Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

တာဝန္ခ်ိန္တြင္ အရက္မူးေနၿပီး အျပစ္မဲ့ျပည္သူတစ္ဦးအား ဖမ္းဆီး႐ိုက္ႏွက္ ႏွိပ္စက္…..


ကၽြန္ေတာ့္ ရဲ ့ကိုယ္ေတြ ့အျဖစ္ပ်က္ တစ္ခု Share ခ်င္ပါတယ္။ အမ်ားလည္းသိရေအာင္ ေနာက္ေနာင္လည္း က်ြန္ေတာ့လို မခံရေစခ်င္ပါဟူး။ အဲ့ရည္ရြြယ္ခ်က္ႏွင့္ အတူ မေျပာင္းလဲနိုင္ေသးေသာ….
ျပည္သူ ့ဝန္ထမ္း အမည္ခံထားေသာ ရဲမ်ား၏ ရြံဖို ့ေကာင္းတယ့္ ေစာက္က်င့္မ်ားကို သိေစခ်င္ပါတယ္၊ က်ြန္ေတာ္ ခံခဲ့ရတာနဲ ့ပတ္သတ္လို ့တရာဆြဲလည္း လူပင္ပန္း စိတ္ပင္ပန္း ေငြကုန္တာကလြဲလို ့ဘာမွ မထူးနိုင္မွန္းသိပါတယ္။
ဒါေပမယ့္ မလုပ္လို ့လည္း မရပါဟူး။ က်ြန္ေတာ္ တိုင္စားမ်ားအေနနဲ ့သတ္ဆိုင္ရာ ဌာနမ်ား ဝန္ၾကီးရံုးမ်ားကိုေတာ့ ပို့ျပီးပါျပီ။ အေရးယူမယ္ မယူမယ္ကေတာ့ သူတို ့အပိုင္းပါပဲ။ေအာက္ပါအတိုင္းျဖစ္ပါတယ္ …
ကြ်န္ေတာ္ ျပီးခဲ့တယ့္အပတ္ ၃.၅.၂၀၁၉ Friday ရက္ (၁၀း၃၀)အခ်ိန္ သူငယ္ခ်င္းႏွစ္ဦးႏွင့္ အတူစမ္းေခ်ာင္းရိွစားေသာက္ဆိုင္တစ္ခုမွ အငွားကား(TAXI)ျဖင့္ ေနအိမ္သို့့ျပန္လာစဥ္ နာနတ္ေတာလမ္းအရိုးအထူးကုေဆးရုံၾကီးအနီးတြင္ ညဘက္ ယာဥ္စစ္ေနေသာ…..
ကမာရြတ္ရဲစခန္းမွတာ၀န္က်ရဲတပ္ဖြဲ့ျဖင့္ ဆံုေသာေၾကာင့္ကားေပၚမွဆင္းျပီးၾကည္ျဖဴစြာ အစစ္ေဆးခံခဲ့ပါသည္။ ကၽြန္ေတာ့္ကိုစစ္ေဆးေနေသာ ရဲ၀န္ထမ္းမွာ ဟန္မေဆာင္နိုင္ေအာင္မူးေနခဲ့ပါသည္။
ထို့နည္းတူတျခားေသာ(လက္နက္ကိုင္ေဆာင္ထားေသာ) ရဲ၀န္ထမ္းအခ်ိဳ့မွာလည္းမူးေနပါသည္။ ၄င္းတို့ႏွင့္အတူတာ၀န္မူးဟုယူဆရသူ အရာရွိတစ္ဦးလည္းရိွေနပါသည္။

ကၽြန္ေတာ္သည္ ရဲ၀န္ထမ္း၏ စစ္ေဆးျခင္းကို ၾကည္ျဖဴစြာခံျပီးေနာက္ ႏုိင္ငံသားတစ္ဦးအေနျဖင့္ မိမိကိုစစ္ေဆးေသာ ရဲ၀န္ထမ္းအား ကၽြန္ေတာ္မွ “ခင္ဗ်ားမူးေနတာလား၊အလုပ္ခ်ိန္မွာယူနီေဖာင္းဝတ္ျဖင့္ မူးေနလို့ရပါသလား။
ယခုကဲ့သို့မူးေနေသာအေနအထားျဖင့္ ျပည္သူတစ္ဦးကို စစ္ေဆးခြင့္ရွိပါသလား” ဟု ကၽြန္ေတာ္ေမးခဲ့ပါသည္။ ကၽြန္ေတာ္ေမးေသာအခါ ၄င္းတို့ႏွင့္အတူရိွေနေသာရဲအရာရိွမွကၽြန္ေတာ့္အား ျပစ္မွုတစံုတရာမရွိိွသည့္ အတြက္ကၽြန္ေတာ့္အားျပန္ရန္ တိုက္တြန္းေနခ်ိန္တြင္…..

