Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 7, 2019

ပန္းပဲ ေမာင္တင့္တယ္နတ္ ႏွင့္ နတ္မီးေတာက္ေတာင္ရာဇဝင္


ျမန္မာႏိုင္ငံသည္ သဘာဝတရားႏွင့္ ျပည့္စုံလွပၿပီး သမိုင္းအစဥ္အလာႀကီးမားတဲ့ ေရွ႕ေဟာင္းႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ေပသည္ ။ပုံျပင္လိုလို ရာဇာဝင္လိုလိုနဲ႔ တကယ့္ျဖစ္ရပ္မွန္ ထူးဆန္းအံ့ၾသဖြယ္ အစုံအလင္ကို ပိုင္ဆိုင္ထားသည့္ ႏိုင္ငံအျဖစ္ ထင္ရွားလွပါသည္ ။

ဘာသာတရား ႏွင့္ သဘာဝက်က် ေတြးၾကည့္ရင္ မယုံႏိုင္စရာ အေၾကာင္းတရားမ်ား သဘာဝလြန္ကဲ ဆန္းၾကယ္မႈမ်ားျဖင့္ ျဖစ္ရပ္မွန္ သမိုင္းရာဇာဝင္ ေျမာက္မ်ားစြာ တည္ရွိေနေသာ ႏိုင္ငံကို ျမန္မာဟု ေခၚတြင္ေစခဲ့ပါသည္ ။ ၎ထူးဆန္းအံ့ၾသဖြယ္ထဲမွ နတ္မီးေတာင္ အေၾကာင္းကို ဆြဲထုတ္ ေဖာ္ျပလိုက္ပါသည္ ။

နတ္မီးေတာက္အေၾကာင္း

မေကြးတိုင္း ေဒသႀကီး သရက္ခ႐ိုင္ ကံမၿမိဳ႕နယ္အတြင္း နတ္မီးေတာက္ ေက်း႐ြာေလးက နတ္မီးေတာက္ ေတာင္မွာ ေႏြ ၊ မိုး၊ ေဆာင္း သုံးရာသီလုံး မီးၿငိမ္းျခင္း မရွိဘဲ ထူးထူးျခားျခား ေျမႀကီးေက်ာက္ပုံေတြရဲ႕ ၾကားကေန မီးေတာက္ေန လ်က္ ရွိပါတယ္ ။အဲဒီ နတ္မီးေတာက္ ေတာင္ဟာ သရက္ၿမိဳ႕ကေန ၁၄ မိုင္ခန႔္ေဝးၿပီး ျပည္ၿမိဳ႕ကလာမယ္ဆို ၃၉ မိုင္ခန႔္ ကြာေဝးပါတယ္ ။ ကံမၿမိဳ႕နဲ႔ သရက္ၿမိဳ႕ကို ဆက္သြယ္ထားတဲ့ ကားလမ္းေဘးမွာ တည္ရွိတာျဖစ္ပါတယ္ ။

နတ္မီးေတာက္ေတာင္ဟာ ေရွးႏွစ္ေပါင္း ဘယ္ကတည္းက စၿပီးတည္ရွိခဲ့တယ္ဆိုတာကို အဲဒီေဒသက ႏွစ္ေပါင္း ၈ဝ ေက်ာ္ ေဒသခံမ်ားပင္ မမီခဲ့ၾကေၾကာင္းနဲ႔ နတ္မီးေတာက္ ေတာင္မွာ မင္းမဟာဂီရိေခၚ ပန္းပဲ ေမာင္တင့္တယ္နတ္ လာေရာက္ ေနထိုင္သြားခဲ့တယ္လို႔ ေဒသခံအမ်ားက ယုံၾကည္ေနၾကပါတယ္ ။

