Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

ေသြးတိုးသမားအတြက္ ဓာတ္စာ သစ္ၾကားသီး

သစ္ၾကားသီးကို အခုေနာက္ပုိုင္းအေတာ္စားသံုးလာၾကပါတယ္။ မားကတ္ေတြမွာလည္းရနုိင္သလို အြန္လိုင္းကေနလည္း မွာယူစားသံုးၾကပါတယ္။ သူ႔ရဲ႕က်န္းမာေရးအာနိသင္ေတြကိုသိတာထက္ ၾကိဳက္ႏွစ္သက္လို႔စားၾကတာမ်ားပါတယ္။ လူၾကီးေတြေရာ၊ကေလးေတြအတြက္ပါ သေရစာတစ္ခုအျဖစ္ သေဘာက်ၾကတာပါ။

အက်ိဳးျပဳအဆီေတြပါဝင္တဲ့ အေစ့အဆန္ေတြက ႏွလံုးက်န္းမာေရးကို အက်ိဳးျပဳတယ္ဆိုတာသိထားျပီးျဖစ္ပါတယ္။ ဒီတစ္ခါသုေတသနေတြ႔ရွိခ်က္မွာေတာ့ ႏွလံုးေသြးေၾကာေရာဂါျဖစ္နုိင္ေျခရွိတဲ့သူေတြဟာ အဆီနညး္တဲ့စားေသာက္မႈပံုစံနဲ႔စားေသာက္ျပီး သစ္ၾကားသီးကိုတြဲဖက္စားသံုးမယ္ဆိုရင္ ေသြးတိုးက်ေစနုိင္တယ္လို႔ ဆိုပါတယ္။
သုေတသီေတြက အသက္ ၃၀- ၆၅ ၾကားအရြယ္ရွိတဲ့ ကိုယ္အေလးခ်ိန္မ်ားေနသူေတြနဲ႔ အဝလြန္ေနသူ ၄၅ ဦးကို ေလ့လာခဲ့တာျဖစ္ပါတယ္။

ပါဝင္သူအားလံုးကို ေလ့လာမႈမစခင္ ႏွစ္ပတ္အလိုမွာ ျပင္ဆင္ခ်ိန္ Diet  planနဲ႔ စားေသာက္ေစခဲ့ပါတယ္။ဒီအစီအစဥ္မွာ အားလံုးကို တသမတ္တည္းျဖစ္ေစဖုိ႔ ခ်ိန္ညွိတဲ့အေနနဲ႔ ၾကိဳတင္လိုက္နာေစတာျဖစ္ပါတယ္။ သူတို႔မွာ ျပည့္ဝဆီစားသံုးမႈပမာဏ နည္းေနတဲ့အခါမွ သံုးဖြဲ႔ခြဲျပီး ေအာက္ပါအတိုင္း ၆ ပတ္ၾကာ စားသံုးေစပါတယ္။

    သစ္ၾကားသီးပါဝင္တဲ့ စားေသာက္ပံု
    သစ္ၾကားသီးမပါေပမယ့္ သူ႔မွာပါတဲ့ omega-3 အဆီဓာတ္ alpha-linolenic acid (ALA) နဲ႔ polyunsaturated fatty acids တူညီတဲ့ပမာဏပါတဲ့ စားေသာက္ပံု
    သစ္ၾကားသီးမပါေပမယ့္ omega-3 အဆီဓာတ္ alpha-linolenic acid (ALA) နဲ႔ omega-6 fatty acid (linoleic acid) တူညီတဲ့ပမာဏ ပါတဲ့စားေသာက္ပံု တိို႔ျဖစ္ပါတယ္။

