Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 7, 2019

ဆုိမာလီယာရဲ႕ နာမည္ေက်ာ္ ပင္လယ္ဓားျပမ်ား အေၾကာင္း


 အရင္ေန႔က ဆုိမာလီယာႏုိင္ငံအေၾကာင္း တင္ခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ အဲဒီ ဆုိမာလီယာႏုိင္ငံကို အဓိက နာမည္ႀကီးေစတဲ့ ဆုိမာလီပင္လယ္ဓားျပေတြအေၾကာင္းကို မွ်ေ၀သြားပါမယ္။ ဆုိမာလီပင္လယ္ဓားျပေတြဟာ ဆိုမာလီယာပင္လယ္၊ Guardafui တူးေျမာင္းနဲ႔ Aden ပင္လယ္ေအာ္အတြင္းမွာ က်င္လည္က်က္စားျပီးကမာၻေရေၾကာင္းကုန္သြယ္ေရး လမ္းေၾကာင္းကို ဆယ္စုနွစ္တစ္ခုမက ဒုကၡေပးခဲ့သူေတြျဖစ္ပါတယ္။

သူတုိ႔ဟာ ဒုတိယအၾကိမ္ျဖစ္ပြားခဲ့တဲ့ ဆိုမာလီယာျပည္တြင္းစစ္အတြင္း ၊(၂၀၀၀)ျပည့္္နွစ္ ဝန္းက်င္ကေနစတင္ျပီး ပင္လယ္ျပင္အၾကမ္းဖက္လုယက္မႈေတြကို က်ဴးလြန္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဆိုမာလီယာကမ္းလြန္မွာျဖစ္ပြားခဲ့တဲ့ ဓါးျပမႈေတြရဲ့အစကေတာ့ ေဒသခံတံငါသည္ေတြ ကျပည္တြင္းစစ္အတြင္း သူတို႔ရဲ့ေရပိုင္နက္နယ္ေျမကို စတင္ကာကြယ္ မယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တရားမဝင္လက္နက္ကိုင္ေဆာင္တဲ့အေျခအေနေတြကေန စတင္ပါတယ္။

(၁၉၉၁)ခုနစ္မွာေတာ့ ဆိုမာလီအစိုးရက အျခားနိုင္ငံေတြနည္းတူ အလြန္အကၽြံငါးဖမ္းျခင္း၊ သဘာဝနည္းအတိုင္း မဟုတ္ တဲ့ ငါးဖမ္းျခင္း၊ အဆိပ္အေတာက္ ျဖစ္ေစတဲ့ စြန္႔ပစ္ပစၥည္းေတြကို ပင္လယ္အတြင္းစြန္႔ပစ္ျခင္းမရွိဖို႔ စတင္တားျမစ္ပိတ္ပင္ လာခဲ့ပါတယ္။ ဒါဟာေဒသခံတံငါသည္ေတြကို တရားမဝင္လုပ္ငန္းေတြဘက္ကုို ေရာက္ေအာင္တြန္းပို႔ေနသလို ျဖစ္ခဲ့ပါ တယ္။ အတည္မျပဳနိုင္တဲ့သတင္းေတြအရေတာ့ ဆိုမာလီအာဏာပိုုင္ေတြနဲ႔ ပင္လယ္ဓါးျပေတြအၾကားမွာ အေပးအယူ အဆက္အသြယ္ ေတြရွိေနခဲ့တယ္လို႔ ထြက္ေပၚလာခဲ့ပါတယ္။

အျခားေသာအခ်က္တစ္ခုကလည္း ဆိုမာလီယာေဒသခံေတြဟာ နိုင္ငံျခားသေဘၤာေတြမွာသာအလုပ္လုပ္ခြင့္ရရင္ ေငြေၾကး မ်ားစြာရရွိနိုင္မယ္လို႕ထင္ေနတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆိုမာလီေဒသခံ အခ်ိဳ႕ဟာ နိုင္ငံျခား သေဘၤာေတြကိုေတြ႔ရင္ အလုအယက္အေပၚကိုတက္ဖို႔ ၾကိဳးစားေလ့ ရွိပါတယ္။ ဆိုမာလီဓါးျပေတြကေတာ့ သူတို့ကိုယ္ သူတို႔ Coast Guard (ကမ္းေျခေစာင့္) အဖြဲ႔ေတြလို ထင္ၾကပါတယ္။

