၁၄၂၀ အခ်န္တြင္ မမာလာဦး(ခ)အားလီ ေသဆံုးခဲ့သည့္ ေဆာက္လုပ္ဆဲ ZYZ အထည္ခ်ဳပ္စက္ရံုေပၚမွ ဖမ္းဆီးရမိခဲ့ၿပီး အေသးစိတ္ တိုက္ဆိုင္စစ္ေဆးခဲ့ရာ ၎သည္ မမာလာဦး(ခ)အားလီ၏ အခန္းသို႔ ၆.၄.၂၀၁၉ ရက္ေန႔ ၂၃၅၀ အခ်ိန္ခန္႔တြင္ ေရာက္ရွိခဲ့ၿပီး အခန္းတြင္း၌ အျခားအမ်ိဳးသားတစ္ဦးႏွင့္ အတူေတြ႕ရွိမႈႏွင့္ပတ္သက္၍ ယခုကဲ့သို႔ မျပဳလုပ္သင့္ ေၾကာင္း၊ အေနအထိုင္ဆင္ျခင္သင့္ေၾကာင္း ေျပာဆိုခဲ့ရာ မမာလာဦး(ခ)အားလီ မွ ၎အား ညစ္ညမ္းစြာ ဆဲေရး တိုင္းထြာၿပီး လက္ျဖင့္ရိုက္ခဲ့ေၾကာင္း၊ ထို႔ေနာက္ မမာလာဦး(ခ)အားလီ မွ အဝါေရာင္တူျဖင့္ ၎အား ရိုက္ႏွက္ခဲ့ေၾကာင္း၊ ၎မွ အဆိုပါတူအား ျပန္လည္လုယူၿပီး မမာလာဦး(ခ)အားလီ ၏ ဦးေခါင္းသို႔ (၄/၅)ခ်က္ခန္႔ ဆက္ရိုက္ခဲ့ရာ မမာလာဦး (ခ)အားလီ လဲက်ေသဆံုးသြားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းၿပီး ျပစ္မႈက်ဴးလြန္သူ ဇြဲႏိုုင္(ခ) ေအာင္ပိုင္အား ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။ Yangon Police



Unicode Version

ရွှေပြည်သာမြို့နယ်အတွင်း လူသတ်မှုကျူးလွန်သူ(၁)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၉

၇.၄.၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ အလိုတော်ပြည့်၊ တောရွာလေးကျေးရွာနေ တရားလိုဒေါ်—-သည် ၎င်း၏သမီးဖြစ်သူ မမာလာဦး(ခ)အားလီ မှာ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ စက်မှုဇုံလမ်း၊ ဝါးတရာစက်မှုဇုံ၊ အကွက်အမှတ်(၁၁) ဆောက်လုပ်ဆဲ ZYZ အထည် ချုပ်စက်ရုံရှိ ၎င်းနေထိုင်သည့် အခန်းအတွင်းသေဆုံးနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ သမီးဖြစ်သူ မမာလာဦး(ခ)အားလီ မှာ ၎င်း၏အိပ်ခန်းအတွင်း ကုတင်ဘေးတမံတလင်းပေါ်တွင် ယာဘက်ဦးခေါင်း ချိုစောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် တရားလိုပြုလုပ်တိုင်တန်းချက် အရ လှော်ကား နယ်မြေရဲစခန်း (ပ)၄၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အရေးယူခဲ့ကြောင်း သိရှိရပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အမှုမှတရားခံအား အမြန်ဖော်ထုတ် ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲ၊ မြောက်ပိုင်းခရိုင် မှုခင်းနှိုမ်နင်းရေးဌာနစု နှင့် ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားလိုနှင့် သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တရားလို ဒေါ်—-၏ ထွက်ဆိုချက်အရ ၎င်း၏ဖုန်းအမှတ် 09-898974442 သို့ သေဆုံးသူ မမာလာဦး(ခ)အားလီ မှ message များ ပို့ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးသူ၏ တယ်လီဖုန်းဆက်သွယ်ထားရှိမှု မှတ်တမ်းများနှင့် တည်နေရာတို့ကို ထုတ်ယူစုံစမ်းခဲ့ရာ သေဆုံးသူ မမာလာဦး(ခ)အားလီ ၆.၄.၂၀၁၉ ရက်နေ့ ၂၃၄၇ အချိန်ထိ ကိုင်ဆောင်အသုံးပြုခဲ့သည့် ဖုန်းနံပါတ် 09-891526313 အား နောက်ဆုံးခေါ်ဆိုခဲ့သော ဖုန်းနံပါတ် 09-422953043 ဖုန်းနံပါတ်ပိုင်ရှင်အား စုံစမ်းခဲ့ရာ



ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ ဝါးတရာစက်မှုဇုံ ပတ်လမ်းနေ တင်ထွန်းအောင် ၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရှိရသဖြင့် ၁၇.၅.၂၀၁၉ ရက်နေ့ ၁၂၃၀ အချိန်တွင် ၎င်း၏နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းသည် ၆.၄.၂၀၁၉ ရက်နေ့ ၂၂၀၀ အချိန် ZYZ အထည်ချုပ်စက်ရုံ အဆောက်အဦး မြေညီထပ်လှေကားအနီးရှိ သံပန်းဆိုင်ရာ အလုပ်သမားများ ညအိပ်သည့်နေရာအနီးတွင် ဇွဲနိုင် (ခ)အောင်ပိုင်(သေဆုံးသူ၏ရည်းစား)တို့နှင့်အတူ ဘီယာသောက်နေစဉ် ဇွဲနိုင်(ခ)အောင်ပိုင်မှ ၎င်း၏ရည်းစား ဖြစ်သူ မမာလာဦး(ခ)အားလီအား ၎င်း၏ဖုန်းနံပါတ် 09-422953043 ဖြင့် ငှားယမ်းခေါ်ဆိုပြီးနောက် မမာလာဦး (ခ)အားလီ ရောက်လာချိန်တွင် ဇွဲနိုင်(ခ)အောင်ပိုင် နှင့်အတူ ၎င်းအဆောက်အဦးရှေ့သို့ ထွက်သွားသည်ကို တွေ့ရှိခဲ့ကြောင်း၊ ၂၄၀၀ အချိန်ခန့်တွင် ဇွဲနိုင်(ခ)အောင်ပိုင် သည် သံပန်းအလုပ်သမားများ ညအိပ်သည့်နေရာသို့ ရောက်ရှိလာပြီး “ငါတော့ ပြဿနာတက်ပြီ” ဟု ပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ထို့နောက် မသင်္ကာတရားခံ ဇွဲနိုင်(ခ)အောင်ပိုင် အား ၁၇.၅.၂၀၁၉ ရက်နေ့ ၁၄၂၀ အချန်တွင် မမာလာဦး(ခ)အားလီ သေဆုံးခဲ့သည့် ဆောက်လုပ်ဆဲ ZYZ အထည်ချုပ်စက်ရုံပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် မမာလာဦး(ခ)အားလီ၏ အခန်းသို့ ၆.၄.၂၀၁၉ ရက်နေ့ ၂၃၅၀ အချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး အခန်းတွင်း၌ အခြားအမျိုးသားတစ်ဦးနှင့် အတူတွေ့ရှိမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ မပြုလုပ်သင့် ကြောင်း၊ အနေအထိုင်ဆင်ခြင်သင့်ကြောင်း ပြောဆိုခဲ့ရာ မမာလာဦး(ခ)အားလီ မှ ၎င်းအား ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာပြီး လက်ဖြင့်ရိုက်ခဲ့ကြောင်း၊ ထို့နောက် မမာလာဦး(ခ)အားလီ မှ အဝါရောင်တူဖြင့် ၎င်းအား ရိုက်နှက်ခဲ့ကြောင်း၊ ၎င်းမှ အဆိုပါတူအား ပြန်လည်လုယူပြီး မမာလာဦး(ခ)အားလီ ၏ ဦးခေါင်းသို့ (၄/၅)ချက်ခန့် ဆက်ရိုက်ခဲ့ရာ မမာလာဦး (ခ)အားလီ လဲကျသေဆုံးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ ဇွဲနိုင်(ခ) အောင်ပိုင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police

No comments:

Post a Comment