ဟိုးအရင္က ဝါတြင္းကာလေတြမွာ မီးေတာက္ျခင္း မရွိဘဲ သီတင္းကြၽတ္လ ၿပီးမွသာ အဆက္ မျပတ္ မီးေတာက္လ်က္ ရွိၿပီး ယခုအခါမွာေတာ့ ၿပီးခဲ့သည့္ သုံးႏွစ္တာ ကာလကစ ဝါတြင္း ကာလ တြင္ပါ မီးေတာက္လ်က္ ရွိေနပါတယ္ ။လမ္းပန္း ဆက္သြယ္ေရး ခက္ခဲမႈေၾကာင့္ လူသူ အသြားအလာ နည္းၿပီး လူသိ နည္းခဲ့တဲ့ နတ္မီး ေတာက္ဟာ ခုလိုလမ္းပန္း ဆက္သြယ္ေရး ပြင့္လင္းလာတဲ့ အခါမွာေတာ့ လူသိမ်ားလာကာ လာေရာက္ လည္ပတ္သူ မ်ားလာၾကတယ္လို႔ ႐ြာခံမ်ားက ေျပာျပပါတယ္ ။

အဲဒီေတာင္ရဲ႕ ထူးျခားခ်က္ေတြကေတာ့ ေတာင္ရဲ႕အေပၚ ေျမႀကီးႏွင့္ ေက်ာက္တုံးေတြၾကားက မီးေတာက္ေတြ ထြက္ရွိေနတာ မိုး ဘယ္ေလာက္ပဲ ေစြေစြ မီး မေသတာ ၊ ေႏြရာသီဆို ေဘးနားမွာ အမႈိက္ေတြ ရွိေနေပမဲ့လည္း မီးကူးစက္ ေလာင္ကြၽမ္းတာမ်ိဳး မရွိတာ မီးေတာက္ေနတဲ့ ေက်ာက္ပုံေဘးနားမွာ အပင္ငယ္ ၊ အပင္ႀကီးေတြ ရွိေနေပမဲ့ အပင္ရဲ႕ အ႐ြက္ေတြ ညႇိဳးႏြမ္းမႈ မရွိတာ တစ္ေနရာ တည္းသာ မီးေတာက္ေနတာ…စတာေတြပဲ ျဖစ္ပါတယ္ ။

၁၉၆၉ ခုႏွစ္ေလာက္အခ်ိန္က ေရနံလာတူးတဲ့ အဖြဲ႕တစ္ဖြဲ႕ဟာ နတ္မီးေတာက္ေနရာက ေက်ာက္ပုံႀကီးေတြကို စက္နဲ႔ထိုးဖ်က္တဲ့အခါ ႐ုတ္တရက္ စက္ေတြ ပ်က္သြားၿပီး ထိုးတဲ့သူေတြလည္းအႏၲရာယ္ ျဖစ္ခဲ့ၾကတယ္လို႔လည္း မွတ္သားခဲ့ရပါတယ္ ။အဲဒီ ေက်ာက္ၾကားက မီးေတြကို ညေနပိုင္းႏွင့္ ညအခ်ိန္မွာ ပိုၿပီးေကာင္းေကာင္းမြန္မြန္ ေတြ႕ရၿပီး အလင္းေရာင္ကို အေဝးကေနကိုပဲ ထင္ထင္ရွားရွား ျမင္ရတယ္လို႔လည္း ဆိုၾကပါတယ္ ။

ရာဇဝင္ေလးကို စုံစမ္းၾကည့္တဲ့အခါ ပန္းပဲေမာင္တင့္တယ္အေၾကာင္း အက်ဥ္းေလးသိခြင့္ရခဲ့ပါတယ္ ။ ခြန္အားဗလႀကီးတဲ့ ေမာင္တင့္တယ္ကို ဘုရင္က သူ႔ထီးနန္းလုမွာစိုးလို႔ အကြက္ဆင္တဲ့အခါ သူ႔ခမ်ာ မင္းျပစ္မင္းဒဏ္ သင့္ခဲ့ရပါသတဲ့။ေမာင္တင့္တယ္တစ္ေယာက္ ေျပးရင္းလႊားရင္း အဲဒီ႐ြာကိုေရာက္လာ ႐ြာအနီးကန္မွ နဂါးမနဲ႔အေၾကာင္းပါ အဲဒီ႐ြာမွာပဲ ေနထိုင္ၿပီး ပန္းပဲလုပ္ငန္းကို ဆက္လုပ္ေနတာေပါ့ေလ ။