ျပည္တြင္းစစ္ေၾကာင့္ ဆိုမာလီယာအစိုးရရဲ့အာဏာဟာ နိုင္ငံအနွံ႔အျပားမွာသက္ေရာက္မႈမရွိတာကလည္း သူတို႔ကို ထင္ရာစိုင္း ဖို႔အေကာင္းဆံုး အေျခအေနျဖစ္ခဲ့ပါတယ္။ ဒါအျပင္ ေဒၚလာသိန္း၊ေသာင္းခ်ီရတဲ့ အလုပ္ျဖစ္ေနတာ ေၾကာင့္ ဆိုမာလီဓါးျပအဖြဲ႔ဝင္ဦးေရဟာ အစဥ္တိုးမ်ားလ်က္ရွိေနခဲ့ျပီး ေနာက္ပိုင္းမွာ အေမရိကန္ေရတပ္က လာေရာက္ထိန္းသိမ္းရတဲ့ အထိျဖစ္ခဲ့ရပါတယ္။

ဆိုမာလီပင္လယ္ဓါးျပေတြဟာ ကုန္သေဘၤာေတြကိုအဓိကထားျပီး ေလွငယ္ေတြ၊ေမာ္ေတာ္ဘုတ္ ငယ္ေတြကို အသံုးျပဳကာ ေခ်ာင္းေျမာင္း လုယက္တိုက္ခိုက္ၾကသူေတြျဖစ္ပါတယ္။ ဒါေပမဲ့ ဆိုမာလီဓါးျပေတြရဲ့ အျမင္ကေတာ့ သူတို႔ဟာ သူတို႔ ပိုင္နက္အတြင္းကင္းလွည့္ေနတာျဖစ္ျပီး သူတို႔ပိုင္နက္ လမ္းေၾကာင္းထဲ ဝင္လာတဲ့ သေဘာၤေတြကိုသာ လုယက္ တိုက္ခိုင္ၾကျခင္းျဖစ္တယ္လို႔ ယူဆၾကပါတယ္။

စစ္တမ္းေတြအရ ဆိုမာလီနိုင္ငံရဲ့အဓိကဝင္ေငြဟာ ဒီပင္လယ္ဓါးျပလုပ္ငန္းကေန ရရွိေနသလိုျဖစ္ေနခဲ့ျပီး ပင္လယ္ဓါးျပ ေတြဟာ နွစ္စဥ္အေမရိကန္ေဒၚလာသန္း (၂၀၀) ဖိုးေလာက္အထိ လုယက္တိုက္ခိုက္မႈေတြကတစ္ဆင့္ ဝင္ေငြရရွိ ေနပါတယ္။ ဆိုမာလီ ပင္လယ္ဓါးျပအမ်ားစုဟာ ငယ္ရြယ္တဲ့ဆယ္ေက်ာ္သက္ေတြျဖစ္ၾကျပီး အဓိကအားျဖင့္ ေတာ့ ျပည္တြင္းစစ္အျပင္းအထန္ျဖစ္ပြားေနတဲ့ နိုင္ငံေတာင္ပိုင္းသားေတြမ်ားပါတယ္။

ဆိုမာလီယာ ပင္လယ္ဓါးျပေတြကိုေတာ့ ကိုင္ေဆာင္တဲ့လက္နက္၊လက္ေအာက္ခံ အဖြဲ႔ဝင္အေရအတြက္အေပၚမူတည္ျပီး အတန္းအစား(၃)မ်ိဳးခြဲျခားနိုင္ပါတယ္။ ငါးဖမ္းသမားေတြ ၊ စစ္ဘက္ဆုိင္ရာနဲ႔ ပတ္သတ္သူေတြ နဲ႔ အဆင့္ျမင့္ နည္းပညာ သုံးတဲ့ ပင္လယ္ဓားျပေတြဆုိၿပီးေတာ့ပါ။

