Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 5, 2019

လိုင္စင္၊ ဦးထုပ္ပါလ်က္နဲ ့ဘာလို ႔ဆုိင္ကယ္ကုိ ဖမ္းသလဲသိခ်င္တဲ့သူမ်ားအတြက္


ဆိုင္ကယ္ေလေပါင္မျပည့္လို႔
ဆိုင္ကယ္ေနာက္ေျခနင္းတံုးႏွစ္ခုခ်ထားလို႔ဆိုပီး
အေရးယူတာမ်ိဳးရွိပါသလား ေမာ္ေတာ္ဆိုင္ကယ္စီးႏွင္းသူေတြလိုက္နာရမည္
အခ်က္ေလးမ်ား ေျပာျပႏိုင္မလားလို႔ ေမးလာၾကလို႔ အခုလိုတင္ျပလိုက္ပါတယ္။
ေမာ္ေတာ္ဆိုင္ကယ္ေမာင္ႏွင္သူမ်ား လိုက္နာရမဲ႔ အဓိကအခ်က္ေတြကေတာ့-

၁။ စိတ္ခ်ရသည့္ဆိုင္ကယ္စီးဦးထုပ္အား ေမးသိုင္းႀကိဳးတပ္ဆင္၍ေမာင္းႏွင္ရမည္
၂။ ယာဥ္လိုင္စင္ ယာဥ္ေမာင္းလိုင္စင္ပါရွိရမည္
၃။ ႏွစ္ဦးထက္ပိုမစီးရ၊ အရွိန္ျပင္းမေမာင္းရ
၄။ အရက္ေသစာေသာက္စားေမာင္းႏွင္ျခင္းမျပဳရ
၅။ သာမန္အားျဖင့္ လမ္းညာဘက္ယာဥ္ေၾကာမွေမာင္းႏွင္ရမည္
လမ္းအလယ္ေခါင္မွမေမာင္းရ
၆။ ဆိုင္ကယ္ေမာင္းႏွင္စဥ္ ဖုန္းမေျပာရ
၇။ အိပ္ေဇာသံဆူညံေသာေမာ္ေတာ္ဆိုင္ကယ္ကို မေမာင္းႏွင္ရ
၈။ ယာဥ္ရွင္းမွ ေက်ာ္တတ္ျခင္း ေကြ႔ျခင္း ယာဥ္ေၾကာကူးေျပာင္းျခင္းတို႔ျပဳလုပ္ရမည္
၉။ ေရွ႕မီး ေနာက္မီး အခ်က္ျပမီး ဘရိတ္တို႔ ျပည့္စံုေကာင္းမြန္ေနရမည္
၁၀။အျခားယာဥ္မ်ားနည္းတူ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလိုက္နာရမည္။

အခုေျပာျပတာေတြကေတာ့ ဆိုင္ကယ္စီးႏွင္းစဥ္ လိုက္နာရမည့္အဓိကအခ်က္ေတြပါ
ဆိုင္ကယ္ေလေပါင္မျပည့္လို႔ ဆိုင္ကယ္ေနာက္ေျခနင္းတံုးႏွစ္ခုခ်ထားလို႔ဆိုပီး
အေရးယူတာမ်ိဳးေတာ့မရွိခဲ႔ပါဘူး။
ေလမရွိရင္ ေလေလွ်ာ့ေနတဲ႔အေၾကာင္း ေလျပန္ျဖန္႔ထားဖို႔ ဒါေလးေတာ့သိရွိေစဖို႔ေျပာျပတာမ်ိဳေတြရွိပါတယ္။
ဒီေတာ့ ကြ်န္ေတာ့္ယာဥ္ေမာင္းသူေတြကိုေျပာခ်င္တာက
စ ေနာက္ ေျပာင္တဲ႔စကားမ်ိဳးေတြ နားထဲကိုျဖတ္သန္းေတာ့မယ္ဆိုရင္ ၿပံဳးစိစိ စပ္ၿဖီးၿဖီးနဲ႔ ျဖတ္သန္းခြင့္ျပဳပါ။
ခပ္တည္တည္နဲ႔မျဖတ္သန္းပါေစနဲ႔
ကြ်န္ေတာ္တို႔ေတြမွာရွိထားတဲ႔ ကိုယ္စီနားလည္မႈေတြ ထာဝရခိုင္ၿမဲေနဖို႔လိုပါတယ္။
ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆိုင်ကယ်လေပေါင်မပြည့်လို့

