Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 29, 2019

ၾကက္ရိုး ဆိတ္ရိုးထဲက ရိုးတြင္းျခင္ဆီေတြထုတ္စားရတာ ၾကိဳက္တဲ့သူေတြရွိလား

ၾကက္စြပ္ျပဳတ္တို႕ ၊ ဆိတ္ရိုးစြပ္ျပဳတ္တို႕ စားဖူးတဲ့သူတုိင္း သိၾကမွာပါ။  အရိုးထဲက ရိုးတြင္းျခင္ဆီမဲမဲေလးေတြကို စုပ္စားလိုက္ရ၊ ျခစ္စားလိုက္ရမွ ေက်နပ္တယ္ဟုတ္။ စိမ့္ျပီးေတာ့ အရသာကိုရွိလို႕။

ပါတာကလည္းနည္းနည္းေလးဆုိေတာ့ စားလို႕လည္းေကာင္း စားရတာလည္း မဝဘူးမလား။ ဒီ ၾကက္ရိုးတုိ႕ ဆိတ္ရိုးတုိ႕ထဲက ရိုးတြင္းျခင္ဆီက က်န္းမာေရးအတြက္ ဘယ္လိုေကာင္းက်ိဳးေတြ ရွိလဲဆုိတာေရာ သိၾကလား။ ။
ရိုးတြင္းျခင္ဆီဆိုတာဘာလဲ ။ ။

ရိုးတြင္းျခင္ဆီဆုိတာ အရိုးတြင္းမွာရွိတဲ့ တစ္ရွဴးအပြေတြျဖစ္ျပီး  ေအာက္ဆီဂ်င္ေတြ ပို႕ေပးတဲ့ေသြးနီဥ၊ ခုခံအားအတြက္လုိအပ္တဲ့ ေသြးျဖဴဥနဲ႕ ေသြးတိတ္ေစတဲ့ ေသြးဆဲလ္တစ္မ်ိဳးကိုထုတ္လုပ္ေပးတဲ့ေနရာျဖစ္ပါတယ္။ ဒီ ၾကက္သား၊ဆိတ္သား၊ အမဲသားတုိ႔ကရတဲ့ ရိုးတြင္းျခင္ဆီကို စားစရာအျဖစ္ စားသံုးၾကပါတယ္။

ရိုးတြင္းျခင္ဆီမွာပါတဲ့ အာဟာရဓာတ္မ်ား ။ ။

ရိုးတြင္းျခင္ဆီမွာ ကယ္လိုရီနဲ႔ အဆီပါဝင္မႈမ်ားျပီး ပရိုတင္းနဲ႔ ဗီတာမင္ B 12 တို႕လို ဗီတာမင္သတၱဳဓာတ္ ေတြ အဓိကပါဝင္ပါတယ္။ ပါဝင္တဲ့ ညႊန္းကိန္းေတြကေတာ့

    Calories:110
    Total fat:12 grams
    Protein:1 gram
    Vitamin B12: 7% of the Reference Daily Intake (RDI)
    Riboflavin:6% of the RDI
    Iron:4% of the RDI
    Vitamin E:2% of the RDI
    Phosphorus:1% of the RDI
    Thiamine:1% of the RDI
    Vitamin A: 1% of the RDI တုိ႕ျဖစ္ပါတယ္။

ရိုးတြင္းျခင္ဆီမွာ ေကာ္လာဂ်င္ ပရိုတင္းပါဝင္မႈလည္းမ်ားတာေၾကာင့္ အသားအေရတင္းရင္းဖုိ႕နဲ႔ အရိုးအဆစ္နာက်င္တာေတြအတြက္သူက စားေပးသင့္တဲ့ အစားအေသာက္တစ္ခုပါ။ ႏြား၊ဆိတ္၊ သိုးတို႕ကေန ရတဲ့ ရိုးတြင္းျခင္ဆီဟာ ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစျပီး ခုခံအားကို ျမင့္တက္ေစတဲ့ conjugated linoleic acid (CLA) ပါဝင္ပါတယ္။

ဒါ့အျပင္ အရိုးနဲ႕ အရြတ္က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ glycine, glucosamine, and chondroitin ေတြလည္းပါဝင္တာေၾကာင့္ အရိုးအဆစ္သန္မာဖို႕အတြက္လည္း သူကကူညီေပးပါေသးတယ္ ။ ။
ရိုးတြင္းျခင္ဆီကေနရတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ား ။ ။

    glycine, glucosamine, and chondroitin တုိ႕လို႕ ဓာတ္ေတြပါဝင္တာေၾကာင့္ ရိုးတြင္းျခင္ဆီဟာ အရိုးနဲ႔ အရြတ္က်န္းမာေရးအတြက္ အက်ိဳးျပဳတဲ့ အရာတစ္ခုပါ။
    ရိုးတြင္းျခင္ဆီမွာပါတဲ့ glycine နဲ႕ conjugated linoleic acid (CLA) တို႕ဟာ ကိုယ္တြင္းမွာျဖစ္ေနတဲ့ ေရာင္ရမ္းျခင္းကို ေလွ်ာ့ခ်ေပးႏုိင္တဲ့ အာနိသင္ရွိတဲ့ အရာတစ္ခုပါ။
    ပါဝင္တဲ့ ေကာ္လာဂ်င္ေၾကာင့္ အသားအေရတင္းရင္းေအာင္ သူက ထိန္းသိမ္းေပးမယ့္အျပင္ အသက္ၾကီးလာရင္ျဖစ္တတ္တဲ့ ဒူးေခါင္းအရြတ္ပါးျခင္းကိုလည္းသူက သက္သာေစပါတယ္။
hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