ဆိုမာလီယာတံငါသည္ေတြဟာ သူတို႔ရဲ့ပင္လယ္ေရေၾကာင္းကၽြမ္းက်င္မႈနဲ႔ေပါင္းစပ္ျပီး ျပစ္မႈေတြကိုက်ဴးလြန္ၾကတာ ေၾကာင့္ မ်ားစြာေသာကုန္တင္သေဘၤာေတြဟာအလစ္အငိုက္မိ လုယက္ျခင္းကိုခံေနခဲ့ ရတာျဖစ္ပါတယ္။ ဒါအျပင္ ျပည္တြင္းစစ္ျဖစ္ပြားျခင္းေနျခင္းေၾကာင့္ ဆိုမာလီယာ ပင္လယ္ဓါးျပေတြအတြက္ လိုအပ္တဲ့လက္နက္ေတြကို ေမွာင္ခိုလမ္းေၾကာင္းကေန လိုသေလာက္ကို ရရွိေနနိုင္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ရုရွားနဲ႔တရုတ္ႏုိင္ငံေတြ ဆီကလက္နက္အေဟာင္းေတြကိုေတာင္ လက္နက္ေမွာင္ခိုေတြကတစ္ဆင့္ ဆိုမာလီ ယာဓါးျပေတြလက္ထဲ အလြယ္တကူေရာက္ရွိခဲ့တာကိုေတြ႔ရွိရပါတယ္။ ဒါအျပင္ GPS နဲ႔ အျခားနည္းပညာျမွင့္ ပစၥည္းေတြကိုေတာင္ ဆိုမာလီယာဓါးျပအဖြဲ႔ေတြက ကိုင္ေဆာင္အသံုးျပဳၾကပါေသးတယ္။ ကမာၻတစ္ဝွမ္းလံုးကေတာ့ ဆိုမာလီယာဓါးျပေတြကို ပင္လယ္ဓါးျမေတြလို႔ေခၚဆိုၾကေပမဲ့ ဓါးျပေတြကေတာ့ သူတို႔ကို ပင္လယ္ရဲ့ကယ္တင္ရွင္လို႔ ေခၚမွသေဘာက်နွစ္ျခိဳက္ၾကတယ္လို႔ ဆိုပါတယ္။

ဆိုမာလီယာဓါးျပေတြဟာ ေသးငယ္တဲ့ရြက္သေဘၤာေတြ၊စက္တပ္ယာဥ္ငယ္ေတြကို အသံုးျပဳျပီး အိႏၵိယသမုဒၵရာအတြင္း ထိေအာင္လိုက္လံျပီး ဓါးျပတိုက္လုယက္မႈေတြကို က်ဴးလြန္ၾကပါတယ္။ သူတို႔ရဲ့ေရယာဥ္အတြင္းမွာေတာ့ ကုန္သေဘၤာ ေတြ ေပၚကိုတပ္ရာ မွာအသံုးျပဳဖို႔ ေလွကားငယ္ေတြကို ယူေဆာင္လာေလ့ရွိပါတယ္။ ဆိုမာလီယာပင္လယ္ ဓါးျပေတြ ကိုင္ေဆာင္တဲ့လက္နက္ေတြကေတာ့ ပံုမွန္အားျဖင့္ RPGs နဲ႔ လက္နက္ငယ္ ေလးေတြပဲျဖစ္ပါတယ္။

ဆိုမာလီယာဓါးျပေတြဟာသူတို႔ကို ျပန္လည္ခုခံတဲ့သေဘၤာေတြကိုေတာ့ လံုးဝပ်က္စီးသြားတဲ့အထိျပင္းထန္စြာ တိုက္ခိုက္ႏွစ္ျမဳပ္ေလ့ရိွပါတယ္။ က်န္ခဲ့တဲ့ဆယ္စုနွစ္ကာလ အတြင္းမွာ ဆိုမာလီယာေတြေၾကာင့္ အျပစ္မဲ့ေရေၾကာင္း သြားခရီးသည္ေတြ မ်ားစြာ ေသေၾကပ်က္စီးခဲ့ရပါတယ္။ ဒါအျပင္ ဆိုမာလီယာဓါးျပေတြဟာ သေဘၤာေတြကို ျပန္ေပး ဆြဲေလ့ရွိျပီး သက္ဆိုင္ရာနိုင္ငံနဲ႔သေဘၤာကုမၸဏီကို အက်ပ္ကိုင္ေလ့လည္း ရွိပါတယ္။

ဆိုမာလီယာနိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြဟာ ေဒၚလာ ၄၀၀ ၀န္းက်င္သာရွိေၾကာင့္ ကမာၻ႔အဆင္းရဲဆုံး ႏုိင္ငံေတြထဲမွာ ပါ၀င္ေနေပမယ့္  ဓါးျပတိုက္သူေတြရဲ့ ဝင္ေငြကေတာ့ အင္မတန္ေကာင္းတယ္လို႔ ဆိုရမွာပါ။

ဆိုမာလီယာဓါးျပေတြရဲ့လက္ဝယ္မွာထားရွိတဲ့ေငြေၾကးရဲ့ စီးဆင္းႏႈန္းဟာ အလြန္က်ယ္ ေျပာျပီးရႈပ္ေထြးပါတယ္။

ဆိုမာလီယာပင္လယ္ဓါးျပ ေလာကမွာ စေတာ့အိတ္ခ်ိန္း တစ္ခုရွိျပီး ေငြအရင္းအနွီးရွိသူက သတ္မွတ္ထားတဲ့ေပါက္ေၾကးနဲ႔ ေနာက္ထပ္တိုက္ ခိုက္လို႕ရမဲ့ ကုန္သေဘၤာဒါမွမဟုတ္အျခားေသာေရယာဥ္ေတြဆီကေန ရယူနိုင္မဲ့ တန္ဖိုးကို ၾကိဳတင္ ဝယ္ယူနိုင္ပါတယ္။ ဒါအျပင္ ပင္လယ္ဓါးျပလုပ္ဖို႔ ဆႏၵရွိေပမဲ့ လူအေရအတြက္သာရွိျပီး လိုအပ္တဲ့ေလွ၊လက္နက္ မျပည့္စံုပါကလည္း ၾကိဳတင္ေငြေၾကး စိုက္ျပီးရင္းနွီးေပးမဲ့ ေငြရွင္ေတြလည္း ဆိုမာလီယာပင္လယ္ဓါးျပ ေလာကမွာရွိေနျပီး အက်ိဳးေက်းဇူးရပါက အကူအညီရယူသူေတြက မူလရယူထားတဲ့ တန္ဖိုးထက္နွစ္ဆပမာဏရွိတဲ့ ေငြကိုျပန္လည္ေပးအပ္ ရပါတယ္။ (အလြယ္ေျပာရင္ ေတာ့ အတိုးနဲ႔ေငြထုတ္ေပးသလို ျဖစ္ပါတယ္။)

အဆိုးထဲကအေကာင္းတစ္ခု ကေတာ့ ပင္လယ္ဓါးျပအျဖစ္လုပ္ကိုင္စားေသာက္ေနတဲ့ ဆိုမာလီယာနဲ႔ကင္ညာငါးဖမ္း သမားေတြရဲ့ နွစ္ေပါင္းမ်ားစြာ အလြန္အကၽြံငါးဖမ္းျခင္းမ်ိဳးမလုပ္ၾကေတာ့တာေၾကာင့္ ယခုအခ်ိန္မွာေတာ့ ဆိုမာလီယာ ပင္လယ္ျပင္ရဲ့ငါးသယံဇာတဟာ မူလႏႈန္းထားအတိုင္း ျပန္လည္ေရာက္ရွိေနျပီး အစိုးရကခြင့္ျပဳေပးထား တဲ့အတြက္ အခ်ိဳ႔ဆိုငါးဖမ္းလုပ္ငန္း ကိုျပန္လည္ လုပ္ကိုင္ေနၾကျပီလည္းျဖစ္ပါတယ္။

ယေန႔အခ်ိန္ထိဖမ္းဆီးရမိတဲ့ ဆိုမာလီယာပင္လယ္ဓါးျပမ်ားစြာကို တရားစြဲဆိုခဲ့ၾကေပမဲ့ ယီမင္နိုင္ငံတရားရံုး တစ္ခုတည္း ကသာ ဆိုမာလီယာဓါးျပ(၆)ဦးေလာက္ကိုပဲ အျပစ္ေပး အေရးယူထားနုိုင္ပါေသးတယ္။ အခ်ိဳ႔ေသာ ဆိုမာလီယာဓါးျပ အဖြဲ႔ေတြကေတာ့ အာဖရိ ကကေန ဥေရာပတိုက္ကိုဒုကၡသည္အမည္ခံျပီး ဝင္ေရာက္နုိုင္ဖို႔ၾကိဳးစားၾကပါတယ္။

