CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, May 5, 2019
ေန႔စဥ္ တာရွည္ခံ အသားနဲ႔ အနီေရာင္ အသားစားသူေတြမွာ အူမႀကီးကင္ဆာျဖစ္ႏုိင္ေခ် ပုိမ်ား
တာရွည္ခံအသားနဲ႔ ဝက္အူေခ်ာင္း အနည္းငယ္ ေန႔စဥ္ စားမိ႐ုံနဲ႔တင္ အူမႀကီးကင္ဆာအျပင္ ဆက္စပ္ေနတဲ့ အူလမ္းေၾကာင္းဆိုင္ရာ ကင္ဆာေရာဂါေတြပါ ျဖစ္ႏိုင္ေခ်မ်ားတယ္ဆိုတဲ့ ေလ့လာခ်က္အသစ္ကို The International Journal of Epidemiology မွာ ေဖာ္ျပထားပါတယ္။
ျပဳျပင္ဖန္တီးထားတဲ့ တာရွည္ခံအသားနဲ႔ အနီေရာင္အသား တေန႔ကို ၇၆ ဂရမ္ေလာက္ စားခဲ့ရင္ ေရရွည္မွာ အူမႀကီး ကင္ဆာျဖစ္ႏိုင္ေခ် တျခားသူေတြ ထက္ ၂၀ ရာခိုင္ႏႈန္းေက်ာ္ ပိုမ်ားတယ္လို႔ ဆိုပါတယ္။
တာရွည္ခံဆိုတဲ့ေနရာမွာ အသင့္စား ဝက္အူေခ်ာင္း၊ ဝက္ဆားနယ္ေျခာက္ေတြက အဆိုးဆုံးျဖစ္ၿပီး တေန႔ကို ၂၅ ဂရမ္ စား႐ုံေလာက္နဲ႔ အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေခ် ၂၀ ရာခိုင္ႏႈန္းရွိၿပီး အနီေရာင္အသားေတြကေတာ့ တေန႔ကို ၅၀ ဂရမ္ စားမယ္ဆိုရင္ အူမႀကီးကင္ဆာျဖစ္ႏိုင္ေခ် ၁၉ ရာခိုင္ႏႈန္းေလာက္ သာမန္သူေတြထက္ ပိုမ်ားလာႏိုင္တယ္လို႔ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။
“တာရွည္ခံအသားေတြဟာ နည္းနည္းေလး စားမိ႐ုံနဲ႔ အနီေရာင္အသားေတြထက္ အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေခ် ပိုမ်ား ေစတာ ေတြ႕ခဲ့ရတယ္” လို႔ ေလ့လာခ်က္မွာ ပါဝင္ခဲ့တဲ့ ေအာက္စဖို႔ဒ္တကၠသိုလ္၊ ကင္ဆာေရာဂါ ကာကြယ္ေရး ယူနစ္မွ လက္ေထာက္ဒါ႐ိုက္တာ ပေရာ္ဖက္ဆာ Tim Key က ဆိုပါတယ္။
ယူေက အမ်ိဳးသားက်န္းမာေရးအဖြဲ႕ႀကီး (NHS) ရဲ႕ ထုတ္ျပန္ခ်က္မွာလည္း လူတဦးဟာ တာရွည္ခံေအာင္လုပ္ထားတဲ့ ဝက္ဆားနယ္ေျခာက္တခ်ပ္မွာ ျပဳျပင္ဖန္တီးထားတဲ့ အသား ၂၃ ဂရမ္ ပါၿပီး ၈ ေအာင္စရွိတဲ့ အသားျပား တခ်ပ္မွာ အနီေရာင္အသား ၁၆၃ ဂရမ္ပါဝင္တယ္လို႔ ဆိုပါတယ္။
အခုေလ့လာေရးကို တစိတ္တပိုင္း ေထာက္ပံ့ေပးထားတဲ့ ၿဗိတိသွ်ကင္ဆာ သုေတသနအဖြဲ႕က တာရွည္ခံအသားေတြနဲ႔ အနီေရာင္အသားေတြကို ေန႔စဥ္ ၉၀ ဂရမ္ေက်ာ္ေလာက္ စားေနခဲ့ရင္ ၇၀ ဂရမ္ေလာက္ပဲ စားႏိုင္ေအာင္ ေလ်ာ့ခ်သင့္ တယ္လို႔ အႀကံျပဳပါတယ္။
ေလ့လာခ်က္အသစ္မွာ ေဖာ္ျပထားတဲ့ ရလဒ္အတြက္ သုေတသီေတြဟာ အသက္ ၄၀ မွ ၆၉ ႏွစ္အတြင္းရွိတဲ့ ၿဗိတိန္လူမ်ိဳး ၅ သိန္းေလာက္ရဲ႕ စားေသာက္မႈပုံစံကို ၅ ႏွစ္ေက်ာ္ၾကာေအာင္ ေလ့လာခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီ ၅ ႏွစ္အတြင္းမွာ ေလ့လာခဲ့သူေတြထဲက ၂၅၀၀ ေက်ာ္ဟာ အူမႀကီးကင္ဆာ ခံစားခဲ့ရပါတယ္။
ယခုေလ့လာခ်က္အသစ္ဟာ တာရွည္ခံအသားေတြနဲ႔ အနီေရာင္အသားေတြဟာ အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေခ် ဆက္စပ္ ေနေၾကာင္း သက္ေသ သာဓကေပါင္းမ်ားစြာ ျပသႏိုင္ခဲ့ပါတယ္။ “က်ေနာ္တို႔ရဲ႕ ရလဒ္က အရမ္းကို ခိုင္မာပါတယ္။ တပတ္ကို တာရွည္ခံအသားနဲ႔ အနီေရာင္အသား ၄ ႀကိမ္အထက္ စားသူေတြဟာ ၂ ႀကိမ္ေလာက္ပဲ စားသူေတြထက္ အူမႀကီးကင္ဆာျဖစ္ႏိုင္ေခ် အရမ္းမ်ားပါတယ္”လို႔ Key က ဆိုပါတယ္။