ကၽြန္ေတာ္ေမးခဲ့ေသာ ေမးခြန္းမ်ားအေပၚမေက်နပ္သည့္အတြက္ ကၽြန္ေတာ့္ကိုစစ္ေဆးေသာရဲ၀န္ထမ္းအပါဝင္ က်န္မူးေနေသာရဲ၀န္ထမ္းမ်ား(လက္နက္ကိုင္ေဆာင္ထားသူအပါအဝင္၆ဦးခန့္) မွ“ဒီေကာင့္ကိုဖမ္းကြာၾကာတယ္ စခန္းေခၚသြားျပီး လုပ္ရမယ္ လူပါးဝလို့ဒီေကာင့္ကို လက္ထိပ္ခတ္” ဟုေအာ္ေျပာကာ…..
ရဲ၀န္ထမ္း၆ဦးခန့္က ကၽြန္ေတာ့္အားဝိုင္းရိုက္ျခင္း ဆံပင္းမ်ားဆြဲခါျခင္း၊ ေဆာင့္ဆြဲျခင္း၊ ကန္ျခင္းမ်ားျပဳလုပ္ျပီး ေနာက္ျပန္လက္ထိပ္ကိုတင္းက်ပ္စြာခတ္ကာကၽြန္ေတာ့္အား ရဲကားေပၚသို့ ေျခေထာက္မ်ားျဖင့္ဝိုင္းကန္တင္ျပီး ကားၾကမ္းျပင္တြင္ ကၽြန္ေတာ့္အား ပတ္လတ္အေနထား ထားျပီး ေျခေထာက္ျဖင့္နင္းျပီး ေခၚေဆာင္ခဲ့ပါသည္။
ကမာရြတ္ရဲစခန္းဝန္း အတြင္းအေရာက္တြင္ ကၽြန္ေတာ့္အား ကားေပၚမွဆြဲခ်ကာ စခန္းအတြင္းသို့ေခၚေဆာင္လာျပီးအခ်ဳပ္နားအေရာက္တြင ္ကၽြန္ေတာ့္ကိုေခတၱေစာင့္ေစျပီး အခ်ဳပ္ထဲတြင္ရိွေနျပီးေသာအခ်ဳပ္သားမ်ားႏွင့္အခ်ဳပ္လမး္တြင္္အိပ္ေနေသာသူမ်ားကိုအျပင္သို့ေခၚထုတ္္သြားျပီး ….
ဘယ္သူမွမက်န္ေတာ့သည့္အခ်ိန္တြင္ ကၽြန္ေတာ့္အား ကမာရြတ္ရဲစခန္းသို့ေခၚလာသူူရဲ၀န္ထမ္းမ်ား (ဂိတ္တြင္စစ္ေဆးေသာ ရဲအပါဝင္ ၆ဦးခန္)့မွ လက္ထိတ္ခတ္အေနထားျဖင့္ မ်က္ႏွာမွ လြဲျပီးက်န္ေနရာမ်ားအား ထိုးႏွက္ျခင္း၊ ဆဲဆိုျခင္း၊ ျခိမ္းေျခာက္ျခင္း၊

“မင္းငယ္ပါ ဘယ္ေလာက္ရိွလဲျကည့္ရေအာင္” ဟုဆိုကာ ကၽြန္ေတာ့္ ေဘာင္းဘီအားအတင္းဆြဲျခင္း၊ “ဒီေကာင့္ကိုဖင္ခ်ကြာ”ဟုဆိုကာေဘာင္ဘီအားအတငး္ဆြဲျခင္းမ်ားကိုျပဳလုပ္ပါသည္။ ထို့ေနာက္အခ်ဳပ္ခန္းအတြင္းသို့ကၽြန္ေတာ့္ကိုဝင္ေစျပီးအခန္းအတြင္းတြင္ အသင့္ေစာင့္ေနေသာ ရဲ၂ဦးမွာ လူမိုက္ဆန္ေသာစကားမ်ားျဖင့္ ျခိမ္းေျခာက္ျပီး လက္ထိတ္မျဖဳတ္ေပးပဲ ေနေစခဲ့ပါသည္။

