Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 6, 2019

တကၠစီကားေတြနဲ႔ လက္ဝါးရုိက္ၿပီး လုပ္စားေနတဲ့ ယာဥ္ထိန္းရဲမ်ား


တကၠစီကားေတြနဲ႔ လက္ဝါးရုိက္ၿပီး လုပ္စားေနတဲ့ ယာဥ္ထိန္းရဲမ်ား၊ ဒီေခတ္ထဲမွာ ရဲေၾကးဆုိတာ ရွိေသးသတဲ့

အိမ္ကကားကို တက္စီက ေနာက္ကဝင္တိုက္တယ္။ ကားေမာင္းတဲ့ေမာင္ေလးက ဖုန္းဆက္တယ္ မႀကီးေရ ကားပြတ္ခံရတယ္တဲ့။

ဘယ္သူမွားလည္းဆိုေတာ့ တက္စီသမားမွားတာတဲ့၊ ဟိုတက္စီဆရာကလည္း သူအမွန္တဲ့လမ္းေၾကာင္းအထဲမွာ သူ႔ကားကတဲ့။

ေနာက္ကေန ဆြဲပြတ္သြားတာမို႔ အစ္ကိုမွားတယ္ဆိုေပမယ့္ အလုပ္ေလးေတြရွိလို႔ ကိုယ့္ကားကိုယ္ျပင္မယ္ဆိုၿပီး လွမ္းေျပာေတာ့ မရဘူး သူ႔ကို၂ေသာင္းေလ်ာ္ရမယ္ဆိုပဲ။

ကားေမာင္းတဲ့ေမာင္ေလးကလည္း မမွားဘူးႀကီးပဲ ဒါနဲ႔ ယာဥ္ထိန္းရဲေခၚဆိုေတာ့ ဘာမွ မလုပ္ေပးပဲ သူ႔တက္စီဆရာနဲ႔ ေလေပးေတြေျဖာင့္ေနလို႔ အမႈစစ္ရံုးသြားၾကတယ္။

ဟိုေရာက္ေတာ့ အိမ္ကကေလးကို ေခ်ာင္ပိတ္ေမး ဇာတ္လမ္းေတြထြင္၊ အိမ္က ကားေမာင္းတဲ့ကေလးက ေၾကာက္ၿပီး ဘာေျပာေျပာၿငိမ္ခံ ဟုတ္ကဲ့လုပ္လိုက္တာ ၁သိန္းေလ်ာ္ရမယ္ျဖစ္သြားတယ္။ အံုနာ ၂ရက္စာအျပင္ ထမင္းဖိုးေရာ ရဲေၾကးပါေပးရမယ္တဲ့။

ကဲ … အိမ္က မတ္မတ္ေကက စိတ္ကလက္တစ္ဆစ္ရယ္။ cctv ပဲၾကည့္မယ္ တရားဥပေဒအတိုင္းသြားမယ္။ ကိုယ္တကယ္မွားေနရင္ တရားရံုးကပဲ နစ္နာေၾကးေပးမယ္ဆိုမွ ခဏေနမွ ျပန္လာဆိုၿပီး တကယ္တမ္း CCTV ၾကည့္ေတာ့ တိုက္တဲ့အခန္းဖ်က္ထားၿပီးၿပီ။ ကဲကဲ … ဘာမဟုတ္တာနဲ႔ အလုပ္ရႈပ္မခံနဲ႔ ျပန္ေတာ့တဲ့။

ဟိုလက္ဝါး႐ိုက္ထားတဲ့ တက္စီသမားလည္း မရွိေတာ့ဘူး။ မွတ္တမ္းအရ သူတို႔အမွားမွန္းသိေတာ့ ေလ်ာခ်သြားတယ္။

ဒါေတာင္ ကားေမာင္းတဲ့ေမာင္ေလးကို မင္းအလုပ္ရွင္ဆက္ခန္႔မခန္႔ေတာ့ မင္းကံပဲလို႔ ၿခိမ္းေျခာက္လိုက္ေသး။ အဆံုးသတ္ေတာ့ ေငြေတာ့ မတရား မေပးလိုက္ရဘူး။ ဒီေန႔ေတာ့ ဘာအလုပ္မွ မၿပီးဘူး။
New Ni Kan Win