ဒါေပမဲ့ ဘုရင္ရဲ႕ လိုက္လံသတ္ျဖတ္ျခင္း ခံခဲ့ရတဲ့အခါ ေမာင္တင့္တယ္ တစ္ေယာက္ နတ္စိမ္းဘဝကိုေရာက္ၿပီး အဲဒီ မီးပုံေပၚေပါက္ လာခဲ့တယ္လို႔ ဆိုပါတယ္ ။ တစ္ခါတေလ ညဘက္ေတြဆို တရွဲရွဲနဲ႔ဖိုထိုးသံကိုလည္း ၾကားရပါသတဲ့ ။ ေရွးတုန္းကဆို အနီးနား႐ြာက လူေတြက ေန႔ဘက္မွာ သံတိုသံစမ်ား ေပးၿပီး ပန္းပဲ ေမာင္တင့္တယ္ကို ရည္မွန္းဆုေတာင္း ဓားလွံေတြ အပ္ထားရင္ မနက္ မိုးလင္းတဲ့အခါ လိုရာ ရတယ္လို႔ ႐ြာခံေတြက ဆိုၾကပါတယ္ ။

ဒါေပမဲ့ ဒီေတာင္ေပၚမွာ စကားအမွားမခံတာ ဦးထုပ္မေဆာင္းရတာ တံေတြးမေထြးရ တာေတြေတာ့ ရွိပါတယ္တဲ့ ။ လာေရာက္ေလ့လာသူေတြက အဓိဌာန္ဆုေတာင္းၿပီး ဆုေတာင္းျပည့္တဲ့အတြက္ အဲဒီေတာင္ေပၚမွာ ေစတီေတာ္ တစ္ဆူတည္ထားၿပီး “ဆုေတာင္းျပည့္ေစတီ´´လို႔ ဘြဲ႕အမည္ သမုတ္ထားတာ ဖူးေတြ႕ရပါတယ္ ။

ယေန႔ေခတ္ဟာ သိပၸံပညာထြန္းကားတဲ့ေခတ္ ျဖစ္ေလေတာ့ ပညာရွင္အမ်ားက ေခတ္မီစက္ကိရိယာမ်ားျဖင့္ ဓာတ္ေငြ႕ရွာေဖြမူေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ေပမဲ့ အနီးအနားမွာ ဘာဓာတ္ေငြ႕မွ ရွာမေတြ႕တာကေတာ့ ထူးျခားလွ ပါေပတယ္ ။သိလိုသူ မိတ္ေဆြမ်ားအတြက္ လက္လွမ္းမီသေလာက္ ေလ့လာတင္ျပရျခင္းသာျဖစ္လို႔အေၾကာင္းအရာ မျပည့္စုံခဲ့ရင္ နားလည္ေပးၾကဖို႔နဲ႔ ျပည့္ျပည့္စုံစုံ သိလိုပါက ကိုယ္တိုင္လာေရာက္ ေလ့လာ ႏိုင္ပါေၾကာင္း ေရးသား တင္ျပလိုက္ရပါတယ္ ။
askstylemedia.c
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာနိုင်ငံသည် သဘာဝတရားနှင့် ပြည့်စုံလှပပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ ရှေ့ဟောင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည် ။ပုံပြင်လိုလို ရာဇာဝင်လိုလိုနဲ့ တကယ့်ဖြစ်ရပ်မှန် ထူးဆန်းအံ့သြဖွယ် အစုံအလင်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် ထင်ရှားလှပါသည် ။

ဘာသာတရား နှင့် သဘာဝကျကျ တွေးကြည့်ရင် မယုံနိုင်စရာ အကြောင်းတရားများ သဘာဝလွန်ကဲ ဆန်းကြယ်မှုများဖြင့် ဖြစ်ရပ်မှန် သမိုင်းရာဇာဝင် မြောက်များစွာ တည်ရှိနေသော နိုင်ငံကို မြန်မာဟု ခေါ်တွင်စေခဲ့ပါသည် ။ ၎င်းထူးဆန်းအံ့သြဖွယ်ထဲမှ နတ်မီးတောင် အကြောင်းကို ဆွဲထုတ် ဖော်ပြလိုက်ပါသည် ။