ထိုသို့ကၽြန္ေတာ့အေပၚက်ဴးလြန္ေနသည္ကို စခန္း၀င္းအတြင္းတြင္ေရာက္ရွိေနေသာ ကၽြန္ေတာ့္ သူငယ္ခ်င္း ၂ဦးမွ အသံမ်ား ၾကားေနရေသာ္လည္း စခန္းအဆာက္အအံုအတြင္းသို့ ၀င္ခြင့္မေပးဘဲ ၀င္းအတြင္း ၌ သာေနေစခဲ့ပါသည္။ တာ၀န္က်စစ္ေဆးေရးဂိတ္တြင္ရိွေနေသာ ရဲအရာရိွလည္းစခန္းတြင္းရိွေနခဲ့ပါသည္။

အခ်ဳပ္ခန္းအတြင္း လက္ထိတ္ခတ္ထားေသာလက္ေကာက္ဝတ္ ၂ခုလံုးလြန္စြာနာက်င္ေသာေၾကာင့္ ျဖဳတ္ေပးရန္အကူအညီေတာင္းခဲ့ေသာ္လည္း မည္သူတစ္ဦး တစ္ေယာက္မွ လာေရာက္ျခင္းမရွိခဲ့ပါ။

ထိုေန့ည၂၄း၀၀နာရီခန့္တြင္ ကၽြန္ေတာ့္အား အခ်ဳပ္မွျပန္ထြက္ေစျပီး ထိုအခ်ိန္တြင္ ကၽြန္ေတာ့္အားထိုးႏွက္ျခိမ္းေျခာက္သူ ရဲ၀န္ထမ္းတစ္ဦး မွ မရိွေတာ့ပဲကနဦးကတည္းကပင္ ရွိေနခဲ့ေသာ ရဲအရာရိွနွင့္စခန္းတြင္ရိွႏွင့္ျပီးေသာ ရဲ၀န္ထမ္းမ်ားသာေတြ့ရပါသည္။

ကၽြန္ေတာ့္အေပၚက်ဴးလြန္ခဲ့ေသာရဲ၀န္ထမ္းမ်ား၏ နာမည္မ်ားေမးေသာ္လည္းမေျပာျပခဲ့ပါ။ အခ်ဳပ္တြင္းတပ္ဆင္ထားေသာCCTV၂လံုးမွ ျဖစ္စဥ္မ်ားအားျပန္ၾကည့္ရန္ ေတာင္းဆိုတိုင္းၾကားခဲ့ေသာ္လည္း တခ်ိန္လံုးအတူရိွေနေသာ ရဲအရာရိွမွာ သူမသိေၾကာင္းသာေျပာဆိုျပီး ျငင္းပယ္ခဲ့ပါသည္။

အၾကံေကာင္းမ်ားရိွရင္လည္း ေျပာေပးပါခင္ဗ်ာ … အမ်ားသိရန္လည္း ေျပာၾကားေပးၾကပါခင္ဗ်ာ …….။
 Ye Yint Aung

unicode

ကျွန်တော့် ရဲ ့ကိုယ်တွေ ့အဖြစ်ပျက် တစ်ခု Share ချင်ပါတယ်။ အများလည်းသိရအောင် နောက်နောင်လည်း ကျွန်တော့လို မခံရစေချင်ပါဟူး။ အဲ့ရည်ရွွယ်ချက်နှင့် အတူ မပြောင်းလဲနိုင်သေးသော….

ပြည်သူ ့ဝန်ထမ်း အမည်ခံထားသော ရဲများ၏ ရွံဖို ့ကောင်းတယ့် စောက်ကျင့်များကို သိစေချင်ပါတယ်၊ ကျွန်တော် ခံခဲ့ရတာနဲ ့ပတ်သတ်လို ့တရာဆွဲလည်း လူပင်ပန်း စိတ်ပင်ပန်း ငွေကုန်တာကလွဲလို ့ဘာမှ မထူးနိုင်မှန်းသိပါတယ်။

ဒါပေမယ့် မလုပ်လို ့လည်း မရပါဟူး။ ကျွန်တော် တိုင်စားများအနေနဲ ့သတ်ဆိုင်ရာ ဌာနများ ဝန်ကြီးရုံးများကိုတော့ ပို့ပြီးပါပြီ။ အရေးယူမယ် မယူမယ်ကတော့ သူတို ့အပိုင်းပါပဲ။အောက်ပါအတိုင်းဖြစ်ပါတယ် …

ကျွန်တော် ပြီးခဲ့တယ့်အပတ် ၃.၅.၂၀၁၉ Friday ရက် (၁ဝး၃၀)အချိန် သူငယ်ချင်းနှစ်ဦးနှင့် အတူစမ်းချောင်းရှိစားသောက်ဆိုင်တစ်ခုမှ အငှားကား(TAXI)ဖြင့် နေအိမ်သို့့ပြန်လာစဉ် နာနတ်တောလမ်းအရိုးအထူးကုဆေးရုံကြီးအနီးတွင် ညဘက် ယာဉ်စစ်နေသော…..