သစ္ၾကားသီးနဲ႔ ေသြးဖိအားအတက္အက် ဆက္ႏႊယ္မႈ

ဒီကာလျပီးဆံုးတဲ့အခါ ႏွလံုးေသြးေၾကာေရာဂါအႏၱရာယ္ရွိေနတဲ့ ပါဝင္သူေတြအားလံုးကို ေဆးစစ္ေလ့လာတဲ့အခါ အုပ္စုသံုးခုလံုးကသူေတြမွာ နွလံုးက်န္းမာေရးက အတိုင္းအတာတစ္ခုအထိ အရင္ထက္ပိုေကာင္းလာတာေတြ႔ရပါတယ္။

ျပည့္ဝဆီကိုေရွာင္ျပီး သစ္ၾကားသီးကျဖစ္ေစ၊ ဟင္းသီးဟင္းရြက္ဆီေတြကျဖစ္ေစ မျပည့္ဝဆီနဲ႔အစားထိုးတာက နွလံုးေသြးေၾကာနဲ႔ပတ္သက္တဲ့ အက်ိဳးေက်းဇူးေတြရရွိေစနုိင္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။

ဒါေပမယ့္ သစ္ၾကားသီးခ်ည္းပဲစားသံုးခဲ့တဲ့အုပ္စုကေတာ့ တျခားအုပ္စုေတြထက္ ပိုျပီး ေသြးဖိအားက်တာေတြ႔ရပါတယ္။

“ သစ္ၾကားသီးစားတဲ့သူေတြက သစ္ၾကားသီးမွာပါတဲ့အလားတူ fatty acids ေတြစားခဲ့ၾကတဲ့သူေတြထက္ အက်ိဳးေက်းဇူးပိုမ်ားေနတာေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ သူ႔မွာပါတဲ့ အက်ိဳးျပဳအဆီဓာတ္ဆိုတာထက္ပိုတဲ့ ဇီဝျဒပ္ေပါင္းေတြေၾကာင့္ သစ္ၾကားသီးစားတာက အက်ိဳးပိုမ်ားေနတာျဖစ္နုိုင္တယ္။ ဥပမာ အမွ်င္ဓာတ္လိုမ်ိဳးေပါ့။ ဒါ့ေၾကာင့္ fatty acids ေတြျဖည့္ဆည္းရံုနဲ႔ မတူညီနုိင္တာ” လို႔ ဦးေဆာင္သုေတသီ Prof. Penny Kris-Etherton ကေျပာပါတယ္။

Pennsylvania State University သုေတသီေတြရဲ႕ ဒီေလ့လာမႈကို Journal of the American Heart Association ဂ်ာနယ္မွာ ေဖာ္ျပခဲ့ပါတယ္။

သစ္ၾကားသီးမွာ  alpha-linolenic acid (ALA) လို႔ေခၚတဲ့ အပင္ထြက္  omega-3 ပါဝင္လို႔ ေသြးဖိအားအေပၚအက်ိဳးျပဳသက္ေရာက္မႈရွိေစတယ္လို႔ သုေတသီေတြက ယံုၾကည္ထားပါတယ္။

ဒါေပမယ့္ သစ္ၾကားသီးရဲ႕ ALA က နွလံုးက်န္းမာေရးကိုပိုေကာင္းေစတာလား၊ ဒါမွမဟုတ္ polyphenols လို သစ္ၾကားသီးရဲ႕တျခားပါဝင္ပစၥည္းေတြကပဲ ႏွလံုးေသြးေၾကာေရာဂါျဖစ္နုိင္ေျခရွိတဲ့သူေတြမွာ ေသြးတိုးကိုထိန္းေပးနုိင္တာလား ဆိုတာ သုေတသီေတြက ေလ့လာအေျဖထုတ္ဖို႔ ဆက္လက္ေလ့လာေနၾကတာျဖစ္ပါတယ္။
hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

သစ်ကြားသီးကို အခုနောက်ပိုင်းအတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်းရနိုင်သလို အွန်လိုင်းကနေလည်း မှာယူစားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကိုသိတာထက် ကြိုက်နှစ်သက်လို့စားကြတာများပါတယ်။ လူကြီးတွေရော၊ကလေးတွေအတွက်ပါ သရေစာတစ်ခုအဖြစ် သဘောကျကြတာပါ။

အကျိုးပြုအဆီတွေပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာသိထားပြီးဖြစ်ပါတယ်။ ဒီတစ်ခါသုတေသနတွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေဟာ အဆီနည်းတဲ့စားသောက်မှုပုံစံနဲ့စားသောက်ပြီး သစ်ကြားသီးကိုတွဲဖက်စားသုံးမယ်ဆိုရင် သွေးတိုးကျစေနိုင်တယ်လို့ ဆိုပါတယ်။
သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန်များနေသူတွေနဲ့ အဝလွန်နေသူ ၄၅ ဦးကို လေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအားလုံးကို လေ့လာမှုမစခင် နှစ်ပတ်အလိုမှာ ပြင်ဆင်ချိန် Diet  planနဲ့ စားသောက်စေခဲ့ပါတယ်။ဒီအစီအစဉ်မှာ အားလုံးကို တသမတ်တည်းဖြစ်စေဖို့ ချိန်ညှိတဲ့အနေနဲ့ ကြိုတင်လိုက်နာစေတာဖြစ်ပါတယ်။ သူတို့မှာ ပြည့်ဝဆီစားသုံးမှုပမာဏ နည်းနေတဲ့အခါမှ သုံးဖွဲ့ခွဲပြီး အောက်ပါအတိုင်း ၆ ပတ်ကြာ စားသုံးစေပါတယ်။

    သစ်ကြားသီးပါဝင်တဲ့ စားသောက်ပုံ
    သစ်ကြားသီးမပါပေမယ့် သူ့မှာပါတဲ့ omega-3 အဆီဓာတ် alpha-linolenic acid (ALA) နဲ့ polyunsaturated fatty acids တူညီတဲ့ပမာဏပါတဲ့ စားသောက်ပုံ
    သစ်ကြားသီးမပါပေမယ့် omega-3 အဆီဓာတ် alpha-linolenic acid (ALA) နဲ့ omega-6 fatty acid (linoleic acid) တူညီတဲ့ပမာဏ ပါတဲ့စားသောက်ပုံ တို့ဖြစ်ပါတယ်။

သစ်ကြားသီးနဲ့ သွေးဖိအားအတက်အကျ ဆက်နွှယ်မှု

ဒီကာလပြီးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါအန္တရာယ်ရှိနေတဲ့ ပါဝင်သူတွေအားလုံးကို ဆေးစစ်လေ့လာတဲ့အခါ အုပ်စုသုံးခုလုံးကသူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာတစ်ခုအထိ အရင်ထက်ပိုကောင်းလာတာတွေ့ရပါတယ်။

ပြည့်ဝဆီကိုရှောင်ပြီး သစ်ကြားသီးကဖြစ်စေ၊ ဟင်းသီးဟင်းရွက်ဆီတွေကဖြစ်စေ မပြည့်ဝဆီနဲ့အစားထိုးတာက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါပေမယ့် သစ်ကြားသီးချည်းပဲစားသုံးခဲ့တဲ့အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာတွေ့ရပါတယ်။

“ သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓာတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓာတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီ Prof. Penny Kris-Etherton ကပြောပါတယ်။

Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကို Journal of the American Heart Association ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

သစ်ကြားသီးမှာ  alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်  omega-3 ပါဝင်လို့ သွေးဖိအားအပေါ်အကျိုးပြုသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကိုပိုကောင်းစေတာလား၊ ဒါမှမဟုတ် polyphenols လို သစ်ကြားသီးရဲ့တခြားပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ သွေးတိုးကိုထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေက လေ့လာအဖြေထုတ်ဖို့ ဆက်လက်လေ့လာနေကြတာဖြစ်ပါတယ်။
hellosayarwon

No comments:

Post a Comment