ဒါကိုသတိထားမိတဲ့ ဥေရာပနိုင္ငံေတြကလည္း ဆိုမာလီယာပင္လယ္ဓါးျပဦးေရ တိုးပြားလာမွာကို မလိုလားေပမဲ့ နွစ္စဥ္ေတာ့ မ်ားစြာေသာ ေလွစီးဒုကၡသည္ေတြကို လက္ခံေနရတဲ့ အေနအထားမွာရွိေနပါတယ္။ ဒါေပမဲ့ ဥေရာပ ဘက္ျခမ္းက ဖမ္းဆီးရမိတဲ့ ဆိုမာလီယာဓါးျပေတြကို ဆိုမာလီယာအစိုးရထံ ျပန္လည္ေပးအပ္ျခင္းမရွိပဲ သက္ဆိုင္ရာ နိုင္ငံရဲ့ ဥပေဒအတိုင္းသာ အေရးယူၾကပါတယ္။ ျပန္လည္ေပးအပ္ျခင္းမရွိတာကေတာ့ ဆိုမာလီယာအစိုးရအေပၚ ယံုၾကည္မႈ အားနည္းတာနဲ႔ ဆိုမာလီယာနိုင္ငံရဲ့ တရားဥပေဒစိုးမိုးမႈ ကင္းမဲ့ေနတဲ့ အေျခအေနေၾကာင့္ ျဖစ္ပါတယ္။
သုတဇုန္

#Unicode Version#  ျဖင့္ဖတ္ပါ ။

အရင်နေ့က ဆိုမာလီယာနိုင်ငံအကြောင်း တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ အဲဒီ ဆိုမာလီယာနိုင်ငံကို အဓိက နာမည်ကြီးစေတဲ့ ဆိုမာလီပင်လယ်ဓားပြတွေအကြောင်းကို မျှဝေသွားပါမယ်။ ဆိုမာလီပင်လယ်ဓားပြတွေဟာ ဆိုမာလီယာပင်လယ်၊ Guardafui တူးမြောင်းနဲ့ Aden ပင်လယ်အော်အတွင်းမှာ ကျင်လည်ကျက်စားပြီးကမ္ဘာရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းကို ဆယ်စုနှစ်တစ်ခုမက ဒုက္ခပေးခဲ့သူတွေဖြစ်ပါတယ်။

သူတို့ဟာ ဒုတိယအကြိမ်ဖြစ်ပွားခဲ့တဲ့ ဆိုမာလီယာပြည်တွင်းစစ်အတွင်း ၊(၂၀၀၀)ပြည့််နှစ် ဝန်းကျင်ကနေစတင်ပြီး ပင်လယ်ပြင်အကြမ်းဖက်လုယက်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုမာလီယာကမ်းလွန်မှာဖြစ်ပွားခဲ့တဲ့ ဓါးပြမှုတွေရဲ့အစကတော့ ဒေသခံတံငါသည်တွေ ကပြည်တွင်းစစ်အတွင်း သူတို့ရဲ့ရေပိုင်နက်နယ်မြေကို စတင်ကာကွယ် မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားမဝင်လက်နက်ကိုင်ဆောင်တဲ့အခြေအနေတွေကနေ စတင်ပါတယ်။

(၁၉၉၁)ခုနစ်မှာတော့ ဆိုမာလီအစိုးရက အခြားနိုင်ငံတွေနည်းတူ အလွန်အကျွံငါးဖမ်းခြင်း၊ သဘာဝနည်းအတိုင်း မဟုတ် တဲ့ ငါးဖမ်းခြင်း၊ အဆိပ်အတောက် ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်အတွင်းစွန့်ပစ်ခြင်းမရှိဖို့ စတင်တားမြစ်ပိတ်ပင် လာခဲ့ပါတယ်။ ဒါဟာဒေသခံတံငါသည်တွေကို တရားမဝင်လုပ်ငန်းတွေဘက်ကို ရောက်အောင်တွန်းပို့နေသလို ဖြစ်ခဲ့ပါ တယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဆိုမာလီအာဏာပိုင်တွေနဲ့ ပင်လယ်ဓါးပြတွေအကြားမှာ အပေးအယူ အဆက်အသွယ် တွေရှိနေခဲ့တယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။