ကမာရွတ်ရဲစခန်းမှတာဝန်ကျရဲတပ်ဖွဲ့ဖြင့် ဆုံသောကြောင့်ကားပေါ်မှဆင်းပြီးကြည်ဖြူစွာ အစစ်ဆေးခံခဲ့ပါသည်။ ကျွန်တော့်ကိုစစ်ဆေးနေသော ရဲဝန်ထမ်းမှာ ဟန်မဆောင်နိုင်အောင်မူးနေခဲ့ပါသည်။

ထို့နည်းတူတခြားသော(လက်နက်ကိုင်ဆောင်ထားသော) ရဲဝန်ထမ်းအချို့မှာလည်းမူးနေပါသည်။ ၄င်းတို့နှင့်အတူတာဝန်မူးဟုယူဆရသူ အရာရှိတစ်ဦးလည်းရှိနေပါသည်။

ကျွန်တော်သည် ရဲဝန်ထမ်း၏ စစ်ဆေးခြင်းကို ကြည်ဖြူစွာခံပြီးနောက် နိုင်ငံသားတစ်ဦးအနေဖြင့် မိမိကိုစစ်ဆေးသော ရဲဝန်ထမ်းအား ကျွန်တော်မှ “ခင်ဗျားမူးနေတာလား၊အလုပ်ချိန်မှာယူနီဖောင်းဝတ်ဖြင့် မူးနေလို့ရပါသလား။

ယခုကဲ့သို့မူးနေသောအနေအထားဖြင့် ပြည်သူတစ်ဦးကို စစ်ဆေးခွင့်ရှိပါသလား” ဟု ကျွန်တော်မေးခဲ့ပါသည်။ ကျွန်တော်မေးသောအခါ ၄င်းတို့နှင့်အတူရှိနေသောရဲအရာရှိမှကျွန်တော့်အား ပြစ်မှုတစုံတရာမရှိိှသည့် အတွက်ကျွန်တော့်အားပြန်ရန် တိုက်တွန်းနေချိန်တွင်…..

ကျွန်တော်မေးခဲ့သော မေးခွန်းများအပေါ်မကျေနပ်သည့်အတွက် ကျွန်တော့်ကိုစစ်ဆေးသောရဲဝန်ထမ်းအပါဝင် ကျန်မူးနေသောရဲဝန်ထမ်းများ(လက်နက်ကိုင်ဆောင်ထားသူအပါအဝင်၆ဦးခန့်) မှ“ဒီကောင့်ကိုဖမ်းကွာကြာတယ် စခန်းခေါ်သွားပြီး လုပ်ရမယ် လူပါးဝလို့ဒီကောင့်ကို လက်ထိပ်ခတ်” ဟုအော်ပြောကာ…..

ရဲဝန်ထမ်း၆ဦးခန့်က ကျွန်တော့်အားဝိုင်းရိုက်ခြင်း ဆံပင်းများဆွဲခါခြင်း၊ ဆောင့်ဆွဲခြင်း၊ ကန်ခြင်းများပြုလုပ်ပြီး နောက်ပြန်လက်ထိပ်ကိုတင်းကျပ်စွာခတ်ကာကျွန်တော့်အား ရဲကားပေါ်သို့ ခြေထောက်များဖြင့်ဝိုင်းကန်တင်ပြီး ကားကြမ်းပြင်တွင် ကျွန်တော့်အား ပတ်လတ်အနေထား ထားပြီး ခြေထောက်ဖြင့်နင်းပြီး ခေါ်ဆောင်ခဲ့ပါသည်။

ကမာရွတ်ရဲစခန်းဝန်း အတွင်းအရောက်တွင် ကျွန်တော့်အား ကားပေါ်မှဆွဲချကာ စခန်းအတွင်းသို့ခေါ်ဆောင်လာပြီးအချုပ်နားအရောက်တွင ်ကျွန်တော့်ကိုခေတ္တစောင့်စေပြီး အချုပ်ထဲတွင်ရှိနေပြီးသောအချုပ်သားများနှင့်အချုပ်လမး်တွင််အိပ်နေသောသူများကိုအပြင်သို့ခေါ်ထုတ််သွားပြီး ….

