Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 22, 2019

အိပ္ေနတုန္း သြားရည္က်တာ က်န္းမာေရးေကာင္းတဲ့ လကၡဏာပါ


အိပ္ေနတုန္းမွာ သြားရည္က်လို႔ ေလွာင္ေျပာင္ခံေနရပါသလား။ ဒါက ရွက္စရာ မဟုတ္ပါဘူး၊ က်န္းမာေရးေကာင္းေၾကာင္းကိုျပတဲ့ လကၡဏာပါတဲ့။

>>    ဘာေၾကာင့္ သြားရည္က်တာလဲ?

          ကေလးေတြမွာ သြားရည္က်ေလ့ရွိသလို လူႀကီး ေတာ္ေတာ္မ်ားမ်ားမွာလည္း အိပ္ေပ်ာ္ရင္း သြားရည္က်တတ္ၾကပါတယ္။ ကြၽႏ္ုပ္တို႔ရဲ႕ပါးစပ္ထဲမွာ တံေတြး အျမဲထြက္ေနၿပီးေတာ့ တစ္ခါတေလ အိပ္ေမာက်ေနတဲ့အခ်ိန္မွာ ပါးစပ္ႀကီးပြင့္ေနရင္ ဒီတံေတြးေတြ ထြက္က်လာတာကို သြားရည္က်တယ္လို႔ ေခၚပါတယ္။ တံေတြးဆိုတာကလည္း ခႏၶာကိုယ္အတြက္ ေကာင္းတဲ့အရာပဲေလ။ ဒီတံေတြးေတြက ခံတြင္းထဲက ေရာဂါပိုးေတြကို တိုက္ဖ်က္ေပးရာမွာ အေရးပါ,ပါတယ္။ ဒါေၾကာင့္ သြားရည္က်တဲ့သူေတြက မက်တဲ့သူေတြထက္ သြားက်န္းမာေရး ပိုေကာင္းႏိုင္ပါတယ္။

          ဒါ့အျပင္ သြားရည္က်တယ္ဆိုတာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားလို႔ပါတဲ့။ ခႏၶာကိုယ္တစ္ခုလုံး အနားရၿပီးေတာ့ အရမ္းအိပ္ေမာက်သြားတဲ့အခါမွာ ဦးေႏွာက္ကေနၿပီးေတာ့ ပါးစပ္နဲ႔ လည္ေခ်ာင္းေတြကို တံေတြးမ်ိဳခ်ဖို႔ကို အခ်က္ေပးဖို႔ေမ့သြားပါတယ္။ ဒီအခါမွာ တံေတြးေတြက သြားရည္အျဖစ္ ထြက္က်လာတာေပါ့။

          ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ကလည္း က်န္းမာေရးအတြက္ အရမ္းအေရးႀကီးတယ္ေနာ္။ ေကာင္းေကာင္းအိပ္မေပ်ာ္ဘဲနဲ႔ ႏိုးလာတဲ့အခါမွာ လူကပင္ပန္း၊ စိတ္ေတြ႐ႈပ္၊ အလုပ္မွာ အာ႐ုံမစိုက္ႏိုင္၊ အလိုလို ေဒါသေတြ ထြက္ေနတတ္ပါတယ္။ ၿပီးေတာ့ ျမင္ျမင္ရာကို စားခ်င္စိတ္ေတြျဖစ္၊ ကိုယ့္ရဲ႕ေဘးနားကလူကိုလည္း ရန္ေတြ လုပ္ေနတတ္ပါေသးတယ္။

          တစ္ညလုံး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားရင္ေတာ့ ဒါေတြနဲ႔ ဆန္႔က်င္ဘက္ပဲ။ လူက လန္းဆန္းတက္ႂကြေနၿပီးေတာ့ စိတ္ဖိစီးမႈလည္း နည္း၊ အလုပ္မွာလည္း အာ႐ုံပိုစိုက္ႏိုင္ၿပီးေတာ့ ကိုယ္ခံအားစနစ္ေတြလည္း ပိုေကာင္းပါတယ္။ သြားရည္က်တယ္ဆိုတာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တယ္ဆိုတာကို ျပတာပါ။

          သြားရည္က်တာ က်န္းမာေရးအတြက္ ေကာင္းေပမယ့္လည္း မနက္ႏိုးလာရင္ ေခါင္းအုံးမွာ သြားရည္ေတြ ရြဲေနလို႔ သြားရည္မက်ခ်င္ဘူး။ ေကာင္းေကာင္းေတာ့ အိပ္ေပ်ာ္ခ်င္တယ္ ဆိုရင္ေတာ့ ပက္လက္လွန္ အိပ္ၾကည့္ပါ။ ပက္လက္လွန္အိပ္တဲ့အခါမွာ ေဘးေစာင္းအိပ္တာနဲ႔ ေမွာက္အိပ္တာထက္စာရင္ သြားရည္က်တာ နည္းေစပါတယ္၊ ေခါင္းအုံးစြပ္ကိုေတာ့ မၾကာမၾကာ လဲေပးပါ။

