Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 22, 2019

ၾကိဳးေပး ခံရေတာ့မယ့္ ဆဲဆဲမွာ ဂ႒ဳန္ဆရာစံ ေတာင္း ခဲ့တ့ဲဆု..


ၾကိဳးေပး ခံရေတာ့မယ့္ ဆဲဆဲမွာ ဂ႒ဳန္ဆရာစံ ေတာင္း တ့ဲဆု..
(၂၈.၁၁.၁၉၃၁)နံက္ ၆နာရီခန္႔တြင္ ျကိုးေပးကြပ္မ်က္ခံရမည့္ဆဲဆဲတြင္ ..

ဂ႒ဳန္ဆရာစံ၏ ၃ ေပခန္႔အကြာအေဝးတြင္ တာဝန္ထမ္းေဆာင္ေနရေသာ သာယာဝတီေထာင္ လက္ေထာက္ ေထာင္မႈျကီး ဦးစိန္ က ဆရာစံ ျကိုးေပးကြပ္မ်က္ခံရမႈကို ေထာင္မွတ္တမ္းတင္ေနရသည္..

ဆရာစံကို ျကိုးေပးတ့ဲစင္ဟာ ယခုလက္ရွိ သာယာဝတီ ေထာင္က ျကိုးစင္ ႏွစ္စင္ရွိတ့ဲအနက္ ဝဲဘက္အျခမ္းက စင္ျဖစ္ပါတယ္ …
ဆရာစံကို ျကိုးေပးတ့ဲအခါမွာ တက္ေရာက္ျကည့္ရႈခ့ဲသူေတြထဲမွာ သာယာဝတီခရိုင္
ဒုတိယ အေရးပိုင္မင္း ဦးေက်ာ္ ( A.D.M) ေနာင္တြင္ ရခိုင္တိုင္းမင္းႀကီး (B.A.K. S.M.A.T.M) အျဖစ္တာဝန္ထမ္းေဆာင္ခ့ဲသူ)ႏွင့္လက္ပံတန္း ျမဴနီစီပါယ္ လူျကီးမင္းမ်ား..

သံုးဆယ္သူျကီးမင္းမ်ား..
အထူးအာဏာရ သူျကီးမင္းမ်ား အားလုံး လူ၂၀ခန္႔ တက္ေရာက္ ၾကည့္ရႈခ့ဲပါတယ္ …

ႏိုဝင္ဘာ(၂၈)နံက္ ၅နာရီ ၄၅မိနစ္ေလာက္တြင္ ဆရာစံအား အက်ဥ္းသား ႏွစ္ေယာက္က ျကိုးတိုက္မွ ျကိုးတုပ္ အကၤ်ီကို ဝတ္ေပးျပီး လက္ထိပ္ကို ေနာက္ျပန္ခတ္ျပီး တံေတာင္ဆစ္ ေကြးကေနျကိုးထပ္ခ်ည္လိုက္ပါတယ္ …

အားလုံး အစီအစဥ္အတိုင္းေဆာင္ရြက္ျပီး ဆရာစံကို ျကိုးစင္ရွိရာသို႔ တြဲ၍ ေခၚလာသည္ …
ျကိုးစင္ေပၚတက္ခါနီးတြင္ တြဲလာသူ အက်ဥ္းသားႏွစ္ဦးကို ဆရာစံမွ ခႏၶာကိုယ္ႏွင့္တြန္းတိုက္ဖယ္ျပီး ….
အမ်ိဳးဘာသာ သာသနာ ပညာႀကီးပြားရာ ျကီးပြားေျကာင္းေဆာင္ရြက္လို႔ ယခုလို ျကံုေတြ႕ရတာကို သုခ လို႔မွတ္ပါတယ္ ..
အနားရွိ အက်ဥ္းသားႏွစ္ဦးကိုလည္း“ဖယ္ေပး ငါ့ဟာငါ တက္မယ္”..ဆိုျပီး ျကိုးစင္ေပၚတက္သြားပါတယ္ …
ျကိုးစင္ေပၚေရာက္သည္ႏွင့္ ဆရာစံက သူ၏ ျကိုးေပးကြပ္ မ်က္ခံရမႈကို တက္ေရာက္ျကည့္ရႈရေသာ ျဗိတိသွ် ကိုလိုနီ လက္ေအာက္ခံ အမႈထမ္း အရာထမ္း လူျကီးမင္းမ်ားအားႏႈႈတ္ဆက္၍..

