Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 22, 2019

အ​မွှေးတိုင်​ရနံ့​တွေ မွန်းကြပ်​လွန်းသဖြင့်​ ​ကျောင်း​ဆောင်​တံခါးကို ဝုန်းခနဲ ဖွင့်​လိုက်​မိ​သောအခါ…


အ​မွှေးတိုင်​ရနံ့​တွေ မွန်းကြပ်​လွန်းသဖြင့်​ ​ကျောင်း​ဆောင်​တံခါးကို ဝုန်းခနဲ ဖွင့်​လိုက်​မိ​တော့ အပြင်​ဖက်​တွင်​ ငုတ်​တုတ်​က​လေး ထိုင်​​နေ​သော အဘ ဘိုး​ဘိုး​အောင်​ကို​ တွေ့လိုက်​ရသည်​..။

” ဟယ်​… အဘ၊ ဒါကဘယ်​လိုဖြစ်​တာလဲ”
အဘက မြနန်းနွယ်​ကို ဘာမျှပြန်​မ​ပြော မျက်​လုံး​လေး​ ပေကလပ်​​ပေကလပ်​ဖြင့်​ သာကြည့်​နိုင်​သည်​..။
အ​တော်​​မော​နေဟန်​တူသည်​..။

“အမ​လေး…လုပ်​ကြပါဦး၊ အစ်​​မ​တော်​တို့၊ အဘတို့ရဲ့”
“ဟင်​…ဟိုဟာ.. .ဟိုဟာ…ကိုတင့်​တယ်​မဟုတ်​လားဘယ်​နှယ့်​ ဖြစ်​လာပါလိမ့်​”

ကိုတင့်တယ်​ခမျာ ​တောင်​ရှည်​ကို အနိုင်​နိုင်​ပိုက်​ရင်း ပြေးလာပုံရသည်​..။

“လုပ်​ပါဦးအစ်​မ​တော်​ရဲ့…ကျွန်​​တော့်​ကိုဆက်ထားတဲ့
အုန်းသီး​ကိုစွန့်​၊ ထုံး​တွေနဲ့ကွင်းပြီး အ​ဆောင်​အဖြစ်​ ယူသွားမလို့တဲ့၊ စာ​မေးပွဲမှာပါမယ့် မေးခွန်း​လေးဘာ​လေးအိပ်​မက်​​ပေးပါတဲ့၊ တဂျီဂျီလာဆု​တောင်း​နေကြတာ၊ ဘယ်​လိုမှ နားမခံသာ​တော့တာနဲ့ ထွက်​​ပြေးလာရ​တော့တာပဲ အကြံ​ပေးပါဦးအစ်​မရဲ့”

“ဟဲ့…ဘယ်​သူကလဲ”
“ဆယ်​တန်း​က​လေး​တွေရှိတဲ့ မိဘ​တွေ​ပေါ့”
“ဟယ်​…ဒုက္ခပဲ၊ ငါ့ဆီမလဲ…မိုးမလင်း​သေးဘူးအ​မွှေးတိုင်​​တွေ၊ နွားနို့​တွေ၊ အုန်းပွဲ​တွေလာပို့ထားလိုက်​ကြတာ အသက်​ရှူ​တွေ​တောင်​ ကြပ်​​နေပါပြီဟယ်​၊ ပုဝါ​တွေလာလာခြုံပေးကြလို့လည်း ပူလှအိုက်​လှပါပြီ”
ကိုတင့်​တယ်​နှင့်​ မြနန်းနွယ်​​တို့​ ပြော​နေသည်​ကို နား​ထောင်​​နေသည့်​ အဘကဝင်​​ပြောသည်​..။

“​အေး…ငါ့လည်း နာမည်​မှာ​အောင်​ပါတယ်​ဆိုပြီး ဆယ်​တန်း​အောင်​​အောင်​ လာဆု​တောင်း​နေလိုက်​ကြတာ၊ အိပ်​​ကောင်းခြင်း မအိပ်​ရ နား​ကောင်းခြင်း မနားရနဲ့ပါကွာ”
“အဘ​ရေ…အဘ….အ​မေဂျမ်းကို မ​တွေ့ကြဘူးလားဗျာ၊ လုပ်​ကြပါ​၊ ဒင်းတို့ကို..က​လော်​တုတ်​တတ်​တာ အ​မေပဲရှိတာ၊ ဒီ​လောက်​​တောင်​​ ဒုက္ခ​ပေးတဲ့ဟာ​တွေ အဆဲခံရမှ​အေးမှာ”
“နို့…မင်းက​ရော ဘာဖြစ်​လာပြန်​တာတုန်း”