ကြက်စွပ်ပြုတ်တို့ ၊ ဆိတ်ရိုးစွပ်ပြုတ်တို့ စားဖူးတဲ့သူတိုင်း သိကြမှာပါ။  အရိုးထဲက ရိုးတွင်းခြင်ဆီမဲမဲလေးတွေကို စုပ်စားလိုက်ရ၊ ခြစ်စားလိုက်ရမှ ကျေနပ်တယ်ဟုတ်။ စိမ့်ပြီးတော့ အရသာကိုရှိလို့။

ပါတာကလည်းနည်းနည်းလေးဆိုတော့ စားလို့လည်းကောင်း စားရတာလည်း မဝဘူးမလား။ ဒီ ကြက်ရိုးတို့ ဆိတ်ရိုးတို့ထဲက ရိုးတွင်းခြင်ဆီက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာရော သိကြလား။ ။
ရိုးတွင်းခြင်ဆီဆိုတာဘာလဲ ။ ။

ရိုးတွင်းခြင်ဆီဆိုတာ အရိုးတွင်းမှာရှိတဲ့ တစ်ရှူးအပွတွေဖြစ်ပြီး  အောက်ဆီဂျင်တွေ ပို့ပေးတဲ့သွေးနီဥ၊ ခုခံအားအတွက်လိုအပ်တဲ့ သွေးဖြူဥနဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်တစ်မျိုးကိုထုတ်လုပ်ပေးတဲ့နေရာဖြစ်ပါတယ်။ ဒီ ကြက်သား၊ဆိတ်သား၊ အမဲသားတို့ကရတဲ့ ရိုးတွင်းခြင်ဆီကို စားစရာအဖြစ် စားသုံးကြပါတယ်။

ရိုးတွင်းခြင်ဆီမှာပါတဲ့ အာဟာရဓာတ်များ ။ ။

ရိုးတွင်းခြင်ဆီမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုများပြီး ပရိုတင်းနဲ့ ဗီတာမင် B 12 တို့လို ဗီတာမင်သတ္တုဓာတ် တွေ အဓိကပါဝင်ပါတယ်။ ပါဝင်တဲ့ ညွှန်းကိန်းတွေကတော့

    Calories:110
    Total fat:12 grams
    Protein:1 gram
    Vitamin B12: 7% of the Reference Daily Intake (RDI)
    Riboflavin:6% of the RDI
    Iron:4% of the RDI
    Vitamin E:2% of the RDI
    Phosphorus:1% of the RDI
    Thiamine:1% of the RDI
    Vitamin A: 1% of the RDI တို့ဖြစ်ပါတယ်။

ရိုးတွင်းခြင်ဆီမှာ ကော်လာဂျင် ပရိုတင်းပါဝင်မှုလည်းများတာကြောင့် အသားအရေတင်းရင်းဖို့နဲ့ အရိုးအဆစ်နာကျင်တာတွေအတွက်သူက စားပေးသင့်တဲ့ အစားအသောက်တစ်ခုပါ။ နွား၊ဆိတ်၊ သိုးတို့ကနေ ရတဲ့ ရိုးတွင်းခြင်ဆီဟာ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ခုခံအားကို မြင့်တက်စေတဲ့ conjugated linoleic acid (CLA) ပါဝင်ပါတယ်။

ဒါ့အပြင် အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ glycine, glucosamine, and chondroitin တွေလည်းပါဝင်တာကြောင့် အရိုးအဆစ်သန်မာဖို့အတွက်လည်း သူကကူညီပေးပါသေးတယ် ။ ။
ရိုးတွင်းခြင်ဆီကနေရတဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။

    glycine, glucosamine, and chondroitin တို့လို့ ဓာတ်တွေပါဝင်တာကြောင့် ရိုးတွင်းခြင်ဆီဟာ အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတစ်ခုပါ။
    ရိုးတွင်းခြင်ဆီမှာပါတဲ့ glycine နဲ့ conjugated linoleic acid (CLA) တို့ဟာ ကိုယ်တွင်းမှာဖြစ်နေတဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့ အရာတစ်ခုပါ။
    ပါဝင်တဲ့ ကော်လာဂျင်ကြောင့် အသားအရေတင်းရင်းအောင် သူက ထိန်းသိမ်းပေးမယ့်အပြင် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ ဒူးခေါင်းအရွတ်ပါးခြင်းကိုလည်းသူက သက်သာစေပါတယ်။
hellosayarwon

No comments:

Post a Comment