ဘယ်သူမှမကျန်တော့သည့်အချိန်တွင် ကျွန်တော့်အား ကမာရွတ်ရဲစခန်းသို့ခေါ်လာသူူရဲဝန်ထမ်းများ (ဂိတ်တွင်စစ်ဆေးသော ရဲအပါဝင် ၆ဦးခန်)့မှ လက်ထိတ်ခတ်အနေထားဖြင့် မျက်နှာမှ လွဲပြီးကျန်နေရာများအား ထိုးနှက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊

“မင်းငယ်ပါ ဘယ်လောက်ရှိလဲကြည့်ရအောင်” ဟုဆိုကာ ကျွန်တော့် ဘောင်းဘီအားအတင်းဆွဲခြင်း၊ “ဒီကောင့်ကိုဖင်ချကွာ”ဟုဆိုကာဘောင်ဘီအားအတငး်ဆွဲခြင်းများကိုပြုလုပ်ပါသည်။ ထို့နောက်အချုပ်ခန်းအတွင်းသို့ကျွန်တော့်ကိုဝင်စေပြီးအခန်းအတွင်းတွင် အသင့်စောင့်နေသော ရဲ၂ဦးမှာ လူမိုက်ဆန်သောစကားများဖြင့် ခြိမ်းခြောက်ပြီး လက်ထိတ်မဖြုတ်ပေးပဲ နေစေခဲ့ပါသည်။

ထိုသို့ကျွန်တော့အပေါ်ကျူးလွန်နေသည်ကို စခန်းဝင်းအတွင်းတွင်ရောက်ရှိနေသော ကျွန်တော့် သူငယ်ချင်း ၂ဦးမှ အသံများ ကြားနေရသော်လည်း စခန်းအဆာက်အအုံအတွင်းသို့ ဝင်ခွင့်မပေးဘဲ ဝင်းအတွင်း ၌ သာနေစေခဲ့ပါသည်။ တာဝန်ကျစစ်ဆေးရေးဂိတ်တွင်ရှိနေသော ရဲအရာရှိလည်းစခန်းတွင်းရှိနေခဲ့ပါသည်။

အချုပ်ခန်းအတွင်း လက်ထိတ်ခတ်ထားသောလက်ကောက်ဝတ် ၂ခုလုံးလွန်စွာနာကျင်သောကြောင့် ဖြုတ်ပေးရန်အကူအညီတောင်းခဲ့သော်လည်း မည်သူတစ်ဦး တစ်ယောက်မှ လာရောက်ခြင်းမရှိခဲ့ပါ။

ထိုနေ့ည၂၄းဝဝနာရီခန့်တွင် ကျွန်တော့်အား အချုပ်မှပြန်ထွက်စေပြီး ထိုအချိန်တွင် ကျွန်တော့်အားထိုးနှက်ခြိမ်းခြောက်သူ ရဲဝန်ထမ်းတစ်ဦး မှ မရှိတော့ပဲကနဦးကတည်းကပင် ရှိနေခဲ့သော ရဲအရာရှိနှင့်စခန်းတွင်ရှိနှင့်ပြီးသော ရဲဝန်ထမ်းများသာတွေ့ရပါသည်။

ကျွန်တော့်အပေါ်ကျူးလွန်ခဲ့သောရဲဝန်ထမ်းများ၏ နာမည်များမေးသော်လည်းမပြောပြခဲ့ပါ။ အချုပ်တွင်းတပ်ဆင်ထားသောCCTV၂လုံးမှ ဖြစ်စဉ်များအားပြန်ကြည့်ရန် တောင်းဆိုတိုင်းကြားခဲ့သော်လည်း တချိန်လုံးအတူရှိနေသော ရဲအရာရှိမှာ သူမသိကြောင်းသာပြောဆိုပြီး ငြင်းပယ်ခဲ့ပါသည်။

အကြံကောင်းများရှိရင်လည်း ပြောပေးပါခင်ဗျာ … အများသိရန်လည်း ပြောကြားပေးကြပါခင်ဗျာ …….။

Sources>> Ye Yint Aung

No comments:

Post a Comment