ဆိုင်ကယ်နောက်ခြေနင်းတုံးနှစ်ခုချထားလို့ဆိုပီး

အရေးယူတာမျိုးရှိပါသလား မော်တော်ဆိုင်ကယ်စီးနှင်းသူတွေလိုက်နာရမည်

အချက်လေးများ ပြောပြနိုင်မလားလို့ မေးလာကြလို့ အခုလိုတင်ပြလိုက်ပါတယ်။

မော်တော်ဆိုင်ကယ်မောင်နှင်သူများ လိုက်နာရမဲ့ အဓိကအချက်တွေကတော့-

၁။ စိတ်ချရသည့်ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးတပ်ဆင်၍မောင်းနှင်ရမည်

၂။ ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ပါရှိရမည်

၃။ နှစ်ဦးထက်ပိုမစီးရ၊ အရှိန်ပြင်းမမောင်းရ

၄။ အရက်သေစာသောက်စားမောင်းနှင်ခြင်းမပြုရ

၅။ သာမန်အားဖြင့် လမ်းညာဘက်ယာဉ်ကြောမှမောင်းနှင်ရမည်
လမ်းအလယ်ခေါင်မှမမောင်းရ

၆။ ဆိုင်ကယ်မောင်းနှင်စဉ် ဖုန်းမပြောရ

၇။ အိပ်ဇောသံဆူညံသောမော်တော်ဆိုင်ကယ်ကို မမောင်းနှင်ရ

၈။ ယာဉ်ရှင်းမှ ကျော်တတ်ခြင်း ကွေ့ခြင်း ယာဉ်ကြောကူးပြောင်းခြင်းတို့ပြုလုပ်ရမည်

၉။ ရှေ့မီး နောက်မီး အချက်ပြမီး ဘရိတ်တို့ ပြည့်စုံကောင်းမွန်နေရမည်

၁၀။အခြားယာဉ်များနည်းတူ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရမည်။

အခုပြောပြတာတွေကတော့ ဆိုင်ကယ်စီးနှင်းစဉ် လိုက်နာရမည့်အဓိကအချက်တွေပါ
ဆိုင်ကယ်လေပေါင်မပြည့်လို့ ဆိုင်ကယ်နောက်ခြေနင်းတုံးနှစ်ခုချထားလို့ဆိုပီး
အရေးယူတာမျိုးတော့မရှိခဲ့ပါဘူး။

လေမရှိရင် လေလျှော့နေတဲ့အကြောင်း လေပြန်ဖြန့်ထားဖို့ ဒါလေးတော့သိရှိစေဖို့ပြောပြတာမျိုတွေရှိပါတယ်။

ဒီတော့ ကျွန်တော့်ယာဉ်မောင်းသူတွေကိုပြောချင်တာက
စ နောက် ပြောင်တဲ့စကားမျိုးတွေ နားထဲကိုဖြတ်သန်းတော့မယ်ဆိုရင် ပြုံးစိစိ စပ်ဖြီးဖြီးနဲ့ ဖြတ်သန်းခွင့်ပြုပါ။

ခပ်တည်တည်နဲ့မဖြတ်သန်းပါစေနဲ့
ကျွန်တော်တို့တွေမှာရှိထားတဲ့ ကိုယ်စီနားလည်မှုတွေ ထာဝရခိုင်မြဲနေဖို့လိုပါတယ်။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

No comments:

Post a Comment