Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

ေလာကၾကီးမွာ သူလိုလူမ်ိဳးေတြ ရွိေနပါေသးလား

ဒီေန႔မနက္ျပည့္သူ႔ရင္ျပင္ကို အိမ္ကကေလးေတြလိုက္ပို႔ေပးျဖစ္ပါတယ္..ပန္းျခံထဲလဲေရာက္ေရာမိုးရြာခ်တာနဲ႔ ကြ်န္မအမ်ိဳးသားရဲ႕ပိုက္ဆံအိတ္ေရာ ကြ်န္မရဲ႕ပိုက္ဆံအိတ္ေရာ ဖုန္းေတြကိုပါ ပါလာတဲ့ေက်ာပိုးအိတ္ထဲထည့္ခဲ့ၿပီး ပန္းျခံအထြက္နားေရာက္မွ သမီးတို႔မိုးေရေဆာ့ခ်င္တယ္ဆိုလို႔ အိတ္ကိုလံုျခံဳေရးဂိတ္တဲေပၚတင္ထားလိုက္မိပါတယ္.. ၿပီးေတာ့ျပန္ယူဖို႔ေမ့ခဲ့ပါတယ္.. အိမ္ေရာက္တဲ့ထိ ဟိုလူယူသလိုဒီလူယူသလိုနဲ႔ အိတ္က်န္ခဲ့မွန္းမသိဘူး.. အိမ္ေရာက္ၿပီး သံုးနာရီေလာက္ၾကာမွ ပိုက္ဆံအိတ္လိုခ်င္လို႔ရွာေတာ့မွ က်န္ခဲ့မွန္းသိလို႔ ျပည္သူရင္ျပင္ကို ေျခကုန္သုတ္ၿပီးေျပးရပါတယ္.. ျပန္ရႏိုင္ဖို႔လဲ သိပ္မလြယ္ေလာက္တဲ့အေနထားမို႔ စိတ္ကိုေတာ္ေတာ္ေလးျပင္ဆင္ထားခဲ့ရတယ္

ျပည္သူ႔ရင္ျပင္ေရာက္ေတာ့ ဘယ္လိုမွမထင္မွတ္ပဲ လံုျခံဳေရးဦးေလး ဦးလွဝင္းလို႔ေခၚတဲ့အဘက ပံုမွာပါတဲ့အတိုင္း သူအိမ္ျပန္ခါနီးမွာ ပိုင္ရွင္မဲ့ေနတဲ့အိတ္ကိုေတြ႕လို႔ ပိုင္ရွင္ျပန္လာယူတဲ့အထိ ထိုင္ေစာင့္ေပးေနခဲ့ပါတယ္.. သူသာထိုင္မေစာင့္ေပးရင္ စေနေန႔လဲျဖစ္ လူဝင္ထြက္ ေစ်းသယ္ေစ်းဝယ္မ်ားတဲ့ဒီေနရာမွာျပန္ရႏိုင္ဖို႔ေတာ္ေတာ္ခဲရင္းပါတယ္.. အဘလို႐ိုးသားၿပီး တာဝန္သိတဲ့ သူေတာ္ေကာင္းနဲ႔ေတြ႕ရတာ ကြ်န္မဖို႔အလြန္ကံထူးျခင္းပါပဲ.. အိတ္ထဲမွာ ပိုက္ဆံေတြအျပင္ ဖုန္းေတြ ဘဏ္ကတ္ေတြ မွတ္ပံုတင္ေတြ ယာဥ္ေမာင္းလိုင္စင္ေတြ အျခားအေရးႀကီးတဲ့ စာရြက္စာတမ္းေတြအကုန္ပါ ပါတယ္

အဘဦးလွဝင္းလို ႐ိုးသားရံုမက သူတပါးပစၥည္းကို ကိုယ့္ပစၥည္းသဖြယ္ ေစာင့္ေရွာင့္ေပးတတ္တဲ့သူမ်ိဳးနဲ႔ေတြ႕ လို႔လဲကြ်န္မကံေကာင္းတာပါအဘဦးလွဝင္းကိုလဲ ဂုဏ္ျပဳဆုေငြနဲ႔အတူ ေက်းဇူးတင္စြာ ေသခ်ာေလးထိုင္ကန္ေတာ့ခဲ့ပါတယ္ အဘဦးလွဝင္း က်န္းမာခ်မ္းသာစြာနဲ႔ အမ်ားေကာင္းျကိဳး ဆထက္ ထမ္းပိုးေဆာင္ရြက္ႏိုင္ပါေစရွင္
burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။