အရင္ ၁၉၉၀ ျပည့္ႏွစ္တုန္းက ေလ့လာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့လည္း “၁၉၉၀ ေနာက္ပိုင္းမွာ စားေသာက္မႈ ပုံစံေတြက ေျပာင္းလဲသြားလို႔ အခုေလ့လာခ်က္ အသစ္မွာ ဒီေန႔ေခတ္ အသားစားသုံးမႈနဲ႔ ဆက္စပ္ေနတဲ့ ေနာက္ထပ္ သက္ေသေတြရေအာင္ ထပ္ေလ့လာခဲ့ရတယ္”လို႔ Key က ဆိုပါတယ္။
အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေခ် ပိုမ်ားေစတဲ့ ေနာက္ထပ္တခ်က္ကေတာ့ အရက္ေၾကာင့္လို႔ အဆိုပါေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အူမႀကီးနဲ႔ စအိုကင္ဆာ ျဖစ္ႏိုင္ေခ် ေလ်ာ့ခ်ေပးႏိုင္တာေတြကေတာ့ ေပါင္မုန႔္မွာပါတဲ့ အမွ်င္ဓာတ္ေတြနဲ႔ မနက္စာအျဖစ္ စားၾကတဲ့ Cerealက အေကာင္းဆုံးပါလို႔ ဆိုပါတယ္။
အူမႀကီးကင္ဆာဟာ အေမရိကန္ႏိုင္ငံမွာ တတိယေျမာက္ အျဖစ္အမ်ားဆုံး ေရာဂါျဖစ္ေနၿပီး ၿဗိတိန္မွာလည္း အျဖစ္ အမ်ားဆုံး တတိယေနရာမွာ ရွိေနပါတယ္။ ဒါေၾကာင့္ အာဟာရပညာရွင္ေတြက တပတ္ကို အသား မ်ားမ်ားစားတာ ေလွ်ာ့ၿပီး ငါး၊ ၾကက္သား၊ အသီးအ႐ြက္ေတြ တလွည့္စီ စားၾကဖို႔ အႀကံျပဳထားပါတယ္။
ဧရာဝတီ
#Unicode Version# ျဖင့္ဖတ္ပါ ။
တာရှည်ခံအသားနဲ့ ဝက်အူချောင်း အနည်းငယ် နေ့စဉ် စားမိရုံနဲ့တင် အူမကြီးကင်ဆာအပြင် ဆက်စပ်နေတဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေပါ ဖြစ်နိုင်ချေများတယ်ဆိုတဲ့ လေ့လာချက်အသစ်ကို The International Journal of Epidemiology မှာ ဖော်ပြထားပါတယ်။
ပြုပြင်ဖန်တီးထားတဲ့ တာရှည်ခံအသားနဲ့ အနီရောင်အသား တနေ့ကို ၇၆ ဂရမ်လောက် စားခဲ့ရင် ရေရှည်မှာ အူမကြီး ကင်ဆာဖြစ်နိုင်ချေ တခြားသူတွေ ထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများတယ်လို့ ဆိုပါတယ်။
တာရှည်ခံဆိုတဲ့နေရာမှာ အသင့်စား ဝက်အူချောင်း၊ ဝက်ဆားနယ်ခြောက်တွေက အဆိုးဆုံးဖြစ်ပြီး တနေ့ကို ၂၅ ဂရမ် စားရုံလောက်နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းရှိပြီး အနီရောင်အသားတွေကတော့ တနေ့ကို ၅၀ ဂရမ် စားမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းလောက် သာမန်သူတွေထက် ပိုများလာနိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
“တာရှည်ခံအသားတွေဟာ နည်းနည်းလေး စားမိရုံနဲ့ အနီရောင်အသားတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများ စေတာ တွေ့ခဲ့ရတယ်” လို့ လေ့လာချက်မှာ ပါဝင်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်၊ ကင်ဆာရောဂါ ကာကွယ်ရေး ယူနစ်မှ လက်ထောက်ဒါရိုက်တာ ပရော်ဖက်ဆာ Tim Key က ဆိုပါတယ်။