#Unicode Version# ျဖင့္ဖတ္ပါ ။

တက္ကစီကားတွေနဲ့ လက်ဝါးရိုက်ပြီး လုပ်စားနေတဲ့ ယာဉ်ထိန်းရဲများ၊ ဒီခေတ်ထဲမှာ ရဲကြေးဆိုတာ ရှိသေးသတဲ့

အိမ်ကကားကို တက်စီက နောက်ကဝင်တိုက်တယ်။ ကားမောင်းတဲ့မောင်လေးက ဖုန်းဆက်တယ် မကြီးရေ ကားပွတ်ခံရတယ်တဲ့။

ဘယ်သူမှားလည်းဆိုတော့ တက်စီသမားမှားတာတဲ့၊ ဟိုတက်စီဆရာကလည်း သူအမှန်တဲ့လမ်းကြောင်းအထဲမှာ သူ့ကားကတဲ့။

နောက်ကနေ ဆွဲပွတ်သွားတာမို့ အစ်ကိုမှားတယ်ဆိုပေမယ့် အလုပ်လေးတွေရှိလို့ ကိုယ့်ကားကိုယ်ပြင်မယ်ဆိုပြီး လှမ်းပြောတော့ မရဘူး သူ့ကို၂သောင်းလျော်ရမယ်ဆိုပဲ။

ကားမောင်းတဲ့မောင်လေးကလည်း မမှားဘူးကြီးပဲ ဒါနဲ့ ယာဉ်ထိန်းရဲခေါ်ဆိုတော့ ဘာမှ မလုပ်ပေးပဲ သူ့တက်စီဆရာနဲ့ လေပေးတွေဖြောင့်နေလို့ အမှုစစ်ရုံးသွားကြတယ်။

ဟိုရောက်တော့ အိမ်ကကလေးကို ချောင်ပိတ်မေး ဇာတ်လမ်းတွေထွင်၊ အိမ်က ကားမောင်းတဲ့ကလေးက ကြောက်ပြီး ဘာပြောပြောငြိမ်ခံ ဟုတ်ကဲ့လုပ်လိုက်တာ ၁သိန်းလျော်ရမယ်ဖြစ်သွားတယ်။ အုံနာ ၂ရက်စာအပြင် ထမင်းဖိုးရော ရဲကြေးပါပေးရမယ်တဲ့။

ကဲ … အိမ်က မတ်မတ်ကေက စိတ်ကလက်တစ်ဆစ်ရယ်။ cctv ပဲကြည့်မယ် တရားဥပဒေအတိုင်းသွားမယ်။ ကိုယ်တကယ်မှားနေရင် တရားရုံးကပဲ နစ်နာကြေးပေးမယ်ဆိုမှ ခဏနေမှ ပြန်လာဆိုပြီး တကယ်တမ်း CCTV ကြည့်တော့ တိုက်တဲ့အခန်းဖျက်ထားပြီးပြီ။ ကဲကဲ … ဘာမဟုတ်တာနဲ့ အလုပ်ရှုပ်မခံနဲ့ ပြန်တော့တဲ့။

ဟိုလက်ဝါးရိုက်ထားတဲ့ တက်စီသမားလည်း မရှိတော့ဘူး။ မှတ်တမ်းအရ သူတို့အမှားမှန်းသိတော့ လျောချသွားတယ်။

ဒါတောင် ကားမောင်းတဲ့မောင်လေးကို မင်းအလုပ်ရှင်ဆက်ခန့်မခန့်တော့ မင်းကံပဲလို့ ခြိမ်းခြောက်လိုက်သေး။ အဆုံးသတ်တော့ ငွေတော့ မတရား မပေးလိုက်ရဘူး။ ဒီနေ့တော့ ဘာအလုပ်မှ မပြီးဘူး။
New Ni Kan Win

No comments:

Post a Comment