ဒီနေ့မနက်ပြည့်သူ့ရင်ပြင်ကို အိမ်ကကလေးတွေလိုက်ပို့ပေးဖြစ်ပါတယ်..ပန်းခြံထဲလဲရောက်ရောမိုးရွာချတာနဲ့ ကျွန်မအမျိုးသားရဲ့ပိုက်ဆံအိတ်ရော ကျွန်မရဲ့ပိုက်ဆံအိတ်ရော ဖုန်းတွေကိုပါ ပါလာတဲ့ကျောပိုးအိတ်ထဲထည့်ခဲ့ပြီး ပန်းခြံအထွက်နားရောက်မှ သမီးတို့မိုးရေဆော့ချင်တယ်ဆိုလို့ အိတ်ကိုလုံခြုံရေးဂိတ်တဲပေါ်တင်ထားလိုက်မိပါတယ်.. ပြီးတော့ပြန်ယူဖို့မေ့ခဲ့ပါတယ်.. အိမ်ရောက်တဲ့ထိ ဟိုလူယူသလိုဒီလူယူသလိုနဲ့ အိတ်ကျန်ခဲ့မှန်းမသိဘူး.. အိမ်ရောက်ပြီး သုံးနာရီလောက်ကြာမှ ပိုက်ဆံအိတ်လိုချင်လို့ရှာတော့မှ ကျန်ခဲ့မှန်းသိလို့ ပြည်သူရင်ပြင်ကို ခြေကုန်သုတ်ပြီးပြေးရပါတယ်.. ပြန်ရနိုင်ဖို့လဲ သိပ်မလွယ်လောက်တဲ့အနေထားမို့ စိတ်ကိုတော်တော်လေးပြင်ဆင်ထားခဲ့ရတယ်

ပြည်သူ့ရင်ပြင်ရောက်တော့ ဘယ်လိုမှမထင်မှတ်ပဲ လုံခြုံရေးဦးလေး ဦးလှဝင်းလို့ခေါ်တဲ့အဘက ပုံမှာပါတဲ့အတိုင်း သူအိမ်ပြန်ခါနီးမှာ ပိုင်ရှင်မဲ့နေတဲ့အိတ်ကိုတွေ့လို့ ပိုင်ရှင်ပြန်လာယူတဲ့အထိ ထိုင်စောင့်ပေးနေခဲ့ပါတယ်.. သူသာထိုင်မစောင့်ပေးရင် စနေနေ့လဲဖြစ် လူဝင်ထွက် ဈေးသယ်ဈေးဝယ်များတဲ့ဒီနေရာမှာပြန်ရနိုင်ဖို့တော်တော်ခဲရင်းပါတယ်.. အဘလိုရိုးသားပြီး တာဝန်သိတဲ့ သူတော်ကောင်းနဲ့တွေ့ရတာ ကျွန်မဖို့အလွန်ကံထူးခြင်းပါပဲ.. အိတ်ထဲမှာ ပိုက်ဆံတွေအပြင် ဖုန်းတွေ ဘဏ်ကတ်တွေ မှတ်ပုံတင်တွေ ယာဉ်မောင်းလိုင်စင်တွေ အခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေအကုန်ပါ ပါတယ်

အဘဦးလှဝင်းလို ရိုးသားရုံမက သူတပါးပစ္စည်းကို ကိုယ့်ပစ္စည်းသဖွယ် စောင့်ရှောင့်ပေးတတ်တဲ့သူမျိုးနဲ့တွေ့ လို့လဲကျွန်မကံကောင်းတာပါအဘဦးလှဝင်းကိုလဲ ဂုဏ်ပြုဆုငွေနဲ့အတူ ကျေးဇူးတင်စွာ သေချာလေးထိုင်ကန်တော့ခဲ့ပါတယ် အဘဦးလှဝင်း ကျန်းမာချမ်းသာစွာနဲ့ အများကောင်းကြိုး ဆထက် ထမ်းပိုးဆောင်ရွက်နိုင်ပါစေရှင်
burmese.asia

No comments:

Post a Comment