ယူကေ အမျိုးသားကျန်းမာရေးအဖွဲ့ကြီး (NHS) ရဲ့ ထုတ်ပြန်ချက်မှာလည်း လူတဦးဟာ တာရှည်ခံအောင်လုပ်ထားတဲ့ ဝက်ဆားနယ်ခြောက်တချပ်မှာ ပြုပြင်ဖန်တီးထားတဲ့ အသား ၂၃ ဂရမ် ပါပြီး ၈ အောင်စရှိတဲ့ အသားပြား တချပ်မှာ အနီရောင်အသား ၁၆၃ ဂရမ်ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလေ့လာရေးကို တစိတ်တပိုင်း ထောက်ပံ့ပေးထားတဲ့ ဗြိတိသျှကင်ဆာ သုတေသနအဖွဲ့က တာရှည်ခံအသားတွေနဲ့ အနီရောင်အသားတွေကို နေ့စဉ် ၉၀ ဂရမ်ကျော်လောက် စားနေခဲ့ရင် ၇၀ ဂရမ်လောက်ပဲ စားနိုင်အောင် လျော့ချသင့် တယ်လို့ အကြံပြုပါတယ်။
လေ့လာချက်အသစ်မှာ ဖော်ပြထားတဲ့ ရလဒ်အတွက် သုတေသီတွေဟာ အသက် ၄၀ မှ ၆၉ နှစ်အတွင်းရှိတဲ့ ဗြိတိန်လူမျိုး ၅ သိန်းလောက်ရဲ့ စားသောက်မှုပုံစံကို ၅ နှစ်ကျော်ကြာအောင် လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ ၅ နှစ်အတွင်းမှာ လေ့လာခဲ့သူတွေထဲက ၂၅၀၀ ကျော်ဟာ အူမကြီးကင်ဆာ ခံစားခဲ့ရပါတယ်။
ယခုလေ့လာချက်အသစ်ဟာ တာရှည်ခံအသားတွေနဲ့ အနီရောင်အသားတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ဆက်စပ် နေကြောင်း သက်သေ သာဓကပေါင်းများစွာ ပြသနိုင်ခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ရလဒ်က အရမ်းကို ခိုင်မာပါတယ်။ တပတ်ကို တာရှည်ခံအသားနဲ့ အနီရောင်အသား ၄ ကြိမ်အထက် စားသူတွေဟာ ၂ ကြိမ်လောက်ပဲ စားသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်”လို့ Key က ဆိုပါတယ်။
အရင် ၁၉၉၀ ပြည့်နှစ်တုန်းက လေ့လာချက်နဲ့ ပတ်သက်ပြီးတော့လည်း “၁၉၉၀ နောက်ပိုင်းမှာ စားသောက်မှု ပုံစံတွေက ပြောင်းလဲသွားလို့ အခုလေ့လာချက် အသစ်မှာ ဒီနေ့ခေတ် အသားစားသုံးမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် သက်သေတွေရအောင် ထပ်လေ့လာခဲ့ရတယ်”လို့ Key က ဆိုပါတယ်။
အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများစေတဲ့ နောက်ထပ်တချက်ကတော့ အရက်ကြောင့်လို့ အဆိုပါလေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အူမကြီးနဲ့ စအိုကင်ဆာ ဖြစ်နိုင်ချေ လျော့ချပေးနိုင်တာတွေကတော့ ပေါင်မုန့်မှာပါတဲ့ အမျှင်ဓာတ်တွေနဲ့ မနက်စာအဖြစ် စားကြတဲ့ Cerealက အကောင်းဆုံးပါလို့ ဆိုပါတယ်။
အူမကြီးကင်ဆာဟာ အမေရိကန်နိုင်ငံမှာ တတိယမြောက် အဖြစ်အများဆုံး ရောဂါဖြစ်နေပြီး ဗြိတိန်မှာလည်း အဖြစ် အများဆုံး တတိယနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် အာဟာရပညာရှင်တွေက တပတ်ကို အသား များများစားတာ လျှော့ပြီး ငါး၊ ကြက်သား၊ အသီးအရွက်တွေ တလှည့်စီ စားကြဖို့ အကြံပြုထားပါတယ်။
ဧရာဝတီ
ေန႔စဥ္ တာရွည္ခံ အသားနဲ႔ အနီေရာင္ အသားစားသူေတြမွာ အူမႀကီးကင္ဆာျဖစ္ႏုိင္ေခ် ပုိမ်ား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 05, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 05, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment