Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 18, 2019

ရာသီဥတု အရမ္းပူေနလို႕ ကေလးရွိသူမ်ား သတိထားမိေစဖုိ႔ မွ်ေ၀ေပးလိုက္ပါတယ္…


သတိထားမိေစဖုိ့ ကေလးရွိသူမ်ား ရာသီဥတု အရမ္းပူပါသည္…

မန္းေလး အပူခ်ိန္ 40-42` C ရွိပါသည္…ရန္​ကုန္​ အပူခ်ိန္​ 47° C ႐ွိ​ေနပါၿပီ…ကေလးေတြ ဖ်ားၾကသည္။အပူခ်ိန္ 104-105` F ထိ ဖ်ားၾကသည္။အဖ်ားသိပ္ႀကီးလၽွင္ တက္သြားႏိုင္ပါသည္။
ကေလးဖ်ားလၽွင္ ေအးေသာေနရာမွာ ထားၾကပါ….အရိပ္ရေသာ ေနရာမွာထားပါ….Air con ခန္းတြင္ ထားႏိုင္ပါသည္။ပန္ကာဖြင့္/ ျပတင္းတံခါးမ်ား ဖြင့္ထားပါ….

အေႏြးထည္ မဝတ္ရ…..ဂ်င္းသား အပူစမ်ား မဝတ္ေပးရ….ပြပြေခ်ာင္ေခ်ာင္ ခ်ည္ထည္ စြပ္ၾကယ္သား စပန္႔သား အဝတ္မ်ားသာ ဝတ္ေပးပါ။
ေရပတ္တိုက္ေပးပါ…..ေရပတ္တိုက္လၽွင္ သဘက္စ ခ်ည္ထည္စကို ေရဆြတ္၍ ကေလး၏ တစ္ကိုယ္လံုးကို တိုက္ေပးပါ ပတ္ထားပါ ။
နဖူး ဂ်ိဳင္းၾကား ေပါင္ျခံၾကား မက်န္ေအာင္ ေရပတ္တိုက္ေပးပါ။နဖူးေပၚပဲ ေရပတ္ဝတ္ တင္ရုံျဖင့္ အဖ်ား မက်ပါ….
တစ္ကိုယ္လံုးတိုက္မွ အဖ်ားက်ပါမည္ ေရခဲေရ မသံုးရ (အဖ်ားပိုတက္တတ္သည္) ရိုးရိုးေရေအးေအးသာ သံုးပါ….
အဖ်ားႀကီးေသာကေလး ….ေရခ်ိဳးေပးလို႔ ရပါသည္….ေရခ်ိဳးလို႔ မဖ်ားပါ…..ေရမခ်ိဳးမွ အပူႀကီးၿပီး ကေလးတက္သြားႏိုင္ပါသည္။

အဖ်ားက်ေဆး Paracetamol/ Biogesic တိုက္ေပး၍ရပါသည္။Paracetamol ကို တိုက္ခ်င္သေလာက္ တိုက္၍မရပါ…
အခ်ိဳးအဆ မွန္မွန္တိုက္ရပါမည္…နည္းတိုက္လၽွင္အဖ်ားမက်ႏိုင္ပါ….မ်ားတိုက္မိလၽွင္ Para ၏ ေဘးထြက္ဆိုးက်ိဳးမွာ အသည္းထိခိုက္တတ္ပါသည္။
Para ကို 15 mg/kg ျဖင့္ 6 နာရီျခား အပူအရမ္းႀကီးလၽွင္ 4 နာရီျခား တိုက္၍ရပါသည္။(eg. body weight 8 kg ရွိေသာ ကေလးကို Para 120 mg အား 5 ml 4-6 times တစ္ေန႔တာအတြက္တိုက္၍ရပါသည္)
Para အမ်ားစုမွာ 120 mg ျဖစ္သည္….250 mg 150 mg ပါေသာေဆးမ်ားလည္းရွိသည္။ကေလးစအိုထဲသို႔ အဖ်ားက်ေဆးေတာင့္ Para suppositary လည္း ထည့္ေပးႏိုင္ပါသည္။
ခၽြင္းခ်က္-ေသြးဥမႊားနည္းေနေသာကေလးမ်ား Reduced Platelet count ဝမ္းေလၽွာေနေသာကေလးမ်ားတြင္ မထည့္ရပါ…..
Para suppo သည္လည္း 120 mg / 250 mg အမ်ိဳးမ်ိဳးရွိပါသည္ ။Para suppo ထည့္ထားၿပီးလၽွင္ Para ထပ္ၿပီး ခ်က္ခ်င္းမတိုက္ရပါ…အနည္းဆံုး 4 နာရီျခားၿပီးမွ တိုက္ရပါမည္။

ဖ်ားေနေသာ ကေလးအား မက္ကေလာင္ မေဖာက္ရပါ…စအိုဝတြင္ မက္ကေလာင္ေဖာက္လၽွင္ ေသြးဆိပ္ျပန္႔၍ အသက္ဆံုးသည္အထိ ျဖစ္တတ္ပါသည္။
ရွားျခစ္တာလည္း မလုပ္ရပါ။(အေရျပားကို ဇြန္း စတီးျပား သံျပားျဖင့္ နီရဲေနေအာင္ျခစ္ပစ္ျခင္း)
ရွားျခစ္ျခင္းေၾကာင့္ အေရျပားေအာက္ရွိ ေသြးေၾကာငယ္ေလးမ်ား ေပါက္သြားေစပါသည္။အမွန္တကယ္ အဖ်ားက်ေစေသာနည္းလမ္း မဟုတ္ပါ….

ဖ်ားေနေသာကေလးအား အပူပါေသာ ရင္လူးေဆးမ်ား မလိမ္းပါႏွင့္ အပူပိုတက္ႏိုင္သလို အေရျပားမ်ား လန္သြားႏိုင္ပါသည္။
ေလၽွာေလၽွာလ်ဴလ်ဴ ဝင္လြယ္မည့္ အစားအစာမ်ားေကၽြးေပးပါ….(ဆန္ျပဳတ္ ေခါက္ဆြဲေပ်ာ့ေပ်ာ့အရည္ေဖ်ာ္ ၾကက္ေပါင္းရည္)
ႏို႔စို႔အရြယ္ေလးမ်ား အေမႏို႔ဆက္တိုက္ေပးပါ….အဖ်ားတက္ေနလၽွင္ ကေလးမ်ားမစားႏိုင္ပါ….
ေရပတ္တိုက္ၿပီး အဖ်ားက်ေဆးတိုက္ၿပီး အဖ်ားက်သြားခ်ိန္တြင္ အစားဝင္ေအာင္ေကၽြးေပးပါ…
ကေလးမ်ား အပူဒဏ္ အနၲရာယ္မွ ကင္းေဝးၾကပါေစ….။
အားလုံးသိေအာင္ မွ်ေ၀ေပးၾကပါေနာ္…..။
DrMyint Nyein
unicode

သတိထားမိစေဖို့ ကလေးရှိသူများ ရာသီဥတု အရမ်းပူပါသည်…

မန်းလေး အပူချိန် 40-42` C ရှိပါသည်…ရန်​ကုန်​ အပူချိန်​ 47° C ရှိ​နေပါပြီ…ကလေးတွေ ဖျားကြသည်။အပူချိန် 104-105` F ထိ ဖျားကြသည်။အဖျားသိပ်ကြီးလျှင် တက်သွားနိုင်ပါသည်။

ကလေးဖျားလျှင် အေးသောနေရာမှာ ထားကြပါ….အရိပ်ရသော နေရာမှာထားပါ….Air con ခန်းတွင် ထားနိုင်ပါသည်။ပန်ကာဖွင့်/ ပြတင်းတံခါးများ ဖွင့်ထားပါ….

အနွေးထည် မဝတ်ရ…..ဂျင်းသား အပူစများ မဝတ်ပေးရ….ပွပွချောင်ချောင် ချည်ထည် စွပ်ကြယ်သား စပန့်သား အဝတ်များသာ ဝတ်ပေးပါ။

ရေပတ်တိုက်ပေးပါ…..ရေပတ်တိုက်လျှင် သဘက်စ ချည်ထည်စကို ရေဆွတ်၍ ကလေး၏ တစ်ကိုယ်လုံးကို တိုက်ပေးပါ ပတ်ထားပါ ။

နဖူး ဂျိုင်းကြား ပေါင်ခြံကြား မကျန်အောင် ရေပတ်တိုက်ပေးပါ။နဖူးပေါ်ပဲ ရေပတ်ဝတ် တင်ရုံဖြင့် အဖျား မကျပါ….

တစ်ကိုယ်လုံးတိုက်မှ အဖျားကျပါမည် ရေခဲရေ မသုံးရ (အဖျားပိုတက်တတ်သည်) ရိုးရိုးရေအေးအေးသာ သုံးပါ….

အဖျားကြီးသောကလေး ….ရေချိုးပေးလို့ ရပါသည်….ရေချိုးလို့ မဖျားပါ…..ရေမချိုးမှ အပူကြီးပြီး ကလေးတက်သွားနိုင်ပါသည်။

အဖျားကျဆေး Paracetamol/ Biogesic တိုက်ပေး၍ရပါသည်။Paracetamol ကို တိုက်ချင်သလောက် တိုက်၍မရပါ…

အချိုးအဆ မှန်မှန်တိုက်ရပါမည်…နည်းတိုက်လျှင်အဖျားမကျနိုင်ပါ….များတိုက်မိလျှင် Para ၏ ဘေးထွက်ဆိုးကျိုးမှာ အသည်းထိခိုက်တတ်ပါသည်။

Para ကို 15 mg/kg ဖြင့် 6 နာရီခြား အပူအရမ်းကြီးလျှင် 4 နာရီခြား တိုက်၍ရပါသည်။(eg. body weight 8 kg ရှိသော ကလေးကို Para 120 mg အား 5 ml 4-6 times တစ်နေ့တာအတွက်တိုက်၍ရပါသည်)

Para အများစုမှာ 120 mg ဖြစ်သည်….250 mg 150 mg ပါသောဆေးများလည်းရှိသည်။ကလေးစအိုထဲသို့ အဖျားကျဆေးတောင့် Para suppositary လည်း ထည့်ပေးနိုင်ပါသည်။

ချွင်းချက်-သွေးဥမွှားနည်းနေသောကလေးများ Reduced Platelet count ဝမ်းလျှောနေသောကလေးများတွင် မထည့်ရပါ…..

Para suppo သည်လည်း 120 mg / 250 mg အမျိုးမျိုးရှိပါသည် ။Para suppo ထည့်ထားပြီးလျှင် Para ထပ်ပြီး ချက်ချင်းမတိုက်ရပါ…အနည်းဆုံး 4 နာရီခြားပြီးမှ တိုက်ရပါမည်။

ဖျားနေသော ကလေးအား မက်ကလောင် မဖောက်ရပါ…စအိုဝတွင် မက်ကလောင်ဖောက်လျှင် သွေးဆိပ်ပြန့်၍ အသက်ဆုံးသည်အထိ ဖြစ်တတ်ပါသည်။

ရှားခြစ်တာလည်း မလုပ်ရပါ။(အရေပြားကို ဇွန်း စတီးပြား သံပြားဖြင့် နီရဲနေအောင်ခြစ်ပစ်ခြင်း)

ရှားခြစ်ခြင်းကြောင့် အရေပြားအောက်ရှိ သွေးကြောငယ်လေးများ ပေါက်သွားစေပါသည်။အမှန်တကယ် အဖျားကျစေသောနည်းလမ်း မဟုတ်ပါ….

ဖျားနေသောကလေးအား အပူပါသော ရင်လူးဆေးများ မလိမ်းပါနှင့် အပူပိုတက်နိုင်သလို အရေပြားများ လန်သွားနိုင်ပါသည်။

လျှောလျှောလျူလျူ ဝင်လွယ်မည့် အစားအစာများကျွေးပေးပါ….(ဆန်ပြုတ် ခေါက်ဆွဲပျော့ပျော့အရည်ဖျော် ကြက်ပေါင်းရည်)

နို့စို့အရွယ်လေးများ အမေနို့ဆက်တိုက်ပေးပါ….အဖျားတက်နေလျှင် ကလေးများမစားနိုင်ပါ….

ရေပတ်တိုက်ပြီး အဖျားကျဆေးတိုက်ပြီး အဖျားကျသွားချိန်တွင် အစားဝင်အောင်ကျွေးပေးပါ…

ကလေးများ အပူဒဏ် အန္တရာယ်မှ ကင်းဝေးကြပါစေ….။ အားလုံးသိအောင် မျှဝေပေးကြပါနော်…..။
DrMyint Nyein

No comments:

Post a Comment