အားလုံးပဲ က်ဳပ္ေတာ့ သြားျပီ … ျဖစ္ေလရာ ဘဝတိုင္းမွာ နယ္ခ်ဲ႕ကိုလိုနီ အဂၤလိပ္ေတြကို ႏိုင္ရတ့ဲကိုယ္ ျဖစ္ရပါေစလို၏.. ဟု ဆုေတာင္းသြားပါတယ္ …

ဆရာစံလည္း ဆုေတာင္းျပီး မ်က္ႏွာဖုံး အိတ္ျကီးကို စြပ္ေပးကာ လည္ပင္းကို ျကိုးတပ္ျပီးေတာ့ ဆရာစံ ရပ္ေနသည့္ေျခေထာက္အစံုေအာက္က ျကိုးစင္ ျကမ္းခင္းေဒါက္ကိုျဖဳတ္ခ် ကြပ္မ်က္လိုက္ပါတယ္…

မိတ္​​ေဆြမ်ားကို ​ေလးစားလ်က္​..
tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


ကြိုးပေး ခံရတော့မယ့် ဆဲဆဲမှာ ဂဋ္ဌုန်ဆရာစံ တောင်း တဲ့ဆု..

(၂၈.၁၁.၁၉၃၁)နံက် ၆နာရီခန့်တွင် ကြိုးပေးကွပ်မျက်ခံရမည့်ဆဲဆဲတွင် ..

ဂဋ္ဌုန်ဆရာစံ၏ ၃ ပေခန့်အကွာအဝေးတွင် တာဝန်ထမ်းဆောင်နေရသော သာယာဝတီထောင် လက်ထောက် ထောင်မှုကြီး ဦးစိန် က ဆရာစံ ကြိုးပေးကွပ်မျက်ခံရမှုကို ထောင်မှတ်တမ်းတင်နေရသည်..

ဆရာစံကို ကြိုးပေးတဲ့စင်ဟာ ယခုလက်ရှိ သာယာဝတီ ထောင်က ကြိုးစင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်အခြမ်းက စင်ဖြစ်ပါတယ် …

ဆရာစံကို ကြိုးပေးတဲ့အခါမှာ တက်ရောက်ကြည့်ရှုခဲ့သူတွေထဲမှာ သာယာဝတီခရိုင်

ဒုတိယ အရေးပိုင်မင်း ဦးကျော် ( A.D.M) နောင်တွင် ရခိုင်တိုင်းမင်းကြီး (B.A.K. S.M.A.T.M) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ)နှင့်လက်ပံတန်း မြူနီစီပါယ် လူကြီးမင်းများ..

သုံးဆယ်သူကြီးမင်းများ..

အထူးအာဏာရ သူကြီးမင်းများ အားလုံး လူ၂၀ခန့် တက်ရောက် ကြည့်ရှုခဲ့ပါတယ် …

နိုဝင်ဘာ(၂၈)နံက် ၅နာရီ ၄၅မိနစ်လောက်တွင် ဆရာစံအား အကျဉ်းသား နှစ်ယောက်က ကြိုးတိုက်မှ ကြိုးတုပ် အင်္ကျီကို ဝတ်ပေးပြီး လက်ထိပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ် ကွေးကနေကြိုးထပ်ချည်လိုက်ပါတယ် …

အားလုံး အစီအစဉ်အတိုင်းဆောင်ရွက်ပြီး ဆရာစံကို ကြိုးစင်ရှိရာသို့ တွဲ၍ ခေါ်လာသည် …

ကြိုးစင်ပေါ်တက်ခါနီးတွင် တွဲလာသူ အကျဉ်းသားနှစ်ဦးကို ဆရာစံမှ ခန္ဓာကိုယ်နှင့်တွန်းတိုက်ဖယ်ပြီး ….

အမျိုးဘာသာ သာသနာ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ ယခုလို ကြုံတွေ့ရတာကို သုခ လို့မှတ်ပါတယ် ..

အနားရှိ အကျဉ်းသားနှစ်ဦးကိုလည်း“ဖယ်ပေး ငါ့ဟာငါ တက်မယ်”..ဆိုပြီး ကြိုးစင်ပေါ်တက်သွားပါတယ် …

ကြိုးစင်ပေါ်ရောက်သည်နှင့် ဆရာစံက သူ၏ ကြိုးပေးကွပ် မျက်ခံရမှုကို တက်ရောက်ကြည့်ရှုရသော ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ အမှုထမ်း အရာထမ်း လူကြီးမင်းများအားနှုှုတ်ဆက်၍..

အားလုံးပဲ ကျုပ်တော့ သွားပြီ … ဖြစ်လေရာ ဘဝတိုင်းမှာ နယ်ချဲ့ကိုလိုနီ အင်္ဂလိပ်တွေကို နိုင်ရတဲ့ကိုယ် ဖြစ်ရပါစေလို၏.. ဟု ဆုတောင်းသွားပါတယ် …

ဆရာစံလည်း ဆုတောင်းပြီး မျက်နှာဖုံး အိတ်ကြီးကို စွပ်ပေးကာ လည်ပင်းကို ကြိုးတပ်ပြီးတော့ ဆရာစံ ရပ်နေသည့်ခြေထောက်အစုံအောက်က ကြိုးစင် ကြမ်းခင်းဒေါက်ကိုဖြုတ်ချ ကွပ်မျက်လိုက်ပါတယ်…

မိတ်ဆွေများကို လေးစားလျက်..
tameelay

No comments:

Post a Comment