အခြားသောအချက်တစ်ခုကလည်း ဆိုမာလီယာဒေသခံတွေဟာ နိုင်ငံခြားသင်္ဘောတွေမှာသာအလုပ်လုပ်ခွင့်ရရင် ငွေကြေး များစွာရရှိနိုင်မယ်လို့ထင်နေတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုမာလီဒေသခံ အချို့ဟာ နိုင်ငံခြား သင်္ဘောတွေကိုတွေ့ရင် အလုအယက်အပေါ်ကိုတက်ဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဆိုမာလီဓါးပြတွေကတော့ သူတို့ကိုယ် သူတို့ Coast Guard (ကမ်းခြေစောင့်) အဖွဲ့တွေလို ထင်ကြပါတယ်။

ပြည်တွင်းစစ်ကြောင့် ဆိုမာလီယာအစိုးရရဲ့အာဏာဟာ နိုင်ငံအနှံ့အပြားမှာသက်ရောက်မှုမရှိတာကလည်း သူတို့ကို ထင်ရာစိုင်း ဖို့အကောင်းဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါအပြင် ဒေါ်လာသိန်း၊သောင်းချီရတဲ့ အလုပ်ဖြစ်နေတာ ကြောင့် ဆိုမာလီဓါးပြအဖွဲ့ဝင်ဦးရေဟာ အစဉ်တိုးများလျက်ရှိနေခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ရေတပ်က လာရောက်ထိန်းသိမ်းရတဲ့ အထိဖြစ်ခဲ့ရပါတယ်။

ဆိုမာလီပင်လယ်ဓါးပြတွေဟာ ကုန်သင်္ဘောတွေကိုအဓိကထားပြီး လှေငယ်တွေ၊မော်တော်ဘုတ် ငယ်တွေကို အသုံးပြုကာ ချောင်းမြောင်း လုယက်တိုက်ခိုက်ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုမာလီဓါးပြတွေရဲ့ အမြင်ကတော့ သူတို့ဟာ သူတို့ ပိုင်နက်အတွင်းကင်းလှည့်နေတာဖြစ်ပြီး သူတို့ပိုင်နက် လမ်းကြောင်းထဲ ဝင်လာတဲ့ သဘောၤတွေကိုသာ လုယက် တိုက်ခိုင်ကြခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။

စစ်တမ်းတွေအရ ဆိုမာလီနိုင်ငံရဲ့အဓိကဝင်ငွေဟာ ဒီပင်လယ်ဓါးပြလုပ်ငန်းကနေ ရရှိနေသလိုဖြစ်နေခဲ့ပြီး ပင်လယ်ဓါးပြ တွေဟာ နှစ်စဉ်အမေရိကန်ဒေါ်လာသန်း (၂၀၀) ဖိုးလောက်အထိ လုယက်တိုက်ခိုက်မှုတွေကတစ်ဆင့် ဝင်ငွေရရှိ နေပါတယ်။ ဆိုမာလီ ပင်လယ်ဓါးပြအများစုဟာ ငယ်ရွယ်တဲ့ဆယ်ကျော်သက်တွေဖြစ်ကြပြီး အဓိကအားဖြင့် တော့ ပြည်တွင်းစစ်အပြင်းအထန်ဖြစ်ပွားနေတဲ့ နိုင်ငံတောင်ပိုင်းသားတွေများပါတယ်။

ဆိုမာလီယာ ပင်လယ်ဓါးပြတွေကိုတော့ ကိုင်ဆောင်တဲ့လက်နက်၊လက်အောက်ခံ အဖွဲ့ဝင်အရေအတွက်အပေါ်မူတည်ပြီး အတန်းအစား(၃)မျိုးခွဲခြားနိုင်ပါတယ်။ ငါးဖမ်းသမားတွေ ၊ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သတ်သူတွေ နဲ့ အဆင့်မြင့် နည်းပညာ သုံးတဲ့ ပင်လယ်ဓားပြတွေဆိုပြီးတော့ပါ။