နတ်မီးတောက်အကြောင်း

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း နတ်မီးတောက် ကျေးရွာလေးက နတ်မီးတောက် တောင်မှာ နွေ ၊ မိုး၊ ဆောင်း သုံးရာသီလုံး မီးငြိမ်းခြင်း မရှိဘဲ ထူးထူးခြားခြား မြေကြီးကျောက်ပုံတွေရဲ့ ကြားကနေ မီးတောက်နေ လျက် ရှိပါတယ် ။အဲဒီ နတ်မီးတောက် တောင်ဟာ သရက်မြို့ကနေ ၁၄ မိုင်ခန့်ဝေးပြီး ပြည်မြို့ကလာမယ်ဆို ၃၉ မိုင်ခန့် ကွာဝေးပါတယ် ။ ကံမမြို့နဲ့ သရက်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ တည်ရှိတာဖြစ်ပါတယ် ။

နတ်မီးတောက်တောင်ဟာ ရှေးနှစ်ပေါင်း ဘယ်ကတည်းက စပြီးတည်ရှိခဲ့တယ်ဆိုတာကို အဲဒီဒေသက နှစ်ပေါင်း ၈ဝ ကျော် ဒေသခံများပင် မမီခဲ့ကြကြောင်းနဲ့ နတ်မီးတောက် တောင်မှာ မင်းမဟာဂီရိခေါ် ပန်းပဲ မောင်တင့်တယ်နတ် လာရောက် နေထိုင်သွားခဲ့တယ်လို့ ဒေသခံအများက ယုံကြည်နေကြပါတယ် ။

ဟိုးအရင်က ဝါတွင်းကာလတွေမှာ မီးတောက်ခြင်း မရှိဘဲ သီတင်းကျွတ်လ ပြီးမှသာ အဆက် မပြတ် မီးတောက်လျက် ရှိပြီး ယခုအခါမှာတော့ ပြီးခဲ့သည့် သုံးနှစ်တာ ကာလကစ ဝါတွင်း ကာလ တွင်ပါ မီးတောက်လျက် ရှိနေပါတယ် ။လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် လူသူ အသွားအလာ နည်းပြီး လူသိ နည်းခဲ့တဲ့ နတ်မီး တောက်ဟာ ခုလိုလမ်းပန်း ဆက်သွယ်ရေး ပွင့်လင်းလာတဲ့ အခါမှာတော့ လူသိများလာကာ လာရောက် လည်ပတ်သူ များလာကြတယ်လို့ ရွာခံများက ပြောပြပါတယ် ။

အဲဒီတောင်ရဲ့ ထူးခြားချက်တွေကတော့ တောင်ရဲ့အပေါ် မြေကြီးနှင့် ကျောက်တုံးတွေကြားက မီးတောက်တွေ ထွက်ရှိနေတာ မိုး ဘယ်လောက်ပဲ စွေစွေ မီး မသေတာ ၊ နွေရာသီဆို ဘေးနားမှာ အမှိုက်တွေ ရှိနေပေမဲ့လည်း မီးကူးစက် လောင်ကျွမ်းတာမျိုး မရှိတာ မီးတောက်နေတဲ့ ကျောက်ပုံဘေးနားမှာ အပင်ငယ် ၊ အပင်ကြီးတွေ ရှိနေပေမဲ့ အပင်ရဲ့ အရွက်တွေ ညှိုးနွမ်းမှု မရှိတာ တစ်နေရာ တည်းသာ မီးတောက်နေတာ…စတာတွေပဲ ဖြစ်ပါတယ် ။

၁၉၆၉ ခုနှစ်လောက်အချိန်က ရေနံလာတူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ နတ်မီးတောက်နေရာက ကျောက်ပုံကြီးတွေကို စက်နဲ့ထိုးဖျက်တဲ့အခါ ရုတ်တရက် စက်တွေ ပျက်သွားပြီး ထိုးတဲ့သူတွေလည်းအန္တရာယ် ဖြစ်ခဲ့ကြတယ်လို့လည်း မှတ်သားခဲ့ရပါတယ် ။အဲဒီ ကျောက်ကြားက မီးတွေကို ညနေပိုင်းနှင့် ညအချိန်မှာ ပိုပြီးကောင်းကောင်းမွန်မွန် တွေ့ရပြီး အလင်းရောင်ကို အဝေးကနေကိုပဲ ထင်ထင်ရှားရှား မြင်ရတယ်လို့လည်း ဆိုကြပါတယ် ။