          အိပ္ရင္ သြားရည္က်တတ္တဲ့သူေတြ ရွက္ဖို႔ မလိုဘူးေနာ္။ သြားရည္က်တာ ေကာင္းပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)
#Unicode Version#
အိပ်နေတုန်းမှာ သွားရည်ကျလို့ လှောင်ပြောင်ခံနေရပါသလား။ ဒါက ရှက်စရာ မဟုတ်ပါဘူး၊ ကျန်းမာရေးကောင်းကြောင်းကိုပြတဲ့ လက္ခဏာပါတဲ့။

>>    ဘာကြောင့် သွားရည်ကျတာလဲ?

          ကလေးတွေမှာ သွားရည်ကျလေ့ရှိသလို လူကြီး တော်တော်များများမှာလည်း အိပ်ပျော်ရင်း သွားရည်ကျတတ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ပါးစပ်ထဲမှာ တံတွေး အမြဲထွက်နေပြီးတော့ တစ်ခါတလေ အိပ်မောကျနေတဲ့အချိန်မှာ ပါးစပ်ကြီးပွင့်နေရင် ဒီတံတွေးတွေ ထွက်ကျလာတာကို သွားရည်ကျတယ်လို့ ခေါ်ပါတယ်။ တံတွေးဆိုတာကလည်း ခန္ဓာကိုယ်အတွက် ကောင်းတဲ့အရာပဲလေ။ ဒီတံတွေးတွေက ခံတွင်းထဲက ရောဂါပိုးတွေကို တိုက်ဖျက်ပေးရာမှာ အရေးပါ,ပါတယ်။ ဒါကြောင့် သွားရည်ကျတဲ့သူတွေက မကျတဲ့သူတွေထက် သွားကျန်းမာရေး ပိုကောင်းနိုင်ပါတယ်။

          ဒါ့အပြင် သွားရည်ကျတယ်ဆိုတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလို့ပါတဲ့။ ခန္ဓာကိုယ်တစ်ခုလုံး အနားရပြီးတော့ အရမ်းအိပ်မောကျသွားတဲ့အခါမှာ ဦးနှောက်ကနေပြီးတော့ ပါးစပ်နဲ့ လည်ချောင်းတွေကို တံတွေးမျိုချဖို့ကို အချက်ပေးဖို့မေ့သွားပါတယ်။ ဒီအခါမှာ တံတွေးတွေက သွားရည်အဖြစ် ထွက်ကျလာတာပေါ့။

          နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ကလည်း ကျန်းမာရေးအတွက် အရမ်းအရေးကြီးတယ်နော်။ ကောင်းကောင်းအိပ်မပျော်ဘဲနဲ့ နိုးလာတဲ့အခါမှာ လူကပင်ပန်း၊ စိတ်တွေရှုပ်၊ အလုပ်မှာ အာရုံမစိုက်နိုင်၊ အလိုလို ဒေါသတွေ ထွက်နေတတ်ပါတယ်။ ပြီးတော့ မြင်မြင်ရာကို စားချင်စိတ်တွေဖြစ်၊ ကိုယ့်ရဲ့ဘေးနားကလူကိုလည်း ရန်တွေ လုပ်နေတတ်ပါသေးတယ်။

          တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်တော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ လူက လန်းဆန်းတက်ကြွနေပြီးတော့ စိတ်ဖိစီးမှုလည်း နည်း၊ အလုပ်မှာလည်း အာရုံပိုစိုက်နိုင်ပြီးတော့ ကိုယ်ခံအားစနစ်တွေလည်း ပိုကောင်းပါတယ်။ သွားရည်ကျတယ်ဆိုတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတာကို ပြတာပါ။

          သွားရည်ကျတာ ကျန်းမာရေးအတွက် ကောင်းပေမယ့်လည်း မနက်နိုးလာရင် ခေါင်းအုံးမှာ သွားရည်တွေ ရွဲနေလို့ သွားရည်မကျချင်ဘူး။ ကောင်းကောင်းတော့ အိပ်ပျော်ချင်တယ် ဆိုရင်တော့ ပက်လက်လှန် အိပ်ကြည့်ပါ။ ပက်လက်လှန်အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာနဲ့ မှောက်အိပ်တာထက်စာရင် သွားရည်ကျတာ နည်းစေပါတယ်၊ ခေါင်းအုံးစွပ်ကိုတော့ မကြာမကြာ လဲပေးပါ။

          အိပ်ရင် သွားရည်ကျတတ်တဲ့သူတွေ ရှက်ဖို့ မလိုဘူးနော်။ သွားရည်ကျတာ ကောင်းပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)

No comments:

Post a Comment