ဆိုမာလီယာတံငါသည်တွေဟာ သူတို့ရဲ့ပင်လယ်ရေကြောင်းကျွမ်းကျင်မှုနဲ့ပေါင်းစပ်ပြီး ပြစ်မှုတွေကိုကျူးလွန်ကြတာ ကြောင့် များစွာသောကုန်တင်သင်္ဘောတွေဟာအလစ်အငိုက်မိ လုယက်ခြင်းကိုခံနေခဲ့ ရတာဖြစ်ပါတယ်။ ဒါအပြင် ပြည်တွင်းစစ်ဖြစ်ပွားခြင်းနေခြင်းကြောင့် ဆိုမာလီယာ ပင်လယ်ဓါးပြတွေအတွက် လိုအပ်တဲ့လက်နက်တွေကို မှောင်ခိုလမ်းကြောင်းကနေ လိုသလောက်ကို ရရှိနေနိုင်ပါတယ်။

နောက်ပိုင်းမှာတော့ ရုရှားနဲ့တရုတ်နိုင်ငံတွေ ဆီကလက်နက်အဟောင်းတွေကိုတောင် လက်နက်မှောင်ခိုတွေကတစ်ဆင့် ဆိုမာလီ ယာဓါးပြတွေလက်ထဲ အလွယ်တကူရောက်ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ ဒါအပြင် GPS နဲ့ အခြားနည်းပညာမြှင့် ပစ္စည်းတွေကိုတောင် ဆိုမာလီယာဓါးပြအဖွဲ့တွေက ကိုင်ဆောင်အသုံးပြုကြပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းလုံးကတော့ ဆိုမာလီယာဓါးပြတွေကို ပင်လယ်ဓါးမြတွေလို့ခေါ်ဆိုကြပေမဲ့ ဓါးပြတွေကတော့ သူတို့ကို ပင်လယ်ရဲ့ကယ်တင်ရှင်လို့ ခေါ်မှသဘောကျနှစ်ခြိုက်ကြတယ်လို့ ဆိုပါတယ်။

ဆိုမာလီယာဓါးပြတွေဟာ သေးငယ်တဲ့ရွက်သင်္ဘောတွေ၊စက်တပ်ယာဉ်ငယ်တွေကို အသုံးပြုပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ထိအောင်လိုက်လံပြီး ဓါးပြတိုက်လုယက်မှုတွေကို ကျူးလွန်ကြပါတယ်။ သူတို့ရဲ့ရေယာဉ်အတွင်းမှာတော့ ကုန်သင်္ဘော တွေ ပေါ်ကိုတပ်ရာ မှာအသုံးပြုဖို့ လှေကားငယ်တွေကို ယူဆောင်လာလေ့ရှိပါတယ်။ ဆိုမာလီယာပင်လယ် ဓါးပြတွေ ကိုင်ဆောင်တဲ့လက်နက်တွေကတော့ ပုံမှန်အားဖြင့် RPGs နဲ့ လက်နက်ငယ် လေးတွေပဲဖြစ်ပါတယ်။

ဆိုမာလီယာဓါးပြတွေဟာသူတို့ကို ပြန်လည်ခုခံတဲ့သင်္ဘောတွေကိုတော့ လုံးဝပျက်စီးသွားတဲ့အထိပြင်းထန်စွာ တိုက်ခိုက်နှစ်မြုပ်လေ့ရှိပါတယ်။ ကျန်ခဲ့တဲ့ဆယ်စုနှစ်ကာလ အတွင်းမှာ ဆိုမာလီယာတွေကြောင့် အပြစ်မဲ့ရေကြောင်း သွားခရီးသည်တွေ များစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ဒါအပြင် ဆိုမာလီယာဓါးပြတွေဟာ သင်္ဘောတွေကို ပြန်ပေး ဆွဲလေ့ရှိပြီး သက်ဆိုင်ရာနိုင်ငံနဲ့သင်္ဘောကုမ္ပဏီကို အကျပ်ကိုင်လေ့လည်း ရှိပါတယ်။

ဆိုမာလီယာနိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၄၀၀ ဝန်းကျင်သာရှိကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပေမယ့်  ဓါးပြတိုက်သူတွေရဲ့ ဝင်ငွေကတော့ အင်မတန်ကောင်းတယ်လို့ ဆိုရမှာပါ။

ဆိုမာလီယာဓါးပြတွေရဲ့လက်ဝယ်မှာထားရှိတဲ့ငွေကြေးရဲ့ စီးဆင်းနှုန်းဟာ အလွန်ကျယ် ပြောပြီးရှုပ်ထွေးပါတယ်။