ရာဇဝင်လေးကို စုံစမ်းကြည့်တဲ့အခါ ပန်းပဲမောင်တင့်တယ်အကြောင်း အကျဉ်းလေးသိခွင့်ရခဲ့ပါတယ် ။ ခွန်အားဗလကြီးတဲ့ မောင်တင့်တယ်ကို ဘုရင်က သူ့ထီးနန်းလုမှာစိုးလို့ အကွက်ဆင်တဲ့အခါ သူ့ခမျာ မင်းပြစ်မင်းဒဏ် သင့်ခဲ့ရပါသတဲ့။မောင်တင့်တယ်တစ်ယောက် ပြေးရင်းလွှားရင်း အဲဒီရွာကိုရောက်လာ ရွာအနီးကန်မှ နဂါးမနဲ့အကြောင်းပါ အဲဒီရွာမှာပဲ နေထိုင်ပြီး ပန်းပဲလုပ်ငန်းကို ဆက်လုပ်နေတာပေါ့လေ ။

ဒါပေမဲ့ ဘုရင်ရဲ့ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အခါ မောင်တင့်တယ် တစ်ယောက် နတ်စိမ်းဘဝကိုရောက်ပြီး အဲဒီ မီးပုံပေါ်ပေါက် လာခဲ့တယ်လို့ ဆိုပါတယ် ။ တစ်ခါတလေ ညဘက်တွေဆို တရှဲရှဲနဲ့ဖိုထိုးသံကိုလည်း ကြားရပါသတဲ့ ။ ရှေးတုန်းကဆို အနီးနားရွာက လူတွေက နေ့ဘက်မှာ သံတိုသံစများ ပေးပြီး ပန်းပဲ မောင်တင့်တယ်ကို ရည်မှန်းဆုတောင်း ဓားလှံတွေ အပ်ထားရင် မနက် မိုးလင်းတဲ့အခါ လိုရာ ရတယ်လို့ ရွာခံတွေက ဆိုကြပါတယ် ။

ဒါပေမဲ့ ဒီတောင်ပေါ်မှာ စကားအမှားမခံတာ ဦးထုပ်မဆောင်းရတာ တံတွေးမထွေးရ တာတွေတော့ ရှိပါတယ်တဲ့ ။ လာရောက်လေ့လာသူတွေက အဓိဌာန်ဆုတောင်းပြီး ဆုတောင်းပြည့်တဲ့အတွက် အဲဒီတောင်ပေါ်မှာ စေတီတော် တစ်ဆူတည်ထားပြီး “ဆုတောင်းပြည့်စေတီ´´လို့ ဘွဲ့အမည် သမုတ်ထားတာ ဖူးတွေ့ရပါတယ် ။

ယနေ့ခေတ်ဟာ သိပ္ပံပညာထွန်းကားတဲ့ခေတ် ဖြစ်လေတော့ ပညာရှင်အများက ခေတ်မီစက်ကိရိယာများဖြင့် ဓာတ်ငွေ့ရှာဖွေမူတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ အနီးအနားမှာ ဘာဓာတ်ငွေ့မှ ရှာမတွေ့တာကတော့ ထူးခြားလှ ပါပေတယ် ။သိလိုသူ မိတ်ဆွေများအတွက် လက်လှမ်းမီသလောက် လေ့လာတင်ပြရခြင်းသာဖြစ်လို့အကြောင်းအရာ မပြည့်စုံခဲ့ရင် နားလည်ပေးကြဖို့နဲ့ ပြည့်ပြည့်စုံစုံ သိလိုပါက ကိုယ်တိုင်လာရောက် လေ့လာ နိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ် ။
askstylemedia.c

No comments:

Post a Comment