“ကျွန်​​တော့်​ဆီလည်း ဆယ်​တန်း​ကျောင်းသား​မိဘ​တယောက်ရောက်​လာ​ပြီး ဆု​တောင်းတ​ယ်​​လေ”
” ဟ…ဆယ်​တန်းကိစ္စက မင့်​နဲ့လားလားမှမဆိုင်​တာ၊ မင့်​ဘာသာ​တောင်​ မူး​နေတာ သူတို့မသိကြဘူးလား”
“ဆိုင်​ပါ​သော​ကောဗျာ၊ ကျွန်​​တော်​ကအရက်​သမားမဟုတ်​လား၊ အဲဒီ​အော်​ဂဲနစ်​ဆိုလား ဘာဆိုလားမှာ အယ်​လ်​ကို​ဟောအ​ကြောင်းပါသတဲ့၊ အဲဒါသူ့က​လေးက အဲဒီအပိုင်းမရလို့ အယ်​လ်​ကို​ဟောစပယ်​ရှယ်​လစ်​ဖြစ်​တဲ့ ကျွန်​​တော့်​ကို လာကိုးတာတဲ့”

“ငှယ်​”
အားလုံး မျက်​လုံးအဝိုင်းသား ပါးစပ်​အ​ဟောင်းသား ဖြစ်​ကုန်​ကြသည်​..။

“အဘ…အဲဒါဆို အ​မေ့လှမ်း​ခေါ်မှပဲ၊ ဒီလူ​တွေ လွန်​လွန်း​နေပြီ”
အဘက… မည်​သို့မည်​ပုံဆက်​သွယ်​လိုက်​သည်​မသိ..။ အ​မေတယောက်.. ပလွတ်​ ခနဲ​ပေါ်လာသည်​..။ အ​ကြောင်းစုံသိ​တော့ အ​မေတင်း​လေပြီ..။

“အ​မေဂျမ်းတဲ့….တဂျမ်းတည်းရှိတယ်​၊ ​သောက်​​ကောင်​မ​တွေ..ကောင်​ထီး​တွေ​ အစတည်းက စာအ​သေအခြာမကျက်​ကြဘဲ နတ်​စိမ်းနတ်​ကျက်​မကျန်​ အပူလာတိုက်​​နေကြတယ်​၊

ငါတို့ဆီ…ငှက်​​ပျောသီး​တွေအုန်းသီး​တွေလာလာပို့ပြီး ဘာသာစုံဂုဏ်​ထူးတို့ ဘာတို့ မတန်​တဆဆုမ​တောင်းကြနဲ့ဟဲ့၊ နင်​တို့အဲလိုလုပ်​​တော့…​ဗေဒင်​မ​တောက်​တ​ခေါက်​နဲ့ ဆရာ​ယောင်​​တွေအကြိုက်​​ပေါ့၊ ယတြာ​ခြေခပဲနည်းလား၊ အဲဒီဟာ​တွေဆီအချိန်​ကုန်​​နေမဲ့အစား စာကျက်​ကြပါလား ​မေးခွန်း၅စုံဆိုပြီး လုပ်​စားတဲ့ဟာတွေလည်းကြပ်​ကြပ်​သတိထား​နေကြ၊ ငါ အကုန်​လုံးကိုပတ်​ကြမ်းတိုက်​ပစ်​လိုက်​လို့ မီးပွင့်​သွားမယ်​၊ သွားကြစမ်း”

အ​မေဂျမ်းက​တော့ က​လော်​တုတ်​​လေပြီ..။
အ​မေဂျမ်း ​စွေ့​စွေ့ခုန်​​နေသည်​ကို မမြင်​ကြ မကြားကြ​သော..လူသားတို့က​တော့ တတွတ်​တွတ်​ ဆု​တောင်းမြဲ..။

အုန်းပွဲငှက်​​ပျောပွဲ ကန်​ထရိုက်​များကား တပြုံးပြုံးဗေဒင်​ဆရာများ​ရှေ့တွင်​လည်း လူတအုံးအုံးဖြစ်​မြဲပင်​…။
အ​မွှေးတိုင်​နံ့ ဖ​ယောင်းတိုင်နံ့များမခံနိုင်​လွန်း​သော အဘတို့အဖွဲ့မှာ​တော့ mask ကိုယ်​စီဖြင့်​။

ရယ်​​မောခြင်းသည်​ သွား​ပေါ်​စေ၏

ယူဇက်

No comments:

Post a Comment