ဆိုမာလီယာပင်လယ်ဓါးပြ လောကမှာ စတော့အိတ်ချိန်း တစ်ခုရှိပြီး ငွေအရင်းအနှီးရှိသူက သတ်မှတ်ထားတဲ့ပေါက်ကြေးနဲ့ နောက်ထပ်တိုက် ခိုက်လို့ရမဲ့ ကုန်သင်္ဘောဒါမှမဟုတ်အခြားသောရေယာဉ်တွေဆီကနေ ရယူနိုင်မဲ့ တန်ဖိုးကို ကြိုတင် ဝယ်ယူနိုင်ပါတယ်။ ဒါအပြင် ပင်လယ်ဓါးပြလုပ်ဖို့ ဆန္ဒရှိပေမဲ့ လူအရေအတွက်သာရှိပြီး လိုအပ်တဲ့လှေ၊လက်နက် မပြည့်စုံပါကလည်း ကြိုတင်ငွေကြေး စိုက်ပြီးရင်းနှီးပေးမဲ့ ငွေရှင်တွေလည်း ဆိုမာလီယာပင်လယ်ဓါးပြ လောကမှာရှိနေပြီး အကျိုးကျေးဇူးရပါက အကူအညီရယူသူတွေက မူလရယူထားတဲ့ တန်ဖိုးထက်နှစ်ဆပမာဏရှိတဲ့ ငွေကိုပြန်လည်ပေးအပ် ရပါတယ်။ (အလွယ်ပြောရင် တော့ အတိုးနဲ့ငွေထုတ်ပေးသလို ဖြစ်ပါတယ်။)

အဆိုးထဲကအကောင်းတစ်ခု ကတော့ ပင်လယ်ဓါးပြအဖြစ်လုပ်ကိုင်စားသောက်နေတဲ့ ဆိုမာလီယာနဲ့ကင်ညာငါးဖမ်း သမားတွေရဲ့ နှစ်ပေါင်းများစွာ အလွန်အကျွံငါးဖမ်းခြင်းမျိုးမလုပ်ကြတော့တာကြောင့် ယခုအချိန်မှာတော့ ဆိုမာလီယာ ပင်လယ်ပြင်ရဲ့ငါးသယံဇာတဟာ မူလနှုန်းထားအတိုင်း ပြန်လည်ရောက်ရှိနေပြီး အစိုးရကခွင့်ပြုပေးထား တဲ့အတွက် အချို့ဆိုငါးဖမ်းလုပ်ငန်း ကိုပြန်လည် လုပ်ကိုင်နေကြပြီလည်းဖြစ်ပါတယ်။

ယနေ့အချိန်ထိဖမ်းဆီးရမိတဲ့ ဆိုမာလီယာပင်လယ်ဓါးပြများစွာကို တရားစွဲဆိုခဲ့ကြပေမဲ့ ယီမင်နိုင်ငံတရားရုံး တစ်ခုတည်း ကသာ ဆိုမာလီယာဓါးပြ(၆)ဦးလောက်ကိုပဲ အပြစ်ပေး အရေးယူထားနိုင်ပါသေးတယ်။ အချို့သော ဆိုမာလီယာဓါးပြ အဖွဲ့တွေကတော့ အာဖရိ ကကနေ ဥရောပတိုက်ကိုဒုက္ခသည်အမည်ခံပြီး ဝင်ရောက်နိုင်ဖို့ကြိုးစားကြပါတယ်။

ဒါကိုသတိထားမိတဲ့ ဥရောပနိုင်ငံတွေကလည်း ဆိုမာလီယာပင်လယ်ဓါးပြဦးရေ တိုးပွားလာမှာကို မလိုလားပေမဲ့ နှစ်စဉ်တော့ များစွာသော လှေစီးဒုက္ခသည်တွေကို လက်ခံနေရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့ ဥရောပ ဘက်ခြမ်းက ဖမ်းဆီးရမိတဲ့ ဆိုမာလီယာဓါးပြတွေကို ဆိုမာလီယာအစိုးရထံ ပြန်လည်ပေးအပ်ခြင်းမရှိပဲ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေအတိုင်းသာ အရေးယူကြပါတယ်။ ပြန်လည်ပေးအပ်ခြင်းမရှိတာကတော့ ဆိုမာလီယာအစိုးရအပေါ် ယုံကြည်မှု အားနည်းတာနဲ့ ဆိုမာလီယာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။
သုတဇုန်

No comments:

Post a Comment